ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, October 10, 2019

မီးပုံဝိုင်းမှာ‌ပြောတဲ့ဇာတ်လမ်းတွဲ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

             စာရေးဆရာတစ်ယောက်ဟာ ဟောပြောပွဲကိစ္စတစ်ခုကြောင့် အာဖရိကတိုက်ကိုရောက်သွားတယ်။ ခေတ်နဲ့အညီလိုက်နိုင်သူတွေကမြို့တွေမှာသာနေတယ်။ ဆင်းရဲတဲ့အာဖရိကတိုက်သားတွေက နေရာတကာမှာနေတယ်။ အခုခေတ်များမှာ အင်တာနက်မသိရင်ဘဲ ခေတ်နောက်ကျတယ်လို့ပြောကြတာ လျှပ်စစ်မီးမသုံးစွဲနိုင်တဲ့အာဖရိကတိုက်ကနေရာတစ်ချို့ကလူတွေဆို ဘယ်လိုပြောကြမလဲ။

              စာရေးဆရာဟာ စူးစမ်းတယ်။ လူသူအရောက်အပေါက်မရှိတဲ့နေရာအထိသွားလေ့လာတယ်။ အဓိကသိချင်တာက သူတို့အချင်းချင်းဘယ်လိုဆက်သွယ်သလဲ? ဘယ်လိုရှာဖွေစားသောက်သလဲ? နဲ့ ဘဝအတွက်ဘယ်လိုရှေ့ဆက်သွားကြသလဲ? ဆိုတာကို စပ်စုချင်တယ်။ ဒီတော့ ရွာတစ်ရွာထဲကိုဝင်ပြီး လေ့လာရေးစဖို့ပြင်ဆင်တယ်။

              ရွာသားတစ်အုပ်စုမှာ လျှပ်စစ်နဲ့သုံးတာဆိုလို့ ဘာပစ္စည်းမှမရှိဘူး။ ချက်ပြုတ်စားသောက်ဖို့မီးဖိုချောင်ပစ္စည်းဝယ်ရမယ့်နေရာမရှိဘူး။ လူသားပီသမှုကိုအတိုင်းသားမြင်ရတဲ့ ရှေးဟောင်းယဉ်ကျေးမှုအတိုင်းနေထိုင်ကြတယ်လို့ပြောလို့ရတယ်။ တစ်ရက်တော့ သူတို့အမဲလိုက်ကြတော့ စာရေးဆရာကိုခေါ်သွားတယ်။

              တောထဲရောက်တဲ့အခါ လူရယ် တိရိစ္ဆာန်ရယ်လို့မကွဲပြားတော့ဘူး။ တောကြီးမျက်မည်းထဲမှာ ဗိုက်ဆာနေကြတဲ့သတ္တဝါတွေဟာ အတူတူပဲ။ အားလုံး ရန်လိုနေကြတယ်။ ဒါကြောင့် သင်ဟာ မုဆိုးလား?  မုဆိုးဆိုရင် အနိုင်ရနိုင်ခြေရှိတယ်။ သင်ဟာ သားကောင်လား? သားကောင်ဆိုရင် သင်ကျရှံူးနိင်ခြေရှိတယ်။ စာရေးဆရာက တွေးနေမိတယ်။

              အာဖရိကတိုက်သားတွေဟာ အမဲလိုက်သွားတဲ့အခါ (၁၂) နှစ်အောက်သားသမီးတွေခေါ်သွားလေ့မရှိဘူး။ အကြောင်းကတော့ သားရဲတွေ အကောင်ကြီးကြီးအမဲဖျက်တိရိစ္ဆာန်တွေက အဲဒီကလေးငယ်တွေကို အစာလို့ထင်နေလို့ အန္တရာယ်များတာကြောင့်လို့သိရတယ်။ အိမ်ကမိန်းမ နဲ့ ကလေးတွေက ယောက်ျားသားကြီးတွေသယ်လာမယ့် တောကောင်တွေရဲ့အစိတ်အပိုင်းတွေကိုစီမံဖို့စောင့်နေကြတယ်။

              မောမောနဲ့ပြန်လာ၊ အိမ်ရောက်တော့ချက် ပြုတ်၊ စားကြ သောက်ကြ နဲ့ ညကျတော့ သစ်ကိုင်းခြောက်တွေကိုမီးရှို့ပြီး စကားပြောကြတဲ့ မီးပုံဝိုင်းစကားပြောကြတယ်။ တကယ်တော့ အမဲလိုက်သွားတဲ့အခါ ညဘက် ညနေ မီးလိုလို့ မီးခြစ်မရှိတဲ့ အာဖရိကတိုက်တစ်ချို့နေရာတွေမှာ ဆဲလ်ဖုံးမပြောနဲ့ စာရွက်နဲ့ခဲတံတောင်မရှိကြတာ ပြောတဲ့စကားတွေက ဘယ်လိုလိုက်မှတ်လို့ရပါ့မလဲ။ ဒါကို စာရေးဆရာက အသေအချာလေ့လာတယ်။

             ရွာသူကြီးလိုလူတစ်ယောက်က စကားစပေးလိုက်တာနဲ့ အမဲလိုက်ကျွမ်းကျင်သူတစ်ယောက်က ဒီနေ့ဘယ်လိုအမဲရခဲ့တာ၊ သားကောင်နဲ့ဘယ်လိုတိုက်ခိုက်ခဲ့ရတာ၊ ထောင်ချောက်ကိုဘယ်လိုဆင်ခဲ့ရတာ၊ သတိထားစရာတွေကဘယ်လိုနေရာတွေမှာ ဆိုပြီး မီးပုံဝိုင်းဇာတ်လမ်းတစ်ခုကိုစပြောတယ်။ အရွယ်စုံကလေးလေးတွေဟာ မီးပုံဝိုင်းနားမှာစုထိုင်ပြီး ပါးစပ်အဟောင်းသားနဲ့နားထောင်ကြတယ်။

              သူတို့ဆီမှာ သတ်သတ်မှတ်မှတ်စာသင်ဖို့ ကျောင်းဆိုတာမရှိဘူး။ သာသာရေးနဲ့ပြုပြင်ပေးမယ့် ဘုရားကျောင်းမရှိဘူး။ ကလေးသူငယ်ကိုစံနစ်တကျပျိုးထောင်မယ့် ရင်ခွင်ပိုက်ကလေးထိန်းဋ္ဌာနတွေရှိတာမဟုတ်ဘူး။ ဒီလိုအပ်ချက်တွေအားလုံးကို မီးပုံဝိုင်းကလုပ်ဆောင်ပေးတယ်။

              (၁၂) နှစ်ပြည့်ပြီးသန်မာလာတဲ့လူငယ်လေးဟာ ရဲရင့်တဲ့အတွေ့အကြုံတွေကိုမျှဝေတဲ့ တစ်ထောင့်တစ်ညသော မီးပုံဝိုင်းဇာတ်လမ်းတွေမှာ သူတို့ကိုယ်သူတို့ ဇာတ်လိုက်နေရာကနေ ဝင်စဉ်းစားတယ်။ ငါတို့သာ တောထဲကိုဝင်သွားရင် အဖေပြောခဲ့သလို သတိထားရမယ်။ ဦးလေးသင်ပေးသလို ဓါးကိုင်ရမယ်။ အမေသင်ပေးသလို ရှေ့နောက်အမြဲကြည့်ပြီး သားကောင်ကိုချည်းကပ်ရမယ်ဆိုတဲ့ ပညာရေးဟာ သူ့နှလုံးသားမှာ စငြိတွယ်လာတယ်။

              ဒီလိုနဲ့ ကလေးကနေ လူငယ်ပိုင်း ဘယ်လိုကူးပြောင်းရမယ်ဆိုတာ မီးပုံဝိုင်းကသင်ပေးတယ်။ လူငယ်ပိုင်းကနေ လူ့လောကအရိုင်းထဲဝင်ဖို့ မီးပုံဝိုင်းကသင်ပေးတယ်။ ဒါဟာ အမိုးမလုံ အကာမလုံတဲ့ဘဝတွေကြားထဲက မိုးလုံ လေလုံ အကာအကွယ်ပေးမယ့်ပညာရေးပဲ လို့ စာရေးဆရာက ဆိုတယ်။

              ကမ္ဘာမှာနာမည်ကြီးတဲ့ လူမည်းခေါင်းဆောင် နယ်ဆင်မင်ဒဲလားဟာ ဒီမီးပုံပွဲကိုအမှတ်တရအမြဲပြောလေ့ရှိတယ်။ သင်ထောက်ကူပစ္စည်းမှမလိုတဲ့ပညာရေးကို လူသားတွေစခဲ့တယ်ဆိုတာ မင်ဒဲလားထောက်ပြတယ်။ ဘယ်လိုသွယ်တန်းတဲ့လျှပ်စစ်ကြိုးမှမပါဘဲ သတင်းစကားတွေ မျိုးဆက်ကြားမှာ ပြန့်ပွားအောင် မီးပုံဝိုင်းကဇာတ်လမ်းတွေကြားက လက်ဆင့်ကမ်းခဲ့တယ်လို့ စာရေးဆရာက ဆိုတယ်။

              ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ရှင်တော်မြတ်စွာဘုရားခေတ်က ဘာမှတ်ရေးမှတ်ရာမှမပါဘဲ သာသနာကိုလက်ဆင့်ကမ်းခဲ့တယ်။ ညီတော် အာနန္ဒာရဲ့ စိတ်နဲ့သော်၄င်း၊ အာရုံနဲ့သော်၄င်း၊ အာဂုံဆောင်၍သော်၄င်း တရားတော်တွေကို သာသနာနှစ် (၂ဝဝဝ) ကျော် လက်ဆင့်ကမ်းပင့်ဆောင်ခဲ့တယ်။ အသိပညာဖြန့်ဝေခြင်း နဲ့ ဆင်ခြင်ဉာဏ်တွေကို ခေတ်အဆက်ဆက်လက်ဆင့်ကမ်းတာကို လူသားမျိုးဆက်ပေါင်းများစွာလုပ်ခဲ့ကြပါတယ်။

စာရေးဆရာနာမည်။။။။။။။။။။ Eric Edmeades
ဆက်လက်လေ့လာနိုင်ရန်။။။။။။။။။။ https://www.youtube.com/user/BusinessFreedomTV/videos

ခင်လျက်
ကိုညီညီ (တောင်ကြီး)
10-10-2019

<Zawgyi>

"မီးပုံဝိုင္းမွာ‌ေျပာတဲ့ဇာတ္လမ္းတြဲ"
              စာေရးဆရာတစ္ေယာက္ဟာ ေဟာေျပာပြဲကိစၥတစ္ခုေၾကာင့္ အာဖရိကတိုက္ကိုေရာက္သြားတယ္။ ေခတ္နဲ႔အညီလိုက္ႏုိင္သူေတြကၿမိဳ႕ေတြမွာသာေနတယ္။ ဆင္းရဲတဲ့အာဖရိကတိုက္သားေတြက ေနရာတကာမွာေနတယ္။ အခုေခတ္မ်ားမွာ အင္တာနက္မသိရင္ဘဲ ေခတ္ေနာက္က်တယ္လို႔ေျပာၾကတာ လၽွပ္စစ္မီးမသုံးစြဲႏုိင္တဲ့အာဖရိကတိုက္ကေနရာတစ္ခ်ိဳ႕ကလူေတြဆို ဘယ္လိုေျပာၾကမလဲ။

              စာေရးဆရာဟာ စူးစမ္းတယ္။ လူသူအေရာက္အေပါက္မရွိတဲ့ေနရာအထိသြားေလ့လာတယ္။ အဓိကသိခ်င္တာက သူတို႔အခ်င္းခ်င္းဘယ္လိုဆက္သြယ္သလဲ? ဘယ္လိုရွာေဖြစားေသာက္သလဲ? နဲ႔ ဘဝအတြက္ဘယ္လိုေရွ႕ဆက္သြားၾကသလဲ? ဆိုတာကို စပ္စုခ်င္တယ္။ ဒီေတာ့ ရြာတစ္ရြာထဲကိုဝင္ၿပီး ေလ့လာေရးစဖို႔ျပင္ဆင္တယ္။

ရြာသားတစ္အုပ္စုမွာ လၽွပ္စစ္နဲ႔သုံးတာဆုိလို႕ ဘာပစၥည္းမွမရွိဘူး။ ခ်က္ျပဳတ္စားေသာက္ဖို႔မီးဖိုေခ်ာင္ပစၥည္းဝယ္ရမယ့္ေနရမရွိဘူး။ လူသားပီသမႈကိုအတိုင္းသားျမင္ရတဲ့ ေရွးေဟာင္းယဥ္ေက်းမႈအတိုင္းေနထိုင္ၾကတယ္လို႔ေျပာလို႔ရတယ္။ တစ္ရက္ေတာ့ သူတို႔အမဲလိုက္ၾကေတာ့ စာေရးဆရာကိုေခၚသြားတယ္။

              ေတာထဲေရာက္တဲ႕အခါ လူရယ္ တိရိစာန္ရယ္လို႔မကြဲျပားေတာ့ဘူး။ ေတာၾကီးမ်က္မည္းထဲမွာ ဗိုက္ဆာေနၾကတဲ႕သတၱဝါေတြဟာ အတူတူပဲ။ အားလံုး ရန္လိုေနၾကတယ္။ ဒါေၾကာင့္ သင္ဟာ မုဆိုးလား?  မုဆိုးဆိုရင္ အနိုင္ရနိုင္ေျခရွိတယ္။ သင္ဟာ သားေကာင္လား? သားေကာင္ဆိုရင္ သင္က်ရွံးနိင္ေျခရွိတယ္။ စာေရးဆရာက ေတြးေနမိတယ္။

              အာဖရိကတိုက္သားေတြဟာ အမဲလိုက္သြားတဲ့အခါ (၁၂) ႏွစ္ေအာက္သားသမီးေတြေခၚသြားေလ့မရွိဘူး။ အေၾကာင္းကေတာ့ သားရဲေတြ အေကာင္ႀကီးႀကီးအမဲဖ်က္တိရိစာန္ေတြက အဲဒီကေလးငယ္ေတြကို အစာလို႔ထင္ေနလို႔ အႏၱရာယ္မ်ားတာေၾကာင့္လို႔သိရတယ္။ အိမ္ကမိန္းမ နဲ႔ ကေလးေတြက ေယာက္်ားသားႀကီးေတြသယ္လာမယ္႕ ေတာေကာင္ေတြရဲ့အစိတ္အပိုင္းေတြကိုစီမံဖို႔ေစာင့္ေနၾကတယ္။

              ေမာေမာနဲ႔ျပန္လာ၊ အိမ္ေရာက္ေတာ့ခ်က္ ျပဳတ္၊ စားၾက ေသာက္ၾက နဲ႔ ညက်ေတာ့ သစ္ကိုင္းေျခာက္ေတြကိုမီးရွိဳ႕ၿပီး စကားေျပာၾကတဲ့ မီးပုံဝိုင္းစကားေျပာၾကတယ္။ တကယ္ေတာ့ အမဲလိုက္သြားတဲ့အခါ ညဘက္ ညေန မီးလိုလို႔ မီးျခစ္မရွိတဲ့ အာဖရိကတိုက္တစ္ခ်ိဳ႕ေနရာေတြမွာ ဆဲလ္ဖုံးမေျပာနဲ႔ စာရြက္နဲ႕ခဲတံေတာင္မရွိၾကတာ ေျပာတဲ့စကားေတြက ဘယ္လိုလိုက္မွတ္လို႔ရပါ့မလဲ။ ဒါကို စာေရးဆရာက အေသအခ်ာေလ့လာတယ္။

              ရြာသူႀကီးလိုလူတစ္ေယာက္က စကားစေပးလိုက္တာနဲ႔ အမဲလိုက္ကၽြမ္းက်င္သူတစ္ေယာက္က ဒီေန႔ဘယ္လိုအမဲရခဲ့တာ၊ သားေကာင္နဲ႔ဘယ္လိုတိုက္ခိုက္ခဲ့ရတာ၊ ေထာင္ေခ်ာက္ကိုဘယ္လိုဆင္ခဲ့ရတာ၊ သတိထားစရာေတြကဘယ္လိုေနရာေတြမွာ ဆိုၿပီး မီးပုံဝိုင္းဇာတ္လမ္းတစ္ခုကိုစေျပာတယ္။ အရြယ္စုံကေလးေလးေတြဟာ မီးပုံဝိုင္းနားမွာစုထိုင္ၿပီး ပါးစပ္အေဟာင္းသားနဲ႕နားေထာင္ၾကတယ္။

              သူတို႔ဆီမွာ သတ္သတ္မွတ္မွတ္စာသင္ဖို႕ ေက်ာင္းဆိုတာမရွိဘူး။ သာသာေရးနဲ႔ျပဳျပင္ေပးမယ့္ ဘုရားေက်ာင္းမရွိဘူး။ ကေလးသူငယ္ကိုစံနစ္တက်ပ်ိဳးေထာင္မယ့္ ရင္ခြင္ပိုက္ကေလးထိန္း႒ာနေတြရွိတာမဟုတ္ဘူး။ ဒီလိုအပ္ခ်က္ေတြအားလံုးကုိ မီးပုံဝိုင္းကလုပ္ေဆာင္ေပးတယ္။

              (၁၂) ႏွစ္ျပည့္ၿပီးသန္မာလာတဲ့လူငယ္ေလးဟာ ရဲရင့္တဲ့အေတြ႕အၾကဳံေတြကိုမၽွေဝတဲ့ တစ္ေထာင့္တစ္ညေသာ မီးပုံဝိုင္းဇာတ္လမ္းေတြမွာ သူတို႔ကိုယ္သူတို႔ ဇာတ္လိုက္ေနရာကေန ဝင္စဥ္းစားတယ္။ ငါတို႔သာ ေတာထဲကိုဝင္သြားရင္ အေဖေျပာခဲ့သလို သတိထားရမယ္။ ဦးေလးသင္ေပးသလို ဓါးကိုင္ရမယ္။ အေမသင္ေပးသလို ေရွ႕ေနာက္အျမဲၾကည့္ၿပီး သားေကာင္ကိုခ်ည္းကပ္ရမယ္ဆိုတဲ့ ပညာေရးဟာ သူ႔ႏွလုံးသားမွ စၿငိတြယ္လာတယ္။

              ဒီလိုနဲ႔ ကေလးကေန လူငယ္ပိုင္း ဘယ္လိုကူးေျပာင္းရမယ္ဆိုတာ မီးပုံဝိုင္းကသင္ေပးတယ္။ လူငယ္ပိုင္းကေန လူ႔ေလာကအရိုင္းထဲဝင္ဖို႔ မီးပုံဝိုင္းကသင္ေပးတယ္။ ဒါဟာ အမိုးမလံု အကာမလံုတဲ႕ဘဝေတြၾကားထဲက မုိးလံု ေလလံု အကာအကြယ္ေပးမယ္႕ပညာေရးပဲ လို႔ စာေရးဆရာက ဆိုတယ္။

              ကမာမွာနာမည္ႀကီးတဲ့ လူမည္းေခါင္းေဆာင္ နယ္ဆင္မင္ဒဲလားဟာ ဒီမီးပုံပြဲကိုအမွတ္တရအျမဲေျပာေလ့ရွိတယ္။ သင္ေထာက္ကူပစၥည္းမွမလိုတဲ့ပညာေရးကို လူသားေတြစခဲ့တယ္ဆုိတာ မင္ဒဲလားေထာက္ျပတယ္။ ဘယ္လိုသြယ္တန္းတဲ့လၽွပ္စစ္ႀကိဳးမွမပါဘဲ သတင္းစကားေတြ မ်ိဳးဆက္ၾကားမွာ ျပန႔္ပြားေအာင္ မီးပံုဝိုင္းကဇာတ္လမ္းေတြၾကားက လက္ဆင့္ကမ္းခဲ့တယ္လုိ႕ စာေရးဆရာက ဆုိတယ္။

              ကြ်န္ေတာ္တို႕ ဗုဒၶဘာသာမွာ ရွင္ေတာ္ျမတ္စြာဘုရားေခတ္က ဘာမွတ္ေရးမွတ္ရာမွမပါဘဲ သာသနာကုိလက္ဆင္႕ကမ္းခဲ႕တယ္။ ညီေတာ္ အာနႏၵာရဲ႕ စိတ္နဲ႕ေသာ္၄င္း၊ အာရံုနဲ႕ေသာ္၄င္း၊ အာဂံုေဆာင္၍ေသာ္၄င္း တရားေတာ္ေတြကို သာသနာႏွစ္ (၂ဝဝဝ) ေက်ာ္ လက္ဆင္႕ကမ္းပင္႕ေဆာင္ခဲ႕တယ္။ အသိပညာျဖန္႕ေဝျခင္း နဲ႕ ဆင္ျခင္ဥာဏ္ေတြကို ေခတ္အဆက္ဆက္လက္ဆင္႕ကမ္းတာကို လူသားမ်ိဳးဆက္ေပါင္းမ်ားစြာလုပ္ခဲ႕ၾကပါတယ္။

စာေရးဆရာနာမည္။။။။။။။။။။ Eric Edmeades
ဆက္လက္ေလ႕လာႏုိင္ရန္။။။။။။။။။။ https://www.youtube.com/user/BusinessFreedomTV/videos

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
10-10-2019





No comments: