ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, January 22, 2016

တုိးနီရဲ႕ျပည္ေတာ္ဝင္ခရီး

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ျမန္မာႏုိင္ငံအျပင္ဘက္ေရာက္သူမ်ားက အမိႏုိင္ငံျပန္ၾကတယ္။ ျပည္တြင္းကလူေတြက အေၾကာင္းအရင္းခံမ်ိဳးစံုနဲ႕ ႏုိင္ငံျခားထြက္ၾကတယ္။ သြားေနက် လာေနက်သူေတြအတြက္ ေရးၾကီးခြင္က်ယ္မဟုတ္လွေပမယ္႕ “ တုိးနီ ” တစ္ေယာက္ ျမန္မာႏုိင္ငံျပန္မယ္ဆိုတာကေတာ႕ ေတာ္ေတာ္ထူးဆန္းေနပါတယ္။ လြန္ခဲ႕တဲ႕ႏွစ္က ကြ်န္ေတာ္ေရးခဲ႕တဲ႕ ( ၁၆ ) ပိုင္းအထိရွိတဲ႕ တိုးနီေျပာျပတဲ႕ကိုယ္ေတြ႕မွတ္တမ္းကုိဖတ္မိတဲ႕မိတ္ေဆြေတြဆိုရင္ တိုးနီ အေမရိကားကို ဘယ္ပံုဘယ္နည္း နဲ႕ ခက္ခက္ခဲခဲေရာက္လာခဲ႕သလဲဆုိတာကို မွတ္မိပါလိမ္႕မယ္။ ဒီေလာက္ၾကိဳးစားခဲ႕ရျပီး အခုေတာ႕ ျမန္မာႏုိင္ငံျပန္မယ္ဆိုေတာ႕ ..။
.
.
အစကေျပာေတာ႕ တစ္လေလာက္ျပန္ျပီး အေျခအေနၾကည္႕မယ္လို႕ သိထားတာပါ။ မိဘေတြနဲ႕လည္းမေတြ႕တာၾကာ၊ ျမန္မာႏုိင္ငံကေနထြက္လာကတည္းက တစ္ေခါက္မွမျပန္ရေသးေတာ႕ သူအိမ္ေတာ္ေတာ္လြမ္းေနရွာမွာပဲဆိုတာ ကုိယ္ခ်င္းစာပါတယ္။ ဒါေပမယ္႕ ဒီဘက္ႏိုင္ငံမွာအေျခကုတ္ယူခဲ႕တဲ႕အလုပ္၊ ဘဏ္ေတြမွာဖြင္႕ထားတဲ႕စာရင္းအင္းေတြ၊ တယ္လီဖုန္းလိုင္း၊ အစုိးရ႒ာနအသီးသီးက မွတ္ေရးမွတ္တာေတြကိစၥရွိေသးတာမို႕ ရွင္းရလင္းရနဲ႕ နဂုိကရုန္းကန္ခဲ႕ရတဲ႕ အေမရိကားေရာက္တိုးနီရဲ႕ဘဝဟာလည္း လြယ္လွတယ္ဆိုတာ တစ္ခါမွမရွိပါဘူး။
.
အတုိခ်ဳံးျပန္ေျပာရရင္ ရန္ကုန္ကေန စကၤာပူ၊ ထိုမွတစ္ဆင္႕နယ္သာလန္၊ တစ္ဆက္တည္း ဘလစ္ဇ္ႏုိင္ငံကေန မကၠဆီကုိကုိသြား၊ ေတာလမ္းေတြေလွ်ာက္ျပီးမွ အေမရိကန္နယ္စပ္ေရာက္၊ မေသေကာင္းမေပ်ာက္ေကာင္း ( ၁ ) ႏွစ္ခြဲေလာက္ ထိန္းသိမ္းေရးစခန္းမွာ ဝဋ္ဒုကၡအမ်ိဳးမ်ိဳးခံရျပီး ကံအရ အျမဲတမ္းေနထုိင္ခြင္႕ေလွ်ာက္ခဲ႕ရသူပါ။ ဘာသာစကားအခက္အခဲ နဲ႕ ေနမႈထုိင္မႈသင္ယူမႈအသီးသီးကုိ သူတစ္ကာထက္ ပုခံုးေပၚတင္ျပီးၾကိဳးစားရင္း အခ်ိန္တန္ေတာ႕ အေမရိကန္ႏိုင္ငံက တုိးနီကို ႏိုင္ငံသားျဖစ္ခြင္႕ - Neutralization ေပးရံုတင္မက လက္ေဆာင္အေနနဲ႕ ဖူးစားကိုပါေရြးေပးလုိက္ပါတယ္။

.
.
ဒါနဲ႕ တုိးနီရဲ႕ၾကင္ယာေလာင္းတစ္ျဖစ္လဲ ျမန္မာႏုိင္ငံကေနေျပာင္းေရႊ႕လာတဲ႕မိန္းကေလးကို စကားေျပာၾကည္႕တဲ႕အခါ “ ဒီႏိုင္ငံကို လူေတာ္ေတာ္မ်ားမ်ားလာခ်င္တာ မွန္ပါတယ္။ လာလည္းလာသင္႕ပါတယ္။ ဒါေပမယ္႕ အေနၾကာလာတဲ႕အခါ ဒီမွာေမြးတဲ႕သူေတြနဲ႕ယွဥ္ျပိဳင္ဖို႕ဆိုတာ ေတာ္ေတာ႕ကုိမလြယ္တာပါ ”
.
“ သမီးၾကိဳးစားၾကည္႕ေသးတယ္။ ေက်ာင္းတက္တယ္။ အလုပ္လုပ္တယ္ .. ေငြစုတယ္။ ဒါေပမယ္႕ ဘယ္ေလာက္လုပ္လုပ္ ဘယ္ေလာက္ၾကာၾကာ ဝန္ထမ္းဘဝကမတက္ႏုိင္ဘူး။ ဒီေျမမွာေန ဒီေျမမွာေသမယ္႕သူမ်ားအတြက္ေတာ႕ အျငိမ္းစားေငြသား နဲ႕ ပင္စင္စားဆုိရင္အဆင္ေျပႏုိင္မယ္ေလ ”
.
.
“ ဒါေပမယ္႕ သမီး နဲ႕ တုိးနီ နဲ႕ အေသအခ်ာတိုင္ပင္ျပီးသြားျပီ။ သူမ်ားလက္ေအာက္မွာ အလုပ္သမားမလုပ္ခ်င္ဘူး။ ျမန္မာႏုိင္ငံမွာလည္း မိဘကလုပ္ငန္းကိုင္ငန္းလည္းရွိေတာ႕ အစပိုင္းေတာ႕ သူတုိ႕လုပ္ငန္းမွာ ဦးစီးျပီး အလုိက္သင္႕ဝင္လုပ္မယ္။ ေနာက္ပိုင္းမွာ ကုိယ္႕လမ္းကိုယ္ေလွ်ာက္မယ္ ” လုိ႕ ရဲရဲဝင္႕ဝင္႕ေျပာျပတဲ႕ ဒီမိန္းကေလးကို တုိးနီေတြ႕လိုက္တာဟာ အတိတ္ကံက ထပ္မံအက်ိဳးေပးတာပါပဲ။
.
“ ကြ်န္ေတာ္တုိ႕ႏွစ္ေယာက္က အသြင္တူလုိ႕ အိမ္သူျဖစ္တာ ” လို႕ ဝင္ေျပာသူက တိုးနီ ပါ။ “ အစပိုင္းကေတာ႕ ေက်းဇူးရွင္မိဘေတြကုိျပန္ကူညီရင္း လုပ္ငန္းေလ႕လာျပီး အေမရိကားကကိစၥေတြ ရွင္းလင္းမွ ဝန္ထမ္းဘဝအဆံုးသတ္မယ္လို႕ တြက္ထားတာ။ ဒီတစ္ေခါက္က ျမန္မာႏုိင္ငံကိုအျပီးျပန္မယ္လို႕ ဆံုးျဖတ္လိုက္ၾကျပီ ”
.
.
ဒါနဲ႕ ကြ်န္ေတာ္က “ ခင္မ်ားတုိ႕ ( ၂ ) ေယာက္ ဘယ္ေတာ႕ မဂၤလာေဆာင္မွာလဲ ” လို႕ ေမးလိုက္ေတာ႕ “ ရန္ကုန္ျပန္ေရာက္မွ မိဘေတြနဲ႕တုိင္ပင္ျပီးစီစဥ္မယ္ ” လို႕ ျပန္ေျပာပါတယ္။ “ ဒါဆိုရင္ အခုတစ္ေခါက္က တစ္ကယ္ျပန္မွာကတစ္ေၾကာင္း၊ အေမရိကားမွာေနခဲ႕တာ ( ၇ ) ႏွစ္ ( ၈ ) ႏွစ္ရွိေနတာကတစ္ေၾကာင္း တစ္ခုေလာက္ေမးခ်င္တယ္။ တစ္လကို အမ်ားဆံုးေငြဘယ္ေလာက္စုႏုိင္ခဲ႕သလဲ ” လို႕ ေမးၾကည္႕တဲ႕အခါ ..
.
“ ဆရာညီညီ ရယ္ .. စုႏုိင္တယ္ရယ္လို႕ သိပ္မရွိပါဘူး။ နည္းတဲ႕လဆို မစုႏုိင္တဲ႕အျပင္ အမ်ားဆံုးစုႏုိင္တဲ႕လက ေဒၚလာ ( ၅ဝဝ ) ေလာက္နဲ႕ အခ်ိန္ပိုရွိတဲ႕လရတယ္ဆုိတဲ႕အခါေတာင္ ( ၁ဝဝဝ ) ဆိုတာ မျပည္႕ဘူး။ အခုၾကည္႕ေလ .. ကြ်န္ေတာ္တုိ႕အိမ္ေထာင္ျပဳလုိက္မယ္ဆိုရင္ ေနာက္ဆို ကေလးေတြ ဘာေတြရွိလာေတာ႕မယ္။ ရတဲ႕လခက အိမ္ငွားခေပးရ၊ မီတာခ၊ ဖုန္းခ၊ ကားအာမခံ၊ ဆီဖိုး စသျဖင္႕ ကုန္စရာ - Bill ေတြက အရင္လာတာ။ ကုိယ္စုတယ္ဆုိတာ ကုန္စရာမရွိမွ ” တုိးနီ ရဲ႕ စကားသံေနာက္မွာ ကြ်န္ေတာ္ေမးစရာ သိပ္မက်န္ေတာ႕ပါဘူး။ သူ႕အေျဖကတုိေပမယ္႕ ကြ်န္ေတာ႕အေတြးေတြက ရွည္လ်ားေထြျပားလြန္းတယ္။
.
.
သူ႕စကားေတြဟာ ( ၈ ) ရက္ ( ၈ ) မနက္ စဥ္းစားျပီးေျပာတဲ႕စကားမဟုတ္ပဲ ( ၈ ) ႏွစ္ေက်ာ္ၾကာဒုကၡခံျပီးသိလာတဲ႕အသိဆိုတာ ကြ်န္ေတာ္ေသခ်ာသိတယ္။ ျမန္မာေတြဟာ အေမရိကန္စကားေျပာတဲ႕ေဒသခံေတြကုိေက်ာ္ႏုိင္ဖို႕က စာအရမ္းတတ္ရမယ္၊ စကားကုိ လည္ထြက္ေနေအာင္ေျပာႏုိင္ရမယ္ ..  ဒီအေျခအေနဆိုရင္ အလုပ္သမားေခါင္းေဆာင္ - Lead ၊ ဒီကေန ကုမၸဏီမေျပာင္းဘူးဆိုရင္ တစ္ဆင္႕တက္ျပီး ၾကီးၾကပ္ေရးမွဴး - Supervisor ျဖစ္ ၊ ဒါဆို ကမ္းကုန္ျပီ။ အတန္းတက္ ပညာတတ္ လူငယ္ေက်ာင္းဆင္းေတြကေတာ႕ ဒီထက္သာမွာေသခ်ာေပမယ္႕ အေတြ႕အၾကံဳရင္႕က်က္လာတဲ႕ တိုးနီ ရဲ႕စကားမွာ သတိေပးခ်က္ေတြက ရာသီဥတုဆိုးရြားမႈကို ၾကိဳတင္ေဟာကိန္းထုတ္ေနသကဲ႕သို႕ ရွိေနပါတယ္။
.
သူက ( ၆ ) လတန္သည္ ( ၁ ) ႏွစ္တန္သည္ အေမရိကားကုိ ျပန္ျပန္ဝင္မယ္။ ဒီၾကားထဲမွာ ျမန္မာႏိုင္ငံမွာလုပ္ငန္းထူေထာင္မယ္။ အလုပ္အကိုင္အခြင္႕အလမ္းေတြကုိဖန္တီးမယ္။ သူသိထားတဲ႕အသိပညာေတြကုိ ျပန္ျဖန္႕ေဝေပးမယ္။ တတ္ႏုိင္ရင္ ရန္ကုန္က အေမရိကန္သံရံုးမွာ ေနထုိင္ခြင္႕သက္တမ္းတုိးမယ္။ မိဘေတြကေတာ႕ တုိးနီ ကို သြားလိုက္ လာလိုက္လုပ္ေစခ်င္ေပမယ္႕ ပံုမွန္သြား၊ ပံုမွန္စားဘဝမွာ မေနခ်င္ေတာ႕တဲ႕ တိုးနီ ေတြးေနမယ္႕အေၾကာင္းေတြကုိ ကြ်န္ေတာ္ကူစဥ္းစားၾကည္႕ေနမိတယ္။
.
.
ကြ်န္ေတာ္ တုိးနီ နဲ႕ သိခဲ႕တဲ႕သက္တမ္းမွာ ဒီေန႕ဟာ စိတ္မေကာင္းရဆံုးေန႕တစ္ေန႕ပါ။ ဒါေပမယ္႕ ကြ်န္ေတာ္ေပ်ာ္တယ္။ ဘာျဖစ္လို႕လည္းဆုိေတာ႕ သူေ႒းသား တုိးနီဟာ ေအာက္သက္ေၾကလာခဲ႕သလို အေမရိကားေရာက္ျမန္မာေတြၾကားမွာေတြ႕ရခဲတဲ႕ “ ရုိးသားမႈ၊ အခ်င္းခ်င္းကူညီတတ္မႈ ” တုိ႕ကို ပိုင္ဆိုင္လာတာ အတန္ဆံုးပါပဲ။
.
ဒါ႕အျပင္ အခုလို ကမၻာ႕အျမင္ရွိတဲ႕ လူငယ္ ( အခုေတာ႕လူလတ္ပိုင္း ) တစ္ေယာက္ဟာ သူျမင္ထားတဲ႕ စီးပြားေရး၊ လူမႈေရး နဲ႕ ႏုိင္ငံတကာအျမင္ေတြကို ျမန္မာႏုိင္ငံကုိျပန္သယ္သြားမယ္ဆုိတာ ဘယ္ေလာက္စိတ္ခ်မ္းသာဖို႕ေကာင္းလုိက္သလဲ? ပညာအထြဋ္အထိပ္မေရာက္ခဲ႕တဲ႕ျမန္မာႏုိင္ငံသားတစ္ေယာက္ေလ်ာ႕သြားခဲ႕တာမွန္ေပမယ္႕ အေမရိကားမွာအေျခခ်ဖူးတဲ႕ ႏိုင္ငံျခားသား ျမန္မာေသြးတစ္ေယာက္ ခရီးတစ္ေထာက္ျဖစ္ပါေစ၊ အေမ႕ရင္ခြင္ အေဖ႕လုပ္ငန္းမွာ ျပန္လည္ေပ်ာ္ေမြ႕ဖို႕ ၾကိဳဆုိကမ္းလက္ လွမ္းလုိက္ၾကရေအာင္လား..။
.
.
သိကြ်မ္းခဲ႕တဲ႕အခ်ိန္ေတြ နဲ႕ သင္ၾကားေပးခဲ႕တဲ႕အသိပညာမ်ားနဲ႕အတူ ေျပာျပေပးတဲ႕အေတြ႕အၾကံဳေတြအတြက္ အျမဲတမ္းေက်းဇူးတင္ေနမွာပါ “ တုိးနီ ”
.
.
ခင္လ်က္
.
01-22-2016
.

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
" တိုးနီ ရဲ႕အေမရိကန္အိပ္မက္ "  စာမူသည္ ( ၂ဝ၁၅ ) ခုႏွစ္ စက္တင္ဘာလထုတ္ Reallives Realstories မဂၢဇင္း အမွတ္ ( ၂၈ ) တြင္ အစ မွ အဆံုး ေဖာ္ျပပါရွိပါသည္။ စာျမည္းအခ်ိဳ႕ ကို Pdf. File ျဖင္႕ ေအာက္တြင္ဆြဲယူပါ
.
.
.
.
Myanmar Unicode Version:
.
.
“ တိုးနီရဲ့ပြည်တော်ဝင်ခရီး ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
မြန်မာနိုင်ငံအပြင်ဘက်ရောက်သူများက အမိနိုင်ငံပြန်ကြတယ်။ ပြည်တွင်းကလူတွေက အကြောင်းအရင်းခံမျိုးစုံနဲ့ နိုင်ငံခြားထွက်ကြတယ်။ သွားနေကျ လာနေကျသူတွေအတွက် ရေးကြီးခွင်ကျယ်မဟုတ်လှပေမယ့် “ တိုးနီ ” တစ်ယောက် မြန်မာနိုင်ငံပြန်မယ်ဆိုတာကတော့ တော်တော်ထူးဆန်းနေပါတယ်။ လွန်ခဲ့တဲ့နှစ်က ကျွန်တော်ရေးခဲ့တဲ့ ( ၁၆ ) ပိုင်းအထိရှိတဲ့ တိုးနီပြောပြတဲ့ကိုယ်တွေ့မှတ်တမ်းကိုဖတ်မိတဲ့မိတ်ဆွေတွေဆိုရင် တိုးနီ အမေရိကားကို ဘယ်ပုံဘယ်နည်း နဲ့ ခက်ခက်ခဲခဲရောက်လာခဲ့သလဲဆိုတာကို မှတ်မိပါလိမ့်မယ်။ ဒီလောက်ကြိုးစားခဲ့ရပြီး အခုတော့ မြန်မာနိုင်ငံပြန်မယ်ဆိုတော့ ..။
.
.
အစကပြောတော့ တစ်လလောက်ပြန်ပြီး အခြေအနေကြည့်မယ်လို့ သိထားတာပါ။ မိဘတွေနဲ့လည်းမတွေ့တာကြာ၊ မြန်မာနိုင်ငံကနေထွက်လာကတည်းက တစ်ခေါက်မှမပြန်ရသေးတော့ သူအိမ်တော်တော်လွမ်းနေရှာမှာပဲဆိုတာ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ဒီဘက်နိုင်ငံမှာအခြေကုတ်ယူခဲ့တဲ့အလုပ်၊ ဘဏ်တွေမှာဖွင့်ထားတဲ့စာရင်းအင်းတွေ၊ တယ်လီဖုန်းလိုင်း၊ အစိုးရဋ္ဌာနအသီးသီးက မှတ်ရေးမှတ်တာတွေကိစ္စရှိသေးတာမို့ ရှင်းရလင်းရနဲ့ နဂိုကရုန်းကန်ခဲ့ရတဲ့ အမေရိကားရောက်တိုးနီရဲ့ဘဝဟာလည်း လွယ်လှတယ်ဆိုတာ တစ်ခါမှမရှိပါဘူး။
.
အတိုချုံးပြန်ပြောရရင် ရန်ကုန်ကနေ စင်္ကာပူ၊ ထိုမှတစ်ဆင့်နယ်သာလန်၊ တစ်ဆက်တည်း ဘလစ်ဇ်နိုင်ငံကနေ မက္ကဆီကိုကိုသွား၊ တောလမ်းတွေလျှောက်ပြီးမှ အမေရိကန်နယ်စပ်ရောက်၊ မသေကောင်းမပျောက်ကောင်း ( ၁ ) နှစ်ခွဲလောက် ထိန်းသိမ်းရေးစခန်းမှာ ဝဋ်ဒုက္ခအမျိုးမျိုးခံရပြီး ကံအရ အမြဲတမ်းနေထိုင်ခွင့်လျှောက်ခဲ့ရသူပါ။ ဘာသာစကားအခက်အခဲ နဲ့ နေမှုထိုင်မှုသင်ယူမှုအသီးသီးကို သူတစ်ကာထက် ပုခုံးပေါ်တင်ပြီးကြိုးစားရင်း အချိန်တန်တော့ အမေရိကန်နိုင်ငံက တိုးနီကို နိုင်ငံသားဖြစ်ခွင့် - Neutralization ပေးရုံတင်မက လက်ဆောင်အနေနဲ့ ဖူးစားကိုပါရွေးပေးလိုက်ပါတယ်။
.
.
ဒါနဲ့ တိုးနီရဲ့ကြင်ယာလောင်းတစ်ဖြစ်လဲ မြန်မာနိုင်ငံကနေပြောင်းရွှေ့လာတဲ့မိန်းကလေးကို စကားပြောကြည့်တဲ့အခါ “ ဒီနိုင်ငံကို လူတော်တော်များများလာချင်တာ မှန်ပါတယ်။ လာလည်းလာသင့်ပါတယ်။ ဒါပေမယ့် အနေကြာလာတဲ့အခါ ဒီမှာမွေးတဲ့သူတွေနဲ့ယှဉ်ပြိုင်ဖို့ဆိုတာ တော်တော့ကိုမလွယ်တာပါ ”
.
သမီးကြိုးစားကြည့်သေးတယ်။ ကျောင်းတက်တယ်။ အလုပ်လုပ်တယ် .. ငွေစုတယ်။ ဒါပေမယ့် ဘယ်လောက်လုပ်လုပ် ဘယ်လောက်ကြာကြာ ဝန်ထမ်းဘဝကမတက်နိုင်ဘူး။ ဒီမြေမှာနေ ဒီမြေမှာသေမယ့်သူများအတွက်တော့ အငြိမ်းစားငွေသား နဲ့ ပင်စင်စားဆိုရင်အဆင်ပြေနိုင်မယ်လေ ”
.
.
ဒါပေမယ့် သမီး နဲ့ တိုးနီ နဲ့ အသေအချာတိုင်ပင်ပြီးသွားပြီ။ သူများလက်အောက်မှာ အလုပ်သမားမလုပ်ချင်ဘူး။ မြန်မာနိုင်ငံမှာလည်း မိဘကလုပ်ငန်းကိုင်ငန်းလည်းရှိတော့ အစပိုင်းတော့ သူတို့လုပ်ငန်းမှာ ဦးစီးပြီး အလိုက်သင့်ဝင်လုပ်မယ်။ နောက်ပိုင်းမှာ ကိုယ့်လမ်းကိုယ်လျှောက်မယ် ” လို့ ရဲရဲဝင့်ဝင့်ပြောပြတဲ့ ဒီမိန်းကလေးကို တိုးနီတွေ့လိုက်တာဟာ အတိတ်ကံက ထပ်မံအကျိုးပေးတာပါပဲ။
.
ကျွန်တော်တို့နှစ်ယောက်က အသွင်တူလို့ အိမ်သူဖြစ်တာ ” လို့ ဝင်ပြောသူက တိုးနီ ပါ။ “ အစပိုင်းကတော့ ကျေးဇူးရှင်မိဘတွေကိုပြန်ကူညီရင်း လုပ်ငန်းလေ့လာပြီး အမေရိကားကကိစ္စတွေ ရှင်းလင်းမှ ဝန်ထမ်းဘဝအဆုံးသတ်မယ်လို့ တွက်ထားတာ။ ဒီတစ်ခေါက်က မြန်မာနိုင်ငံကိုအပြီးပြန်မယ်လို့ ဆုံးဖြတ်လိုက်ကြပြီ ”
.
.
ဒါနဲ့ ကျွန်တော်က “ ခင်များတို့ ( ၂ ) ယောက် ဘယ်တော့ မင်္ဂလာဆောင်မှာလဲ ” လို့ မေးလိုက်တော့ “ ရန်ကုန်ပြန်ရောက်မှ မိဘတွေနဲ့တိုင်ပင်ပြီးစီစဉ်မယ် ” လို့ ပြန်ပြောပါတယ်။ “ ဒါဆိုရင် အခုတစ်ခေါက်က တစ်ကယ်ပြန်မှာကတစ်ကြောင်း၊ အမေရိကားမှာနေခဲ့တာ ( ၇ ) နှစ် ( ၈ ) နှစ်ရှိနေတာကတစ်ကြောင်း တစ်ခုလောက်မေးချင်တယ်။ တစ်လကို အများဆုံးငွေဘယ်လောက်စုနိုင်ခဲ့သလဲ ” လို့ မေးကြည့်တဲ့အခါ ..
.
ဆရာညီညီ ရယ် .. စုနိုင်တယ်ရယ်လို့ သိပ်မရှိပါဘူး။ နည်းတဲ့လဆို မစုနိုင်တဲ့အပြင် အများဆုံးစုနိုင်တဲ့လက ဒေါ်လာ ( ၅ဝဝ ) လောက်နဲ့ အချိန်ပိုရှိတဲ့လရတယ်ဆိုတဲ့အခါတောင် ( ၁ဝဝဝ ) ဆိုတာ မပြည့်ဘူး။ အခုကြည့်လေ .. ကျွန်တော်တို့အိမ်ထောင်ပြုလိုက်မယ်ဆိုရင် နောက်ဆို ကလေးတွေ ဘာတွေရှိလာတော့မယ်။ ရတဲ့လခက အိမ်ငှားခပေးရ၊ မီတာခ၊ ဖုန်းခ၊ ကားအာမခံ၊ ဆီဖိုး စသဖြင့် ကုန်စရာ - Bill တွေက အရင်လာတာ။ ကိုယ်စုတယ်ဆိုတာ ကုန်စရာမရှိမှ ” တိုးနီ ရဲ့ စကားသံနောက်မှာ ကျွန်တော်မေးစရာ သိပ်မကျန်တော့ပါဘူး။ သူ့အဖြေကတိုပေမယ့် ကျွန်တော့အတွေးတွေက ရှည်လျားထွေပြားလွန်းတယ်။
.
.
သူ့စကားတွေဟာ ( ၈ ) ရက် ( ၈ ) မနက် စဉ်းစားပြီးပြောတဲ့စကားမဟုတ်ပဲ ( ၈ ) နှစ်ကျော်ကြာဒုက္ခခံပြီးသိလာတဲ့အသိဆိုတာ ကျွန်တော်သေချာသိတယ်။ မြန်မာတွေဟာ အမေရိကန်စကားပြောတဲ့ဒေသခံတွေကိုကျော်နိုင်ဖို့က စာအရမ်းတတ်ရမယ်၊ စကားကို လည်ထွက်နေအောင်ပြောနိုင်ရမယ် ..  ဒီအခြေအနေဆိုရင် အလုပ်သမားခေါင်းဆောင် - Lead ၊ ဒီကနေ ကုမ္ပဏီမပြောင်းဘူးဆိုရင် တစ်ဆင့်တက်ပြီး ကြီးကြပ်ရေးမှူး - Supervisor ဖြစ် ၊ ဒါဆို ကမ်းကုန်ပြီ။ အတန်းတက် ပညာတတ် လူငယ်ကျောင်းဆင်းတွေကတော့ ဒီထက်သာမှာသေချာပေမယ့် အတွေ့အကြုံရင့်ကျက်လာတဲ့ တိုးနီ ရဲ့စကားမှာ သတိပေးချက်တွေက ရာသီဥတုဆိုးရွားမှုကို ကြိုတင်ဟောကိန်းထုတ်နေသကဲ့သို့ ရှိနေပါတယ်။
.
သူက ( ၆ ) လတန်သည် ( ၁ ) နှစ်တန်သည် အမေရိကားကို ပြန်ပြန်ဝင်မယ်။ ဒီကြားထဲမှာ မြန်မာနိုင်ငံမှာလုပ်ငန်းထူထောင်မယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကိုဖန်တီးမယ်။ သူသိထားတဲ့အသိပညာတွေကို ပြန်ဖြန့်ဝေပေးမယ်။ တတ်နိုင်ရင် ရန်ကုန်က အမေရိကန်သံရုံးမှာ နေထိုင်ခွင့်သက်တမ်းတိုးမယ်။ မိဘတွေကတော့ တိုးနီ ကို သွားလိုက် လာလိုက်လုပ်စေချင်ပေမယ့် ပုံမှန်သွား၊ ပုံမှန်စားဘဝမှာ မနေချင်တော့တဲ့ တိုးနီ တွေးနေမယ့်အကြောင်းတွေကို ကျွန်တော်ကူစဉ်းစားကြည့်နေမိတယ်။
.
.
ကျွန်တော် တိုးနီ နဲ့ သိခဲ့တဲ့သက်တမ်းမှာ ဒီနေ့ဟာ စိတ်မကောင်းရဆုံးနေ့တစ်နေ့ပါ။ ဒါပေမယ့် ကျွန်တော်ပျော်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူဋ္ဌေးသား တိုးနီဟာ အောက်သက်ကြေလာခဲ့သလို အမေရိကားရောက်မြန်မာတွေကြားမှာတွေ့ရခဲတဲ့ “ ရိုးသားမှု၊ အချင်းချင်းကူညီတတ်မှု ” တို့ကို ပိုင်ဆိုင်လာတာ အတန်ဆုံးပါပဲ။
.
ဒါ့အပြင် အခုလို ကမ္ဘာ့အမြင်ရှိတဲ့ လူငယ် ( အခုတော့လူလတ်ပိုင်း ) တစ်ယောက်ဟာ သူမြင်ထားတဲ့ စီးပွားရေး၊ လူမှုရေး နဲ့ နိုင်ငံတကာအမြင်တွေကို မြန်မာနိုင်ငံကိုပြန်သယ်သွားမယ်ဆိုတာ ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းလိုက်သလဲ? ပညာအထွဋ်အထိပ်မရောက်ခဲ့တဲ့မြန်မာနိုင်ငံသားတစ်ယောက်လျော့သွားခဲ့တာမှန်ပေမယ့် အမေရိကားမှာအခြေချဖူးတဲ့ နိုင်ငံခြားသား မြန်မာသွေးတစ်ယောက် ခရီးတစ်ထောက်ဖြစ်ပါစေ၊ အမေ့ရင်ခွင် အဖေ့လုပ်ငန်းမှာ ပြန်လည်ပျော်မွေ့ဖို့ ကြိုဆိုကမ်းလက် လှမ်းလိုက်ကြရအောင်လား..။
.
.
သိကျွမ်းခဲ့တဲ့အချိန်တွေ နဲ့ သင်ကြားပေးခဲ့တဲ့အသိပညာများနဲ့အတူ ပြောပြပေးတဲ့အတွေ့အကြုံတွေအတွက် အမြဲတမ်းကျေးဇူးတင်နေမှာပါ “ တိုးနီ ”
.
.
ခင်လျက်
.
01-22-2016
.
“ တုိးနီရဲ႕ျပည္ေတာ္ဝင္ခရီး ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဒီဇင္ဘာလ ( ၃၁ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၆၇ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။




No comments: