ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, August 2, 2017

ျမန္မာအြန္လိုင္း Facebook စာေရးသူမ်ားမာတိကာ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. တကယ္လို႕ မိတ္ေဆြဟာ ဒီစာကိုဖတ္ေနမိျပီဆိုရင္ ကြ်န္ေတာ္နဲ႕အရင္ကခင္မင္ခဲ႕တာထက္ ျမန္မာအြန္လိုင္း Facebook ေလာကမွာစာေရးမိတဲ႕ေနာက္ပိုင္း ကြ်န္ေတာ္နဲ႕ Friend ျဖစ္ခဲ႕သူလို႕ ယူဆမိပါတယ္။
.
. အခုလုိမွန္းၾကည္႕ႏိုင္တာကလည္း ဒီဘက္ေျမေရာက္တဲ႕အခါ ကြ်န္ေတာ္နဲ႕အေသြးအသားေတာ္စပ္တဲ႕ေဆြမ်ိဳးေတြ၊ ငယ္ဘဝတုန္းကသူငယ္ခ်င္းေတြ၊ ကုန္သည္ဘဝတုန္းကမိတ္ေဆြေတြ နဲ႕ စြန္႕ခြာခဲ႕တဲ႕ျပည္ေတာ္ၾကီးကသိခဲ႕ရင္းႏွီးခဲ႕တဲ႕သူငယ္ခ်င္းေတြနဲ႕တျဖည္းျဖည္းကင္းေဝးလာလို႕ပါပဲ။
.
.
. ယံုမလားေတာ႕မသိဘူး . . Facebook ဆိုတဲ႕ လူမႈဆက္ဆံေရးယႏၱရားဟာ " နီးတဲ႕လူကိုေဝးေစျပီး ေဝးတဲ႕လူကိုနီးေစတယ္ " လို႕ ေျပာခ်င္တယ္။ စဥ္းစားၾကည္႕ေလ . . ေန႕တုိင္းေတြ႕ေနရတဲ႕လုပ္ေဖာ္ကိုင္ဖက္ နဲ႕ သူငယ္ခ်င္းေတြက ျပင္ပလက္ေတြ႕ျမင္သိထိစပ္မႈကေန ကြန္ပ်ဴတာ နဲ႕ လက္ကိုင္ဖုန္းေပၚမွာ မဆက္ဆံၾကေတာ႕ဘူး။
.
. တစ္ခ်ိန္တည္းမွာ အရင္က မျမင္ဖူး၊ မသိဖူး၊ မဆံုခဲ႕ဖူး၊ မသိကြ်မ္းခဲ႕ဖူးသူမ်ားနဲ႕ ျမန္မာအြန္လိုင္းေဖ႕စ္ဘြတ္ခ္ေလာကမွာ Friend လာျဖစ္ေနတယ္။
ဒါေၾကာင္႕ ေခ်ာင္းတစ္ခ်က္ဟန္႕လိုက္ရင္ Like ေပးတာသူတုိ႕ပဲ။
စိတ္ဓါတ္က်တဲ႕ပို႕စ္တစ္ခုတင္မိျပီဆို အားေပးေနတာ ဒီမိတ္ေဆြေတြပဲ။
တစ္ခါတစ္ခါ ဆရာ မလုပ္လိုေပမယ္႕ အသိပညာၾကြယ္ေစတဲ႕ပို႕စ္တစ္ခုတင္မိရင္ ဗဟုသုတရပါတယ္၊ သင္ယူရပါတယ္ဆုိတဲ႕ Comment ေတြဖတ္ရေတာ႕ အင္မတန္ေပ်ာ္ရပါတယ္။

.
.
. ဒီေတာ႕ . . စဥ္းစားၾကည္႕ . . ျမန္မာအြန္လိုင္း Facebook ဟာ သုံးစြဲသူမ်ားလာတာနဲ႕အမွ် ေလ႕လာစရာ မတရားမ်ားလာတယ္။ ဒါနဲ႕အတူ ကိုယ္သိထား၊ ကုိယ္သိထား၊ ကိုယ္ၾကံဳဖူးထားတာကို ျပန္လည္မွ်ေဝခ်င္တဲ႕ ျမန္မာအြန္လိုင္းေဖ႕စ္ဘြတ္ခ္စာေရးသူေတြ ရွိလာတယ္။ ေစတနာမွန္သူေတြေပါမ်ားလာတယ္။ ကေလာင္နဲ႕စြမ္းေဆာင္ႏုိ္င္သူေတြ အြန္လိုင္းေပၚမွာ တုိးပြားလာတယ္။
.
. ဒီထဲက ကြ်န္ေတာ္သိထားသမွ်ကို စာရင္းလုပ္ထားၾကည္႕မိတယ္။ (မွတ္ခ်က္။ လူပုဂိၢဳလ္ေတြရဲ႕နာမယ္ကုိ Tag ရတာလြယ္ေအာင္လုိ႕ ဦး/ေဒၚ ၊ ကုိ/မ နဲ႕ စာေရးဆရာ/ဆရာမ စတဲ႕ ဂုဏ္ပုဒ္ေတြကိုေရွ႕ကမထည္႕ပဲ Facebook အဂၤလိပ္နာမယ္စာလံုးေပါင္းရဲ႕အကၡရာစဥ္အလိုက္ ေရးပါမယ္)
.
.
.
ႏိုင္ငံေရးသိပၸံ နဲ႕ ေက်ာင္းေလာက၊ တကၠသိုလ္အေၾကာင္း၊ ေက်ာင္းသားလႈပ္ရွားမႈအေၾကာင္းေတြကို ကမၻာ႕သမုိင္းအထိေျခဆန္႕ျပီး အျမဲေရးျပေနတဲ႕ @Aung Moe Win
.
.
ပန္းခ်ီကို ပညာရွင္ဆန္ဆန္ေရးဆြဲရံုမက အတတ္ပညာအားျဖင္႕ ျပန္လည္ပုိ႕ခ်ေပးေနတဲ႕ @Aung Myat Htay
.
.
စာဖတ္အားအလြန္ေကာင္းျပီး စာေကာင္းစာသန္႕ေလးေတြကို ျမတ္ႏိုးဖြယ္ရာ သုတေလးေတြအျမဲေရးတတ္တဲ႕ @Aung Moe
.
.
ကုိယ္တိုင္လုပ္ငန္းရွင္၊ ကိုယ္တိုင္ကုမၸဏီအၾကီးတန္းအရာရွိ၊ ကိုယ္တုိင္စာေရးျပီး နည္းပညာ နဲ႕ တက္သစ္စကုမၸဏီအေၾကာင္းေတြေျပာျပ၊ ေရးျပေနတဲ႕ @Aung Kham
.
.
ျပည္ပေက်ာင္းသြားတက္ဖို႕ နဲ႕ ႏုိင္ငံတကာေကာလိပ္ေတြအေၾကာင္းအျမဲရွင္းျပ၊ ေရးသားျပေနတဲ႕ @Aung Kyaw San
.
.
ႏိုင္ငံေရး နဲ႕ အႏုပညာ၊ ေလာကအေတြ႕အၾကံဳေတြေရးျပီး တြန္းတြန္းတိုက္တိုက္အေတြးအေခၚေတြနဲ႕ @Aung Zaw Min
.
.
အစုိးရပိုင္းသာမက ႏုိ္င္ငံတကာအထိ အုပ္ခ်ဳပ္မႈယႏၱရားမွာ နည္းပညာကြ်မ္းက်င္သေလာက္ စာအေရးမွာလည္းလက္စြမ္းထက္တဲ႕ @Aung Myo Win
.
.
ေလယာဥ္အေၾကာင္း ေလေၾကာင္းလုိင္းအေၾကာင္း နဲ႕ အာစီယံအသိုင္းအဝိုင္းအထိေပါက္ေရာက္ျပီး လူငယ္ေတြတုိးတက္ဖို႕ အျမဲေရးျပတတ္တဲ႕ @Aung Soe Moe
.
.
ဘဝေပးတဲ႕လက္က်န္ရက္ကို တရားဘာဝနာပြားရင္း ခ်စ္ျခင္းေမတၱာ၊ ေအးခ်မ္းသာယာစြာ နဲ႕ ကံကုန္သြားတဲ႕အထိ အသိ နဲ႕ သတိျမဲႏုိင္သေလာက္ စာေရးခဲ႕၊ အသံထြက္ဝတၱဳေတြဖတ္ၾကားခဲ႕တဲ႕ @Cho Mar Nyunt (ကြယ္လြန္)
.
.
ျမန္မာလိုေရးတာအားမရလို႕ အဂၤလိပ္လုိေရး၊ အဂၤလိပ္လိုသင္ရတာအားမရလို႕ ဘုိေတြကိုျမန္မာစာျပန္သင္ေပးေနတဲ႕ @Kenneth Wong
.
.
မသိတာမရွိ မတတ္ေသးတာသာရွိမယ္ဆိုျပီး လူငယ္ေတြကိုအားေပးရံုမက ေျပာ . . ၾကည္႕ . . မယ္ . . ေနာ္ လို႕ မရဲတရဲဟန္နဲ႕အျမဲႏွိမ္႕ခ်သြန္သင္ေရးသားျပသေနတဲ႕ @Koung Loon
.
.
ကုိယ္႕တုန္းကၾကံဳရတဲ႕အျဖစ္အပ်က္ေတြကို သိပါေစ၊ ေလ႕လာႏုိင္ပါေစ၊ ေရွာင္က်ဥ္ႏုိင္ပါေစဆုိတဲ႕ေစတနာနဲ႕ေရးျပေနတဲ႕ @Kyaw Swa Min
.
.
လူငယ္ပညာတတ္ပီပီ စာႏုေလးေတြထုဆစ္ရင္း ေကာင္းမြန္ေသသပ္တဲ႕စာစီ စာစဥ္ေလးေတြေရးတတ္တဲ႕ @Kyi Cin Thant
.
.
အမွား နဲ႕ အမွန္ အျမဲခြဲျခားျပီး လူငယ္စိတ္နဲ႕ မမွန္ကန္တဲ႕ေပၚလစီမွန္သမွ် သမိုင္းေၾကာင္းအထိျပန္သြားျပီး ရွင္းျပ၊ ေရးျပ၊ ေျပာျပတတ္တဲ႕ @Min Myat Maung
.
.
တစ္ခုခုဆုိရင္ စာဖတ္အားေကာင္းသေလာက္ ေရးဟန္မွာလည္း လက္သြက္လွတဲ႕အျပင္ ေခတ္နည္းပညာကိုလည္းမပယ္တဲ႕ ေက်ာင္းသားေဟာင္းၾကီး @Moe Hein
.
.
နယ္ျခားေျမေဝးမွာသာသနာျပဳေနရေပမယ္႕ ျမန္မာအမ်ားစုရဲ႕ခ်စ္ျမတ္ႏိုးျခင္းကိုခံရျပီး ကိုယ္ေတာ္ကုိယ္တုိင္ တရားေဒသနာကုိ လူအမ်ားနားလည္ေအာင္ အျမဲေရးျပ၊ ရွင္းျပ၊ ေဟာေျပာျပ၊ ေရးသားျပေနတဲ႕ @Mudita Shwe Kyaung
.
.
ႏိုင္ငံျခားအေတြ႕အၾကံဳေတြကို မခြ်င္းမခ်န္ေျပာျပတတ္ျပီး မိန္းမသားခ်င္းအားအျမဲေပးတတ္၊ မွ်ေဝတတ္ျပီး ကုိယ္ခ်င္းစာတဲ႕စာေကာင္းေလးေတြေရးတတ္တဲ႕ @Myatthiri Kyaw
.
.
ထူးထူးျခားျခား ေရွာင္ရန္ ေဆာင္ရန္ဗီဒီယုိေလးေတြ ၾကံၾကံဖန္ဖန္ရွာေဖြတင္ေပးတတ္ျပီး အက်ိဳးျပဳစာ၊ ေဝဖန္ေရးစာေတြ၊ လူငယ္ေတြအားျဖစ္မယ္႕စာေတြေရးတတ္တဲ႕ @Kyaw Sein
.
.
Just Reporting လို႕ေျပာျပီး သူကခ်ည္းေျပာေျပာသြားလို႕ လုိက္လိုက္ဖတ္ေနရတဲ႕ @Myo Han Htun
.
.
ျမန္မာမႈျမန္မာဟန္ေတြကုိ ကိုယ္တုိင္ေရာ သားသမီးေတြကုိပါသြန္သင္ရင္း စာညြန္႕ေလးေတြေရးေနတဲ႕ @Nilar Page
.
.
ျပံဳးျပံဳးေလး နဲ႕ စာခ်ိဳခ်ိဳေလးေတြေရး၊ သူ႕စာေတြထဲမွာအျမဲစိမ္႕ဝင္သြားေအာင္ အကုိးအကားနဲ႕ အျမဲေရးျပတတ္တဲ႕ @Phyo Ko Ko Naing
.
.
ငယ္ရြယ္တာနဲ႕မလုိက္ပဲ စာအေရးေကာင္းျပီး ခ်က္က် လက္က်ေျပာတတ္၊ ေဝဖန္ေထာက္ျပတတ္၊ ေက်ာင္း နဲ႕ ပညာေရးအေၾကာင္း၊ ႏုိင္ငံျခားအေတြ႕အၾကံဳေတြအေၾကာင္းအျမဲေရးတတ္တဲ႕ ဓါတ္ပံုဝါသနာအိုးေလး @Poe Phyu Thant
.
.
နည္းပညာတစ္ခုခုကို ကိုယ္တိုင္ေလ႕လာမွၾကိဳက္ႏွစ္သက္ျပီး လူငယ္ေတြကိုအျမဲအားေပးေနတဲ႕၊ စာေရးျခင္းအျပင္ အြန္လိုင္းက်ဴတိုရီယယ္ေတြအမ်ားၾကီးတင္ထားေပးတဲ႕ @Sai Linn Thu
.
.
လူငယ္ေပမယ္႕ လက္တစ္ဘက္မွာေဆးထုိးအပ္ကိုင္၊ ေနာက္တစ္ဘက္မွာမိုက္ခရိုဖုန္းကိုင္ရံုမက စာေပဆုေတြရတဲ႕အထိ ရသေလးေတြေရးေနတဲ႕ @Soe Thura
.
.
ေရးသေလာက္ေနာက္တတ္ျပီး ေနာက္သေလာက္ေရးတတ္တဲ႕ ပရဟိတဘက္ေတာ္သား လူေပ်ာ္ၾကီး @Than Tun Oo
.
.
ကုိယ္တုိင္က အဂၤလိပ္စာအင္မတန္ကြ်မ္းက်င္သလို ဂီတဘက္မွာလည္း ခေရေစ႕တြင္းက်သိတဲ႕အျပင္ လူငယ္ေတြကိုိ လူငယ္ဆန္ဆန္ ေပါင္းသင္း-ရွင္းျပ-ေရးသားေနတဲ႕ @Thant Zin Myint
.
.
ကမၻာ႕သတင္း Update ေတြကို ျဖစ္ပ်က္ေနတာနဲ႕တစ္ေျပးညီ ဖတ္သူမပ်င္းရေအာင္ ခပ္တိုတိုေလးတစ္ဆက္တည္းအျမဲေရးျပတတ္တဲ႕ @Thiri Htetsan
.
.
ေဝဖန္စရာဆုိရင္ အားမနာ၊ ေန႕တိုင္းစာတစ္ပုဒ္မေရးရ မေနႏုိင္ဘူးလို႕အျမဲေျပာျပ၊ ေခတ္အမွားေတြကုိ အျမဲမီးေမာင္းထုိးျပေနတဲ႕ @Tin Nyunt
.
.
နည္းပညာအေၾကာင္း နဲ႕ ေခတ္နဲ႕ေလ်ာ္ညီတဲ႕လူေနမႈစံနစ္ကအစ လူငယ္ေတြကေန အစုိးရယႏၱရားလည္ပတ္မႈအထိ စာအရွည္ၾကီးေတြစိတ္ရွည္လက္ရွည္ေရးျပေနတဲ႕ @Ye Myat Thu
.
.
ေျပာလုိက္ရင္ အတံုးလိုက္အတစ္လိုက္၊ တစ္ကယ္တမ္း ညသန္းေခါင္ေက်ာ္တာေတာင္ လူေတြကိုကူညီေဖးမမႈ မျပတ္တဲ႕အျပင္ စာကေရးလုိက္ေသး . . လို႕ ဆုိတဲ႕ @Zaw Minn Htun
.
.
ကားအေၾကာင္း၊ လမ္းအေၾကာင္း၊ ယာဥ္စည္းကမ္းအေၾကာင္း၊ ေမာ္ေတာ္ယာဥ္ေပၚလစီေတြအထိသာမက လူမႈေရး၊ လူသားခ်င္းကူညီမႈကိစၥရပ္ေတြမွာ စာေရးရင္းပါဝင္လႈပ္ရွားေနတဲ႕ @အရည္ၾကိဳ . . . .
.
စတဲ႕ ရဟန္း၊ လူပုဂိၢဳလ္ေတြကို မိတ္ေဆြမ်ား သိၾကမွာပါ။
.
.
. ဒီစာရင္းကိုၾကည္႕ျပီး မူးေတာ႕မသြားပါနဲ႕ဦး။ ဒီလူေတြထဲမွာ အမ်ားအားျဖင္႕ Facebook မွာ နာမယ္ၾကီးၾကတယ္၊ အလုပ္မ်ားၾကတယ္၊ ပညာတတ္ၾကတယ္။ တစ္ခ်ိဳ႕က စာအုပ္ထုတ္ျဖစ္ျပီး တစ္ခ်ိဳ႕က အြန္လိုင္းစာေရးသူအေနနဲ႕ အမ်ားအတြက္ ရပ္တည္ၾကတဲ႕အျပင္ အဓိက အေကာင္း/အဆုိး၊ အေၾကာင္း/အက်ိဳး နဲ႕ အမွား/အမွန္ တုိ႕ကို ေဝခြဲျပီး နည္းလမ္းက်က်ေဖာ္ျပ ေရးျပတတ္ၾကတယ္။
.
. အားလံုးကိုၾကည္႕လိုက္ရင္ ဘယ္သူက ဘယ္သူ႕ၾသဇာလႊမ္းမိုးမႈကိုမွမခံလုိပဲ ကိုယ္႕ထမင္းကိုယ္စားရပ္တည္ေနၾကသူေတြခ်ည္းပဲ။ ဘယ္ပါတီ ဘယ္အဖြဲ႕အစည္းပိုေကာင္းသလဲဆုိတာထက္ ဘယ္အသင္း ဘယ္အဝိုင္းက မမွန္တာေတြလုပ္ေနသလဲဆုိတာ မသိ မရွိရေလေအာင္ အကင္းပါးၾကတယ္။ သူတို႕ကိုယ္ပိုင္ပရိသတ္ေတြနဲ႕အတူ Signature Article ေတြ ကုိယ္စီကုိယ္ငွ ပုိင္ဆုိင္ထားၾကတယ္။
.
.
. ဒီစာရင္းမွာပါတဲ႕သူေတြထဲက (၄) ဦးနဲ႕သာ ကြ်န္ေတာ္နဲ႕အျပင္မွာဆံုဖူးတယ္။ တစ္ခ်ိဳ႕လည္း ကြ်န္ေတာ႕ကိုသိသလို အမ်ားအားျဖင္႕က သူတုိ႕အလုပ္နဲ႕သူတို႕ရႈတ္ေနလို႕ အထူးတလည္ဂရုမျပဳမိၾကပါဘူး။
.
. ကြ်န္ေတာ္ကေတာ႕ စြဲစြဲျမဲျမဲ မေတာက္တေခါက္စာေတြေရးျဖစ္ေနတယ္ဆုိတာကလြဲျပီး ဘာရယ္လို႕ ထူးထူးေထြေထြမဟုတ္ပဲ (သိထားသေလာက္ကိုသာ၊ ပုဂၢိဳလ္ေရးရာမပါ) အမ်ားအတြက္စာရင္းလုပ္ေပးလိုက္ပါတယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 08-1-2017
.
.
Unicode Version:
.
.
. " မြန်မာအွန်လိုင်း Facebook စာရေးသူများမာတိကာ "
. တကယ်လို့ မိတ်ဆွေဟာ ဒီစာကိုဖတ်နေမိပြီဆိုရင် ကျွန်တော်နဲ့အရင်ကခင်မင်ခဲ့တာထက် မြန်မာအွန်လိုင်း Facebook လောကမှာစာရေးမိတဲ့နောက်ပိုင်း ကျွန်တော်နဲ့ Friend ဖြစ်ခဲ့သူလို့ ယူဆမိပါတယ်။
.
. အခုလိုမှန်းကြည့်နိုင်တာကလည်း ဒီဘက်မြေရောက်တဲ့အခါ ကျွန်တော်နဲ့အသွေးအသားတော်စပ်တဲ့ဆွေမျိုးတွေ၊ ငယ်ဘဝတုန်းကသူငယ်ချင်းတွေ၊ ကုန်သည်ဘဝတုန်းကမိတ်ဆွေတွေ နဲ့ စွန့်ခွာခဲ့တဲ့ပြည်တော်ကြီးကသိခဲ့ရင်းနှီးခဲ့တဲ့သူငယ်ချင်းတွေနဲ့တဖြည်းဖြည်းကင်းဝေးလာလို့ပါပဲ။
.
.
. ယုံမလားတော့မသိဘူး . . Facebook ဆိုတဲ့ လူမှုဆက်ဆံရေးယန္တရားဟာ " နီးတဲ့လူကိုဝေးစေပြီး ဝေးတဲ့လူကိုနီးစေတယ် " လို့ ပြောချင်တယ်။ စဉ်းစားကြည့်လေ . . နေ့တိုင်းတွေ့နေရတဲ့လုပ်ဖော်ကိုင်ဖက် နဲ့ သူငယ်ချင်းတွေက ပြင်ပလက်တွေ့မြင်သိထိစပ်မှုကနေ ကွန်ပျူတာ နဲ့ လက်ကိုင်ဖုန်းပေါ်မှာ မဆက်ဆံကြတော့ဘူး။
.
. တစ်ချိန်တည်းမှာ အရင်က မမြင်ဖူး၊ မသိဖူး၊ မဆုံခဲ့ဖူး၊ မသိကျွမ်းခဲ့ဖူးသူများနဲ့ မြန်မာအွန်လိုင်းဖေ့စ်ဘွတ်ခ်လောကမှာ Friend လာဖြစ်နေတယ်။
ဒါကြောင့် ချောင်းတစ်ချက်ဟန့်လိုက်ရင် Like ပေးတာသူတို့ပဲ။
စိတ်ဓါတ်ကျတဲ့ပို့စ်တစ်ခုတင်မိပြီဆို အားပေးနေတာ ဒီမိတ်ဆွေတွေပဲ။
တစ်ခါတစ်ခါ ဆရာ မလုပ်လိုပေမယ့် အသိပညာကြွယ်စေတဲ့ပို့စ်တစ်ခုတင်မိရင် ဗဟုသုတရပါတယ်၊ သင်ယူရပါတယ်ဆိုတဲ့ Comment တွေဖတ်ရတော့ အင်မတန်ပျော်ရပါတယ်။
.
.
. ဒီတော့ . . စဉ်းစားကြည့် . . မြန်မာအွန်လိုင်း Facebook ဟာ သုံးစွဲသူများလာတာနဲ့အမျှ လေ့လာစရာ မတရားများလာတယ်။ ဒါနဲ့အတူ ကိုယ်သိထား၊ ကိုယ်သိထား၊ ကိုယ်ကြုံဖူးထားတာကို ပြန်လည်မျှဝေချင်တဲ့ မြန်မာအွန်လိုင်းဖေ့စ်ဘွတ်ခ်စာရေးသူတွေ ရှိလာတယ်။ စေတနာမှန်သူတွေပေါများလာတယ်။ ကလောင်နဲ့စွမ်းဆောင်န်ိုင်သူတွေ အွန်လိုင်းပေါ်မှာ တိုးပွားလာတယ်။
.
. ဒီထဲက ကျွန်တော်သိထားသမျှကို စာရင်းလုပ်ထားကြည့်မိတယ်။ (မှတ်ချက်။ လူပုဂ္ဂိုလ်တွေရဲ့နာမယ်ကို Tag ရတာလွယ်အောင်လို့ ဦး/ဒေါ် ၊ ကို/မ နဲ့ စာရေးဆရာ/ဆရာမ စတဲ့ ဂုဏ်ပုဒ်တွေကိုရှေ့ကမထည့်ပဲ Facebook အင်္ဂလိပ်နာမယ်စာလုံးပေါင်းရဲ့အက္ခရာစဉ်အလိုက် ရေးပါမယ်)
.
.
.
နိုင်ငံရေးသိပ္ပံ နဲ့ ကျောင်းလောက၊ တက္ကသိုလ်အကြောင်း၊ ကျောင်းသားလှုပ်ရှားမှုအကြောင်းတွေကို ကမ္ဘာ့သမိုင်းအထိခြေဆန့်ပြီး အမြဲရေးပြနေတဲ့ @Aung Moe Win
.
.
ပန်းချီကို ပညာရှင်ဆန်ဆန်ရေးဆွဲရုံမက အတတ်ပညာအားဖြင့် ပြန်လည်ပို့ချပေးနေတဲ့ @Aung Myat Htay
.
.
စာဖတ်အားအလွန်ကောင်းပြီး စာကောင်းစာသန့်လေးတွေကို မြတ်နိုးဖွယ်ရာ သုတလေးတွေအမြဲရေးတတ်တဲ့ @Aung Moe
.
.
ကိုယ်တိုင်လုပ်ငန်းရှင်၊ ကိုယ်တိုင်ကုမ္ပဏီအကြီးတန်းအရာရှိ၊ ကိုယ်တိုင်စာရေးပြီး နည်းပညာ နဲ့ တက်သစ်စကုမ္ပဏီအကြောင်းတွေပြောပြ၊ ရေးပြနေတဲ့ @Aung Kham
.
.
ပြည်ပကျောင်းသွားတက်ဖို့ နဲ့ နိုင်ငံတကာကောလိပ်တွေအကြောင်းအမြဲရှင်းပြ၊ ရေးသားပြနေတဲ့ @Aung Kyaw San
.
.
နိုင်ငံရေး နဲ့ အနုပညာ၊ လောကအတွေ့အကြုံတွေရေးပြီး တွန်းတွန်းတိုက်တိုက်အတွေးအခေါ်တွေနဲ့ @Aung Zaw Min
.
.
အစိုးရပိုင်းသာမက န်ိုင်ငံတကာအထိ အုပ်ချုပ်မှုယန္တရားမှာ နည်းပညာကျွမ်းကျင်သလောက် စာအရေးမှာလည်းလက်စွမ်းထက်တဲ့ @Aung Myo Win
.
.
လေယာဉ်အကြောင်း လေကြောင်းလိုင်းအကြောင်း နဲ့ အာစီယံအသိုင်းအဝိုင်းအထိပေါက်ရောက်ပြီး လူငယ်တွေတိုးတက်ဖို့ အမြဲရေးပြတတ်တဲ့ @Aung Soe Moe
.
.
ဘဝပေးတဲ့လက်ကျန်ရက်ကို တရားဘာဝနာပွားရင်း ချစ်ခြင်းမေတ္တာ၊ အေးချမ်းသာယာစွာ နဲ့ ကံကုန်သွားတဲ့အထိ အသိ နဲ့ သတိမြဲနိုင်သလောက် စာရေးခဲ့၊ အသံထွက်ဝတ္တုတွေဖတ်ကြားခဲ့တဲ့ @Cho Mar Nyunt (ကွယ်လွန်)
.
.
မြန်မာလိုရေးတာအားမရလို့ အင်္ဂလိပ်လိုရေး၊ အင်္ဂလိပ်လိုသင်ရတာအားမရလို့ ဘိုတွေကိုမြန်မာစာပြန်သင်ပေးနေတဲ့ @Kenneth Wong
.
.
မသိတာမရှိ မတတ်သေးတာသာရှိမယ်ဆိုပြီး လူငယ်တွေကိုအားပေးရုံမက ပြော . . ကြည့် . . မယ် . . နော် လို့ မရဲတရဲဟန်နဲ့အမြဲနှိမ့်ချသွန်သင်ရေးသားပြသနေတဲ့ @Koung Loon
.
.
ကိုယ့်တုန်းကကြုံရတဲ့အဖြစ်အပျက်တွေကို သိပါစေ၊ လေ့လာနိုင်ပါစေ၊ ရှောင်ကျဉ်နိုင်ပါစေဆိုတဲ့စေတနာနဲ့ရေးပြနေတဲ့ @Kyaw Swa Min
.
.
လူငယ်ပညာတတ်ပီပီ စာနုလေးတွေထုဆစ်ရင်း ကောင်းမွန်သေသပ်တဲ့စာစီ စာစဉ်လေးတွေရေးတတ်တဲ့ @Kyi Cin Thant
.
.
အမှား နဲ့ အမှန် အမြဲခွဲခြားပြီး လူငယ်စိတ်နဲ့ မမှန်ကန်တဲ့ပေါ်လစီမှန်သမျှ သမိုင်းကြောင်းအထိပြန်သွားပြီး ရှင်းပြ၊ ရေးပြ၊ ပြောပြတတ်တဲ့ @Min Myat Maung
.
.
တစ်ခုခုဆိုရင် စာဖတ်အားကောင်းသလောက် ရေးဟန်မှာလည်း လက်သွက်လှတဲ့အပြင် ခေတ်နည်းပညာကိုလည်းမပယ်တဲ့ ကျောင်းသားဟောင်းကြီး @Moe Hein
.
.
နယ်ခြားမြေဝေးမှာသာသနာပြုနေရပေမယ့် မြန်မာအများစုရဲ့ချစ်မြတ်နိုးခြင်းကိုခံရပြီး ကိုယ်တော်ကိုယ်တိုင် တရားဒေသနာကို လူအများနားလည်အောင် အမြဲရေးပြ၊ ရှင်းပြ၊ ဟောပြောပြ၊ ရေးသားပြနေတဲ့ @Mudita Shwe Kyaung
.
.
နိုင်ငံခြားအတွေ့အကြုံတွေကို မချွင်းမချန်ပြောပြတတ်ပြီး မိန်းမသားချင်းအားအမြဲပေးတတ်၊ မျှဝေတတ်ပြီး ကိုယ်ချင်းစာတဲ့စာကောင်းလေးတွေရေးတတ်တဲ့ @Myatthiri Kyaw
.
.
ထူးထူးခြားခြား ရှောင်ရန် ဆောင်ရန်ဗီဒီယိုလေးတွေ ကြံကြံဖန်ဖန်ရှာဖွေတင်ပေးတတ်ပြီး အကျိုးပြုစာ၊ ဝေဖန်ရေးစာတွေ၊ လူငယ်တွေအားဖြစ်မယ့်စာတွေရေးတတ်တဲ့ @Kyaw Sein
.
.
Just Reporting လို့ပြောပြီး သူကချည်းပြောပြောသွားလို့ လိုက်လိုက်ဖတ်နေရတဲ့ @Myo Han Htun
.
.
မြန်မာမှုမြန်မာဟန်တွေကို ကိုယ်တိုင်ရော သားသမီးတွေကိုပါသွန်သင်ရင်း စာညွန့်လေးတွေရေးနေတဲ့ @Nilar Page
.
.
ပြုံးပြုံးလေး နဲ့ စာချိုချိုလေးတွေရေး၊ သူ့စာတွေထဲမှာအမြဲစိမ့်ဝင်သွားအောင် အကိုးအကားနဲ့ အမြဲရေးပြတတ်တဲ့ @Phyo Ko Ko Naing
.
.
ငယ်ရွယ်တာနဲ့မလိုက်ပဲ စာအရေးကောင်းပြီး ချက်ကျ လက်ကျပြောတတ်၊ ဝေဖန်ထောက်ပြတတ်၊ ကျောင်း နဲ့ ပညာရေးအကြောင်း၊ နိုင်ငံခြားအတွေ့အကြုံတွေအကြောင်းအမြဲရေးတတ်တဲ့ ဓါတ်ပုံဝါသနာအိုးလေး @Poe Phyu Thant
.
.
နည်းပညာတစ်ခုခုကို ကိုယ်တိုင်လေ့လာမှကြိုက်နှစ်သက်ပြီး လူငယ်တွေကိုအမြဲအားပေးနေတဲ့၊ စာရေးခြင်းအပြင် အွန်လိုင်းကျူတိုရီယယ်တွေအများကြီးတင်ထားပေးတဲ့ @Sai Linn Thu
.
.
လူငယ်ပေမယ့် လက်တစ်ဘက်မှာဆေးထိုးအပ်ကိုင်၊ နောက်တစ်ဘက်မှာမိုက်ခရိုဖုန်းကိုင်ရုံမက စာပေဆုတွေရတဲ့အထိ ရသလေးတွေရေးနေတဲ့ @Soe Thura
.
.
ရေးသလောက်နောက်တတ်ပြီး နောက်သလောက်ရေးတတ်တဲ့ ပရဟိတဘက်တော်သား လူပျော်ကြီး @Than Tun Oo
.
.
ကိုယ်တိုင်က အင်္ဂလိပ်စာအင်မတန်ကျွမ်းကျင်သလို ဂီတဘက်မှာလည်း ခရေစေ့တွင်းကျသိတဲ့အပြင် လူငယ်တွေကို လူငယ်ဆန်ဆန် ပေါင်းသင်း-ရှင်းပြ-ရေးသားနေတဲ့ @Thant Zin Myint
.
.
ကမ္ဘာ့သတင်း Update တွေကို ဖြစ်ပျက်နေတာနဲ့တစ်ပြေးညီ ဖတ်သူမပျင်းရအောင် ခပ်တိုတိုလေးတစ်ဆက်တည်းအမြဲရေးပြတတ်တဲ့ @Thiri Htetsan
.
.
ဝေဖန်စရာဆိုရင် အားမနာ၊ နေ့တိုင်းစာတစ်ပုဒ်မရေးရ မနေနိုင်ဘူးလို့အမြဲပြောပြ၊ ခေတ်အမှားတွေကို အမြဲမီးမောင်းထိုးပြနေတဲ့ @Tin Nyunt
.
.
နည်းပညာအကြောင်း နဲ့ ခေတ်နဲ့လျော်ညီတဲ့လူနေမှုစံနစ်ကအစ လူငယ်တွေကနေ အစိုးရယန္တရားလည်ပတ်မှုအထိ စာအရှည်ကြီးတွေစိတ်ရှည်လက်ရှည်ရေးပြနေတဲ့ @Ye Myat Thu
.
.
ပြောလိုက်ရင် အတုံးလိုက်အတစ်လိုက်၊ တစ်ကယ်တမ်း ညသန်းခေါင်ကျော်တာတောင် လူတွေကိုကူညီဖေးမမှု မပြတ်တဲ့အပြင် စာကရေးလိုက်သေး . . လို့ ဆိုတဲ့ @Zaw Minn Htun
.
.
ကားအကြောင်း၊ လမ်းအကြောင်း၊ ယာဉ်စည်းကမ်းအကြောင်း၊ မော်တော်ယာဉ်ပေါ်လစီတွေအထိသာမက လူမှုရေး၊ လူသားချင်းကူညီမှုကိစ္စရပ်တွေမှာ စာရေးရင်းပါဝင်လှုပ်ရှားနေတဲ့ @အရည်ကြို . . . .
.
စတဲ့ ရဟန်း၊ လူပုဂ္ဂိုလ်တွေကို မိတ်ဆွေများ သိကြမှာပါ။
.
.
. ဒီစာရင်းကိုကြည့်ပြီး မူးတော့မသွားပါနဲ့ဦး။ ဒီလူတွေထဲမှာ အများအားဖြင့် Facebook မှာ နာမယ်ကြီးကြတယ်၊ အလုပ်များကြတယ်၊ ပညာတတ်ကြတယ်။ တစ်ချို့က စာအုပ်ထုတ်ဖြစ်ပြီး တစ်ချို့က အွန်လိုင်းစာရေးသူအနေနဲ့ အများအတွက် ရပ်တည်ကြတဲ့အပြင် အဓိက အကောင်း/အဆိုး၊ အကြောင်း/အကျိုး နဲ့ အမှား/အမှန် တို့ကို ဝေခွဲပြီး နည်းလမ်းကျကျဖော်ပြ ရေးပြတတ်ကြတယ်။
.
. အားလုံးကိုကြည့်လိုက်ရင် ဘယ်သူက ဘယ်သူ့ဩဇာလွှမ်းမိုးမှုကိုမှမခံလိုပဲ ကိုယ့်ထမင်းကိုယ်စားရပ်တည်နေကြသူတွေချည်းပဲ။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းပိုကောင်းသလဲဆိုတာထက် ဘယ်အသင်း ဘယ်အဝိုင်းက မမှန်တာတွေလုပ်နေသလဲဆိုတာ မသိ မရှိရလေအောင် အကင်းပါးကြတယ်။ သူတို့ကိုယ်ပိုင်ပရိသတ်တွေနဲ့အတူ Signature Article တွေ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြတယ်။
.
.
. ဒီစာရင်းမှာပါတဲ့သူတွေထဲက (၄) ဦးနဲ့သာ ကျွန်တော်နဲ့အပြင်မှာဆုံဖူးတယ်။ တစ်ချို့လည်း ကျွန်တော့ကိုသိသလို အများအားဖြင့်က သူတို့အလုပ်နဲ့သူတို့ရှုတ်နေလို့ အထူးတလည်ဂရုမပြုမိကြပါဘူး။
.
. ကျွန်တော်ကတော့ စွဲစွဲမြဲမြဲ မတောက်တခေါက်စာတွေရေးဖြစ်နေတယ်ဆိုတာကလွဲပြီး ဘာရယ်လို့ ထူးထူးထွေထွေမဟုတ်ပဲ (သိထားသလောက်ကိုသာ၊ ပုဂ္ဂိုလ်ရေးရာမပါ) အများအတွက်စာရင်းလုပ်ပေးလိုက်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-1-2017

No comments: