ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, July 27, 2018

ေခတ္မီတဲ့ မိ နဲ ့ဘ ရခ်င္တယ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ဒီလိုေျပာလုိက္လို႕ အဂၤလိပ္စာတတ္ျပီး ေခတ္မီနည္းပညာပစၥည္းေတြသံုးရင္း ပ်ံ . . လန္ . . ေန တဲ႕မိဘမ်ိဳးလိုခ်င္တယ္ထင္ရင္ မွားသြားပါလိမ္႕မယ္။ တကယ္တမ္းဆန္းစစ္လိုက္ရင္ လူ႕ဘဝဟာ ဆန္းၾကယ္သမွ သိပ္ကိုဆန္းၾကယ္လွပါတယ္။
.
. ျပည္ပခရီးတစ္ခုကိုသြားဖို႕ေလယာဥ္လက္မွတ္ဝယ္တဲ႕အခါ ႏိုင္ငံကူးလက္မွတ္ဆုိတာ လုိပါတယ္။ ဒီ႕အျပင္ လိုအပ္တဲ႕အခ်က္အလက္ေတြေရးသြင္းျခင္း နဲ႕ အထုပ္အပိုးေတြျပင္ဆင္ရေလတိုင္း ဗာဟီရမ်ားတဲ႕ လူ႕ဘဝကုိ မွန္းဆႏုိင္ျပန္တယ္။
.
.
. မိခင္ဝမ္းဗိုက္ထဲကိုဝင္ဖို႕က်ေတာ႕ ဘာအေထာက္အထားမွမလုိသလို သားသမီးျဖစ္လာမယ္႕သူကုိ သတၱေလာကရဲ႕ထိပ္ေခါင္ လူသားတို႕ကမၻာမွာ ေရြးခ်ယ္ပုိင္ခြင္႕မရရွိပါဘူး။ ဆုိလိုတာက သားသမီး နဲ႕ မိဘဟာ ဘယ္အေၾကာင္းကံေၾကာင္႕မွန္းမသိႏိုင္ေလာက္ေအာင္ လူ႕ေလာကတစ္ေနရာမွာ အေၾကာင္းစံုလို႕ ဆံုစည္းရတယ္ဆုိတာကို ေထာက္ျပခ်င္တာပါ။
.
. ဒါဆို ကြ်န္ေတာ္ က ဘာေၾကာင္႕ မိဘ ကို ေရြးခ်င္ေနတာပါလဲ . . ရွင္းပါတယ္။ ကိုယ္ေနတဲ႕ ႏိုင္ငံ၊ ကိုယ္ေနတဲ႕ ျမိဳ႕၊ ကိုယ္ေနတဲ႕ လူမႈအသိုင္းအဝိုင္း နဲ႕ ကိုယ္သက္ဆင္းေရာက္ရွိေနတဲ႕ မိသားစုတို႕ေကာင္းစားဖို႕အေရးမွာ သားသမီးေတြထက္ မိဘေတြမွာက လုပ္ႏုိင္ကိုင္ႏုိင္ ဖန္တီးႏုိင္တာျဖစ္ေနတာေၾကာင္႕ပါ။ မရွင္းေသးရင္ ေအာက္မွာဆက္ရွင္းျပခ်င္ပါတယ္။
.
.
. ႏိုင္ငံေရးသမားေပါင္းမ်ားစြာ နဲ႕ အေတြးအျမင္သမားေပါင္းမ်ားစြာတို႕က ႏိုင္ငံရဲ႕အနာဂါတ္ဟာ လူငယ္ေတြပါလို႕ေျပာၾကတယ္။ ဒီလူငယ္ေတြဟာ တစ္ခ်ိန္တုန္းက ကေလးငယ္ေတြဆိုတာကိုေမ႕ေနတာေတာ႕ မဟုတ္ေလာက္ပါ။ ဒါ႕အျပင္ အခု ဒီလူငယ္ေတြရဲ႕မိဘေတြဟာ တစ္ခ်ိန္တုန္းက လူငယ္ဘဝကေန အိမ္ေထာင္ရက္သားက်ျပီး တာဝန္ေတြမ်ားျပားလုိ႕ မိခင္ ဖခင္ဘဝေရာက္လာၾကသူေတြပါ။ လိုရင္းဘက္ကို ျပန္သြားၾကပါစို႕ . .။
.
.
လူငယ္ေတြ စီးပြားရွာစရာမလို ပညာသာသင္ဖို႕လုိတယ္
လူငယ္ေတြ အလုပ္လုပ္စရာမလို ပညာသာသင္ဖို႕လုိတယ္
လူငယ္ေတြ ဘာဒုကၡမွခံစရာမလို ပညာသာသင္ဖို႕လုိတယ္
.
. ဒီကိစၥေတြအားလံုး (သို႕မဟုတ္) အားလံုးနီးပါးကို မိဘ နဲ႕ (မိဘကဲ႕သုိ႕အုပ္ထိန္းသူေတြ) က လုပ္ေဆာင္ေပးၾကတယ္။ ဒါေပမယ္႕ ေသြးရင္း သားရင္း နဲ႕ ဘ႑ာေငြေၾကးေျပလည္မႈအေပၚမူတည္ျပီး ျဖစ္ေစခ်င္တဲ႕အိပ္မက္ေတြကို အေရာင္အမ်ိဳးမ်ိဳးဆုိးျပီး လူငယ္ေတြရဲ႕ပုခံုးေစာင္းေပၚကုိတင္ေပးလုိက္ၾကတယ္။ အဲဒီမွာ ဇာတ္လမ္းက စေတာ႕တာပါပဲ။
.
.
. ဆရာဝန္ၾကီးျဖစ္ရမယ္၊ အင္ဂ်င္နီယာၾကီးျဖစ္ရမယ္ စတဲ႕ "ျမန္မာ႕ေက်ာင္းသားမိဘတို႕ရဲ႕ေဆာင္ပုဒ္ေတြ" ကုိ တတြတ္တြတ္ရြတ္ရင္း လူငယ္ေတြဟာ က်ဥ္းေျမာင္းလွတဲ႕စာသင္စံနစ္ထဲမွာနစ္မြန္းၾကရင္း မသြားခ်င္တဲ႕လမ္းကိုသြား၊ မေလွ်ာက္ခ်င္တဲ႕ေမဂ်ာကိုေလွ်ာက္၊ မတက္ခ်င္တဲ႕ေက်ာင္းကို ဘတ္စ္ကားတိုးစီးတက္၊ "ဝါသနာကိုဦးမတည္ႏိုင္တဲ႕ဘာသာရပ္" ကိုသင္ၾကားရင္း လူငယ္ဘဝကို ဂ်ံဴးဂ်ံဴးက်ေအာင္ စုန္းစုန္းျမွ ႈပ္ပစ္လိုက္ၾကပါေတာ႕တယ္။
.
. "သားသမီးေတြကို ေငြေပး ေက်ာင္းတက္ေစရင္ျပီးေရာ" ဆုိတဲ႕မိဘေတြမွာ ကေလးေတြရဲ႕တုိးတက္မႈ - Improvement ၊ ေျပာင္းလဲလာတဲ႕ဘဝအရည္အေသြး - Life Skills ၊ ေပးလာတဲ႕အခြင္႕အေရးနဲ႕လုိက္ျပီးထက္ျမက္တဆင္႕ျမင္႕လာတဲ႕တာဝန္ယူမႈ - Responsibility ၊ အက်ဥ္းအၾကပ္ခ်ဳပ္ေႏွာင္မႈထဲကလြတ္ေျမာက္ခ်င္မႈ - Independence ၊ ပ်ိဳေဖာ္ဝင္ လူပ်ိဳေဖာ္ဝင္လာတဲ႕ က်န္းမာေရးအမူအက်င္႕ - Healthy Habit နဲ႕ ေရွ႕ဆက္ရမယ္႕ဘဝအတြက္ အသိပညာကိရိယာတန္ဆာပလာေတြကုိတပ္ဆင္ - Equip လုပ္ေပးဖို႕ စတဲ႕ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကုိ သိခ်င္လား? မသိခ်င္ဘူးလား? ဆုိတာက ေမးခြန္းထုတ္ေစဖုိ႕ျဖစ္လာတာပါ။
.
.
. ဒါေတြကိုသိဖို႕ "မင္းတို႕ကို ပိုက္ဆံေပးထားတယ္ . . ေကြ်းထားတယ္ . . ေက်ာင္းေကာင္းေကာင္းထားေပးထားတယ္ . . ကိုယ္႕ဟာကိုယ္ စာေတာ္ေအာင္လုပ္ၾက" လို႕ လူငယ္ေတြကို ပစ္စလက္ခတ္လႊတ္ထားလိုက္လို႕မျဖစ္ပါဘူး။ အထက္ကေျပာခဲ႕တဲ႕
.
>>> Improvement
>>> Life Skills
>>> Responsibility
>>> Independence
>>> Healthy Habit တို႕ကို တင္ဆင္ - Equip လုပ္ေပးရမွာက မိဘေတြရဲ႕ေစာင္႕ၾကည္႕ရမယ္႕တာဝန္ေတြမဟုတ္ေပဘူးလား။ ဒါေၾကာင္႕ မိဘေတြက ေခတ္မီဖို႕လုိတယ္လို႕ ေျပာရတာပါ။
.
.
ဒါေတြကိုသိဖို႕ (တတ္ႏုိင္ရင္) မိဘေတြဟာ စာဖတ္ရပါမယ္။ ပိုမုိတတ္ကြ်မ္းရင္ အဂၤလိပ္လုိေရးထားတာေတြကုိ ဖတ္ႏိုင္ပါတယ္။ "မ်က္လံုးဖြင္႕ၾကည္႕တတ္ျခင္း - ENVISION" ကေန သားသမီးတို႕ရဲ႕တုိးတက္မႈကို အျမဲစစ္ေဆးလမ္းျပႏုိင္ပါတယ္ (~~Improvement~~)
.
.
မိမိတုိ႕လုပ္ငန္းနဲ႕ပတ္သက္တဲ႕အေတြ႕အၾကံဳေတြကေန ႏုိင္ငံတကာအျမင္ေတြကုိ ယူေဆာင္လာႏုိင္ပါတယ္။ "ေရအိုင္ထဲကဖားသူငယ္ပညာေရး" ကေန မိမိတုိ႕ရဲ႕သားသမီးရဲ႕ဘဝအရည္ေသြးေတြကို ျမွင္႕တင္ေပးႏုိင္ပါတယ္ (~~Life Skills~~)
.
.
လုပ္ငန္းနဲ႕ပတ္သက္တာေတြကုိ သားသမီးေတြကိုျမည္းစမ္းၾကည္႕ေစျပီး တာဝန္ယူမႈ နဲ႕ တစ္ကုိယ္ရည္လုပ္ေဆာင္မႈေတြကို မိတ္ဆက္ေပးႏုိင္ပါတယ္ (~~Responsibility and Independent Performance~~)
.
.
အက်င္႕စာရိတၱမေကာင္းသူေတြကို ေရွာင္က်ဥ္ေစျခင္းအားျဖင္႕ (ဘက္စံု) က်န္းမာေရးအသိပညာေတြကို သားသမီးေတြကို ေပးႏုိင္ပါတယ္ (~~Healthy Habit~~)
.
.
. ဒီအခ်က္ေတြဟာ ေယ်ဘုယ်က်က်ခြဲျခမ္းစိတ္ျဖာထားတာျဖစ္လို႕ လူတန္းစားအားလံုး အလႊာအသီးသီးကို လႊမ္းျခံဳမွန္ကန္ဖုိ႕ မျဖစ္ႏိုင္ပါဘူး။ တစ္ခ်ိဳ႕ကိစၥေတြဟာေငြေၾကးခ်မ္းသာတဲ႕မိဘေတြကသာ တတ္ႏုိင္မယ္လို႕ ေစာဒကတက္လာႏုိင္ပါတယ္။
.
. သတင္းေကာင္းတစ္ခုက အလႊာအားလံုးကို အုပ္မိ ခ်ဳပ္မိေအာင္လမ္းညႊန္ႏုိင္တာတစ္ခုက ရွိေနပါတယ္။ ဒီကိစၥကိုလုပ္ေဆာင္ရင္း "ေခတ္မီတဲ႕ မိ နဲ႕ ဘ" ဆုိတာ ကုန္က်စားရိတ္နည္းနည္းနဲ႕ျဖစ္လာႏုိင္ပါတယ္။
.
. ဒါကေတာ႕ "အလိမၼာ ရွိတဲ႕ စာဖတ္ျခင္း" လုိ႕သာ ေျပာလုိက္ပါရေစ။ ဘာစာျဖစ္ျဖစ္ ရွာေဖြဖတ္ရႈလိုက္ပါ မိတ္ေဆြ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. ရန္ကုန္တြင္ေရးသည္
. 07-27-2018
.
.
Unicode Version:
.
.
. "ခေတ်မီတဲ့ မိနဲ ့ဘ ရချင်တယ်"
. ဒီလိုပြောလိုက်လို့ အင်္ဂလိပ်စာတတ်ပြီး ခေတ်မီနည်းပညာပစ္စည်းတွေသုံးရင်း ပျံ . . လန် . . နေ တဲ့မိဘမျိုးလိုချင်တယ်ထင်ရင် မှားသွားပါလိမ့်မယ်။ တကယ်တမ်းဆန်းစစ်လိုက်ရင် လူ့ဘဝဟာ ဆန်းကြယ်သမ သိပ်ကိုဆန်းကြယ်လှပါတယ်
.
. ပြည်ပခရီးတစ်ခုကိုသွားဖို့လေယာဉ်လက်မှတ်ဝယ်တဲ့အခါ နိုင်ငံကူးလက်မှတ်ဆိုတာ လိုပါတယ်။ ဒီ့အပြင် လိုအပ်တဲ့အချက်အလက်တွေရေးသွင်းခြင်း နဲ့ အထုပ်အပိုးတွေပြင်ဆင်ရလေတိုင်း ဗာဟီရများတဲ့ လူ့ဘဝကို မှန်းဆနိုင်ပြန်တယ်
.
.
. မိခင်ဝမ်းဗိုက်ထဲကိုဝင်ဖို့ကျတော့ ဘာအထောက်အထားမှမလိုသလို သားသမီးဖြစ်လာမယ့်သူကို သတ္တလောကရဲ့ထိပ်ခေါင် လူသားတို့ကမ္ဘာမှာ ရွေးချယ်ပိုင်ခွင့်မရရှိပါဘူး။ ဆိုလိုတာက သားသမီး နဲ့ မိဘဟာ ဘယ်အကြောင်းကံကြောင့်မှန်းမသိနိုင်လောက်အောင် လူ့လောကတစ်နေရာမှာ အကြောင်းစုံလို့ ဆုံစည်းရတယ်ဆိုတာကို ထောက်ပြချင်တာပါ။
.
. ဒါဆို ကျွန်တော် က ဘာကြောင့် မိဘ ကို ရွေးချင်နေတာပါလဲ . . ရှင်းပါတယ်။ ကိုယ်နေတဲ့ နိုင်ငံ၊ ကိုယ်နေတဲ့ မြို့၊ ကိုယ်နေတဲ့ လူမှုအသိုင်းအဝိုင်း နဲ့ ကိုယ်သက်ဆင်းရောက်ရှိနေတဲ့ မိသားစုတို့ကောင်းစားဖို့အရေးမှာ သားသမီးတွေထက် မိဘတွေမှာက လုပ်နိုင်ကိုင်နိုင် ဖန်တီးနိုင်တာဖြစ်နေတာကြောင့်ပါ။ မရှင်းသေးရင် အောက်မှာဆက်ရှင်းပြချင်ပါတယ်
.
.
. နိုင်ငံရေးသမားပေါင်းများစွာ နဲ့ အတွေးအမြင်သမားပေါင်းများစွာတို့က နိုင်ငံရဲ့အနာဂါတ်ဟာ လူငယ်တွေပါလို့ပြောကြတယ်။ ဒီလူငယ်တွေဟာ တစ်ချိန်တုန်းက ကလေးငယ်တွေဆိုတာကိုမေ့နေတာတော့ မဟုတ်လောက်ပါ။ ဒါ့အပြင် အခု ဒီလူငယ်တွေရဲ့မိဘတွေဟာ တစ်ချိန်တုန်းက လူငယ်ဘဝကနေ အိမ်ထောင်ရက်သားကျပြီး တာဝန်တွေများပြားလို့ မိခင် ဖခင်ဘဝရောက်လာကြသူတွေပါ။ လိုရင်းဘက်ကို ပြန်သွားကြပါစို့ . .။
.
.
လူငယ်တွေ စီးပွားရှာစရာမလို ပညာသာသင်ဖို့လိုတယ်
လူငယ်တွေ အလုပ်လုပ်စရာမလို ပညာသာသင်ဖို့လိုတယ်
လူငယ်တွေ ဘာဒုက္ခမှခံစရာမလို ပညာသာသင်ဖို့လိုတယ်
.
. ဒီကိစ္စတွေအားလုံး (သို့မဟုတ်) အားလုံးနီးပါးကို မိဘ နဲ့ (မိဘကဲ့သို့အုပ်ထိန်းသူတွေ) က လုပ်ဆောင်ပေးကြတယ်။ ဒါပေမယ့် သွေးရင်း သားရင်း နဲ့ ဘဏ္ဍာငွေကြေးပြေလည်မှုအပေါ်မူတည်ပြီး ဖြစ်စေချင်တဲ့အိပ်မက်တွေကို အရောင်အမျိုးမျိုးဆိုးပြီး လူငယ်တွေရဲ့ပုခုံးစောင်းပေါ်ကိုတင်ပေးလိုက်ကြတယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ။
.
.
. ဆရာဝန်ကြီးဖြစ်ရမယ်၊ အင်ဂျင်နီယာကြီးဖြစ်ရမယ် စတဲ့ "မြန်မာ့ကျောင်းသားမိဘတို့ရဲ့ဆောင်ပုဒ်တွေ" ကို တတွတ်တွတ်ရွတ်ရင်း လူငယ်တွေဟာ ကျဉ်းမြောင်းလှတဲ့စာသင်စံနစ်ထဲမှာနစ်မွန်းကြရင်း မသွားချင်တဲ့လမ်းကိုသွား၊ မလျှောက်ချင်တဲ့မေဂျာကိုလျှောက်၊ မတက်ချင်တဲ့ကျောင်းကို ဘတ်စ်ကားတိုးစီးတက်၊ "ဝါသနာကိုဦးမတည်နိုင်တဲ့ဘာသာရပ်" ကိုသင်ကြားရင်း လူငယ်ဘဝကို ဂျံူးဂျံူးကျအောင် စုန်းစုန်းမြ ှုပ်ပစ်လိုက်ကြပါတော့တယ်
.
. "သားသမီးတွေကို ငွေပေး ကျောင်းတက်စေရင်ပြီးရော" ဆိုတဲ့မိဘတွေမှာ ကလေးတွေရဲ့တိုးတက်မှု - Improvement ၊ ပြောင်းလဲလာတဲ့ဘဝအရည်အသွေး - Life Skills ၊ ပေးလာတဲ့အခွင့်အရေးနဲ့လိုက်ပြီးထက်မြက်တဆင့်မြင့်လာတဲ့တာဝန်ယူမှု - Responsibility ၊ အကျဉ်းအကြပ်ချုပ်နှောင်မှုထဲကလွတ်မြောက်ချင်မှု - Independence ၊ ပျိုဖော်ဝင် လူပျိုဖော်ဝင်လာတဲ့ ကျန်းမာရေးအမူအကျင့် - Healthy Habit နဲ့ ရှေ့ဆက်ရမယ့်ဘဝအတွက် အသိပညာကိရိယာတန်ဆာပလာတွေကိုတပ်ဆင် - Equip လုပ်ပေးဖို့ စတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သိချင်လား? မသိချင်ဘူးလား? ဆိုတာက မေးခွန်းထုတ်စေဖို့ဖြစ်လာတာပါ။
.
.
. ဒါတွေကိုသိဖို့ "မင်းတို့ကို ပိုက်ဆံပေးထားတယ် . . ကျွေးထားတယ် . . ကျောင်းကောင်းကောင်းထားပေးထားတယ် . . ကိုယ့်ဟာကိုယ် စာတော်အောင်လုပ်ကြ" လို့ လူငယ်တွေကို ပစ်စလက်ခတ်လွှတ်ထားလိုက်လို့မဖြစ်ပါဘူး။ အထက်ကပြောခဲ့တဲ့
.
>>> Improvement
>>> Life Skills
>>> Responsibility
>>> Independence
>>> Healthy Habit တို့ကို တင်ဆင် - Equip လုပ်ပေးရမှာက မိဘတွေရဲ့စောင့်ကြည့်ရမယ့်တာဝန်တွေမဟုတ်ပေဘူးလား။ ဒါကြောင့် မိဘတွေက ခေတ်မီဖို့လိုတယ်လို့ ပြောရတာပါ။
.
.
ဒါတွေကိုသိဖို့ (တတ်နိုင်ရင်) မိဘတွေဟာ စာဖတ်ရပါမယ်။ ပိုမိုတတ်ကျွမ်းရင် အင်္ဂလိပ်လိုရေးထားတာတွေကို ဖတ်နိုင်ပါတယ်။ "မျက်လုံးဖွင့်ကြည့်တတ်ခြင်း - ENVISION" ကနေ သားသမီးတို့ရဲ့တိုးတက်မှုကို အမြဲစစ်ဆေးလမ်းပြနိုင်ပါတယ် (~~Improvement~~)
.
.
မိမိတို့လုပ်ငန်းနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကနေ နိုင်ငံတကာအမြင်တွေကို ယူဆောင်လာနိုင်ပါတယ်။ "ရေအိုင်ထဲကဖားသူငယ်ပညာရေး" ကနေ မိမိတို့ရဲ့သားသမီးရဲ့ဘဝအရည်သွေးတွေကို မြှင့်တင်ပေးနိုင်ပါတယ် (~~Life Skills~~)
.
.
လုပ်ငန်းနဲ့ပတ်သက်တာတွေကို သားသမီးတွေကိုမြည်းစမ်းကြည့်စေပြီး တာဝန်ယူမှု နဲ့ တစ်ကိုယ်ရည်လုပ်ဆောင်မှုတွေကို မိတ်ဆက်ပေးနိုင်ပါတယ် (~~Responsibility and Independent Performance~~)
.
.
အကျင့်စာရိတ္တမကောင်းသူတွေကို ရှောင်ကျဉ်စေခြင်းအားဖြင့် (ဘက်စုံ) ကျန်းမာရေးအသိပညာတွေကို သားသမီးတွေကို ပေးနိုင်ပါတယ် (~~Healthy Habit~~)
.
.
. ဒီအချက်တွေဟာ ယျေဘုယျကျကျခွဲခြမ်းစိတ်ဖြာထားတာဖြစ်လို့ လူတန်းစားအားလုံး အလွှာအသီးသီးကို လွှမ်းခြုံမှန်ကန်ဖို့ မဖြစ်နိုင်ပါဘူး။ တစ်ချို့ကိစ္စတွေဟာငွေကြေးချမ်းသာတဲ့မိဘတွေကသာ တတ်နိုင်မယ်လို့ စောဒကတက်လာနိုင်ပါတယ်။
.
. သတင်းကောင်းတစ်ခုက အလွှာအားလုံးကို အုပ်မိ ချုပ်မိအောင်လမ်းညွှန်နိုင်တာတစ်ခုကှိနေပါတယ်။ ဒီကိစ္စကိုလုပ်ဆောင်ရင်း "ခေတ်မီတဲ့ မိ နဲ့ ဘ" ဆိုတာ ကုန်ကျစားရိတ်နည်းနည်းနဲ့ဖြစ်လာနိုင်ပါတယ်။
.
. ဒါကတော့ "အလိမ္မာ ရှိတဲ့ စာဖတ်ခြင်း" လို့သာ ပြောလိုက်ပါရစေ။ ဘာစာဖြစ်ဖြစ် ရှာဖွေဖတ်ရှုလိုက်ပါ မိတ်ဆွေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. ရန်ကုန်တွင်ရေးသည်
. 07-27-2018

No comments: