ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 14, 2018

စိတ္တံခါးဖြင္႕ ေနထုိင္တတ္သူတစ္ေယာက္ျဖစ္ဖို႕

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
.           မိမိရဲ႕အယူအဆကသာ မွန္တယ္၊ သူမ်ားေျပာတာ ခဏနား၊ ငါေျပာတာကိုသာ လက္ခံထား ဆုိသူေတြေပါမ်ားတဲ႕ေလာကၾကီးမွာ စိတ္တံခါးဖြင္႕ ေနထုိင္တတ္ျခင္း - Open-Mindedness ဆိုတဲ႕ အျပဳသေဘာေဆာင္တဲ႕လုပ္ေဆာင္ခ်က္ဟာ တျဖည္းျဖည္းခ်င္းရွားပါးလာပါတယ္။
.
.            ခပ္ရွင္းရွင္းခြဲျခားျပရရင္ ပိတ္ဆုိ႕ထားတဲ႕စိတ္ဓါတ္ရွိသူ - Closed-Minded People ေတြဟာ ဘယ္လိုစိမ္ေခၚမႈကိုမဆုိ ေၾကာက္ရြံ ႔ၾကတယ္။ သူမ်ားေတြေျပာသမွ် သူနဲ႕သေဘာမတုိက္ဆိုင္မွာ စုိးရြံ႕ၾကတယ္။ သူမ်ားကုိေမးခြန္းေမးရင္ သူမသိတာကို လူသိသြားမွာ ေၾကာက္ၾကတယ္။ တစ္ခ်ိဳ႕ တစ္ဖက္ပိတ္ပုဂၢိဳလ္ေတြဆုိရင္ လူစိတ္ေပ်ာက္တဲ႕အထိ သူေျပာတာမွ အမွန္၊ သူလုပ္တာမွ အဟုတ္ လုိ႕ ယုတၱိမရွိေလာက္ေအာင္ မ်က္လံုးစိမ္းနဲ႕ၾကည္႕ျပီး အရာရာကုိဆံုးျဖတ္ၾကတယ္။
.
.
.           တကယ္လို႕ အေပၚကေျပာခဲ႕တဲ႕တစ္လမ္းသြားဆက္ဆံေရးေတြဟာ မိတ္ေဆြရဲ႕ "မသိလိုက္တဲ႕သ႑န္" မွာရွိေနတယ္လို႕ သတိထားမိျပီဆုိရင္ ေအာက္မွာဆက္ေရးမယ္႕စာေတြဟာ မိတ္ေဆြရဲ႕ မိသားစု၊ လူမႈအသိုင္းအဝုိင္း နဲ႕ ေနာက္ဆံုး မွီခုိရာေျမပထဝီႏိုင္ငံေတာ္ၾကီးအထိ ေကာင္းက်ိဳးမဂၤလာေတြ လက္ကမ္းသယ္ယူေပးဖို႕ ျပင္ဆင္ႏုိင္မယ္႕နည္းလမ္းေတြျဖစ္လာႏုိင္တယ္ဆုိတာ သတင္းေကာင္းပါးလုိက္ပါရေစ။
.
.
.           အမွန္တကယ္သာ မိတ္ေဆြက ကနဦးကတည္းက စိတ္တံခါးကိုဖြင္႕လွစ္ေနထုိင္တတ္သူျဖစ္ပါေစဦး . . သင္ယူစရာေတြက ေလာကၾကီးရဲ႕ ေထာင္႕ေနရာေလးေတြမွာ က်န္ေနတတ္စျမဲပါ။ ဒီေကာင္းမြန္တဲ႕အခ်က္ေတြကုိ ဆက္လက္ထိမ္းသိမ္းႏုိင္ဖို႕ရာ . .
.
. (၁၁) ဒဏ္ရာဒဏ္ခ်က္ကုိ တံု႕ျပန္မႈရတဲ႕အထိလမ္းျပခုိင္းႏုိင္တယ္
.
အခက္အခဲတစ္ခု နဲ႕ စိမ္ေခၚမႈတစ္ခုကို အစြဲလမ္းလြန္သြားတဲ႕အခါတုိင္း လူေတြမွာ စိတ္ခံစားမႈဒဏ္ရာဒဏ္ခ်က္ေတြ ေပၚလာစျမဲပါ။ ဒီအခါမွာ မိမိရဲ႕အားနည္းခ်က္ကုိ ကိုယ္တုိင္ပံုေဖာ္ရင္းနဲ႕ ခံစားရလြန္းလို႕ နစ္မြန္းသြားရံုမက ျပန္မထႏုိင္တဲ႕ လူ႕အညတရေတြအျဖစ္ ကိုယ္တုိင္ပံုသြင္းလုိက္တတ္ၾကတယ္။ ဒီလိုစိတ္ဓါတ္က်တဲ႕အာရံုခံစားမႈေတြကေန အရည္အေသြးျမင္႕တဲ႕စိတ္ကိုျပန္ယူဖို႕ အေကာင္းဆံုးအခ်ိန္ျဖစ္ပါတယ္။
.
စိတ္ခံစားမွႈကုိ အလႊာလုိက္ ခြဲလုိက္ပါ။ ခပ္ပါးပါးေလးကို စေဖ်ာက္ပါ။ အလယ္အလတ္ကုိ ေလ်ာ႕ပါးပါေစ။ အျပင္းဆံုး နဲ႕ စိတ္ဖိစီးမႈအၾကီးဆံုးစိတ္ဒဏ္ရာကို တံု႕ျပန္မႈမွန္ကန္တဲ႕ပန္းတုိင္ေရာက္ေအာင္ လမ္းျပခုိင္းလိုက္ပါ။ ဒါဆုိရင္ အေရွ႕မွာ လမ္းစေတြ႕ပါျပီ။
.
