ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, September 7, 2015

ေက်းဇူးတင္ေနမိတဲ႕ ပါရမီျဖည္႕ဖက္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
သူ ဒီကိုမလိုက္လာခင္တုန္းက ကြ်န္ေတာ္ကတိေတြ ေပးဖူးတယ္ “ နင္ အေမရိကားေရာက္ရင္ ဘာမွမလုပ္နဲ႕ ” လို႕။ ဒါေပမယ္႕ ( ၃ ) ႏွစ္ ေက်ာ္လာတဲ႕အခါ အေျခအေနတစ္ခုေၾကာင္႕ ကြ်န္ေတာ႕စကားမတည္တာကို ေနာင္တရမိတယ္။ သုိ႕႔ေသာ္လည္း ကမ္းနားလမ္းမွာ သူ႕လက္ကေလတြဲေခၚရင္း “ နင္ ငါနဲ႕ယူျပီးရင္ တရုတ္ေခြ်းမေတြလိုမထားဘူး ” ဆုိတဲ႕ ကတိကိုေတာ႕ အထုိက္အေလ်ာက္ထိန္းသိမ္းႏိုင္ခဲ႕တာနဲ႕ ေျဖသိမ္႕ခဲ႕ပါတယ္။ အခုက်ေတာ႕ မတူေတာ႕ဘူး။ အသက္ေတြက ရပ္မေနဘူး .. တစ္ျဖည္းျဖည္းၾကီးလာတာကတစ္ေၾကာင္း၊ သားသမီးေတြက အရြယ္ေရာက္လာတာကတစ္ေၾကာင္း ကုိယ္တိုင္မလုပ္ႏုိင္တာမရွိရေအာင္ အေနာက္ႏုိင္ငံရဲ႕သူတစ္ပါးေျမမွာ ေအာက္ေျခသိမ္းလုပ္ရပါတယ္။
.
.
သူ႕ကို ကားေမာင္းသင္ဖုိ႕မေျပာနဲ႕ .. ကားေရွ႕ခန္းကလုိက္စီးတာေတာင္ ေတာ္ေတာ္ေၾကာက္တတ္တဲ႕သူမ်ိဳးကို အေမရိကန္ကားေမာင္းလိုင္စင္ေျဖခိုင္းတဲ႕ ကြ်န္ေတာ္ဟာ ေတာ္ေတာ္ဆိုးသူပါ။ ႏွစ္မ်ားစြာ အဂၤလိပ္စာနဲ႕ေဝးခဲ႕သူကို ေျဖျပီးသားလိုင္စင္စာရြက္ ( ၁ ) ဒါဇင္ေက်ာ္ နဲ႕ အိမ္စာေပးခဲ႕တာလည္း ကြ်န္ေတာ္ပါပဲ။ အိမ္ေထာင္က်ျပီးကတည္းက ေတာက္တိုမယ္ရလုပ္စရာမလုိတဲ႕ သူ႕ကုိ အိမ္မွာ မီးဖိုေခ်ာင္ထဲဝင္ခုိင္းတာလည္း ကြ်န္ေတာ္ပါပဲ။
.
ပုိလို႕ဆိုးတာက သူဟာ ေစ်းဝယ္ရတယ္၊ သယ္ရတယ္။ ကားမေမာင္းတတ္ခင္တုန္းက သားကုိေက်ာင္းၾကိဳဖို႕ ေက်ာင္းအထိအေဝးၾကီး သူလမ္းေလွ်ာက္ရတယ္။ တြန္းသြားတဲ႕ Scooter ေလးကို သားက ျပန္စီးလာတဲ႕အခ်ိန္မွာ သားေက်ာင္းေက်ာပိုးအိတ္ကုိ သူတစ္လမ္းလံုးလြယ္ထားရတယ္။ သားသမီးေတြကို ႏွစ္ရွည္လမ်ား ကားေမာင္းေက်ာင္းပို႕ရတယ္ .. ဘယ္ေလာက္မ်ားမတရားလိုက္တဲ႕ ကြ်န္ေတာ္ပါလဲ?
.
.
ေမာင္းသာေမာင္းတတ္ျပီး ကားကုိဒီအတိုင္းပစ္ထားတတ္တဲ႕ ကြ်န္ေတာ႕ဒဏ္ကို သူေတာ္ေတာ္ခံရတယ္။ ေပေနရင္မေနတတ္ေတာ႕ သူ႕ကားသူေဆးျပီး သူျပန္သုတ္တယ္ေလ။ ေမြးသာေမြးထားျပီး ေကြ်းစရာမလုိတဲ႕သားသမီးလို ကြ်န္ေတာ္က ကားသာဝယ္ထားျပီး ဘာျပဳျပင္ထိန္းသိမ္းမႈမွ ဆက္မလုပ္ေတာ႕ သူ႕ကားသူသုတ္ရေတာ႕တာေပါ႕။ တစ္ပတ္တစ္ခါေလာက္ ကားအေျခအေနသိေအာင္ ရံုးပိတ္ရက္အျပင္သြားမွ သူ႕ကားကုိ ကြ်န္ေတာ္ေမာင္းျပီး ဆီထည္႕ ဘာညာလုပ္ရတာ ဟန္ျပမွာေတာ႕ သူမ်ားက ကြ်န္ေတာ္က ကားကုိဂရုစိုက္တယ္ထင္ၾကလိမ္႕မယ္။ အမွန္က ကြ်န္ေတာ႕ကားေတြက အကုန္ညစ္ပတ္ေနတာဗ်။ တစ္ခါတစ္ေလ ဧည္႕သည္ေတြလာမွ ကားကုိကြ်န္ေတာ္ရွင္းတယ္။ ဒီလိုေပေပေတေတကားပိုင္ရွင္ကုိ သက္မဲ႕ကား ( ၂ ) စီး လံုးက ေဗြမယူၾကဘူးေလ။
.
.
ေနာက္တစ္ခု မညွာမတာခိုင္းမိတာက ရွိေသးတယ္။ တစ္ပတ္ ( ၅ ) ရက္ ေက်ာင္းတက္၊ ရံုးတက္၊ သား အားကစားလုပ္ အဝတ္ေတြကို အဝတ္ေလွ်ာ္ဆုိင္မွာ သြားေလွ်ာ္ေစတာပါ။ ေျပာရရင္ေတာ႕ မတတ္သာလုိ႕သြားရတယ္ .. အေမရိကားမွာ အဝတ္ေလွ်ာ္ဆိုင္ဆိုတာ ဘယ္သူမွသြားခ်င္တာမဟုတ္ဘူး။ ျပီးေတာ႕ သယ္သြားရတာက တစ္ေလးတစ္ပင္ နဲ႕ လြယ္လြယ္ေလးေတာ႕မဟုတ္ေပဘူး။
.
ဒါကို သူက ကားေပၚအကုန္မတင္ရတယ္။ ကိုယ္တိုင္ေမာင္းရတယ္။ ျပီးေတာ႕ အဝတ္ေလွ်ာ္ဆိုင္ေရာက္ရင္ ျပန္္ခ်ရတယ္။ တြန္းဝင္သြားရတယ္။ ေလွ်ာ္စက္ထဲကို အက်ီၤအမည္း နဲ႕ အျဖဴေရာေလွ်ာ္လို႕မရလုိ႕ ခြဲရေသးတယ္။ ေနာက္ေတာ႕ ဆပ္ျပာရည္ - Detergent ထည္႕တာကသပ္သပ္၊ ေရက်င္း - Rinse ဖို႕အခ်ိန္က်လာရင္ အေမႊးနံ႕ - Softener ( ေဆာ႕ဖင္းနာ ဟု အသံထြက္ပါသည္ ) ထည္႕ဖို႕ေစာင္႕ရျပန္တယ္။
.
.
စက္ရပ္သြားလုိ႕ အားရမယ္မရွိေသးဘူး .. အပူစက္နဲ႕ကင္ရတဲ႕အက်ီၤနဲ႕ ကင္လို႕မရတဲ႕အက်ီၤခြဲရတယ္။ ကင္စရာေတြကို ကင္စက္ထဲထည္႕တဲ႕အခ်ိန္မွာ အိမ္ျပန္လို႕မရေသးျပန္ဘူး .. စုိေနတဲ႕အက်ီၤေတြကို အက်ၤီခ်ိတ္နဲ႕ တစ္ထည္ခ်င္းခ်ိတ္ျပီး ကားေပၚၾကိဳတင္ထားရတယ္။ အဲ .. သူ႕ခမ်ာ မနားရေသးဘူး။ ကင္စက္ကေျခာက္ျပီးထြက္လာတဲ႕ အက်ီၤေတြကို မေခါက္ႏိုင္ေသးခင္ စက္ထဲက အကုန္လံုးခါလႈပ္ျပီ္း ျခင္းေတြေပၚမွာ လွမ္းထားရတယ္။ ႏုိ႕မို႕ဆို အက်ီၤေတြက အကုန္အေၾကေကာက္ျဖစ္ကုန္ေရာ။
.
ျမန္မာႏုိင္ငံမွာတုန္းက ဒါေတြ ကြ်န္ေတာ္ေရာ သူေရာ မလုပ္ခဲ႕ရတာအမွန္ပါ။ အိမ္မွာအဝတ္ေလွ်ာ္စက္မရွိတဲ႕ ကြ်န္ေတာ္တို႕ဘဝေတြဟာ အေမရိကားမွာ ဒီေလာက္အလုပ္ရႈတ္တဲဲ႕ ဆိုင္သြားအဝတ္ေလွ်ာ္ရတာ သိပ္ခက္ခဲပါတယ္။ ဒါကုိ သူ႕ကိုခုိင္းမိတာ ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္ပဲ အျပစ္တင္ေနမိေတာ႕တယ္။ ဒီေျမဆီလႊာမွာ အစအဆံုး ကိုယ္တိုင္လုပ္မွကိုင္မွရပ္တည္လို႕ရမယ္ဆုိတာၾကိဳသိခဲ႕လ်က္နဲ႕ အသက္ကေလးရလာမွ ကြ်န္ေတာ္တုိ႕က လာခ်င္ခဲ႕မိတာကိုး..။
.
.
ကြ်န္ေတာ္တုိ႕မိသားစုစားဖို႕ သူပဲ ခ်က္ရပါတယ္။ ျမန္မာႏုိင္ငံမွာ မီးဖိုေခ်ာင္ဝင္စရာမလုိတဲ႕သူ႕ကုိ ကြ်န္ေတာ္အလုပ္သြားဖို႕ ထမင္းဗူး၊ သမီးနဲ႕သား ေက်ာင္းသြားဖို႕ထမင္းဗူး၊ ေနာက္တစ္ခါ ကေလးေတြေက်ာင္းမသြားခင္စားဖို႕ေသာက္ဖို႕ စီစဥ္ရ၊ ခ်က္ျပဳတ္ရနဲ႕ နင္႕ကိုအေမရိကားေရာက္ရင္ ငါမခုိင္းပါဘူးဆိုတဲ႕ စကားကုိေနာက္တစ္ေခါက္မတည္ႏုိင္ျပန္ပါဘူး။
.
နယ္ျခားေျမေဝးသာေရာက္လာတယ္ .. ကြ်န္ေတာ္တုိ႕အားလံုးက ျမန္မာအစားအေသာက္ကိုပဲ ခံုမင္တာဆိုေတာ႕ ဆီျပန္ဟင္းတစ္ခြက္၊ အရည္ေသာက္တစ္ခြက္ နဲ႕ အရြက္ေၾကာ္ေလးတစ္ခြက္ေလာက္ေတာ႕ မျဖစ္မေနခ်က္ရတယ္။ ဒါမွလည္း အိမ္သူအိမ္သားေတြ အားလံုးအဆင္ေျပၾကမွာမဟုတ္လား။ ဒီေလာက္လုပ္ေပးေနေပမယ္႕လည္း သူ႕ကို ဘယ္သူကမွ ေက်းဇူးပါလုိ႕ မေျပာမိၾကတာက ျမန္မာႏုိင္ငံကအက်င္႕ပါလာေၾကာင္႕လားလို႕ ေတြးေနမိျပန္ပါတယ္။
.
.
သူကိုယ္တုိင္က ရွမ္းျပည္မွာလိုက္လာေနတာ ႏွစ္ေပါင္းမနည္းေလေတာ႕ ရွမ္းစာေလး၊ ျမန္မာအသုပ္ေလးေတြ စားခ်င္လာတဲ႕အခါ ျမန္မာႏုိင္ငံက သူ႕အေမကို Viber နဲ႕ လွမ္းေမးပါတယ္။ ျပီးေတာ႕ သူစိတ္မဝင္စားတဲ႕ အင္တာနက္မွာ ရွာဖတ္ရန္ေတြကုိ ကြ်န္ေတာ္ဆရာလုပ္မိတယ္။ ေနာက္ေတာ႕ သူခ်က္စားခ်င္တာကို သူ႕ဖာသာအြန္လိုင္းေပၚမွာရွာျပီး ျမန္မာႏုိင္ငံမွာေတာင္မရႏုိင္တဲ႕အရသာရွိတဲ႕ဟင္းလ်ာမ်ိဳးေတြကိုေတာင္ သူခ်က္လာႏုိင္ပါတယ္။
.
စဥ္းစားၾကည္႕ေလ .. စားခ်င္တာက ျမန္မာအရသာပါတဲ႕အခ်က္အျပဳတ္၊ သံုးရတာက အေမရိကန္ေျမဆီလႊာ နဲ႕ အိမ္နီးနားခ်င္းႏုိင္ငံေတြကရတဲ႕အသီးအရြက္ ဆိုေတာ႕ ဘယ္ကလာအရင္းအျမစ္ခ်င္းတူပါေတာ႕မလဲ။ ဒါေပမယ္႕ သူလုပ္ႏုိင္တယ္။ သူၾကိဳးစားတယ္။
.
.
ေကာက္ညွင္းထုတ္ဆိုရင္ ငယ္ငယ္ကစားခဲ႕တဲ႕အေမ႕လက္ရာထက္မေလ်ာ႕ေအာင္ ေကာက္ညွင္းဖက္ရြက္မပါပဲ သူခ်က္တယ္။ ေတာသားအၾကိဳက္ ဟင္းထုတ္ဆိုလည္း ေတာင္ေပၚက ဂ်ဴးျမစ္သာမရွိရင္ေနမယ္ စတီးဂ်ိဳင္႕ေလးနဲ႕ ရေအာင္သူေပါင္းေပးျပန္တယ္။ ေတာင္ေပၚေစ်းက ငါးထမင္းနယ္ဆုိျပန္ေတာ႕ ဒီႏုိင္ငံကရွိတဲ႕ငါးနဲ႕အားလူးတုိ႕ေရာျပီး အေမရိကန္ေတြ သြားေရက်တဲ႕အထိ နယ္ေပးႏုိင္လာတယ္။ ဒါေတြကို မျငီးမျငဴစားေပးတဲ႕ ကြ်န္ေတာ႕က ဘာမွမေဝဖန္ဘူး။ သူခ်က္သမွ်ေကာင္းတာခ်ည္းပဲ။ သူသုပ္သမွ်အားေပးတာပဲ။ သူေပါင္းတဲ႕ ဂ်င္ဆင္းၾကက္ေပါင္းဆုိလည္း အျမဲအားေပးေနက်ပဲ။
.
ဒီလုိအိမ္မႈကိစၥေတြလုပ္ရံုနဲ႕ အေမရိကားက ဘယ္သူ႕ကုိမွအလွမထားတတ္လို႕ ကြ်န္ေတာ႕စကားေနာက္တစ္ၾကိမ္မတည္ႏုိင္ ျဖစ္ရျပန္တယ္။ ကေလးေက်ာင္းပို႕၊ ေက်ာင္းၾကိဳ၊ အိမ္ေထာင္ထိန္းလို႕သာထားခဲ႕တဲ႕ သူ႕ကုိ အေျခအေနအရ အလုပ္လုပ္ေစဖို႕အေၾကာင္းဖန္လာတယ္။ သားက အလယ္တန္းမွာ၊ သမီးကေကာလိပ္ေရာက္ေနတဲ႕အခိ်န္ နဲ႕အကိုက္ ေက်ာင္းစားရိတ္ေတြတက္သေလာက္ ကြ်န္ေတာ္က ေလာက္ငေအာင္မရွာႏုိင္တဲ႕အခါ “ သူ ” အလုပ္လုပ္ဖို႕စုိင္းျပင္းရေတာ႕တယ္။
.
.
ပထမဦးဆံုး ကြ်န္ေတာ္တုိ႕လုပ္ခဲ႕တဲ႕အခ်ိန္ပိုင္းအလုပ္အျပီး သူ႕ကုိ ကြ်န္ေတာ္ဘာမွမလုပ္ေစပဲ သက္ေတာင္႕သက္သာထားႏုိင္ခဲ႕တာ ( ၂ ) ႏွစ္ေလာက္ပဲခံပါတယ္။ ေနာက္ေတာ႕ လာအိုအဖြဲ႕အစည္းမွာအလုပ္လုပ္တဲ႕ အလုပ္ရွာေဖြေရးက ျမန္မာအစ္မတစ္ေယာက္ကူညီလုိ႕ ကုန္ထုတ္လုပ္မႈစက္ရံုတစ္ခုမွာ အလုပ္ရတယ္။ အဲဒီမတိုင္ခင္က အခ်ိန္နည္းနည္းပဲလုပ္ခဲ႕တဲ႕အလုပ္ရွိခဲ႕ေပမယ္႕ မေရးျပေတာ႕ပါဘူး။ လုပ္ရတဲ႕အလုပ္က ပစၥည္းေတြမရတယ္။ သယ္ရတယ္။ ျပန္လည္ထုတ္ပိုးရတယ္။ ကြ်န္ေတာ္စိတ္မေကာင္းရံုကလြဲျပီး ဘာမ်ားတတ္ႏိုင္ဦးမွာလဲ။
.
ဒီလုိနဲ႕ အဲဒီအလုပ္ထက္ေကာင္းမယ္႕ေနရာကုိ ေျပာင္းျပီး သူအလုပ္ေလွ်ာက္ျပန္တယ္ .. ရတယ္ .. လုပ္ၾကည္႕တယ္ .. သူ အရမ္းပင္ပန္းတယ္။ ျမန္မာျပည္မွာ ဘာမွပင္ပင္ပန္းပန္းမလုပ္ခဲ႕ရသူတစ္ေယာက္အဖို႕ အိမ္နဲ႕နီးတဲ႕အလုပ္ရွာရင္း ရတဲ႕အလုပ္လုပ္ရတယ္။ သူ႕အတြက္ တစ္ရက္ ( ၈ ) နာရီဆိုတာ သာမန္ေယာက္်ားသားတစ္ေယာက္ထက္  ဘယ္ေလာက္ပိုပင္ပန္းမယ္ဆိုတာ မ်က္စိထဲသာျမင္ၾကည္႕ၾကပါေတာ႕။
.
အလုပ္ျပီးလို႕ သူအိမ္ျပန္ေရာက္လာတဲ႕အခါ သူ႕ကုိ ေခြ်းသိပ္ဖို႕ေနေနသာသာ ညေနပိုင္းအလုပ္သြားဖို႕ျပင္ဆင္ေနရတဲ႕ ကြ်န္ေတာ္နဲ႕ မိနစ္ပိုင္းပဲဆံုလုိက္ရတယ္ .. မၾကာဘူး .. ကြ်န္ေတာ႕အလုပ္တက္မယ္႕ Swing Shift ညေန ( ၄ ) နာရီအတြက္ အိမ္ကေန ကြ်န္ေတာ္ထြက္ခြာရျပန္တယ္။ လက္ျပႏႈတ္ဆက္တဲ႕အခ်ိန္မွာ ကြ်န္ေတာ္ ကားစက္ႏိႈးေနပါျပီ။
.
.
သူက အလုပ္ကျပန္လာျပီး အားလံုးအတြက္ ထမင္းတည္၊ ဟင္းခ်က္၊ အမိႈက္သိမ္း၊ လက္ေဆးစင္ေဆး၊ ေရခ်ိဳးခန္းရွင္း နဲ႕ နားရတယ္လည္းဆုိေရာ မ်က္လံုးေတြကစင္းလာျပီေလ။ အဲဒီေတာ႕ ကြ်န္ေတာ႕ၾကားျဖတ္အလုပ္နားခ်ိန္မွာ လင္မယား ( ၂ ) ေယာက္ တယ္လီဖုန္းထဲမွာသာေတြ႕ရတယ္။ ဒါကို တစ္ခ်ိဳ႕က နင္တုိ႕လင္မယားက တစ္ခ်ိန္လံုးဖုန္းေျပာေနတာပဲ လုိ႕ လာရိသဲ႕သဲ႕စခ်င္၊ ေနာက္ခ်င္ၾကေသးတယ္။ ေျပာၾကပါေစ .. စၾကပါေစ။ ကိုယ္႕ဝမ္းနာကိုယ္သာသိဆိုသလုိ သူ႕အေပၚအားေပးဖို႕ အင္အားေတြလိုအပ္ေနတဲ႕ကြ်န္ေတာ႕မွာ လုိအပ္ခ်က္ေတြရွိေနဆဲဆုိတာ ဝန္ခံပါတယ္။
.
ဒါနဲ႕ ကြ်န္ေတာ္အိမ္ျပန္ေရာက္တဲ႕ ညသန္းေခါင္ေက်ာ္မွာ သူ႕ကုိ အားေပးဖို႕ၾကိဳးစားၾကည္႕တယ္။ အိမ္တံခါးဖြင္႕လုိက္တယ္ဆိုရင္ပဲ တစ္အိမ္လံုးက တိတ္ဆိတ္ေနျပီး အိပ္ခန္းထဲမွာ ပန္းမလွႏြမ္းလ်စြာ သူက အိပ္ေပ်ာ္ေနပါျပီ။ ကြ်န္ေတာ္ဘာလုပ္ရမလဲ? … ဒီလုိနဲ႕ ရက္ေပါင္းမ်ားစြာ၊ လအတန္တန္ နဲ႕ ႏွစ္အနည္းငယ္ ကြ်န္ေတာ္တုိ႕ျဖတ္သန္းခဲ႕ၾကေလျပီ။ ဘာအတြက္အသက္ဆက္ရွင္ၾကမလဲ? သူ႕ကုိ ဘယ္လုိျပန္ေပးဆပ္ရမလဲ?
.
.
တျဖည္းျဖည္းခ်င္း အေျခက်လာတဲ႕ အေမရိကားဘဝမွာ သိစရာ၊ တတ္စရာေတြမကုန္သြားသလို သူ႕အေပၚဆပ္စရာ “ ကတိအေၾကြး ” ေတြလည္း ေလ်ာ႕မသြားေသးပါလားဆုိတာ သိျမင္လာတယ္။ ဒီေျမမွာေနရတာ ကြ်န္ေတာ႕မိသားစုတစ္ခုတည္းရဲ႕အက်ိဳးအတြက္ေနရတယ္ဆိုရင္ ကြ်န္ေတာ႕ဘဝ သိပ္က်ဥ္းေျမာင္းသြားမယ္လုိ႕ ယူဆမိေတာ႕ ကြ်န္ေတာ္ စာစေရးတယ္။ အဲဒီမွာ ပိုဆိုးသြားတာက သူနဲ႕ မိသားစုကုိ ကြ်န္ေတာ္ေပးတဲ႕အခ်ိန္ေတြ နည္းသထက္နည္းလာတယ္။ ဒါေတြကို စြန္႕လႊတ္သည္းခံျခင္း ေမတၱာတရားမ်ားနဲ႕ ပါရမီျဖည္႕ေပးေနတဲ႕ ခ်စ္ဇနီးေလး “ သူ႕ ” ကို ေတာသားေလးကြ်န္ေတာ္ ေက်းဇူးတင္သထက္တင္ေနမိပါေတာ႕တယ္။
.
သူ႕ရဲ႕ ေမြးေန႕ အမွတ္တရ
.
09-07-2015
.
.
Unicode Version:
.
.
“ ကျေးဇူးတင်နေမိတဲ့ ပါရမီဖြည့်ဖက် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
                     
.
သူ ဒီကိုမလိုက်လာခင်တုန်းက ကျွန်တော်ကတိတွေ ပေးဖူးတယ် “ နင် အမေရိကားရောက်ရင် ဘာမှမလုပ်နဲ့ ” လို့။ ဒါပေမယ့် ( ၃ ) နှစ် ကျော်လာတဲ့အခါ အခြေအနေတစ်ခုကြောင့် ကျွန်တော့စကားမတည်တာကို နောင်တရမိတယ်။ သို့သော်လည်း ကမ်းနားလမ်းမှာ သူ့လက်ကလေတွဲခေါ်ရင်း “ နင် ငါနဲ့ယူပြီးရင် တရုတ်ချွေးမတွေလိုမထားဘူး ” ဆိုတဲ့ ကတိကိုတော့ အထိုက်အလျောက်ထိန်းသိမ်းနိုင်ခဲ့တာနဲ့ ဖြေသိမ့်ခဲ့ပါတယ်။ အခုကျတော့ မတူတော့ဘူး။ အသက်တွေက ရပ်မနေဘူး .. တစ်ဖြည်းဖြည်းကြီးလာတာကတစ်ကြောင်း၊ သားသမီးတွေက အရွယ်ရောက်လာတာကတစ်ကြောင်း ကိုယ်တိုင်မလုပ်နိုင်တာမရှိရအောင် အနောက်နိုင်ငံရဲ့သူတစ်ပါးမြေမှာ အောက်ခြေသိမ်းလုပ်ရပါတယ်။
.
.
သူ့ကို ကားမောင်းသင်ဖို့မပြောနဲ့ .. ကားရှေ့ခန်းကလိုက်စီးတာတောင် တော်တော်ကြောက်တတ်တဲ့သူမျိုးကို အမေရိကန်ကားမောင်းလိုင်စင်ဖြေခိုင်းတဲ့ ကျွန်တော်ဟာ တော်တော်ဆိုးသူပါ။ နှစ်များစွာ အင်္ဂလိပ်စာနဲ့ဝေးခဲ့သူကို ဖြေပြီးသားလိုင်စင်စာရွက် ( ၁ ) ဒါဇင်ကျော် နဲ့ အိမ်စာပေးခဲ့တာလည်း ကျွန်တော်ပါပဲ။ အိမ်ထောင်ကျပြီးကတည်းက တောက်တိုမယ်ရလုပ်စရာမလိုတဲ့ သူ့ကို အိမ်မှာ မီးဖိုချောင်ထဲဝင်ခိုင်းတာလည်း ကျွန်တော်ပါပဲ။ 
.
ပိုလို့ဆိုးတာက သူဟာ ဈေးဝယ်ရတယ်၊ သယ်ရတယ်။ ကားမမောင်းတတ်ခင်တုန်းက သားကိုကျောင်းကြိုဖို့ ကျောင်းအထိအဝေးကြီး သူလမ်းလျှောက်ရတယ်။ တွန်းသွားတဲ့ Scooter လေးကို သားက ပြန်စီးလာတဲ့အချိန်မှာ သားကျောင်းကျောပိုးအိတ်ကို သူတစ်လမ်းလုံးလွယ်ထားရတယ်။ သားသမီးတွေကို နှစ်ရှည်လများ ကားမောင်းကျောင်းပို့ရတယ် .. ဘယ်လောက်များမတရားလိုက်တဲ့ ကျွန်တော်ပါလဲ?
.
.
မောင်းသာမောင်းတတ်ပြီး ကားကိုဒီအတိုင်းပစ်ထားတတ်တဲ့ ကျွန်တော့ဒဏ်ကို သူတော်တော်ခံရတယ်။ ပေနေရင်မနေတတ်တော့ သူ့ကားသူဆေးပြီး သူပြန်သုတ်တယ်လေ။ မွေးသာမွေးထားပြီး ကျွေးစရာမလိုတဲ့သားသမီးလို ကျွန်တော်က ကားသာဝယ်ထားပြီး ဘာပြုပြင်ထိန်းသိမ်းမှုမှ ဆက်မလုပ်တော့ သူ့ကားသူသုတ်ရတော့တာပေါ့။ တစ်ပတ်တစ်ခါလောက် ကားအခြေအနေသိအောင် ရုံးပိတ်ရက်အပြင်သွားမှ သူ့ကားကို ကျွန်တော်မောင်းပြီး ဆီထည့် ဘာညာလုပ်ရတာ ဟန်ပြမှာတော့ သူများက ကျွန်တော်က ကားကိုဂရုစိုက်တယ်ထင်ကြလိမ့်မယ်။ အမှန်က ကျွန်တော့ကားတွေက အကုန်ညစ်ပတ်နေတာဗျ။ တစ်ခါတစ်လေ ဧည့်သည်တွေလာမှ ကားကိုကျွန်တော်ရှင်းတယ်။ ဒီလိုပေပေတေတေကားပိုင်ရှင်ကို သက်မဲ့ကား ( ၂ ) စီး လုံးက ဗွေမယူကြဘူးလေ။
.
.
နောက်တစ်ခု မညှာမတာခိုင်းမိတာက ရှိသေးတယ်။ တစ်ပတ် ( ၅ ) ရက် ကျောင်းတက်၊ ရုံးတက်၊ သား အားကစားလုပ် အဝတ်တွေကို အဝတ်လျှော်ဆိုင်မှာ သွားလျှော်စေတာပါ။ ပြောရရင်တော့ မတတ်သာလို့သွားရတယ် .. အမေရိကားမှာ အဝတ်လျှော်ဆိုင်ဆိုတာ ဘယ်သူမှသွားချင်တာမဟုတ်ဘူး။ ပြီးတော့ သယ်သွားရတာက တစ်လေးတစ်ပင် နဲ့ လွယ်လွယ်လေးတော့မဟုတ်ပေဘူး။ 
.
ဒါကို သူက ကားပေါ်အကုန်မတင်ရတယ်။ ကိုယ်တိုင်မောင်းရတယ်။ ပြီးတော့ အဝတ်လျှော်ဆိုင်ရောက်ရင် ပြန်ချရတယ်။ တွန်းဝင်သွားရတယ်။ လျှော်စက်ထဲကို အကျီၤအမည်း နဲ့ အဖြူရောလျှော်လို့မရလို့ ခွဲရသေးတယ်။ နောက်တော့ ဆပ်ပြာရည် - Detergent ထည့်တာကသပ်သပ်၊ ရေကျင်း - Rinse ဖို့အချိန်ကျလာရင် အမွှေးနံ့ - Softener ( ဆော့ဖင်းနာ ဟု အသံထွက်ပါသည် ) ထည့်ဖို့စောင့်ရပြန်တယ်။ 
.
.
စက်ရပ်သွားလို့ အားရမယ်မရှိသေးဘူး .. အပူစက်နဲ့ကင်ရတဲ့အကျီၤနဲ့ ကင်လို့မရတဲ့အကျီၤခွဲရတယ်။ ကင်စရာတွေကို ကင်စက်ထဲထည့်တဲ့အချိန်မှာ အိမ်ပြန်လို့မရသေးပြန်ဘူး .. စိုနေတဲ့အကျီၤတွေကို အင်္ကျီချိတ်နဲ့ တစ်ထည်ချင်းချိတ်ပြီး ကားပေါ်ကြိုတင်ထားရတယ်။ အဲ .. သူ့ခမျာ မနားရသေးဘူး။ ကင်စက်ကခြောက်ပြီးထွက်လာတဲ့ အကျီၤတွေကို မခေါက်နိုင်သေးခင် စက်ထဲက အကုန်လုံးခါလှုပ်ပ်ြီး ခြင်းတွေပေါ်မှာ လှမ်းထားရတယ်။ နို့မို့ဆို အကျီၤတွေက အကုန်အကြေကောက်ဖြစ်ကုန်ရော။ 
.
မြန်မာနိုင်ငံမှာတုန်းက ဒါတွေ ကျွန်တော်ရော သူရော မလုပ်ခဲ့ရတာအမှန်ပါ။ အိမ်မှာအဝတ်လျှော်စက်မရှိတဲ့ ကျွန်တော်တို့ဘဝတွေဟာ အမေရိကားမှာ ဒီလောက်အလုပ်ရှုတ်တဲ့ ဆိုင်သွားအဝတ်လျှော်ရတာ သိပ်ခက်ခဲပါတယ်။ ဒါကို သူ့ကိုခိုင်းမိတာ ကျွန်တော့ကိုယ်ကျွန်တော်ပဲ အပြစ်တင်နေမိတော့တယ်။ ဒီမြေဆီလွှာမှာ အစအဆုံး ကိုယ်တိုင်လုပ်မှကိုင်မှရပ်တည်လို့ရမယ်ဆိုတာကြိုသိခဲ့လျက်နဲ့ အသက်ကလေးရလာမှ ကျွန်တော်တို့က လာချင်ခဲ့မိတာကိုး..။
.
.
ကျွန်တော်တို့မိသားစုစားဖို့ သူပဲ ချက်ရပါတယ်။ မြန်မာနိုင်ငံမှာ မီးဖိုချောင်ဝင်စရာမလိုတဲ့သူ့ကို ကျွန်တော်အလုပ်သွားဖို့ ထမင်းဗူး၊ သမီးနဲ့သား ကျောင်းသွားဖို့ထမင်းဗူး၊ နောက်တစ်ခါ ကလေးတွေကျောင်းမသွားခင်စားဖို့သောက်ဖို့ စီစဉ်ရ၊ ချက်ပြုတ်ရနဲ့ နင့်ကိုအမေရိကားရောက်ရင် ငါမခိုင်းပါဘူးဆိုတဲ့ စကားကိုနောက်တစ်ခေါက်မတည်နိုင်ပြန်ပါဘူး။ 
.
နယ်ခြားမြေဝေးသာရောက်လာတယ် .. ကျွန်တော်တို့အားလုံးက မြန်မာအစားအသောက်ကိုပဲ ခုံမင်တာဆိုတော့ ဆီပြန်ဟင်းတစ်ခွက်၊ အရည်သောက်တစ်ခွက် နဲ့ အရွက်ကြော်လေးတစ်ခွက်လောက်တော့ မဖြစ်မနေချက်ရတယ်။ ဒါမှလည်း အိမ်သူအိမ်သားတွေ အားလုံးအဆင်ပြေကြမှာမဟုတ်လား။ ဒီလောက်လုပ်ပေးနေပေမယ့်လည်း သူ့ကို ဘယ်သူကမှ ကျေးဇူးပါလို့ မပြောမိကြတာက မြန်မာနိုင်ငံကအကျင့်ပါလာကြောင့်လားလို့ တွေးနေမိပြန်ပါတယ်။
.
.
သူကိုယ်တိုင်က ရှမ်းပြည်မှာလိုက်လာနေတာ နှစ်ပေါင်းမနည်းလေတော့ ရှမ်းစာလေး၊ မြန်မာအသုပ်လေးတွေ စားချင်လာတဲ့အခါ မြန်မာနိုင်ငံက သူ့အမေကို Viber နဲ့ လှမ်းမေးပါတယ်။ ပြီးတော့ သူစိတ်မဝင်စားတဲ့ အင်တာနက်မှာ ရှာဖတ်ရန်တွေကို ကျွန်တော်ဆရာလုပ်မိတယ်။ နောက်တော့ သူချက်စားချင်တာကို သူ့ဖာသာအွန်လိုင်းပေါ်မှာရှာပြီး မြန်မာနိုင်ငံမှာတောင်မရနိုင်တဲ့အရသာရှိတဲ့ဟင်းလျာမျိုးတွေကိုတောင် သူချက်လာနိုင်ပါတယ်။ 
.
စဉ်းစားကြည့်လေ .. စားချင်တာက မြန်မာအရသာပါတဲ့အချက်အပြုတ်၊ သုံးရတာက အမေရိကန်မြေဆီလွှာ နဲ့ အိမ်နီးနားချင်းနိုင်ငံတွေကရတဲ့အသီးအရွက် ဆိုတော့ ဘယ်ကလာအရင်းအမြစ်ချင်းတူပါတော့မလဲ။ ဒါပေမယ့် သူလုပ်နိုင်တယ်။ သူကြိုးစားတယ်။
.
.
ကောက်ညှင်းထုတ်ဆိုရင် ငယ်ငယ်ကစားခဲ့တဲ့အမေ့လက်ရာထက်မလျော့အောင် ကောက်ညှင်းဖက်ရွက်မပါပဲ သူချက်တယ်။ တောသားအကြိုက် ဟင်းထုတ်ဆိုလည်း တောင်ပေါ်က ဂျူးမြစ်သာမရှိရင်နေမယ် စတီးဂျိုင့်လေးနဲ့ ရအောင်သူပေါင်းပေးပြန်တယ်။ တောင်ပေါ်ဈေးက ငါးထမင်းနယ်ဆိုပြန်တော့ ဒီနိုင်ငံကရှိတဲ့ငါးနဲ့အားလူးတို့ရောပြီး အမေရိကန်တွေ သွားရေကျတဲ့အထိ နယ်ပေးနိုင်လာတယ်။ ဒါတွေကို မငြီးမငြူစားပေးတဲ့ ကျွန်တော့က ဘာမှမဝေဖန်ဘူး။ သူချက်သမျှကောင်းတာချည်းပဲ။ သူသုပ်သမျှအားပေးတာပဲ။ သူပေါင်းတဲ့ ဂျင်ဆင်းကြက်ပေါင်းဆိုလည်း အမြဲအားပေးနေကျပဲ။
.
ဒီလိုအိမ်မှုကိစ္စတွေလုပ်ရုံနဲ့ အမေရိကားက ဘယ်သူ့ကိုမှအလှမထားတတ်လို့ ကျွန်တော့စကားနောက်တစ်ကြိမ်မတည်နိုင် ဖြစ်ရပြန်တယ်။ ကလေးကျောင်းပို့၊ ကျောင်းကြို၊ အိမ်ထောင်ထိန်းလို့သာထားခဲ့တဲ့ သူ့ကို အခြေအနေအရ အလုပ်လုပ်စေဖို့အကြောင်းဖန်လာတယ်။ သားက အလယ်တန်းမှာ၊ သမီးကကောလိပ်ရောက်နေတဲ့အချိန် နဲ့အကိုက် ကျောင်းစားရိတ်တွေတက်သလောက် ကျွန်တော်က လောက်ငအောင်မရှာနိုင်တဲ့အခါ “ သူ ” အလုပ်လုပ်ဖို့ စိုင်းပြင်းရတော့တယ်။ 
.
.
ပထမဦးဆုံး ကျွန်တော်တို့လုပ်ခဲ့တဲ့အချိန်ပိုင်းအလုပ်အပြီး သူ့ကို ကျွန်တော်ဘာမှမလုပ်စေပဲ သက်တောင့်သက်သာထားနိုင်ခဲ့တာ ( ၂ ) နှစ်လောက်ပဲခံပါတယ်။ နောက်တော့ လာအိုအဖွဲ့အစည်းမှာအလုပ်လုပ်တဲ့ အလုပ်ရှာဖွေရေးက မြန်မာအစ်မတစ်ယောက်ကူညီလို့ ကုန်ထုတ်လုပ်မှုစက်ရုံတစ်ခုမှာ အလုပ်ရတယ်။ အဲဒီမတိုင်ခင်က အချိန်နည်းနည်းပဲလုပ်ခဲ့တဲ့အလုပ်ရှိခဲ့ပေမယ့် မရေးပြတော့ပါဘူး။ လုပ်ရတဲ့အလုပ်က ပစ္စည်းတွေမရတယ်။ သယ်ရတယ်။ ပြန်လည်ထုတ်ပိုးရတယ်။ ကျွန်တော်စိတ်မကောင်းရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ။
.
ဒီလိုနဲ့ အဲဒီအလုပ်ထက်ကောင်းမယ့်နေရာကို ပြောင်းပြီး သူအလုပ်လျှောက်ပြန်တယ် .. ရတယ် .. လုပ်ကြည့်တယ် .. သူ အရမ်းပင်ပန်းတယ်။ မြန်မာပြည်မှာ ဘာမှပင်ပင်ပန်းပန်းမလုပ်ခဲ့ရသူတစ်ယောက်အဖို့ အိမ်နဲ့နီးတဲ့အလုပ်ရှာရင်း ရတဲ့အလုပ်လုပ်ရတယ်။ သူ့အတွက် တစ်ရက် ( ၈ ) နာရီဆိုတာ သာမန်ယောက်ျားသားတစ်ယောက်ထက်  ဘယ်လောက်ပိုပင်ပန်းမယ်ဆိုတာ မျက်စိထဲသာမြင်ကြည့်ကြပါတော့။ 
.
အလုပ်ပြီးလို့ သူအိမ်ပြန်ရောက်လာတဲ့အခါ သူ့ကို ချွေးသိပ်ဖို့နေနေသာသာ ညနေပိုင်းအလုပ်သွားဖို့ပြင်ဆင်နေရတဲ့ ကျွန်တော်နဲ့ မိနစ်ပိုင်းပဲဆုံလိုက်ရတယ် .. မကြာဘူး .. ကျွန်တော့အလုပ်တက်မယ့် Swing Shift ညနေ ( ၄ ) နာရီအတွက် အိမ်ကနေ ကျွန်တော်ထွက်ခွာရပြန်တယ်။ လက်ပြနှုတ်ဆက်တဲ့အချိန်မှာ ကျွန်တော် ကားစက်နှိုးနေပါပြီ။
.
.
သူက အလုပ်ကပြန်လာပြီး အားလုံးအတွက် ထမင်းတည်၊ ဟင်းချက်၊ အမှိုက်သိမ်း၊ လက်ဆေးစင်ဆေး၊ ရေချိုးခန်းရှင်း နဲ့ နားရတယ်လည်းဆိုရော မျက်လုံးတွေကစင်းလာပြီလေ။ အဲဒီတော့ ကျွန်တော့ကြားဖြတ်အလုပ်နားချိန်မှာ လင်မယား ( ၂ ) ယောက် တယ်လီဖုန်းထဲမှာသာတွေ့ရတယ်။ ဒါကို တစ်ချို့က နင်တို့လင်မယားက တစ်ချိန်လုံးဖုန်းပြောနေတာပဲ လို့ လာရိသဲ့သဲ့စချင်၊ နောက်ချင်ကြသေးတယ်။ ပြောကြပါစေ .. စကြပါစေ။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို သူ့အပေါ်အားပေးဖို့ အင်အားတွေလိုအပ်နေတဲ့ကျွန်တော့မှာ လိုအပ်ချက်တွေရှိနေဆဲဆိုတာ ဝန်ခံပါတယ်။
.
ဒါနဲ့ ကျွန်တော်အိမ်ပြန်ရောက်တဲ့ ညသန်းခေါင်ကျော်မှာ သူ့ကို အားပေးဖို့ကြိုးစားကြည့်တယ်။ အိမ်တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ တစ်အိမ်လုံးက တိတ်ဆိတ်နေပြီး အိပ်ခန်းထဲမှာ ပန်းမလှနွမ်းလျစွာ သူက အိပ်ပျော်နေပါပြီ။ ကျွန်တော်ဘာလုပ်ရမလဲ? … ဒီလိုနဲ့ ရက်ပေါင်းများစွာ၊ လအတန်တန် နဲ့ နှစ်အနည်းငယ် ကျွန်တော်တို့ဖြတ်သန်းခဲ့ကြလေပြီ။ ဘာအတွက်အသက်ဆက်ရှင်ကြမလဲ? သူ့ကို ဘယ်လိုပြန်ပေးဆပ်ရမလဲ?
.
.
တဖြည်းဖြည်းချင်း အခြေကျလာတဲ့ အမေရိကားဘဝမှာ သိစရာ၊ တတ်စရာတွေမကုန်သွားသလို သူ့အပေါ်ဆပ်စရာ “ ကတိအကြွေး ” တွေလည်း လျော့မသွားသေးပါလားဆိုတာ သိမြင်လာတယ်။ ဒီမြေမှာနေရတာ ကျွန်တော့မိသားစုတစ်ခုတည်းရဲ့အကျိုးအတွက်နေရတယ်ဆိုရင် ကျွန်တော့ဘဝ သိပ်ကျဉ်းမြောင်းသွားမယ်လို့ ယူဆမိတော့ ကျွန်တော် စာစရေးတယ်။ အဲဒီမှာ ပိုဆိုးသွားတာက သူနဲ့ မိသားစုကို ကျွန်တော်ပေးတဲ့အချိန်တွေ နည်းသထက်နည်းလာတယ်။ ဒါတွေကို စွန့်လွှတ်သည်းခံခြင်း မေတ္တာတရားများနဲ့ ပါရမီဖြည့်ပေးနေတဲ့ ချစ်ဇနီးလေး “ သူ့ ” ကို တောသားလေးကျွန်တော် ကျေးဇူးတင်သထက်တင်နေမိပါတော့တယ်။
.
သူ့ရဲ့မွေးနေ့အမှတ်တရ
.
09-07-2015






No comments: