ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
ေနာက္ျပီး ေခြေပၚမွာေရးထားတဲ႕ရုပ္ရွင္ကားနာမည္ နဲ႕ စာအိတ္ေပၚကနာမည္ကိုက္မကိုက္စစ္ေဆးျပီးသြားတဲ႕ေခြေတြကို ဂ်ပ္ဖါထဲစီျပီးျပန္ထည္႕ရတယ္။ ျပီးတဲ႕ဂ်ပ္ဖါေတြ သိမ္းဖို႕နဲ႕ ေနာက္ထပ္စာအိတ္ေတြလာပို႕ဖို႕အလုပ္ကို မကၠဆီကုိႏိုင္ငံသား (ခ်စ္စႏိုးနာမည္ - ပဲစား) တစ္ေယာက္က လွည္းတစ္စီးနဲ႕လႈပ္ရွားပါတယ္။
ဒီလူမလာခင္အေဝးကေနကြ်န္ေတာ္တုိ႕ဗမာလုပ္သားတစ္သုိက္သိေနပါျပီ။ သူ႕ရဲ ျ့ပင္းရွလြန္းတဲ႕ ျပင္သစ္ေရေမႊး ေအာ္ဒီကလံုးအနံ႕ေလးရတယ္ဆုိရင္ပဲ "တင္္ေပးရန္" ၊ "ျပန္ယူထားရန္" ေခြဂ်ပ္ဖါေတြကို အဆင္သင္႕လုပ္ထားျပီးေနျပီ။
သူတကာေတြ အာပုတ္ရည္အရႊဲသားအိပ္ေမာက်ေနတဲ႕အခ်ိန္အလုပ္လုပ္ရတဲ႕အေမရိကားေရာက္ခါက လပိုင္းသား ကြ်န္ေတာ္တုိ႕ရဲ႕အလုပ္ရွားပါးတုန္းကဘဝတြပါ။ မနက္ (၃) နာရီထလုပ္ရတဲ႕အလုပ္္ျဖစ္ေနေတာ႕ ဘယ္သူမွေရခ်ိဳးလာဟန္မတူပါဘူး။ ဒီေတာ႕ လူေတြ လူေတြဆိုတာ အနံ႕အသက္ေပါင္းစံုတဲ့ ပန္းရဂုဏ္ၿခံႀကီးျဖစ္ေနေတာ့တာေပါ႕။
ဒါကို ဖုံးဖိဖို႕ထင္တယ္ . . ကိုေရႊပဲစားက သူ႔ရဲ့ေရေမႊးအေကာင္းစားကို ေန႕တိုင္း စပါယ္ရွယ္ျဖန္းလာတာ။ သူအလုပ္လုပ္ရာလမ္းတေလ်ွာက္ တစ္ျခားသူေတြဘယ္လိုခံရခက္ေနမလဲဆုိတာစိတ္ကူးၾကည္႕ရံုနဲ႕တင္ ၾကိဳမူးၾကည္႕ေနလို႕ရေနပါျပီ။
ပိုဆိုးတာက ထုိင္ျပီးအလုပ္လုပ္ေနတဲ႕ ကြ်န္ေတာ႕ေခါင္းေပၚကို သူ႕လက္ေမာင္းၾကီးေျမွာက္ျပီး ေခြဂ်ပ္ဖါကုိ လွမ္းဆြဲတဲ႕အခ်ိန္ သူ႕ခ်ိဳင္း နဲ႕ ႏွာေခါင္းနဲ႕က တည္္႕တည္႕ကိုတန္းေနေတာ႕ မထိရံုတစ္မယ္ပဲေလ။
သူလာျပီဆို လူတုိင္းကလန္႕ေနတယ္။ ကုိယ္႕ေနာက္ေက်ာကေနျမန္ျမန္သြားပါေစလို႕ သူသူကိုယ္ကိုယ္ဆုေတာင္းေနၾကတယ္။ ဒါေပမယ္႕မရပါဘူး။ သူ႕အက်င္႕အတိုင္း လူေတြရဲ႕ေခါင္းေပၚကေန လက္ေမာင္းၾကီးကို ခြျပီး သယ္ေနက်၊ ခ်ေပးေနက်ဆုိေတာ႕ေတာ္ေတာ္အခက္ေတြ႕ေနၾကတာေပါ႕။
တစ္ရက္မွာ ဒီလူ အလုပ္လုပ္တာကြ်န္ေတာ႕နားေရာက္ေတာ႕ လွည္႕လွည္႕ေျပးေနတယ္လို႕သတိထားမိတယ္။ လွည္းရပ္ျပီးေတာ႕ အတင္အခ်လုပ္တာလည္း သိပ္မၾကာဘူးဆိုေတာ႕ ဒီေန႕ တစ္ခုခုထူးျခားေနတယ္ေပါ႕ ။ ဒါနဲ႕ ေဘးကသူငယ္ခ်င္းကိုေမးၾကည္႕ေတာ႕ ..
“ငါ မေန႕ကဗိုက္သိပ္မေကာင္းဘူး၊ ေလပြေနလို႕။ ဒါနဲ႕ စာအိတ္ေတြေဖာက္ရင္း ဗိုက္က ခဏခဏေလထုိးေနတာေပါ႕။ နားခ်ိန္ Break ကလည္း မေရာက္ေသးေတာ႕ ထိုင္ရာကေန ထလို႕လဲမရေတာ႕ …” ဆုိျပီး ေျပာလက္စ စကားရပ္သြားတယ္။
“ခဏေလးၾကာေတာ႕ မေနႏိုင္ေတာ႕တာနဲ႕ ေဘးဘီၾကည္႕ျပီးလူရွင္းမွ ငါလႊတ္လို္က္တာ တစ္လံုးထဲပါ . . ဘယ္သူမွ မသိလိုက္ပါဘူး . . တကယ္ပါ . . သူခိုးမွ တစ္ကယ္႕ အီးသူခုိးေလးပါ . .”
ေအာ္ . . အခုမွပဲရွင္းေတာ႕တယ္။ လူမရွိတဲ႕အခ်ိန္ လႊတ္လိုက္တဲ႕ "ျမန္ဒီကလံုး" ပ်ံ႕ေနတဲ႕ အခ်ိန္၊ ကံဆိုးသူေမာင္ရွင္ ကိုေရႊပဲစားေရာက္လာျပီး ေခြဖါ လာလဲတဲ႕အခ်ိန္နဲ႕ အကိုက္ျဖစ္သြားေတာ႕ ျပင္သစ္ေရးေမႊး-Eau de Cologne လဲ ကြ်န္ေတာ႕သူငယ္ခ်င္း ရဲ႕ Myan de Cologne နဲ႕ ေတြ႕ျပီး ဘယ္လိုမွမယွဥ္ႏိုင္ပဲ အားမတန္မာန္ေလွ်ာ႕တစ္က်ိဳးထဲေကာ႕ျပီး ထြက္ေျပးသြားရေတာ့တာကိုး . .။
(၁ဝ) ႏွစ္ျပည္႕အၾကိဳ အမွတ္တရ
(ေဆာင္းပါးတိုအေဟာင္းကိုျပန္တင္ပါတယ္)
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
05-28-2019
Unicode Version:
နယ်မြေသစ်မှာ ကားလိုင်စင်ဖြေပြီးသိပ်မကြာဘူး ကျွန်တော်အချိန်ပိုင်းအလုပ်ရတယ် (၂ဝဝ၉)။ Netflix အွန်လိုင်းခွေငှားကုမ္ပဏီရဲ့ DVD ခွေသန့် ခွေကောင်း ပြန်ရွေးပေးရတဲ့အလုပ်ပါ။ ငှားကြည့်သူတွေ ပြန်ပို့လာတဲ့စာအိတ်နီတွေထဲကခွေကိုထုတ်၊ အစင်းရာ ခြစ်ရာ ပါမပါစစ်၊ အတန်းအစားခွဲပြီး သင့်တော်ရာ ဂျပ်ဖါခွံလေးထဲပြန်ထည့် စသည်ဖြင့်လုပ်ပေးရတယ်။
နောက်ပြီး ခွေပေါ်မှာရေးထားတဲ့ရုပ်ရှင်ကားနာမည် နဲ့ စာအိတ်ပေါ်ကနာမည်ကိုက်မကိုက်စစ်ဆေးပြီးသွားတဲ့ခွေတွေကို ဂျပ်ဖါထဲစီပြီးပြန်ထည့်ရတယ်။ ပြီးတဲ့ဂျပ်ဖါတွေ သိမ်းဖို့နဲ့ နောက်ထပ်စာအိတ်တွေလာပို့ဖို့အလုပ်ကို မက္ကဆီကိုနိုင်ငံသား (ချစ်စနိုးနာမည် - ပဲစား) တစ်ယောက်က လှည်းတစ်စီးနဲ့လှုပ်ရှားပါတယ်။
ဒီလူမလာခင်အဝေးကနေကျွန်တော်တို့ဗမာလုပ်သားတစ်သိုက်သိနေပါပြီ။ သူ့ရဲ ြ့ပင်းရှလွန်းတဲ့ ပြင်သစ်ရေမွှေး အော်ဒီကလုံးအနံ့လေးရတယ်ဆိုရင်ပဲ "တင််ပေးရန်" ၊ "ပြန်ယူထားရန်" ခွေဂျပ်ဖါတွေကို အဆင်သင့်လုပ်ထားပြီးနေပြီ။
သူတကာတွေ အာပုတ်ရည်အရွှဲသားအိပ်မောကျနေတဲ့အချိန်အလုပ်လုပ်ရတဲ့အမေရိကားရောက်ခါက လပိုင်းသား ကျွန်တော်တို့ရဲ့အလုပ်ရှားပါးတုန်းကဘဝတွပါ။ မနက် (၃) နာရီထလုပ်ရတဲ့အလုပ််ဖြစ်နေတော့ ဘယ်သူမှရေချိုးလာဟန်မတူပါဘူး။ ဒီတော့ လူတွေ လူတွေဆိုတာ အနံ့အသက်ပေါင်းစုံတဲ့ ပန်းရဂုဏ်ခြံကြီးဖြစ်နေတော့တာပေါ့။
ဒါကို ဖုံးဖိဖို့ထင်တယ် . . ကိုရွှေပဲစားက သူ့ရဲ့ရေမွှေးအကောင်းစားကို နေ့တိုင်း စပါယ်ရှယ်ဖြန်းလာတာ။ သူအလုပ်လုပ်ရာလမ်းတလျှောက် တစ်ခြားသူတွေဘယ်လိုခံရခက်နေမလဲဆိုတာစိတ်ကူးကြည့်ရုံနဲ့တင် ကြိုမူးကြည့်နေလို့ရနေပါပြီ။
ပိုဆိုးတာက ထိုင်ပြီးအလုပ်လုပ်နေတဲ့ ကျွန်တော့ခေါင်းပေါ်ကို သူ့လက်မောင်းကြီးမြှောက်ပြီး ခွေဂျပ်ဖါကို လှမ်းဆွဲတဲ့အချိန် သူ့ချိုင်း နဲ့ နှာခေါင်းနဲ့က တည့််တည့်ကိုတန်းနေတော့ မထိရုံတစ်မယ်ပဲလေ။
သူလာပြီဆို လူတိုင်းကလန့်နေတယ်။ ကိုယ့်နောက်ကျောကနေမြန်မြန်သွားပါစေလို့ သူသူကိုယ်ကိုယ်ဆုတောင်းနေကြတယ်။ ဒါပေမယ့်မရပါဘူး။ သူ့အကျင့်အတိုင်း လူတွေရဲ့ခေါင်းပေါ်ကနေ လက်မောင်းကြီးကို ခွပြီး သယ်နေကျ၊ ချပေးနေကျဆိုတော့တော်တော်အခက်တွေ့နေကြတာပေါ့။
တစ်ရက်မှာ ဒီလူ အလုပ်လုပ်တာကျွန်တော့နားရောက်တော့ လှည့်လှည့်ပြေးနေတယ်လို့သတိထားမိတယ်။ လှည်းရပ်ပြီးတော့ အတင်အချလုပ်တာလည်း သိပ်မကြာဘူးဆိုတော့ ဒီနေ့ တစ်ခုခုထူးခြားနေတယ်ပေါ့ ။ ဒါနဲ့ ဘေးကသူငယ်ချင်းကိုမေးကြည့်တော့ ..
“ငါ မနေ့ကဗိုက်သိပ်မကောင်းဘူး၊ လေပွနေလို့။ ဒါနဲ့ စာအိတ်တွေဖောက်ရင်း ဗိုက်က ခဏခဏလေထိုးနေတာပေါ့။ နားချိန် Break ကလည်း မရောက်သေးတော့ ထိုင်ရာကနေ ထလို့လဲမရတော့ …” ဆိုပြီး ပြောလက်စ စကားရပ်သွားတယ်။
“ခဏလေးကြာတော့ မနေနိုင်တော့တာနဲ့ ဘေးဘီကြည့်ပြီးလူရှင်းမှ ငါလွှတ်လို်က်တာ တစ်လုံးထဲပါ . . ဘယ်သူမှ မသိလိုက်ပါဘူး . . တကယ်ပါ . . သူခိုးမှ တစ်ကယ့် အီးသူခိုးလေးပါ . .”
အော် . . အခုမှပဲရှင်းတော့တယ်။ လူမရှိတဲ့အချိန် လွှတ်လိုက်တဲ့ "မြန်ဒီကလုံး" ပျံ့နေတဲ့ အချိန်၊ ကံဆိုးသူမောင်ရှင် ကိုရွှေပဲစားရောက်လာပြီး ခွေဖါ လာလဲတဲ့အချိန်နဲ့ အကိုက်ဖြစ်သွားတော့ ပြင်သစ်ရေးမွှေး-Eau de Cologne လဲ ကျွန်တော့သူငယ်ချင်း ရဲ့ Myan de Cologne နဲ့ တွေ့ပြီး ဘယ်လိုမှမယှဉ်နိုင်ပဲ အားမတန်မာန်လျှော့တစ်ကျိုးထဲကော့ပြီး ထွက်ပြေးသွားရတော့တာကိုး . .။
(၁ဝ) နှစ်ပြည့်အကြို အမှတ်တရ
(ဆောင်းပါးတိုအဟောင်းကိုပြန်တင်ပါတယ်)
ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-28-2019
No comments:
Post a Comment