. (၂၂) စိတ္တံခါးဖြင္႕လွစ္ေနထုိင္ျခင္းကို အေလ႕အက်င္႕လုပ္ႏုိင္တယ္
.
လူ႕ဘဝမွာ မိတ္ေဆြတို႕ရဲ႕ေနထိုင္မႈပံုစံဟာ လုပ္ခဲ႕သမွ်အေလ႕အက်င္႕ေတြကို လက္ကၠားဝယ္ျပီး လက္လီစိတ္ျပန္ေရာင္းတဲ႕ကုန္စံုဆုိင္ၾကီးတစ္ခုလို ျမင္ၾကည္႕လိုက္ပါ။ ကုန္ပစၥည္းအမ်ားၾကီးရဖို႕ တစ္ခုခ်င္းစီစုရသလို ပစၥည္းအပံုၾကီးျဖစ္လာတဲ႕အခါ အျမတ္ေငြရဖို႕ တစ္ခုခ်င္းစီ လက္လီျပန္ေရာင္းထုတ္ရတယ္ မဟုတ္လား?
.
ကိစၥတစ္ခုေပၚလာလို႕ ေဒါသ နဲ႕ ေလာဘနဲ႕ အလ်င္စလိုျဖစ္ရေတာ႕မယ္ဆုိေလတုိင္း စိတ္တံခါးကုိဖြင္႕ဖို႕လက္ရန္းကိုလာေခါက္ေနတယ္လို႕ သေဘာထားပါ။ ျဖည္းျဖည္းကုိင္၊ ျဖည္းျဖည္းဖြင္႕၊ သတိၾကီးၾကီးနဲ႕ အေရးပါတဲ႕ကိစၥကိုသာ ေျမြတစ္ေကာင္ကုိေခါင္းကကုိင္ဖမ္းလိုက္သကဲ႕သို႕ ျမင္တတ္ေအာင္ ေလ႕က်င္႕ေပးရင္ အဖ်က္စြမ္းအားၾကီးတဲ႕ အေမွာင္႕စိတ္ေတြကုိ ေပၚေပၚထင္ထင္သိလာတာနဲ႕တစ္ခ်ိန္တည္း အက်င္႕ေကာင္းေတြကုိလုပ္ေဆာင္သြားဖို႕ အေလ႕အက်င္႕ရလာပါလိမ္႕မယ္။
.
. (၃၃) ကြယ္ေနတဲ႕အာရံုကုိ ေဖာ္ထုတ္ႏုိင္တယ္
.
မ်က္စိတစ္ဖက္ပိတ္ျပီးၾကည္႕ရင္ အရာအားလံုးကို ရွင္းရွင္းလင္းလင္းျမင္ဖို႕ခက္ခဲသလို စိတ္တံခါးတစ္ခ်ပ္ပိတ္ျပီး လူေတြကုိဆက္ဆံေနသူတစ္ေယာက္အတြက္ မျမင္ႏုိင္ပဲကြယ္ေနတဲ႕အာရံုေတြရွိေနမွာ မလြဲပါဘူး။ တကယ္မွာေတာ႕ ထင္ေယာင္ျမင္မွားျဖစ္ျခင္းထက္စာရင္ မိမိမွာရွိေနတဲ႕ တစ္ဖက္ပိတ္အက်င္႕ေတြေၾကာင္႕ အကုန္လံုးျမင္ေနျပီးသားလို႕ထင္ေနရံုမက ကြယ္ေနတဲ႕အာရံုေတြက အလင္းျပေနေပမယ္႕ မျမင္သာႏုိင္ေအာင္ ျဖစ္လာရတယ္။
.
ဆံုးျဖတ္ခ်က္အမွားကို ဆက္ကာဆက္ကာခ်ေနမိတာ၊ မေကာင္းတဲ႕အက်င္႕တစ္ခုကို မရပ္မနားလုပ္ေနမိတာ၊ တစ္ျခားသူေတြျမင္ႏုိင္တဲ႕ရႈေထာင္႕ကုိထည္႕မတြက္မိလို႕ သူမ်ားေတြက အျမင္က်ယ္က်ယ္ဆံုးျဖတ္ႏုိင္ခ်ိန္မွာ အေရးၾကီးတဲ႕ဆံုးျဖတ္ခ်က္ဆုိတိုင္းေၾကာက္ေနတတ္ၾကတယ္။ ဒါေၾကာင္႕ စာရြက္ေပၚမွာ ခြဲျခမ္းစိတ္ျဖာၾကည္႕ဖို႕ ခ်ေရးရင္း မိတ္ေဆြရဲ႕စိတ္ထဲမွာအားနည္းေနတာကို အားသာခ်က္အျဖစ္ေျပာင္းလဲႏုိင္ပါတယ္။
.
. (၄၄) အမွန္ကုိအမွန္အတိုင္းျမင္ေအာင္ၾကည္႕ႏုိင္တယ္
.
ကိစၥတစ္ခုခုျဖစ္လုိ႕ ပတ္ဝန္းက်င္ နဲ႕ ကိုယ္နဲ႕အလုပ္လုပ္သူေတြအားလံုးက မိတ္ေဆြမွားတာကုိျမင္ေနျပီး မိတ္ေဆြကိုယ္တုိင္က အမွားကုိ အမွားလို႕မျမင္ပဲ ဆက္လုပ္ေနျပီဆိုရင္ ေသခ်ာတယ္ . . မိတ္ေဆြမွာ ဘက္လိုက္တာ တစ္ခုခုရွိေနျပီဆုိတာ ဆတ္ကနဲသိလိုက္ပါေတာ႕။ အေျဖကေတာ႕ မိတ္ေဆြရဲ႕အတၱ၊ ေလာဘ နဲ႕ အမွန္ကိုမသိႏုိင္တဲ႕ ေမာဟေတြကို ဘက္လိုက္မိေနတာပါ။
.
ဒီေနရာမွာ အၾကံေပးႏုိင္တာတစ္ခုက အမွားကုိမျမင္လို႕ ဝန္ခံစရာမလုိရင္ေတာင္ သူမ်ားတကာက မိတ္ေဆြနဲ႕ဘာလုို႕အျမင္မတူတာလဲဆုိတာကို ေမးခြန္းျပန္ေမးသင္႕ျပီ။ ဒီကေနတဆင္႕ ဟေနတဲ႕ စိတ္တံခါးကို ဘယ္သူမွမသိေအာင္ဖြင္႕ျပီး ဘက္မလိုက္တဲ႕အျခမ္းကေန "ကမၻာၾကီးသည္လံုးဝန္းသည္။ မည္သည္႕အရာမဆိုျဖစ္ႏုိင္သည္" လုိ႕ျမင္ေအာင္ၾကည္႕ႏုိင္ရင္ လမ္းစပြင္႕ပါျပီ။
.
. (၅၅) စိတ္တည္ျငိမ္ေအာင္ေလ႕က်င္႕ႏုိင္တယ္
.
တရားထုိင္တယ္၊ ဝင္ေလ ထြက္ေလကုိ ရႈမွတ္တယ္၊ မ်က္စိကို (၂) မိနစ္ေလာက္မွိတ္ထားတယ္၊ ေယာဂက်င္႕စဥ္တစ္ခုခုကို ဦးေႏွာက္ထဲသြင္းျပီး စိတ္အနားေပးတယ္ စတာေတြအားလံုးဟာ ေရအလ်ဥ္လိုစီးေနတဲ႕ ေရာက္တတ္ရာရာစိတ္အေၾကာကုိ ေစာႏုိင္သမွ်ေစာေအာင္ ျပန္လည္စုစည္းေပးဖို႕ျဖစ္ပါတယ္။ ျငိမ္သြားတဲ႕စိတ္ဟာ တည္ၾကည္မႈကိုေပးတယ္။ ၾကည္သြားတဲ႕စိတ္ကေန ျဖဴစင္တဲ႕အျမင္ကုိရႏုိင္တယ္။ စင္ၾကယ္တဲ႕အျမင္ကေန အဆင္႕ျမင္႕တဲ႕ တီထြင္ဆန္းသစ္မႈေတြ ထြက္ရွိလာႏုိင္ပါတယ္။
.
ဒီလို ျဖည္းျဖည္းလုပ္တတ္တဲ႕အက်င္႕ရလာျပီဆုိရင္ ေအာင္ျမင္တဲ႕ကိစၥေတြဟာ ျမန္ျမန္ဆန္ဆန္ျဖစ္လာေတာ႕မယ္လုိ႕ မွတ္ယူလိုက္ပါ။ မ်ဥ္းေျဖာင္႕တစ္ေၾကာင္းကိုဆြဲတာ၊ စာတစ္ပုဒ္ကိုကူးေရးတာ၊ အေၾကာင္းအရာတစ္ခုကုိ ေစ႕ေစ႕စပ္စပ္စဥ္းစားတာမ်ိဳးလို အထူးတလည္အားမထုတ္ရတဲ႕ကိစၥေတြဟာ အမွန္တရားဘက္ဦးတည္ေနဖို႕ တည္ျငိမ္တဲ႕အေအးဓါတ္ နဲ႕ စိတ္တံခါးကို ဖြင္႕ေပးထားႏုိင္ပါတယ္။
.
. (၆၆) ပကတိေျမျပင္အေျခအေနနဲ႕တြက္ခ်က္ႏုိင္တယ္
.
လူတစ္ခ်ိဳ႕ဟာ အေၾကာင္းအရာတစ္ခုကို ျဖစ္ေၾကာင္းရယ္ကုန္စင္ အဘက္ဘက္ကစုေဆာင္းရသမွ်ကိန္းဂဏန္းေတြနဲ႕မဟုတ္ပဲ ေတြ႕ကရာ ျမင္ကရာအခ်က္အလက္ေတြကေနေကာက္ႏႈတ္ျပီး အလြယ္တကူအကဲျဖတ္တတ္ၾကတယ္။ ဒီလိုဆိုရင္ အျဖစ္မွန္နဲ႕အလွမ္းေဝးသြားျပီး မႈန္ဝါးဝါးအနာဂါတ္မွာ လမ္းေပ်ာက္သြားႏုိင္ပါတယ္။
.
ဒါေၾကာင္႕ တကယ္ရွိတဲ႕ လူသက္ေသ၊ ပစၥည္းသက္ေသ၊ စာရြက္စာတမ္းေတြအျပင္ ေနာက္ပိုင္း ဒစ္ဂ်စ္တယ္သက္ေသေတြနဲ႕ မိတ္ေဆြရရွိထားတဲ႕ အရင္းအျမစ္ေတြ နဲ႕ စစ္မွန္ျပီး ကုိးကားရေလာက္ေအာင္ ခုိင္မာမႈရွိေအာင္လုပ္ရင္း ခ်ဲ႕ျပီးေတြးႏုိင္တဲ႕စိတ္တံခါးကို ဖြင္႕ေပးလုိက္သင္႕တယ္။ ဒီလုိမွမဟုတ္ရင္ မိတ္ေဆြ ကိုယ္႕ဟာကိုယ္ျပန္ေမးၾကည္႕ . . အခ်က္အလက္ေတြက်န္ေသးလားလို႕ေပါ႕ . .။
.
. (၇၇) သူတပါးကုိ ကုိယ္စြမ္းရွိသမွ်ကူညီႏုိင္တယ္
.
စိတ္ကုိေအးေအး ထား၊ လုပ္သမွ် တာဝန္ယူစိတ္ ပြား၊ ဒီလိုကေန လူကုိလူခ်င္းကုိယ္ခ်င္းစာတရား ထားျပီး မိတ္ေဆြလုပ္သမွ် တရားမွ်တတဲ႕အေျဖထြက္ေအာင္ ပတ္ဝန္းက်င္နဲ႕လူ႕အသိုင္းအဝုိင္းကို ကူညီႏုိင္ပါတယ္။
.
ဒီကေန တစ္ဆင္႕တက္ျပီး တစ္ျခားသူေတြကိုပါေလးစားလို႕ အျငင္းပြားမႈေတြကုိ ေရွာင္ရွား၊ မသိေသးသူေတြကို ညႊန္ၾကား၊ မွန္ကန္မႈေတြကုိ ေရွ႕မွာထားျပီး ေနာက္မ်ိဳးဆက္ေတြကို သတင္းစကားပါးႏိုင္ပါတယ္။
.
. (၈၈) ရန္လိုစိတ္ကုိ ရပ္တန္႕ႏုိင္တယ္
.
လြတ္လပ္စြာေတြးေခၚမႈနဲ႕အညီ မိတ္ေဆြလိုခ်င္တာကို အျမဲေတာင္းဆိုႏုိင္တာက လူတစ္ေယာက္ရဲ႕ရသင္႕တဲ႕အခြင္႕အေရးျဖစ္ပါတယ္။ သုိ႕ေသာ္လည္း အလြန္အမင္းဆႏၵထုတ္ေဖာ္မႈေတြကေန ဘာမွျပန္မရႏုိင္ဘူးလို႕သိျမင္လာတဲ႕အခါ အမ်ားလက္ခံထားတဲ႕ "အေကာင္းဆံုး - The Best" ဆိုတာကုိလက္ခံဖို႕ မိတ္ေဆြရဲ႕ရန္လိုစိတ္ကုိရပ္တန္႕ျပီး စိတ္တံခါးကို ဖြင္႕လုိက္ဖို႕ အခ်ိန္တန္ပါျပီ။
.
ဒီကိစၥဟာ ခက္ခဲမွန္းသိသာေပမယ္႕ အေၾကာင္းရွိတယ္။ မိတ္ေဆြဟာ "က်ြဲခ်ိဳရဲ႕ထိပ္ပုိင္းနားေရာက္ေလေလ ထြက္ေပါက္ကပိတ္ေလေလ" ဆိုတာကိုသိမွ ပြင္႕လင္းမွန္ကန္တဲ႕လမ္းေၾကာင္းဆီကုိ ေနာက္ျပန္လွည္႕ႏိုင္မယ္႕ေရာင္နီအလင္းက အသင္႕ေစာင္႕ဆုိင္းေနမွာပါ။
.
ဒီလုိမဟုတ္ပဲ "ငါေတြးသမွ် ငါမွန္တယ္။ ငါေတာင္းဆိုတာ လုပ္ကို လုပ္ေပးရမယ္။ ငါ လိုခ်င္တာကုိ မရအရ တုိက္ခုိက္ယူမယ္" ဆိုတဲ႕ အေျဖမရႏုိင္တဲ႕ပန္းတုိင္ကုိသြားခ်င္ရင္ေတာ႕ မိတ္ေဆြရဲ႕သေဘာအတုိင္းပါပဲ။
.
. ဒါေၾကာင္႕ စိတ္တံခါးဖြင္႕ ေနထုိင္သူေတြရဲ႕ အနာဂါတ္မွာ သင္ယူစရာေတြက ဆီးၾကိဳေနၾကတယ္။ ကိုယ္႕အမွားကိုယ္ဝန္ခံသူေတြကုိ အခုလုိပြင္႕လင္းတဲ႕ေခတ္ၾကီးမွာ ပန္းကံုးစြပ္မယ္႕သူေတြက အဆင္သင္႕ေစာင္႕ၾကိဳေနတယ္။ ဒီလိုပဲ ကိုယ္႕အတၱ ကိုယ္မေလွ်ာ႕ႏုိင္၊ ကိုယ္႕ေလာဘနဲ႕ကုိယ္ ကုိယ္အေလးခ်ိန္တုိးေနသူေတြကုိ ပန္းေခြခ်ဖို႕ ဒီေခတ္ၾကီးမွာ အသင္႕ရွိေနၾကပါတယ္။
.
.
. တစ္ဆက္တည္းမွာ မိတ္ေဆြဟာ
"လူ႕ေလာကကိုအက်ိဳးမျပဳပဲ
ေနခ်င္ေနသြားလို႕ရတယ္ . .
ေသခ်င္ေသသြားလို႕ရတယ္" . . ဒါေပမယ္႕
ကမၻာေျမေလးေအာင္ အမိႈက္မခ်ခဲ႕သင္႕ဘူး။
.
. ပုိျပီး အႏွစ္သာရရွိတဲ႕စကားနဲ႕အမႊန္းတင္ရရင္
အျပင္ေလာကကုိလက္မခံခ်င္လို႕ က်ဥ္းက်ဥ္းၾကပ္ၾကပ္
"စိတ္ဓါတ္စံအိမ္ထဲမွာ မိတ္ေဆြကုိယ္တုိင္
အဆံုးစီရင္လုိက္လို႕ရတယ္" . . ဒါေပမယ္႕
ကူညီမယ္႕လူေတြ
အေလာင္းေကာက္ေပးလို႕မရေအာင္ေတာ႕
စိတ္တံခါးကို ပိတ္ထားဖို႕မသင္႕ေတာ္ပါဘူး။

ဒါေၾကာင္႕ ခ်စ္လွစြာေသာမိတ္ေဆြအေပါင္းတုိ႕
စိတ္တံခါးဖြင္႕ ေနထိုင္တတ္ျပီး
အတည္တက်ဘဝ နဲ႕
စိတ္ဓါတ္အလွေတြကို
တစ္ေပါင္းတစ္စုတည္း
လက္ဆုပ္လက္ကုိင္
ပိုင္ဆုိင္ႏုိင္ၾကပါေစ။
.
.
ခင္လ်က္
.
ကုိညီညီ (ေတာင္ၾကီး)
06-13-2018 and 06-14-2018
.
Tips from "Principles" by Ray Dalio
.
Unicode Version:
.
.  "စိတ်တံခါးဖွင့် နေထိုင်တတ်သူတစ်ယောက်ဖြစ်ဖို့"
.
.           မိမိရဲ့အယူအဆကသာ မှန်တယ်၊ သူများပြောတာ ခဏနား၊ ငါပြောတာကိုသာ လက်ခံထား ဆိုသူတွေပေါများတဲ့လောကကြီးမှာ စိတ်တံခါးဖွင့် နေထိုင်တတ်ခြင်း - Open-Mindedness ဆိုတဲ့ အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက်ဟာ တဖြည်းဖြည်းချင်းရှားပါးလာပါတယ်။
.
.           ခပ်ရှင်းရှင်းခွဲခြားပြရရင် ပိတ်ဆို့ထားတဲ့စိတ်ဓါတ်ရှိသူ - Closed-Minded People တွေဟာ ဘယ်လိုစိမ်ခေါ်မှုကိုမဆို ကြောက်ရွံ ့ကြတယ်။ သူများတွေပြောသမျှ သူနဲ့သဘောမတိုက်ဆိုင်မှာ စိုးရွံ့ကြတယ်။ သူများကိုမေးခွန်းမေးရင် သူမသိတာကို လူသိသွားမှာ ကြောက်ကြတယ်။ တစ်ချို့ တစ်ဖက်ပိတ်ပုဂ္ဂိုလ်တွေဆိုရင် လူစိတ်ပျောက်တဲ့အထိ သူပြောတာမှ အမှန်၊ သူလုပ်တာမှ အဟုတ် လို့ ယုတ္တိမရှိလောက်အောင် မျက်လုံးစိမ်းနဲ့ကြည့်ပြီး အရာရာကိုဆုံးဖြတ်ကြတယ်။
.
.
.           တကယ်လို့ အပေါ်ကပြောခဲ့တဲ့တစ်လမ်းသွားဆက်ဆံရေးတွေဟာ မိတ်ဆွေရဲ့ "မသိလိုက်တဲ့သဏ္ဍန်" မှာရှိနေတယ်လို့ သတိထားမိပြီဆိုရင် အောက်မှာဆက်ရေးမယ့်စာတွေဟာ မိတ်ဆွေရဲ့ မိသားစု၊ လူမှုအသိုင်းအဝိုင်း နဲ့ နောက်ဆုံး မှီခိုရာမြေပထဝီနိုင်ငံတော်ကြီးအထိ ကောင်းကျိုးမင်္ဂလာတွေ လက်ကမ်းသယ်ယူပေးဖို့ ပြင်ဆင်နိုင်မယ့်နည်းလမ်းတွေဖြစ်လာနိုင်တယ်ဆိုတာ သတင်းကောင်းပါးလိုက်ပါရစေ။
.
.
.           အမှန်တကယ်သာ မိတ်ဆွေက ကနဦးကတည်းက စိတ်တံခါးကိုဖွင့်လှစ်နေထိုင်တတ်သူဖြစ်ပါစေဦး . . သင်ယူစရာတွေက လောကကြီးရဲ့ ထောင့်နေရာလေးတွေမှာ ကျန်နေတတ်စမြဲပါ။ ဒီကောင်းမွန်တဲ့အချက်တွေကို ဆက်လက်ထိမ်းသိမ်းနိုင်ဖို့ရာ . .
.
. (၁၁) ဒဏ်ရာဒဏ်ချက်ကို တုံ့ပြန်မှုရတဲ့အထိလမ်းပြခိုင်းနိုင်တယ်
.
အခက်အခဲတစ်ခု နဲ့ စိမ်ခေါ်မှုတစ်ခုကို အစွဲလမ်းလွန်သွားတဲ့အခါတိုင်း လူတွေမှာ စိတ်ခံစားမှုဒဏ်ရာဒဏ်ချက်တွေ ပေါ်လာစမြဲပါ။ ဒီအခါမှာ မိမိရဲ့အားနည်းချက်ကို ကိုယ်တိုင်ပုံဖော်ရင်းနဲ့ ခံစားရလွန်းလို့ နစ်မွန်းသွားရုံမက ပြန်မထနိုင်တဲ့ လူ့အညတရတွေအဖြစ် ကိုယ်တိုင်ပုံသွင်းလိုက်တတ်ကြတယ်။ ဒီလိုစိတ်ဓါတ်ကျတဲ့အာရုံခံစားမှုတွေကနေ အရည်အသွေးမြင့်တဲ့စိတ်ကိုပြန်ယူဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။
.
စိတ်ခံစားမှှုကို အလွှာလိုက် ခွဲလိုက်ပါ။ ခပ်ပါးပါးလေးကို စဖျောက်ပါ။ အလယ်အလတ်ကို လျော့ပါးပါစေ။ အပြင်းဆုံး နဲ့ စိတ်ဖိစီးမှုအကြီးဆုံးစိတ်ဒဏ်ရာကို တုံ့ပြန်မှုမှန်ကန်တဲ့ပန်းတိုင်ရောက်အောင် လမ်းပြခိုင်းလိုက်ပါ။ ဒါဆိုရင် အရှေ့မှာ လမ်းစတွေ့ပါပြီ။
.
. (၂၂) စိတ်တံခါးဖွင့်လှစ်နေထိုင်ခြင်းကို အလေ့အကျင့်လုပ်နိုင်တယ်
.
လူ့ဘဝမှာ မိတ်ဆွေတို့ရဲ့နေထိုင်မှုပုံစံဟာ လုပ်ခဲ့သမျှအလေ့အကျင့်တွေကို လက်က္ကားဝယ်ပြီး လက်လီစိတ်ပြန်ရောင်းတဲ့ကုန်စုံဆိုင်ကြီးတစ်ခုလို မြင်ကြည့်လိုက်ပါ။ ကုန်ပစ္စည်းအများကြီးရဖို့ တစ်ခုချင်းစီစုရသလို ပစ္စည်းအပုံကြီးဖြစ်လာတဲ့အခါ အမြတ်ငွေရဖို့ တစ်ခုချင်းစီ လက်လီပြန်ရောင်းထုတ်ရတယ် မဟုတ်လား?
.
ကိစ္စတစ်ခုပေါ်လာလို့ ဒေါသ နဲ့ လောဘနဲ့ အလျင်စလိုဖြစ်ရတော့မယ်ဆိုလေတိုင်း စိတ်တံခါးကိုဖွင့်ဖို့လက်ရန်းကိုလာခေါက်နေတယ်လို့ သဘောထားပါ။ ဖြည်းဖြည်းကိုင်၊ ဖြည်းဖြည်းဖွင့်၊ သတိကြီးကြီးနဲ့ အရေးပါတဲ့ကိစ္စကိုသာ မြွေတစ်ကောင်ကိုခေါင်းကကိုင်ဖမ်းလိုက်သကဲ့သို့ မြင်တတ်အောင် လေ့ကျင့်ပေးရင် အဖျက်စွမ်းအားကြီးတဲ့ အမှောင့်စိတ်တွေကို ပေါ်ပေါ်ထင်ထင်သိလာတာနဲ့တစ်ချိန်တည်း အကျင့်ကောင်းတွေကိုလုပ်ဆောင်သွားဖို့ အလေ့အကျင့်ရလာပါလိမ့်မယ်။
.
. (၃၃) ကွယ်နေတဲ့အာရုံကို ဖော်ထုတ်နိုင်တယ်
.
မျက်စိတစ်ဖက်ပိတ်ပြီးကြည့်ရင် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ဖို့ခက်ခဲသလို စိတ်တံခါးတစ်ချပ်ပိတ်ပြီး လူတွေကိုဆက်ဆံနေသူတစ်ယောက်အတွက် မမြင်နိုင်ပဲကွယ်နေတဲ့အာရုံတွေရှိနေမှာ မလွဲပါဘူး။ တကယ်မှာတော့ ထင်ယောင်မြင်မှားဖြစ်ခြင်းထက်စာရင် မိမိမှာရှိနေတဲ့ တစ်ဖက်ပိတ်အကျင့်တွေကြောင့် အကုန်လုံးမြင်နေပြီးသားလို့ထင်နေရုံမက ကွယ်နေတဲ့အာရုံတွေက အလင်းပြနေပေမယ့် မမြင်သာနိုင်အောင် ဖြစ်လာရတယ်။
.
ဆုံးဖြတ်ချက်အမှားကို ဆက်ကာဆက်ကာချနေမိတာ၊ မကောင်းတဲ့အကျင့်တစ်ခုကို မရပ်မနားလုပ်နေမိတာ၊ တစ်ခြားသူတွေမြင်နိုင်တဲ့ရှုထောင့်ကိုထည့်မတွက်မိလို့ သူများတွေက အမြင်ကျယ်ကျယ်ဆုံးဖြတ်နိုင်ချိန်မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ဆိုတိုင်းကြောက်နေတတ်ကြတယ်။ ဒါကြောင့် စာရွက်ပေါ်မှာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ ချရေးရင်း မိတ်ဆွေရဲ့စိတ်ထဲမှာအားနည်းနေတာကို အားသာချက်အဖြစ်ပြောင်းလဲနိုင်ပါတယ်။

.
. (၄၄) အမှန်ကိုအမှန်အတိုင်းမြင်အောင်ကြည့်နိုင်တယ်
.
ကိစ္စတစ်ခုခုဖြစ်လို့ ပတ်ဝန်းကျင် နဲ့ ကိုယ်နဲ့အလုပ်လုပ်သူတွေအားလုံးက မိတ်ဆွေမှားတာကိုမြင်နေပြီး မိတ်ဆွေကိုယ်တိုင်က အမှားကို အမှားလို့မမြင်ပဲ ဆက်လုပ်နေပြီဆိုရင် သေချာတယ် . . မိတ်ဆွေမှာ ဘက်လိုက်တာ တစ်ခုခုရှိနေပြီဆိုတာ ဆတ်ကနဲသိလိုက်ပါတော့။ အဖြေကတော့ မိတ်ဆွေရဲ့အတ္တ၊ လောဘ နဲ့ အမှန်ကိုမသိနိုင်တဲ့ မောဟတွေကို ဘက်လိုက်မိနေတာပါ။
.
ဒီနေရာမှာ အကြံပေးနိုင်တာတစ်ခုက အမှားကိုမမြင်လို့ ဝန်ခံစရာမလိုရင်တောင် သူများတကာက မိတ်ဆွေနဲ့ဘာလိုု့အမြင်မတူတာလဲဆိုတာကို မေးခွန်းပြန်မေးသင့်ပြီ။ ဒီကနေတဆင့် ဟနေတဲ့ စိတ်တံခါးကို ဘယ်သူမှမသိအောင်ဖွင့်ပြီး ဘက်မလိုက်တဲ့အခြမ်းကနေ "ကမ္ဘာကြီးသည်လုံးဝန်းသည်။ မည်သည့်အရာမဆိုဖြစ်နိုင်သည်" လို့မြင်အောင်ကြည့်နိုင်ရင် လမ်းစပွင့်ပါပြီ။
.
. (၅၅) စိတ်တည်ငြိမ်အောင်လေ့ကျင့်နိုင်တယ်
.
တရားထိုင်တယ်၊ ဝင်လေ ထွက်လေကို ရှုမှတ်တယ်၊ မျက်စိကို (၂) မိနစ်လောက်မှိတ်ထားတယ်၊ ယောဂကျင့်စဉ်တစ်ခုခုကို ဦးနှောက်ထဲသွင်းပြီး စိတ်အနားပေးတယ် စတာတွေအားလုံးဟာ ရေအလျဉ်လိုစီးနေတဲ့ ရောက်တတ်ရာရာစိတ်အကြောကို စောနိုင်သမျှစောအောင် ပြန်လည်စုစည်းပေးဖို့ဖြစ်ပါတယ်။ ငြိမ်သွားတဲ့စိတ်ဟာ တည်ကြည်မှုကိုပေးတယ်။ ကြည်သွားတဲ့စိတ်ကနေ ဖြူစင်တဲ့အမြင်ကိုရနိုင်တယ်။ စင်ကြယ်တဲ့အမြင်ကနေ အဆင့်မြင့်တဲ့ တီထွင်ဆန်းသစ်မှုတွေ ထွက်ရှိလာနိုင်ပါတယ်။
.
ဒီလို ဖြည်းဖြည်းလုပ်တတ်တဲ့အကျင့်ရလာပြီဆိုရင် အောင်မြင်တဲ့ကိစ္စတွေဟာ မြန်မြန်ဆန်ဆန်ဖြစ်လာတော့မယ်လို့ မှတ်ယူလိုက်ပါ။ မျဉ်းဖြောင့်တစ်ကြောင်းကိုဆွဲတာ၊ စာတစ်ပုဒ်ကိုကူးရေးတာ၊ အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်စဉ်းစားတာမျိုးလို အထူးတလည်အားမထုတ်ရတဲ့ကိစ္စတွေဟာ အမှန်တရားဘက်ဦးတည်နေဖို့ တည်ငြိမ်တဲ့အအေးဓါတ် နဲ့ စိတ်တံခါးကို ဖွင့်ပေးထားနိုင်ပါတယ်။
.
. (၆၆) ပကတိမြေပြင်အခြေအနေနဲ့တွက်ချက်နိုင်တယ်
.
လူတစ်ချို့ဟာ အကြောင်းအရာတစ်ခုကို ဖြစ်ကြောင်းရယ်ကုန်စင် အဘက်ဘက်ကစုဆောင်းရသမျှကိန်းဂဏန်းတွေနဲ့မဟုတ်ပဲ တွေ့ကရာ မြင်ကရာအချက်အလက်တွေကနေကောက်နှုတ်ပြီး အလွယ်တကူအကဲဖြတ်တတ်ကြတယ်။ ဒီလိုဆိုရင် အဖြစ်မှန်နဲ့အလှမ်းဝေးသွားပြီး မှုန်ဝါးဝါးအနာဂါတ်မှာ လမ်းပျောက်သွားနိုင်ပါတယ်။
.
ဒါကြောင့် တကယ်ရှိတဲ့ လူသက်သေ၊ ပစ္စည်းသက်သေ၊ စာရွက်စာတမ်းတွေအပြင် နောက်ပိုင်း ဒစ်ဂျစ်တယ်သက်သေတွေနဲ့ မိတ်ဆွေရရှိထားတဲ့ အရင်းအမြစ်တွေ နဲ့ စစ်မှန်ပြီး ကိုးကားရလောက်အောင် ခိုင်မာမှုရှိအောင်လုပ်ရင်း ချဲ့ပြီးတွေးနိုင်တဲ့စိတ်တံခါးကို ဖွင့်ပေးလိုက်သင့်တယ်။ ဒီလိုမှမဟုတ်ရင် မိတ်ဆွေ ကိုယ့်ဟာကိုယ်ပြန်မေးကြည့် . . အချက်အလက်တွေကျန်သေးလားလို့ပေါ့ . .။
.
. (၇၇) သူတပါးကို ကိုယ်စွမ်းရှိသမျှကူညီနိုင်တယ်
.
စိတ်ကိုအေးအေး ထား၊ လုပ်သမျှ တာဝန်ယူစိတ် ပွား၊ ဒီလိုကနေ လူကိုလူချင်းကိုယ်ချင်းစာတရား ထားပြီး မိတ်ဆွေလုပ်သမျှ တရားမျှတတဲ့အဖြေထွက်အောင် ပတ်ဝန်းကျင်နဲ့လူ့အသိုင်းအဝိုင်းကို ကူညီနိုင်ပါတယ်။
.
ဒီကနေ တစ်ဆင့်တက်ပြီး တစ်ခြားသူတွေကိုပါလေးစားလို့ အငြင်းပွားမှုတွေကို ရှောင်ရှား၊ မသိသေးသူတွေကို ညွှန်ကြား၊ မှန်ကန်မှုတွေကို ရှေ့မှာထားပြီး နောက်မျိုးဆက်တွေကို သတင်းစကားပါးနိုင်ပါတယ်။
.
. (၈၈) ရန်လိုစိတ်ကို ရပ်တန့်နိုင်တယ်
.
လွတ်လပ်စွာတွေးခေါ်မှုနဲ့အညီ မိတ်ဆွေလိုချင်တာကို အမြဲတောင်းဆိုနိုင်တာက လူတစ်ယောက်ရဲ့ရသင့်တဲ့အခွင့်အရေးဖြစ်ပါတယ်။ သို့သော်လည်း အလွန်အမင်းဆန္ဒထုတ်ဖော်မှုတွေကနေ ဘာမှပြန်မရနိုင်ဘူးလို့သိမြင်လာတဲ့အခါ အများလက်ခံထားတဲ့ "အကောင်းဆုံး - The Best" ဆိုတာကိုလက်ခံဖို့ မိတ်ဆွေရဲ့ရန်လိုစိတ်ကိုရပ်တန့်ပြီး စိတ်တံခါးကို ဖွင့်လိုက်ဖို့ အချိန်တန်ပါပြီ။
.
ဒီကိစ္စဟာ ခက်ခဲမှန်းသိသာပေမယ့် အကြောင်းရှိတယ်။ မိတ်ဆွေဟာ "ကျွဲချိုရဲ့ထိပ်ပိုင်းနားရောက်လေလေ ထွက်ပေါက်ကပိတ်လေလေ" ဆိုတာကိုသိမှ ပွင့်လင်းမှန်ကန်တဲ့လမ်းကြောင်းဆီကို နောက်ပြန်လှည့်နိုင်မယ့်ရောင်နီအလင်းက အသင့်စောင့်ဆိုင်းနေမှာပါ။
.
ဒီလိုမဟုတ်ပဲ "ငါတွေးသမျှ ငါမှန်တယ်။ ငါတောင်းဆိုတာ လုပ်ကို လုပ်ပေးရမယ်။ ငါ လိုချင်တာကို မရအရ တိုက်ခိုက်ယူမယ်" ဆိုတဲ့ အဖြေမရနိုင်တဲ့ပန်းတိုင်ကိုသွားချင်ရင်တော့ မိတ်ဆွေရဲ့သဘောအတိုင်းပါပဲ။
.
. ဒါကြောင့် စိတ်တံခါးဖွင့် နေထိုင်သူတွေရဲ့ အနာဂါတ်မှာ သင်ယူစရာတွေက ဆီးကြိုနေကြတယ်။ ကိုယ့်အမှားကိုယ်ဝန်ခံသူတွေကို အခုလိုပွင့်လင်းတဲ့ခေတ်ကြီးမှာ ပန်းကုံးစွပ်မယ့်သူတွေက အဆင်သင့်စောင့်ကြိုနေတယ်။ ဒီလိုပဲ ကိုယ့်အတ္တ ကိုယ်မလျှော့နိုင်၊ ကိုယ့်လောဘနဲ့ကိုယ် ကိုယ်အလေးချိန်တိုးနေသူတွေကို ပန်းခွေချဖို့ ဒီခေတ်ကြီးမှာ အသင့်ရှိနေကြပါတယ်။
.
.
. တစ်ဆက်တည်းမှာ မိတ်ဆွေဟာ
"လူ့လောကကိုအကျိုးမပြုပဲ
နေချင်နေသွားလို့ရတယ် . .
သေချင်သေသွားလို့ရတယ်" . . ဒါပေမယ့်
ကမ္ဘာမြေလေးအောင် အမှိုက်မချခဲ့သင့်ဘူး။
.
. ပိုပြီး အနှစ်သာရရှိတဲ့စကားနဲ့အမွှန်းတင်ရရင်
အပြင်လောကကိုလက်မခံချင်လို့ ကျဉ်းကျဉ်းကြပ်ကြပ်
"စိတ်ဓါတ်စံအိမ်ထဲမှာ မိတ်ဆွေကိုယ်တိုင်
အဆုံးစီရင်လိုက်လို့ရတယ်" . . ဒါပေမယ့်
ကူညီမယ့်လူတွေ
အလောင်းကောက်ပေးလို့မရအောင်တော့
စိတ်တံခါးကို ပိတ်ထားဖို့မသင့်တော်ပါဘူး။

ဒါကြောင့် ချစ်လှစွာသောမိတ်ဆွေအပေါင်းတို့
စိတ်တံခါးဖွင့် နေထိုင်တတ်ပြီး
အတည်တကျဘဝ နဲ့
စိတ်ဓါတ်အလှတွေကို
တစ်ပေါင်းတစ်စုတည်း
လက်ဆုပ်လက်ကိုင်
ပိုင်ဆိုင်နိုင်ကြပါစေ။
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
06-13-2018 and 06-14-2018
.
Tips from "Principles" by Ray Dalio
 

No comments: