ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
.
တစ္ၾကိမ္တစ္ခါမကစဥ္းစားမိဖူးတယ္ . . "ကုိယ္႕ဘဝရဲ႕ျဖစ္ခ်င္တဲ႕ဆႏၵေတြကုိစေတးခံျပီးလဲယူမယ္႕အရာဟာ ကိုယ္႕ဘဝအတြက္လား?" ဆုိတဲ႕ေမးခြန္းပါ။ ဒီေမးခြန္းဟာ ဘယ္အဂၤလိပ္စာအုပ္ထဲကမွ ကုိးကားျပီးကူးယူေဖာ္ျပထားတာမဟုတ္သလို ျမန္မာစာၾကီးေပၾကီးေတြထဲက အလြတ္က်က္ထားတဲ႕ ေဆာင္ပုဒ္လည္း မဟုတ္ပါဘူး။ အစစအရာရာကိုစြန္႕လႊတ္ျပီး ေနရာသစ္ကို အေျခအျမစ္ရွာမိတဲ႕ လူတစ္ေယာက္ရဲ႕အျဖစ္အပ်က္ကေနရတဲ႕ အေတြးေလးတစ္လို႕ ေျပာရင္ ပိုမွန္ပါလိမ္႕မယ္။
.
.
ကုိယ္႕ရဲ႕ေနာက္မ်ိဳးဆက္ေတြကိုမစဥ္းစားခင္ ကိုယ္႕အေရွ႕က၊ ကိုယ္႕ကုိလမ္းျပေပးခဲ႕တဲ႕မ်ိဳးဆက္ၾကီးကိုအရင္ေတြးၾကည္႕ရေအာင္။ မိနဲ႕ဘ က ပညာမတတ္၊ စာဆိုရင္ ေရးတတ္ဖတ္တတ္ရံု၊ ေငြရွိမွေနရာဝင္မယ္႕ေလာကၾကီးမွာ ရွာလို႕ေကာင္းရင္းဆက္ရင္းရွာ၊ ဒီၾကားထဲမွာ သားသမီးကို ရံုးေတြမွာေဖာင္ျဖည္႕တတ္ရံု၊ ေစ်းေရာင္းရင္စာရင္းေပါင္းတတ္ရံု၊ လူလံုးလွလို႕ အပ်ိဳ လူပ်ိဳရုပ္ၾကြလာတဲ႕အထိ ေကြ်းေမြးမိလာခဲ႕ရင္း ေနာက္မ်ိဳးဆက္ေတြဆက္ပြားမ်ားဖို႕ အိမ္ေထာင္ျပဳခုိင္းတဲ႕ေခတ္ကို ကြ်န္ေတာ္ျဖတ္သန္းခဲ႕တယ္။
.
.
.
ကုိယ္႕ေခတ္ေရာက္ေတာ႕ ေက်ာင္းတန္းလန္း၊ ေခတ္တန္းလန္း၊ ပညာေရးတန္းလန္း နဲ႕ လူငယ္တန္းလန္းဟာ အိမ္ေထာင္ေရးတန္းလန္း နဲ႕ ဒီမိုကေရစီတန္းလန္းမွာ ႏုိင္ငံျခားကုိ ေလယာဥ္တန္းလန္း နဲ႕ ခရီးတန္းလန္းထြက္လာခဲ႕ရတယ္။ ဒီလို ဟုိမေရာက္ ဒီမေရာက္ကမ္းမွာ စမ္းတဝါးဝါးလွမ္းကပ္ရင္းဆက္ေတြးမိတာက ကိုယ္႕လိုမျဖစ္ေစဖို႕ လမ္းမွန္ လမ္းေျဖာင္႕၊ လူမွန္ လူေျဖာင္႕ နဲ႕ ႏိုင္ငံတကာပညာေတြကုိ ေျဖာင္႕ေျဖာင္႕တန္းတန္းသင္ယူႏုိင္ေစဖို႕ ကြ်န္ေတာ႕ရဲ႕ "သားသမီးအေပၚထားတဲ႕စိတ္နဲ႕သူတို႕အတြက္ရပ္တည္မႈ" ဟာ ခိုင္မာေတာင္႕တင္းရမယ္ဆုိတာပဲ ျဖစ္ပါတယ္။
.တစ္ၾကိမ္တစ္ခါမကစဥ္းစားမိဖူးတယ္ . . "ကုိယ္႕ဘဝရဲ႕ျဖစ္ခ်င္တဲ႕ဆႏၵေတြကုိစေတးခံျပီးလဲယူမယ္႕အရာဟာ ကိုယ္႕ဘဝအတြက္လား?" ဆုိတဲ႕ေမးခြန္းပါ။ ဒီေမးခြန္းဟာ ဘယ္အဂၤလိပ္စာအုပ္ထဲကမွ ကုိးကားျပီးကူးယူေဖာ္ျပထားတာမဟုတ္သလို ျမန္မာစာၾကီးေပၾကီးေတြထဲက အလြတ္က်က္ထားတဲ႕ ေဆာင္ပုဒ္လည္း မဟုတ္ပါဘူး။ အစစအရာရာကိုစြန္႕လႊတ္ျပီး ေနရာသစ္ကို အေျခအျမစ္ရွာမိတဲ႕ လူတစ္ေယာက္ရဲ႕အျဖစ္အပ်က္ကေနရတဲ႕ အေတြးေလးတစ္လို႕ ေျပာရင္ ပိုမွန္ပါလိမ္႕မယ္။
.
.
ကုိယ္႕ရဲ႕ေနာက္မ်ိဳးဆက္ေတြကိုမစဥ္းစားခင္ ကိုယ္႕အေရွ႕က၊ ကိုယ္႕ကုိလမ္းျပေပးခဲ႕တဲ႕မ်ိဳးဆက္ၾကီးကိုအရင္ေတြးၾကည္႕ရေအာင္။ မိနဲ႕ဘ က ပညာမတတ္၊ စာဆိုရင္ ေရးတတ္ဖတ္တတ္ရံု၊ ေငြရွိမွေနရာဝင္မယ္႕ေလာကၾကီးမွာ ရွာလို႕ေကာင္းရင္းဆက္ရင္းရွာ၊ ဒီၾကားထဲမွာ သားသမီးကို ရံုးေတြမွာေဖာင္ျဖည္႕တတ္ရံု၊ ေစ်းေရာင္းရင္စာရင္းေပါင္းတတ္ရံု၊ လူလံုးလွလို႕ အပ်ိဳ လူပ်ိဳရုပ္ၾကြလာတဲ႕အထိ ေကြ်းေမြးမိလာခဲ႕ရင္း ေနာက္မ်ိဳးဆက္ေတြဆက္ပြားမ်ားဖို႕ အိမ္ေထာင္ျပဳခုိင္းတဲ႕ေခတ္ကို ကြ်န္ေတာ္ျဖတ္သန္းခဲ႕တယ္။
.
.
.
ကုိယ္႕ေခတ္ေရာက္ေတာ႕ ေက်ာင္းတန္းလန္း၊ ေခတ္တန္းလန္း၊ ပညာေရးတန္းလန္း နဲ႕ လူငယ္တန္းလန္းဟာ အိမ္ေထာင္ေရးတန္းလန္း နဲ႕ ဒီမိုကေရစီတန္းလန္းမွာ ႏုိင္ငံျခားကုိ ေလယာဥ္တန္းလန္း နဲ႕ ခရီးတန္းလန္းထြက္လာခဲ႕ရတယ္။ ဒီလို ဟုိမေရာက္ ဒီမေရာက္ကမ္းမွာ စမ္းတဝါးဝါးလွမ္းကပ္ရင္းဆက္ေတြးမိတာက ကိုယ္႕လိုမျဖစ္ေစဖို႕ လမ္းမွန္ လမ္းေျဖာင္႕၊ လူမွန္ လူေျဖာင္႕ နဲ႕ ႏိုင္ငံတကာပညာေတြကုိ ေျဖာင္႕ေျဖာင္႕တန္းတန္းသင္ယူႏုိင္ေစဖို႕ ကြ်န္ေတာ႕ရဲ႕ "သားသမီးအေပၚထားတဲ႕စိတ္နဲ႕သူတို႕အတြက္ရပ္တည္မႈ" ဟာ ခိုင္မာေတာင္႕တင္းရမယ္ဆုိတာပဲ ျဖစ္ပါတယ္။
.
ကြ်န္ေတာ္ေပးထားတဲ႕ေမးခြန္းကုိကုိယ္တုိင္ပဲျပန္ေျဖရရင္ "တန္ပါတယ္" လို႕ ဆုိခ်င္ပါတယ္။ ျမန္မာႏိုင္ငံမွာ ေငြဘယ္ေလာက္ရွိရွိ သားသမီးေတြကို ႏုိင္ငံျခားပို႕ျပီး ေက်ာင္းတက္ခုိင္းေနၾကတဲ႕ေခတ္မွာ ကြ်န္ေတာ္တို႕က ႏိုင္ငံျခားမွာ သားသမီးကို ကိုယ္တိုင္ကုိယ္က် ကိုယ္ဖိရင္ဖိ ျပဳစုေစာင္႕ေရွာက္ေပးခြင္႕ရခဲ႕တယ္။ တစ္ဆက္တည္းမွာ ျမန္မာႏိုင္ငံမွာဆုိရင္က်ဴရွင္တက္ရင္ကုန္မယ္႕အခ်ိန္ေတြကုိ "သူတုိ႕ေလးေတြဘာလုပ္ခ်င္သလဲဆိုတာစဥ္းစားဖို႕" အသံုးျပဳခိုင္းႏုိင္ခဲ႕တယ္။
.
.
.
ပုိျပီးတရားက်ဖို႕ေကာင္းတာက ကိုယ္လုပ္ခ်င္တာလုပ္ဖို႕သြားရတဲ႕ခရီး နဲ႕ ကိုယ္လုပ္သင္႕တာသြားလုပ္ဖို႕သြားရတဲ႕ခရီးတုိ႕က ထြက္လာတဲ႕အေျဖခ်င္းဘယ္တူပါ႕မလဲ? ဒီအေျဖကုိရဖို႕ေစာင္႕ခဲ႕ရတဲ႕ရက္ေတြဟာ အရင္ကလို ဟုိတန္းလန္း ဒီတန္းလန္းစိတ္နဲ႕မဟုတ္ေတာ႕ဘူး။ တည္ၾကည္ျပတ္သားျပီး အေျဖထြက္သြားတဲ႕ ဆယ္တန္းေအာင္စာရင္းနံရံမွာကပ္တဲ႕အရသာမ်ိဳးဆိုတာၾကံဳဖူးမွပိုသိလာခဲ႕တယ္။
.
.
ဆရာေအာင္သင္းရဲ႕စကားငွားသံုးရရင္ "ကုိယ္မလုပ္ခဲ႕ႏုိင္တဲ႕ရည္မွန္းခ်က္ကုိ ေနာက္မ်ိဳးဆက္အတြက္ ပုခံုးေျပာင္းတာဝန္ေပးျခင္း" ဆုိတာ ဒါမ်ိဳးလို႕ ကြ်န္ေတာ္ယံုၾကည္ႏုိင္လာျပီ။ ကုိယ္႕လူငယ္ဘဝမွာရင္းခဲ႕သမွ် မိဘအရြယ္ေရာက္တဲ႕အခါ ျဖစ္ခ်င္တယ္ဆုိတာထက္ ျဖစ္သင္႕တာကိုလုပ္ရတဲ႕ေနာက္ သားသမီးေတြကို အမွန္ကုိအမွန္အတုိင္းအျမင္ရွိဖို႕ နဲ႕ မွန္ကန္ေသာအလုပ္ကုိလုပ္တတ္ေစဖုိ႕ မွန္တဲ႕လမ္းကုိျပေပးႏုိင္တာ ကြ်န္ေတာ႕ဘဝမွာ ဂုဏ္အရွိဆံုးျပယုဒ္တစ္ခုျဖစ္ခဲ႕တယ္။
.
.
ဒါေၾကာင္႕ ရွည္ေသာဇာတ္လမ္းကိုအတုိဆံုးေျပာရရင္ "ကိုယ္ျဖစ္ခ်င္တဲ႕ကိုယ္႕ဘဝ" နဲ႕ "ကိုယ္ျဖစ္ေစခ်င္တဲ႕သားသမီးေတြရဲ႕ဘဝ" ကို ကြဲကြဲျပားျပားသိရွိေစဖို႕ အတင္းအၾကပ္ထိန္းေက်ာင္းတတ္ၾကတဲ႕ မိဘေတြကို ေျခတစ္လွမ္းေနာက္ဆုတျ္ပီး မိမိလုပ္ရပ္ကိုမိမိျပန္သံုးသပ္ၾကဖို႕ သတိေပးခ်င္တယ္။
.
.
ထုိ႕အတူပဲ ကုိယ္ဘာလုပ္ရမွန္းမသိတဲ႕လူငယ္ေတြအေနနဲ႕ မိဘနဲ႕သားသမီးဆက္ဆံေရးပိုမုိေကာင္းမြန္ေရးအတြက္ လိမ္ညာျခင္း၊ ကြယ္ဝွက္ထားျခင္း၊ ေနာက္ကြယ္မွာမေကာင္းမႈကုိခိုးေၾကာင္ခုိးဝွက္လုပ္ျခင္း ေတြမပါတဲ႕ ရင္ထဲအသည္းထဲက မိေမြးတိုင္းဖေမြးတိုင္းပါရွိတဲ႕ အရင္းခံခ်စ္ျခင္းေမတၱာနဲ႕ ပြင္႕ပြင္႕လင္းလင္းေျပာဆုိရင္း ပိုမိုတတ္ကြ်မ္းသူေတြနားက အၾကံဥာဏ္ရယူသင္႕ပါတယ္။
.
.
အဆိုးဆံုးကုိတြက္ခ်က္ထားျပီး အေကာင္းဆံုးကိုလုပ္တတ္ၾကမယ္ဆိုရင္ ဒီကမၻာေလာကၾကီးမွာ တူညီေသာအမွားေတြနည္းလာမွာပါ။ ဒီလိုပါပဲ ရည္ရြယ္ခ်က္တူတဲ႕ပန္းတုိင္ကုိ ကူသူကကူ၊ ေလွာ္သူကေလွာ္၊ ကူးသူကကူး၊ ခတ္သူကခတ္၊ တက္နဲ႕လက္နဲ႕ညီညီညာညာလုပ္ေဆာင္ၾကတဲ႕အခါ "ငါ႕အတြက္" ဆုိတဲ႕လူသားေတြနည္းသထက္နည္းလာျပီး "အမ်ားအတြက္" ဆုိတဲ႕ အသိစိတ္ေတြပြားမ်ားသထက္ပြားမ်ားလာမွာ အမွန္ဧကန္ျဖစ္ပါတယ္ဆုိတဲ႕အေၾကာင္း ေရးသားလုိက္ပါရေစ။
.
.
ခင္လ်က္
.
ကိုညီညီ (ေတာင္ၾကီး)
10-24-2018
.
.
Unicode Version:
.
.
"ငါ့အတွက်" မှ "အများအတွက်" သို့
.
တစ်ကြိမ်တစ်ခါမကစဉ်းစားမိဖူးတယ် . . "ကိုယ့်ဘဝရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုစတေးခံပြီးလဲယူမယ့်အရာဟာ ကိုယ့်ဘဝအတွက်လား?" ဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းဟာ ဘယ်အင်္ဂလိပ်စာအုပ်ထဲကမှ ကိုးကားပြီးကူးယူဖော်ပြထားတာမဟုတ်သလို မြန်မာစာကြီးပေကြီးတွေထဲက အလွတ်ကျက်ထားတဲ့ ဆောင်ပုဒ်လည်း မဟုတ်ပါဘူး။ အစစအရာရာကိုစွန့်လွှတ်ပြီး နေရာသစ်ကို အခြေအမြစ်ရှာမိတဲ့ လူတစ်ယောက်ရဲ့အဖြစ်အပျက်ကနေရတဲ့ အတွေးလေးတစ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
.
.
ကိုယ့်ရဲ့နောက်မျိုးဆက်တွေကိုမစဉ်းစားခင် ကိုယ့်အရှေ့က၊ ကိုယ့်ကိုလမ်းပြပေးခဲ့တဲ့မျိုးဆက်ကြီးကိုအရင်တွေးကြည့်ရအောင်။ မိနဲ့ဘ က ပညာမတတ်၊ စာဆိုရင် ရေးတတ်ဖတ်တတ်ရုံ၊ ငွေရှိမှနေရာဝင်မယ့်လောကကြီးမှာ ရှာလို့ကောင်းရင်းဆက်ရင်းရှာ၊ ဒီကြားထဲမှာ သားသမီးကို ရုံးတွေမှာဖောင်ဖြည့်တတ်ရုံ၊ ဈေးရောင်းရင်စာရင်းပေါင်းတတ်ရုံ၊ လူလုံးလှလို့ အပျို လူပျိုရုပ်ကြွလာတဲ့အထိ ကျွေးမွေးမိလာခဲ့ရင်း နောက်မျိုးဆက်တွေဆက်ပွားများဖို့ အိမ်ထောင်ပြုခိုင်းတဲ့ခေတ်ကို ကျွန်တော်ဖြတ်သန်းခဲ့တယ်။
.
.
.
ကိုယ့်ခေတ်ရောက်တော့ ကျောင်းတန်းလန်း၊ ခေတ်တန်းလန်း၊ ပညာရေးတန်းလန်း နဲ့ လူငယ်တန်းလန်းဟာ အိမ်ထောင်ရေးတန်းလန်း နဲ့ ဒီမိုကရေစီတန်းလန်းမှာ နိုင်ငံခြားကို လေယာဉ်တန်းလန်း နဲ့ ခရီးတန်းလန်းထွက်လာခဲ့ရတယ်။ ဒီလို ဟိုမရောက် ဒီမရောက်ကမ်းမှာ စမ်းတဝါးဝါးလှမ်းကပ်ရင်းဆက်တွေးမိတာက ကိုယ့်လိုမဖြစ်စေဖို့ လမ်းမှန် လမ်းဖြောင့်၊ လူမှန် လူဖြောင့် နဲ့ နိုင်ငံတကာပညာတွေကို ဖြောင့်ဖြောင့်တန်းတန်းသင်ယူနိုင်စေဖို့ ကျွန်တော့ရဲ့ "သားသမီးအပေါ်ထားတဲ့စိတ်နဲ့သူတို့အတွက်ရပ်တည်မှု" ဟာ ခိုင်မာတောင့်တင်းရမယ်ဆိုတာပဲ ဖြစ်ပါတယ်။
.
.
ကျွန်တော်ပေးထားတဲ့မေးခွန်းကိုကိုယ်တိုင်ပဲပြန်ဖြေရရင် "တန်ပါတယ်" လို့ ဆိုချင်ပါတယ်။ မြန်မာနိုင်ငံမှာ ငွေဘယ်လောက်ရှိရှိ သားသမီးတွေကို နိုင်ငံခြားပို့ပြီး ကျောင်းတက်ခိုင်းနေကြတဲ့ခေတ်မှာ ကျွန်တော်တို့က နိုင်ငံခြားမှာ သားသမီးကို ကိုယ်တိုင်ကိုယ်ကျ ကိုယ်ဖိရင်ဖိ ပြုစုစောင့်ရှောက်ပေးခွင့်ရခဲ့တယ်။ တစ်ဆက်တည်းမှာ မြန်မာနိုင်ငံမှာဆိုရင်ကျူရှင်တက်ရင်ကုန်မယ့်အချိန်တွေကို "သူတို့လေးတွေဘာလုပ်ချင်သလဲဆိုတာစဉ်းစားဖို့" အသုံးပြုခိုင်းနိုင်ခဲ့တယ်။
.
.
.
ပိုပြီးတရားကျဖို့ကောင်းတာက ကိုယ်လုပ်ချင်တာလုပ်ဖို့သွားရတဲ့ခရီး နဲ့ ကိုယ်လုပ်သင့်တာသွားလုပ်ဖို့သွားရတဲ့ခရီးတို့က ထွက်လာတဲ့အဖြေချင်းဘယ်တူပါ့မလဲ? ဒီအဖြေကိုရဖို့စောင့်ခဲ့ရတဲ့ရက်တွေဟာ အရင်ကလို ဟိုတန်းလန်း ဒီတန်းလန်းစိတ်နဲ့မဟုတ်တော့ဘူး။ တည်ကြည်ပြတ်သားပြီး အဖြေထွက်သွားတဲ့ ဆယ်တန်းအောင်စာရင်းနံရံမှာကပ်တဲ့အရသာမျိုးဆိုတာကြုံဖူးမှပိုသိလာခဲ့တယ်။
.
.
ဆရာအောင်သင်းရဲ့စကားငှားသုံးရရင် "ကိုယ်မလုပ်ခဲ့နိုင်တဲ့ရည်မှန်းချက်ကို နောက်မျိုးဆက်အတွက် ပုခုံးပြောင်းတာဝန်ပေးခြင်း" ဆိုတာ ဒါမျိုးလို့ ကျွန်တော်ယုံကြည်နိုင်လာပြီ။ ကိုယ့်လူငယ်ဘဝမှာရင်းခဲ့သမျှ မိဘအရွယ်ရောက်တဲ့အခါ ဖြစ်ချင်တယ်ဆိုတာထက် ဖြစ်သင့်တာကိုလုပ်ရတဲ့နောက် သားသမီးတွေကို အမှန်ကိုအမှန်အတိုင်းအမြင်ရှိဖို့ နဲ့ မှန်ကန်သောအလုပ်ကိုလုပ်တတ်စေဖို့ မှန်တဲ့လမ်းကိုပြပေးနိုင်တာ ကျွန်တော့ဘဝမှာ ဂုဏ်အရှိဆုံးပြယုဒ်တစ်ခုဖြစ်ခဲ့တယ်။
.
.
ဒါကြောင့် ရှည်သောဇာတ်လမ်းကိုအတိုဆုံးပြောရရင် "ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ဘဝ" နဲ့ "ကိုယ်ဖြစ်စေချင်တဲ့သားသမီးတွေရဲ့ဘဝ" ကို ကွဲကွဲပြားပြားသိရှိစေဖို့ အတင်းအကြပ်ထိန်းကျောင်းတတ်ကြတဲ့ မိဘတွေကို ခြေတစ်လှမ်းနောက်ဆုြတ်ပီး မိမိလုပ်ရပ်ကိုမိမိပြန်သုံးသပ်ကြဖို့ သတိပေးချင်တယ်။
.
.
ထို့အတူပဲ ကိုယ်ဘာလုပ်ရမှန်းမသိတဲ့လူငယ်တွေအနေနဲ့ မိဘနဲ့သားသမီးဆက်ဆံရေးပိုမိုကောင်းမွန်ရေးအတွက် လိမ်ညာခြင်း၊ ကွယ်ဝှက်ထားခြင်း၊ နောက်ကွယ်မှာမကောင်းမှုကိုခိုးကြောင်ခိုးဝှက်လုပ်ခြင်း တွေမပါတဲ့ ရင်ထဲအသည်းထဲက မိမွေးတိုင်းဖမွေးတိုင်းပါရှိတဲ့ အရင်းခံချစ်ခြင်းမေတ္တာနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုရင်း ပိုမိုတတ်ကျွမ်းသူတွေနားက အကြံဉာဏ်ရယူသင့်ပါတယ်။
.
.
အဆိုးဆုံးကိုတွက်ချက်ထားပြီး အကောင်းဆုံးကိုလုပ်တတ်ကြမယ်ဆိုရင် ဒီကမ္ဘာလောကကြီးမှာ တူညီသောအမှားတွေနည်းလာမှာပါ။ ဒီလိုပါပဲ ရည်ရွယ်ချက်တူတဲ့ပန်းတိုင်ကို ကူသူကကူ၊ လှော်သူကလှော်၊ ကူးသူကကူး၊ ခတ်သူကခတ်၊ တက်နဲ့လက်နဲ့ညီညီညာညာလုပ်ဆောင်ကြတဲ့အခါ "ငါ့အတွက်" ဆိုတဲ့လူသားတွေနည်းသထက်နည်းလာပြီး "အများအတွက်" ဆိုတဲ့ အသိစိတ်တွေပွားများသထက်ပွားများလာမှာ အမှန်ဧကန်ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ရေးသားလိုက်ပါရစေ။
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
10-24-2018
No comments:
Post a Comment