ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Wednesday, December 12, 2018
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
          "If you don't manage very well, someone will come and manage for you" တိုက်ရိုက်ဘာသာပြန်ရင် "မင်းကောင်းကောင်းမစီမံရင် စီမံတတ်တဲ့သူတစ်ယောက်က မင်းအတွက်လာစီမံပေးသွားလိမ့်မယ်" လို့ အဓိပ္ပာယ်ရပေမယ့် "မင်းမလုပ်တတ်ရင် စီမံတဲ့နေရာကနေဖယ်ပေးရလိမ့်မယ်" လို့ အထက်အရာရှိက အောက်က ကြီးကြပ်ရေးမှူးကိုပြောသွားတာကို ကျွန်တော်ကိုယ်တိုင်ကြားခဲ့ရတယ်။
          အလုပ်ခွင်ရဲ့အဆင့်တိုင်းမှာ အထက်အမိန့်ကိုလိုက်နာဆောင်ရွက်ရတဲ့ - Chain of Command ဆိုတာရှိတယ်။ တစ်ခြမ်းစောင်းတွေးကြည့်ရင် အာဏာရှင်ကိုအသက်သွင်းသလို "ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်" ဆိုတာလောက်အထိ အာဏာစက်ပေါက်မြောက်ထိရောက်တဲ့အထိတော့ ကုမ္ပဏီတွေမှာ လုပ်လို့မရပါဘူး။
          ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ထဲမှာ အထက်ကချမှတ်ထားတဲ့ပရောဂျက်တွေကိုအောင်မြင်အောင်လုပ်ဆောင်ရသလို မိမိအောက်မှာလုပ်ဆောင်နေသူတွေကို အလုပ်မှာပျော်အောင်၊ ကုန်ထုတ်လုပ်မှုမြင့်မားအောင်အပြင် အမှားနည်းနိုင်သမျှနည်းရလေအောင် စီမံဆောင်ရွက်ပေးဖို့လိုတဲ့အပြင် တစ်ချိန်တည်းမှာ လုပ်ငန်းခွင်မှာချမှတ်ထားတဲ့ သင်းဖွဲ့စည်းကမ်းတွေကို လိုက်နာဖို့တာဝန်ရှိပါတယ်။
          ဒါကြောင့် ဒီစကားစုရဲ့ "Manage" ဆိုတဲ့စာလုံးဟာ အထက်ကိုရော၊ အောက်ကိုရော အသွားအပြန် အဝင်အထွက် အပြန်အလှန်စီမံခြင်း - Management ကို ဆိုလိုတာဖြစ်တယ်။ ဘယ်စည်းဖြူ နဲ့ ညာစည်းဖြူတို့ကြားမှာ မျှတအောင် ရေချိန်ညှိပြီး စတီယာတိုင်ငြိမ်အောင်ကိုင်နိုင်မှ မိမိမောင်းနှင်နေတဲ့ယာဉ်ရထားဟာ ပန်းတိုင်ကို မလွဲမချော်ရောက်ရတဲ့နည်းတူ အထက်စီမံမှုနဲ့အောက်လုပ်အားတွေကြား လုပ်တတ်ကိုင်တတ်စီမံတတ်ဖို့က မန်နေဂျာ၊ ကြီးကြပ်ရေးမှူး နဲ့ ခေါင်းဆောင်တွေရဲ့တာဝန်ဖြစ်ပါတယ်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-13-2018
Unicode Version:
          "If you don't manage very well, someone will come and manage for you" တိုက်ရိုက်ဘာသာပြန်ရင် "မင်းကောင်းကောင်းမစီမံရင် စီမံတတ်တဲ့သူတစ်ယောက်က မင်းအတွက်လာစီမံပေးသွားလိမ့်မယ်" လို့ အဓိပ္ပာယ်ရပေမယ့် "မင်းမလုပ်တတ်ရင် စီမံတဲ့နေရာကနေဖယ်ပေးရလိမ့်မယ်" လို့ အထက်အရာရိက အောက်က ကြီးကြပ်ရေးမူးကိုပြောသွားတာကို ကျွန်တော်ကိုယ်တိုင်ကြားခဲ့ရတယ်။
          ဒီစကားထဲမ ဘာခြိမ်းခြောက်တာမ မပါဘူး။ ဘယ်လို အကြပ်ကိုင်မုမျိုးမ မပါဘူး။ ဘယ်လို အတင်းအကြပ်ခိုင်းစေမုမျိုးမ မပါပါဘူး။ ဒါပေမဲ့ ထိရောက်တယ်။ ပညာရင်ဆန်တယ်။ မန်နေဂျာက မန်နေဂျာစကားပြောတယ်။ အလုပ်ထုတ်ခံရနိုင်တယ် . . တာဝန်ယူမုမရိရင် ရာထူးပြုတ်သွားနိုင်တယ်ဆိုတာကို သူ့နေရာနဲ့သူ့စကားကိုက်ညီအောင် Professional ဆန်ဆန်ပြောသွားတာကို သတိထားမိမာပါ။
          အလုပ်ခွင်ရဲ့အဆင့်တိုင်းမ အထက်အမိန့်ကိုလိုက်နာဆောင်ရွက်ရတဲ့ - Chain of Command ဆိုတာရိတယ်။ တစ်ခြမ်းစောင်းတွေးကြည့်ရင် အာဏာရင်ကိုအသက်သွင်းသလို "ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်" ဆိုတာလောက်အထိ အာဏာစက်ပေါက်မြောက်ထိရောက်တဲ့အထိတော့ ကုမ္ပဏီတွေမ လုပ်လို့မရပါဘူး။
          ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ထဲမ အထက်ကချမတ်ထားတဲ့ပရောဂျက်တွေကိုအောင်မြင်အောင်လုပ်ဆောင်ရသလို မိမိအောက်မာလုပ်ဆောင်နေသူတွေကို အလုပ်မာပျော်အောင်၊ ကုန်ထုတ်လုပ်မုမြင့်မားအောင်အပြင် အမားနည်းနိုင်သမျနည်းရလေအောင် စီမံဆောင်ရွက်ပေးဖို့လိုတဲ့အပြင် တစ်ချိန်တည်းမ လုပ်ငန်းခွင်မာချမတ်ထားတဲ့ သင်းဖွဲ့စည်းကမ်းတွေကို လိုက်နာဖို့တာဝန်ရိပါတယ်။
          ဒါကြောင့် ဒီစကားစုရဲ့ "Manage" ဆိုတဲ့စာလုံးဟာ အထက်ကိုရော၊ အောက်ကိုရော အသွားအပြန် အဝင်အထွက် အပြန်အလန်စီမံခြင်း - Management ကို ဆိုလိုတာဖြစ်တယ်။ ဘယ်စည်းဖြူ နဲ့ ညာစည်းဖြူတို့ကြားမ မျတအောင် ရေချိန်ညိပြီး စတီယာတိုင်ငြိမ်အောင်ကိုင်နိုင်မ မိမိမောင်းနင်နေတဲ့ယာဉ်ရထားဟာ ပန်းတိုင်ကို မလွဲမချော်ရောက်ရတဲ့နည်းတူ အထက်စီမံမုနဲ့အောက်လုပ်အားတွေကြား လုပ်တတ်ကိုင်တတ်စီမံတတ်ဖို့က မန်နေဂျာ၊ ကြီးကြပ်ရေးမူး နဲ့ ခေါင်းဆောင်တွေရဲ့တာဝန်ဖြစ်ပါတယ်။
          အင်္ဂလိပ်စာဟာ ကျွန်တော်တို့မိခင်ဘာသာစကားလို ကျွမ်းကျင်အောင်တတ်ကျွမ်းဖို့သာခက်တာ နားလည်အောင်စဉ်းစားတတ်ဖို့ နဲ့ သူ့စကားထဲကအနစ်သာရကိုစုတ်ယူစားသုံးဖို့ကျတော့ သိပ်လွယ်ကူတဲ့အပြည်ပြည်ဆိုင်ရာဘာသာစကားတစ်ခုဖြစ်ပါတယ်။ နားလည်သွားတဲ့နောက် ဘဝအဓိပ္ပာယ်ဟာ "ကိုယ်ပိုင်ဖြစ်သွားခြင်း - Being Myself" နဲ့အတူ လုပ်ငန်းခွင်မာထည့်သွင်းအသုံးပြုတတ်ရင် အလုပ်မာပျော်တဲ့ လူတော်တွေဖြစ်လာကြမာမလွဲပါ။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-13-2018
No comments: