ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, July 8, 2017

DV ေပါက္ေပမယ္႕ လိုေနတဲ႕အကူအညီ

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
. အခုလို မိုးရာသီအဝင္မွာ ျမန္မာႏိုင္ငံကေနရင္ခုန္ေနၾကသူေတြထဲမွာ အေမရိကားကို တရားဝင္ေျပာင္းေရႊ႕ခြင္႕ရထားတဲ႕ DV - Electronic Diversity Visa Lottery ေပါက္ထားသူေတြလည္း အပါအဝင္ပါ။ သူတို႕ခုန္ေနရတဲ႕ရင္က ျမန္မာႏိုင္ငံမွာလက္ေတြ႕ၾကံဳေနရတဲ႕ဒုကၡေတြနဲ႕မတူပဲ အဂၤလိပ္ဘာသာစကားေျပာတဲ႕ ဒီမုိကေရစီတိုင္းျပည္ကုိ ဘယ္လို ဘယ္ပံု ေျပာင္းေရႊ႕ရမလဲဆိုတဲ႕ ဦးေႏွာက္စားရင္ခုန္ေနၾကျခင္းလို႕ အလြယ္တကူနားလည္ႏိုင္ပါတယ္။
.
. ေမလမွာ ကိုယ္တင္ထားတဲ႕ေဖာင္ေပါက္မေပါက္စစ္ျပီးတဲ႕အခါ အေမရိကားကိုလာခ်င္သူေတြဟာ အုပ္စုၾကီး (၂) အုပ္စု ကြဲသြားပါတယ္။ အမည္စာရင္းမပါသူေတြက ေနာက္တစ္ႏွစ္ေပါ႔ လို႕အားတင္းႏိုင္ေပမယ္႕ ေပါက္သူေတြအတြက္ အေတာ္ေခါင္းနပန္းၾကီးတဲ႕ကာလပါ။
.
.
. သူတို႕ (တစ္ခ်ိဳ႕လည္း တစ္ဦးတည္းေပါက္ၾကသည္) ဟာ လက္ရွိအလုပ္ကေနပဲထြက္ရမလို၊ ရွိတာ ပုိင္ဆိုင္တာေတြကိုပဲ အကုန္ခ်ေရာင္းလိုက္ရေတာ႕မလို၊ ေန႕ခ်င္း ညခ်င္းပဲ သူေ႒းမ်ားေနထိုင္တဲ႕နတ္ျပည္ၾကီးပဲေရာက္သြားရေတာ႕မလို ထင္တတ္ၾကတာ ကိုယ္ခ်င္းစာႏုိင္ပါတယ္။ ကြ်န္ေတာ္ကုိယ္တုိင္လည္း ေက်းဇူးရွိတဲ႕အစ္မေခၚလို႕ New Immigrant အေနနဲ႕ တရားဝင္သြားခြင္႕ရေတာ႕မယ္လို႕သတင္းၾကားကတည္းက ဖင္တၾကြၾကြနဲ႕ လုပ္သင္႕တာထက္ လုပ္ခ်င္တာမ်ားေနတဲ႕စိတ္ေတြၾကီးစုိးေနခဲ႕မိပါတယ္။
.
. ဒါေပမယ္႕ အေမရိကားသြားတာ (ေငြရွိလို႕ ေငြပိုလို႕ အေပ်ာ္ခရီးသြားႏိုင္သူေတြကိုမဆိုလိုပါ) ေခ်ာင္းသာ၊ ငပလီတို႕လို အပန္းေျဖဟန္းနီးမြန္းထြက္တာမွမဟုတ္တာ။ ဒါေၾကာင္႕ မိသားစုတန္သည္ မိသားစု၊ လူပ်ိဳ အပ်ိဳတန္သည္ လူပိ်ဳ လူလြတ္အေနနဲ႕ အေျခခ်ရတဲ႕အခါ အစစ အရာရာေခ်ာေမြ႕ဖို႕ဆိုတာ ကံေသ ကံမ တြက္ဆလို႕မရႏိုင္ပါဘူး။
.
.
. တစ္ဆက္တည္းမွာ မိမိေရာက္ေနတဲ႕ ေနရာ႒ာန၊ ျပည္နယ္ နဲ႕ျမိဳ႕အျပင္ အလုပ္အကိုင္စီးပြားေရးဘယ္ေလာက္ျဖစ္ထြန္းျပီး လုပ္ငန္းခြင္အလုပ္ေလွ်ာက္ရလြယ္မလြယ္ နဲ႕ ေက်ာင္းသားအရြယ္ေတြအတြက္ ေက်ာင္းေကာင္းမေကာင္းဆုိတာကိုပါတြက္ဆထားေစခ်င္တယ္။
.
. ဒါေတြနဲ႕ပတ္သက္ျပီး ေကာင္းတာ/ေဆာင္ရန္ - Advantages/Pros နဲ႕ မေကာင္းတာ/ေရွာင္ရန္ - Disadvantages/Cons တို႕ကို ယွဥ္တြဲျပီး ကြ်န္ေတာ႕စာေတြမွာ အျမဲေရးျပတတ္တယ္။ ဒါကိုဖတ္ျပီး " ဦးညီရဲ႕ အေမရိကားေဆာင္းပါးေတြကိုဖတ္ျပီး အေမရိကားလာခ်င္စိတ္ေတာင္ေပ်ာက္တယ္ " လို႕ အေျပာခံရတဲ႕အထိ လက္စြမ္းထက္သူ ေတာင္ေပၚသား ကြ်န္ေတာ္ပါ။ စာေရးသူကေတာ႕ အမ်ားကိုျခံဳမိေအာင္ေရးရမွာက ကေလာင္တစ္ေခ်ာင္းရဲ႕ေက်ပြန္တဲ႕တာဝန္တစ္ခုပါပဲ။

Sunday, July 2, 2017

ေသဖို႔တစ္ႏွစ္နီးလာျပန္ေပါ႔ကြယ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.          
. ဘယ္အရာလဲဆိုတာသိေနေပမယ္႔ လူေတြအၿမဲေမ႔ထားတတ္တဲ႔အေၾကာင္းအရာတစ္ခုရွိတယ္။ အဲဒါကေတာ့ " သင္သည္ေမြးဖြားျခင္းျဖင္႔ဘဝစတင္၍ ေသဆံုးျခင္းျဖင္႕တစ္ေန႕အဆံုးသတ္ရမည္ " ဆိုတာပါပဲ။
.
. ဒီလုိအျမဲမွန္တဲ႕သံေဝဂတရားနဲ႕ဆန္႕က်င္ျပီးကြ်န္ေတာ္ဟာ ေမြးေန႕တစ္ခုတိုးလာတုိင္း ကိုယ္႕ဟာကိုယ္ေသဖို႕တစ္ရက္နီးလာျပီဆုိတာ ဒီအသက္ဒီအရြယ္အထိ အမွတ္မရွိႏိုင္ဘူး။ အနာေရာဂါထူကာေထြကာမရွိတာနဲ႕ " ဒီေန႕မေသေတာ႕ဘူး " လို႕ယူဆျပီး အမွားအေၾကာင္းရင္းကို အမွန္လို႕ထင္ေနခဲ႕တယ္။
.
.
. တကယ္႕အမွန္တရားက အေသြးအသားနဲ႕ဖြဲ႕စည္းထားတဲ႕ လူသားရဲ႕ခႏၶာကုိယ္မွာ ၾကြက္သားဆဲလ္ေတြဟာ အခ်ိန္နဲ႕အမွ် အမွ်ဥ္အသားအေရအတြက္ေပါင္းမ်ားစြာ ပ်က္စီးမႈေတြျဖစ္ေနၾကတယ္။ အသစ္ထြက္လာတဲ႕ဆဲလ္ေတြအတြက္ အစာစားျပီးျဖည္႕စြမ္းေပးရသလို ပ်က္စီးျပီးေၾကြလြင္႕အေရာင္ရင္႕သြားေတာ႕မယ္႕ ေသြးအိုေသြးေဟာင္းေတြကုိ စြန္႔ပစ္ေပးရတယ္။
.
. ဒီလို သဘာဝတရားကိုဆန္႕က်င္ျပီး ကြ်န္ေတာ္ဟာ ထပ္သိလာတဲ႕အသိဥာဏ္ေတြ၊ သင္ယူမိလာတဲ႕ ႏိုင္ငံတကာအသိပညာေတြ၊ ျပည္လည္မွ်ေဝဖို႕လိုတဲ႕ နည္းပညာေတြကို ေသးငယ္လွတဲ႕ဦးေဏွာက္ေသးေသးေလးထဲမွာ သိမ္းဆည္းရင္း ဆက္လက္သိမ္းဆည္းမိခဲ႕တာ ကာလၾကာလွေပါ႕။
.
.
. တစ္ဆက္တည္းမွာ စြန္႔ပစ္ရမယ္႕အသိဥာဏ္အေဆြးေတြ၊ မွားယြင္းေနတဲ႕ ကြန္ျမဴနစ္မဆန္တဆန္အယူအဆေဟာင္းေတြ၊ ဘာသာတရားရဲ႕ေကာင္းမြန္တဲ႕သြန္သင္ညႊန္ျပမႈေနာက္မလိုက္နာတဲ႕ အက်င္႕ဆိုးေတြ နဲ႕ ခက္ထန္တဲ႕၊ ရိုင္းစုိင္းတဲ႕၊ ၾကမ္းတမ္းတဲ႕၊ ေမာက္မာတဲ႕၊ ႏိုင္႕ထက္ညွဥ္းဆဲလုပ္ခ်င္တဲ႕စိတ္ေတြကို စြန္႔ပစ္သြန္ေမွာက္ဖို႕ ေမ႕လာတယ္။

လူငယ္ေတြအိမ္ျပန္လာမယ္႕အခ်ိန္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)



. ကေလးငယ္ေတြနဲ႕ခရီးထြက္မယ္႕မိသားစုဆုိရင္ သြားေရာက္မယ္႕ခရီးအတြက္ တည္းခိုရမယ္႕ေနရာ၊ စားရမယ္႕အစားအေသာက္၊ ဘယ္ေနရာမွာလည္ ဘယ္အခ်ိန္အိမ္ျပန္ ဆုိတာေတြကို စိတ္ပူရပါတယ္။ ဒီထက္စဥ္းစားစရာပိုလာတာက ေနရာသစ္တစ္ခုကုိ မတင္မက် နဲ႕ အေျခက်ဖို႕ ေျခၾကြရတဲ႕ ဘဝမွာပါ။
.
. ဒီလိုနဲ႕ မိခင္ျမန္မာႏိုင္ငံကို ယာယီမစြန္႕ခြာမီအခ်ိန္ (၁) ႏွစ္ေက်ာ္အတြင္း ေရာက္ႏွင္႕ေနျပီးသား အစ္ကိုေတြ အစ္မေတြကုိ လွမ္းေမးၾကည္႕တယ္။ သူတုိ႕ေျပာျပတာကေတာ႕ စံုလို႕ပါပဲ။ အရြယ္အလုိက္ ကေလးငယ္ေက်ာင္းပုိ႕တာကေန အလယ္တန္း၊ အထက္တန္း ကစ ေနာက္ဆံုး ေကာလိပ္ေက်ာင္းသားဘဝအထိ အမ်ိဳးစံုတဲ႕ အေတြ႕အၾကံဳေတြ ေျပာျပၾကတယ္။ အဲဒီထဲက ကြ်န္ေတာ႕လို ကေလးရွင္မိဘတစ္ေယာက္ရဲ႕စိတ္ကုိအဆြဲေဆာင္ဆံုးကေတာ႕ သူတုိ႕ ညအိမ္ျပန္တဲ႕အခ်ိန္ပါပဲ။
.
.
. ကေလးတစ္ေယာက္ဟာ မိဘနားမွာ ခြ်ဲခြ်ဲပ်စ္ပ်စ္ ကုတ္ကုတ္ျခစ္ျခစ္ေနတဲ႕အခ်ိန္ဆုိတာ သူကေလး အသက္အရြယ္ၾကီးရင္႕လာတာနဲ႕အမွ် တစ္ျဖည္းျဖည္းေလ်ာ႕နည္းသြားရတာ သဘာဝပါ။ ဒါကုိ သိေနပါလ်က္နဲ႕ မိဘေတြက သားသမီးၾကီးလာေလေလ ကိုယ္႕အနားမွာေနေစခ်င္ေလေလ ဆိုတာ မိဘအရြယ္ေရာက္ေနသူအခ်င္းခ်င္းသာနားလည္ႏိုင္မယ္႕ ကိုယ္ခ်င္းစာတရားလို႕ ကြ်န္ေတာ္ေျပာမိရင္ လြန္သြားမလား မဆုိႏိုင္ဘူး။
.
. ဒါကိုသတိထားမိတဲ႕ ကြ်န္ေတာ္တို႕ဇနီးေမာင္ႏွံဟာ စားေရး ေသာက္ေရး၊ ရံုးေရး ေက်ာင္းေရး သာမက မိသားစုအသိုင္းအဝိုင္း နဲ႕ ကေလးက်င္လည္မယ္႕ သူငယ္ခ်င္းေတြရဲ႕ပတ္ဝန္းက်င္နဲ႕ ပံုမွန္သြားလာလႈပ္ရွားမႈေတြကုိ ေလ႕လာပါတယ္။ အမ်ားအားျဖင္႕ ဒီႏိုင္ငံေရာက္ရင္ အလုပ္လုပ္ဖို႕အားသန္ၾကတဲ႕အတိုင္း သားသမီးအေရးကိစၥဟာ မသိလိုက္ဖာသာ ေနာက္ပိုင္းေရာက္သြားတတ္ၾကစျမဲပါ။ ဒါေၾကာင္႕လည္း ရပ္ေရး ရြာေရးထက္စာရင္ " ကေလးအေရး " ကုိ ပုိဂရုစိုက္ခဲ႕တယ္။
.
.
. သို႕ေသာ္လည္း မရပ္မနားသြားေနတဲ႕ ေနမင္းၾကီးရဲ႕ အလင္း နဲ႕ အေမွာင္၊ မညည္းညဴစတမ္းလွည္႕ပတ္ေနတဲ႕ ကမၻာၾကီးရဲ႕ ေန႕ နဲ႕ ည ၾကားမွာ ကေလးေတြရဲ႕အသက္ဟာ ရပ္တန္႕မေနခဲ႕ဘူး။ သူတုိ႕ရဲ႕အတန္းပညာဟာ ပုိျမင္႕လာခဲ႕သလို ပတ္ဝန္းက်င္ကိုေလ႕လာႏုိင္တဲ႕ဥာဏ္ပညာရဲ႕အားဟာ ပိုမုိျမင္႕မားလာတဲ႕တစ္ခ်ိန္တည္းမွာ သူတို႕ေပါင္းတဲ႕အသိုင္းအဝုိင္းဟာလည္း က်ယ္ျပန္႕နယ္ခ်ဲ႕လာခဲ႕တယ္။
.
. အရင္က မိဘကလုိက္ပို႕ေပးမယ္႕ အားကစားပြဲကုိ စက္ဘီးစီးျပီး သြားခ်င္လာတယ္။ အရင္က အေဖအားမွလုိက္ပို႕ေပးႏိုင္မယ္႕ခပ္လွမ္းလွမ္းကျမိဳ႕တစ္ျမိဳ႕ကုိ ရထားစီးျပီးသြားခ်င္လာတယ္။ ဒါ႕အျပင္ ေမြးေန႕ပြဲ၊ ညစားပြဲ နဲ႕ ေတြ႕ဆံုပြဲ၊ ပါတီပြဲ၊ အထိမ္းအမွတ္ပြဲ - Event ေတြကုိ တကၠစီငွားျပီး သြားခ်င္လာတယ္။ ဒီေတာ႕ မိဘက သူတို႕ေရာက္ေနတဲ႕ေနရာကို ရွိတဲ႕အလုပ္ပစ္ထားျပီးၾကိဳရင္ၾကိဳ၊ သြားမၾကိဳႏုိင္ရင္ သားသမီးအိမ္ျပန္လာမယ္႕အခ်ိန္ကို တီဗီေရွ႕မွာ ေဖ႕စ္ဘြတ္ခ္ သံုးရင္း ထုိင္ေစာင္႕ရံုသာရွိေတာ႕တာေပါ႕။
.
.
. ဒီေနရာမွာ အြန္လိုင္းေပၚကသိတဲ႕အစ္မတစ္ေယာက္ေျပာျပတာ သတိရမိတယ္။ သူ႕အမ်ိဳးသားက ဆရာဝန္ဆုိေတာ႕ ဝင္ေငြေျဖာင္႕တယ္။ သူက အလုပ္လုပ္လည္း ရတယ္ . . မလုပ္လည္း ရတယ္။ ရွိတာက သမီး (၂) ေယာက္၊ သား (၁) ေယာက္။ ငယ္ငယ္တုန္းကအေၾကာင္းမဟုတ္ဘူး . . ၾကီးလာေတာ႕ သူတို႕ကုိ ပါတီလုိက္ပို႕ရတာနဲ႕ . . သူငယ္ခ်င္းအိမ္မွာ စာသြားလုပ္ရတာနဲ႕ . . ေက်ာင္းကပြဲ၊ သီခ်င္းဆိုပြဲ - Choir နဲ႕ လူမႈလႈပ္ရွားမႈပြဲေတြအျပင္ ညပုိင္းသြားတဲ႕ လုပ္အားေပးတုိ႕၊ ေကာင္ေလး နဲ႕ ေကာင္မေလး သပ္သပ္ရပ္ရပ္ဝတ္ဆင္ျပီး လူလံုးျပရတဲ႕ Prom တုိ႕ကုိ လုိက္ပို႕၊ လုိက္ေစာင္႕၊ လုိက္ၾကိဳ ရတာနဲ႕တင္ အလုပ္လည္းမလုပ္ရဘူး . . ေမာလွျပီ တဲ႕ . . အဲဒါ သူေျပာျပတာ . .။
.
. ေနာက္တစ္ေယာက္က်ေတာ႕လည္း သူတို႕ရဲ႕သမီးကို ည (၁၂) နာရီ မေက်ာ္ခင္ အိမ္ျပန္လာရင္ ရျပီ လုိ႕ မွာထားတာ မွတ္မိတယ္။ အရြယ္ေရာက္လာလို႕ ညဘက္ဘယ္သြားသြား အိမ္စာျပီးရင္ ဆက္လုပ္ႏုိင္တယ္။ ဘယ္သူ႕နဲ႕တြဲတြဲ မ်ိဳးရိုးဂုဏ္ကုိ ထိန္းသိမ္းရမယ္။ ဘယ္ေလာက္ပင္ၾကိဳက္ႏွစ္သက္ေစကာမူ ေက်ာင္းျပီး၊ အလုပ္ရွာ၊ အေျခက်ျပီးမွ အိမ္ေထာင္ျပဳရမယ္။ ဒါမွ ငါတို႕လုိ ပညာမတတ္၊ ဘာဒီဂရီမွမရွိ၊ သာမန္ဝန္ထမ္းဘဝကေန လြတ္ေျမာက္မယ္ . . လို႕ ဆံုးမတာကုိ အသည္းထဲမွာ မွတ္မိေနပါတယ္။
.
.
. တကယ္ကို အရင္းအျမစ္ရွိရွိစဥ္းစားၾကည္႕ရင္ သားသမီးေမြးထားရတာ ရယူေနတာမဟုတ္ပဲ အရင္ပ႒ာန္းဆက္က မသိခဲ႕တဲ႕ဘဝအဆက္ဆက္က ဝဋ္ေၾကြးေတြဆပ္ေနရသလုိပါပဲ။တကယ္ရယူေနတာက သူတုိ႕ပါ။ ကနဦး အေသြးယူတယ္၊ မ်ိဳးရိုးယူတယ္၊ ငယ္ရြယ္ပ်ိဳျမစ္မႈကို စုတ္ယူတယ္၊ အခ်ိန္ လုယူတယ္၊ ေငြေၾကးကိုပါ သိမ္းယူတယ္၊ ပညာေရး၊ စီးပြားေရး . . ေနာက္ဆံုး သံေယာဇဥ္ကိုပါ အျပီးအျပတ္ယူငင္သြားဖို႕ လုပ္ၾကပါတယ္။
.
. မိဘေတြကို သူတုိ႕ျပန္ေပးခဲ႕တာက ခံစားခ်က္မ်ားျပည္႕လွ်ံေစတဲ႕ ႏွလံုးသားတစ္စံု၊ ရင္ဘတ္တစ္ျပင္၊ ျပန္႕လႊင္႕ေစတဲ႕အေတြးစတိမ္တိုက္ေတြနဲ႕ ေနာက္ဆံုး ေတာင္းတစ္လံုးနဲ႕အေမာက္ထည္႕ထားတဲ႕ ေက်နပ္စရာအျပည္႕ ပီတိ ေတြ ျဖစ္ပါတယ္။ ဒါေၾကာင္႕ ကုိယ္႕ကေလးေတြ ဘယ္ပဲသြားသြား အခ်ိန္တန္ရင္အိမ္ျပန္လာဖို႕က မိဘေတြအိမ္က ေနခ်င္စဖြယ္ျဖစ္ေနဖို႕လိုပါတယ္။ အရာရာကုိ ဖြင္႕မေျပာရဲေလာက္ေအာင္ ေၾကာက္ရြံ႕ရမႈ ကင္းရွင္းေနဖို႕လိုပါတယ္။ ဒါ႕အျပင္ အိမ္ကိုခ်စ္တဲ႕သမီး အိမ္ကိုခ်စ္တဲ႕သားေတြကုိ ဟင္းေကာင္းေကာင္းခ်က္ေကြ်းေနရံုနဲ႕မလံုေလာက္ပါဘူး . . အခုလို အင္တာနက္ေခတ္ၾကီးထဲမွာ သူတို႕အိမ္မွာေပ်ာ္ေစမယ္႕အေၾကာင္းအရာေတြကုိ ထည္႕စဥ္းစားဖို႕လိုလာပါတယ္။
.
.
. တစ္ခ်ိဳ႕မိဘေတြက သားသမီးကို အပိုင္တြက္ထားျပီး ဒီေမဂ်ာတက္၊ ဒီအလုပ္လုပ္၊ ဒီႏိုင္ငံသြား၊ ဒီျပည္နယ္မွာေန ဆိုျပီး အိမ္္ေတြဝယ္ လုပ္ငန္းေတြတည္ထားေပမယ္႕ သားသမီးက မပါဝင္တဲ႕အခါ သိပ္အခက္အခဲရွိၾကတာ ေတြ႕ရတယ္။ အဲဒီအခ်ိန္ေရာက္မွ သားသမီးကို အတင္းၾကီးကိုင္တြယ္၊ သားသမီးကလက္မခံ ျပန္ေတာ္လွန္ . . ဒီေနရာမွာ သူတုိ႕မလုပ္ခ်င္တာ လုပ္ခ်င္တာကို မိဘေတြက မခြဲဲျခားႏိုင္ေတာ႕ပဲ အတင္းအၾကပ္အိမ္ေထာင္ဘက္ေရြးေပးတဲ႕ Arranged Marriage အထိခ်ယ္လွယ္ရင္း ပညာဆက္ရွာေဖြမယ္႕မ်ိဳးဆက္သစ္ေတြ စိတ္ဓါတ္က်ကုန္ၾကတာ ျမင္ေတြ႕ေနရတယ္။
.
. သံယံဇာတမရွိတဲ႕ တုိင္းျပည္၊ သစ္ပင္မရွိတဲ႕ ေတာေတာင္၊ လူမရွိတဲ႕ ျမိဳ႕၊ အလုပ္သမားမရွိတဲ႕ စက္ရံု နဲ႕ ျမန္မာေဖာင္႕မရွိတဲ႕ စမတ္ဖုန္း . . အားလံုးဟာ မတင္႕တယ္သလို သားသမီး အိမ္မွာမရွိတဲ႕မိဘေတြဘဝဟာ မျပည္႕စံုပါ။ ဒါေၾကာင္႕ ကိုယ္႕အနားမွာအျမဲရွိေနေအာင္ အာဏာနဲ႕ခ်ဳပ္ထိန္းျပီးေလွာင္ပိတ္ထားတာက မမွန္သလို လုပ္ခ်င္ရာလုပ္ဆိုျပီးပစ္ထားရင္ ျဖစ္ခ်င္ရာျဖစ္သြားႏိုင္ပါတယ္။
.
.
. အခ်ဳပ္အားျဖင္႕ သားသမီးအိမ္ျပန္ခ်ိန္ဟာ မိဘေတြနဲ႕လည္း သက္ဆုိင္ပါတယ္။ ဒီေန႕ ဒီရက္ ဒီတစ္မနက္တစ္ခုတည္းကုိအျပစ္ေျပာေနလို႕မရပဲ ငယ္ငယ္ေလးကတည္းက ျပဳစုပ်ိဳးေထာင္တာ ပံုစံက်ခဲ႕ဖို႕လိုတယ္။ ဒါဟာလည္း အခ်ိန္တိုတိုအတြင္းမွာလုပ္ႏုိင္တဲ႕ကိစၥလို႕မယူဆပဲ တန္ဖိုးရွိတဲ႕ ကြ်န္္းသစ္ပင္လုိ အခ်ိန္ယူစိုက္ပ်ိဳးယုယသင္႕ပါတယ္။ ဒါေၾကာင္႕ ပညာရွာသြားလို႕ ကမၻာျခားေပမယ္႕ အခ်ိန္တန္လို႕အိမ္ျပန္လာတဲ႕သားသမီးေတြကုိၾကိဳဆိုဖို႕ မိဘေတြရဲ႕ပဲ႕ျပင္ဆံုးမမႈေတြကို ျပန္ဆန္းစစ္သင္႕ပါေၾကာင္း အၾကံျပဳေရးသားလုိက္ပါရေစ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 06-27-2017
.
.
Unicode Version:
.
.
ွ. " လူငယ်တွေအိမ်ပြန်လာမယ့်အချိန် "
. ကလေးငယ်တွေနဲ့ခရီးထွက်မယ့်မိသားစုဆိုရင် သွားရောက်မယ့်ခရီးအတွက် တည်းခိုရမယ့်နေရာ၊ စားရမယ့်အစားအသောက်၊ ဘယ်နေရာမှာလည် ဘယ်အချိန်အိမ်ပြန် ဆိုတာတွေကို စိတ်ပူရပါတယ်။ ဒီထက်စဉ်းစားစရာပိုလာတာက နေရာသစ်တစ်ခုကို မတင်မကျ နဲ့ အခြေကျဖို့ ခြေကြွရတဲ့ ဘဝမှာပါ။
.
. ဒီလိုနဲ့ မိခင်မြန်မာနိုင်ငံကို ယာယီမစွန့်ခွာမီအချိန် (၁) နှစ်ကျော်အတွင်း ရောက်နှင့်နေပြီးသား အစ်ကိုတွေ အစ်မတွေကို လှမ်းမေးကြည့်တယ်။ သူတို့ပြောပြတာကတော့ စုံလို့ပါပဲ။ အရွယ်အလိုက် ကလေးငယ်ကျောင်းပို့တာကနေ အလယ်တန်း၊ အထက်တန်း ကစ နောက်ဆုံး ကောလိပ်ကျောင်းသားဘဝအထိ အမျိုးစုံတဲ့ အတွေ့အကြုံတွေ ပြောပြကြတယ်။ အဲဒီထဲက ကျွန်တော့လို ကလေးရှင်မိဘတစ်ယောက်ရဲ့စိတ်ကိုအဆွဲဆောင်ဆုံးကတော့ သူတို့ ညအိမ်ပြန်တဲ့အချိန်ပါပဲ။
.
.
. ကလေးတစ်ယောက်ဟာ မိဘနားမှာ ချွဲချွဲပျစ်ပျစ် ကုတ်ကုတ်ခြစ်ခြစ်နေတဲ့အချိန်ဆိုတာ သူကလေး အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ တစ်ဖြည်းဖြည်းလျော့နည်းသွားရတာ သဘာဝပါ။ ဒါကို သိနေပါလျက်နဲ့ မိဘတွေက သားသမီးကြီးလာလေလေ ကိုယ့်အနားမှာနေစေချင်လေလေ ဆိုတာ မိဘအရွယ်ရောက်နေသူအချင်းချင်းသာနားလည်နိုင်မယ့် ကိုယ်ချင်းစာတရားလို့ ကျွန်တော်ပြောမိရင် လွန်သွားမလား မဆိုနိုင်ဘူး။
.
. ဒါကိုသတိထားမိတဲ့ ကျွန်တော်တို့ဇနီးမောင်နှံဟာ စားရေး သောက်ရေး၊ ရုံးရေး ကျောင်းရေး သာမက မိသားစုအသိုင်းအဝိုင်း နဲ့ ကလေးကျင်လည်မယ့် သူငယ်ချင်းတွေရဲ့ပတ်ဝန်းကျင်နဲ့ ပုံမှန်သွားလာလှုပ်ရှားမှုတွေကို လေ့လာပါတယ်။ အများအားဖြင့် ဒီနိုင်ငံရောက်ရင် အလုပ်လုပ်ဖို့အားသန်ကြတဲ့အတိုင်း သားသမီးအရေးကိစ္စဟာ မသိလိုက်ဖာသာ နောက်ပိုင်းရောက်သွားတတ်ကြစမြဲပါ။ ဒါကြောင့်လည်း ရပ်ရေး ရွာရေးထက်စာရင် " ကလေးအရေး " ကို ပိုဂရုစိုက်ခဲ့တယ်။
.
.
. သို့သော်လည်း မရပ်မနားသွားနေတဲ့ နေမင်းကြီးရဲ့ အလင်း နဲ့ အမှောင်၊ မညည်းညူစတမ်းလှည့်ပတ်နေတဲ့ ကမ္ဘာကြီးရဲ့ နေ့ နဲ့ ည ကြားမှာ ကလေးတွေရဲ့အသက်ဟာ ရပ်တန့်မနေခဲ့ဘူး။ သူတို့ရဲ့အတန်းပညာဟာ ပိုမြင့်လာခဲ့သလို ပတ်ဝန်းကျင်ကိုလေ့လာနိုင်တဲ့ဉာဏ်ပညာရဲ့အားဟာ ပိုမိုမြင့်မားလာတဲ့တစ်ချိန်တည်းမှာ သူတို့ပေါင်းတဲ့အသိုင်းအဝိုင်းဟာလည်း ကျယ်ပြန့်နယ်ချဲ့လာခဲ့တယ်။
.
. အရင်က မိဘကလိုက်ပို့ပေးမယ့် အားကစားပွဲကို စက်ဘီးစီးပြီး သွားချင်လာတယ်။ အရင်က အဖေအားမှလိုက်ပို့ပေးနိုင်မယ့်ခပ်လှမ်းလှမ်းကမြို့တစ်မြို့ကို ရထားစီးပြီးသွားချင်လာတယ်။ ဒါ့အပြင် မွေးနေ့ပွဲ၊ ညစားပွဲ နဲ့ တွေ့ဆုံပွဲ၊ ပါတီပွဲ၊ အထိမ်းအမှတ်ပွဲ - Event တွေကို တက္ကစီငှားပြီး သွားချင်လာတယ်။ ဒီတော့ မိဘက သူတို့ရောက်နေတဲ့နေရာကို ရှိတဲ့အလုပ်ပစ်ထားပြီးကြိုရင်ကြို၊ သွားမကြိုနိုင်ရင် သားသမီးအိမ်ပြန်လာမယ့်အချိန်ကို တီဗီရှေ့မှာ ဖေ့စ်ဘွတ်ခ် သုံးရင်း ထိုင်စောင့်ရုံသာရှိတော့တာပေါ့။
.
.
. ဒီနေရာမှာ အွန်လိုင်းပေါ်ကသိတဲ့အစ်မတစ်ယောက်ပြောပြတာ သတိရမိတယ်။ သူ့အမျိုးသားက ဆရာဝန်ဆိုတော့ ဝင်ငွေဖြောင့်တယ်။ သူက အလုပ်လုပ်လည်း ရတယ် . . မလုပ်လည်း ရတယ်။ ရှိတာက သမီး (၂) ယောက်၊ သား (၁) ယောက်။ ငယ်ငယ်တုန်းကအကြောင်းမဟုတ်ဘူး . . ကြီးလာတော့ သူတို့ကို ပါတီလိုက်ပို့ရတာနဲ့ . . သူငယ်ချင်းအိမ်မှာ စာသွားလုပ်ရတာနဲ့ . . ကျောင်းကပွဲ၊ သီချင်းဆိုပွဲ - Choir နဲ့ လူမှုလှုပ်ရှားမှုပွဲတွေအပြင် ညပိုင်းသွားတဲ့ လုပ်အားပေးတို့၊ ကောင်လေး နဲ့ ကောင်မလေး သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး လူလုံးပြရတဲ့ Prom တို့ကို လိုက်ပို့၊ လိုက်စောင့်၊ လိုက်ကြို ရတာနဲ့တင် အလုပ်လည်းမလုပ်ရဘူး . . မောလှပြီ တဲ့ . . အဲဒါ သူပြောပြတာ . .။
.
. နောက်တစ်ယောက်ကျတော့လည်း သူတို့ရဲ့သမီးကို ည (၁၂) နာရီ မကျော်ခင် အိမ်ပြန်လာရင် ရပြီ လို့ မှာထားတာ မှတ်မိတယ်။ အရွယ်ရောက်လာလို့ ညဘက်ဘယ်သွားသွား အိမ်စာပြီးရင် ဆက်လုပ်နိုင်တယ်။ ဘယ်သူ့နဲ့တွဲတွဲ မျိုးရိုးဂုဏ်ကို ထိန်းသိမ်းရမယ်။ ဘယ်လောက်ပင်ကြိုက်နှစ်သက်စေကာမူ ကျောင်းပြီး၊ အလုပ်ရှာ၊ အခြေကျပြီးမှ အိမ်ထောင်ပြုရမယ်။ ဒါမှ ငါတို့လို ပညာမတတ်၊ ဘာဒီဂရီမှမရှိ၊ သာမန်ဝန်ထမ်းဘဝကနေ လွတ်မြောက်မယ် . . လို့ ဆုံးမတာကို အသည်းထဲမှာ မှတ်မိနေပါတယ်။
.
.
. တကယ်ကို အရင်းအမြစ်ရှိရှိစဉ်းစားကြည့်ရင် သားသမီးမွေးထားရတာ ရယူနေတာမဟုတ်ပဲ အရင်ပဋ္ဌာန်းဆက်က မသိခဲ့တဲ့ဘဝအဆက်ဆက်က ဝဋ်ကြွေးတွေဆပ်နေရသလိုပါပဲ။တကယ်ရယူနေတာက သူတို့ပါ။ ကနဦး အသွေးယူတယ်၊ မျိုးရိုးယူတယ်၊ ငယ်ရွယ်ပျိုမြစ်မှုကို စုတ်ယူတယ်၊ အချိန် လုယူတယ်၊ ငွေကြေးကိုပါ သိမ်းယူတယ်၊ ပညာရေး၊ စီးပွားရေး . . နောက်ဆုံး သံယောဇဉ်ကိုပါ အပြီးအပြတ်ယူငင်သွားဖို့ လုပ်ကြပါတယ်။
.
. မိဘတွေကို သူတို့ပြန်ပေးခဲ့တာက ခံစားချက်များပြည့်လျှံစေတဲ့ နှလုံးသားတစ်စုံ၊ ရင်ဘတ်တစ်ပြင်၊ ပြန့်လွှင့်စေတဲ့အတွေးစတိမ်တိုက်တွေနဲ့ နောက်ဆုံး တောင်းတစ်လုံးနဲ့အမောက်ထည့်ထားတဲ့ ကျေနပ်စရာအပြည့် ပီတိ တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးတွေ ဘယ်ပဲသွားသွား အချိန်တန်ရင်အိမ်ပြန်လာဖို့က မိဘတွေအိမ်က နေချင်စဖွယ်ဖြစ်နေဖို့လိုပါတယ်။ အရာရာကို ဖွင့်မပြောရဲလောက်အောင် ကြောက်ရွံ့ရမှု ကင်းရှင်းနေဖို့လိုပါတယ်။ ဒါ့အပြင် အိမ်ကိုချစ်တဲ့သမီး အိမ်ကိုချစ်တဲ့သားတွေကို ဟင်းကောင်းကောင်းချက်ကျွေးနေရုံနဲ့မလုံလောက်ပါဘူး . . အခုလို အင်တာနက်ခေတ်ကြီးထဲမှာ သူတို့အိမ်မှာပျော်စေမယ့်အကြောင်းအရာတွေကို ထည့်စဉ်းစားဖို့လိုလာပါတယ်။
.
.
. တစ်ချို့မိဘတွေက သားသမီးကို အပိုင်တွက်ထားပြီး ဒီမေဂျာတက်၊ ဒီအလုပ်လုပ်၊ ဒီနိုင်ငံသွား၊ ဒီပြည်နယ်မှာနေ ဆိုပြီး အိမ််တွေဝယ် လုပ်ငန်းတွေတည်ထားပေမယ့် သားသမီးက မပါဝင်တဲ့အခါ သိပ်အခက်အခဲရှိကြတာ တွေ့ရတယ်။ အဲဒီအချိန်ရောက်မှ သားသမီးကို အတင်းကြီးကိုင်တွယ်၊ သားသမီးကလက်မခံ ပြန်တော်လှန် . . ဒီနေရာမှာ သူတို့မလုပ်ချင်တာ လုပ်ချင်တာကို မိဘတွေက မခွဲဲခြားနိုင်တော့ပဲ အတင်းအကြပ်အိမ်ထောင်ဘက်ရွေးပေးတဲ့ Arranged Marriage အထိချယ်လှယ်ရင်း ပညာဆက်ရှာဖွေမယ့်မျိုးဆက်သစ်တွေ စိတ်ဓါတ်ကျကုန်ကြတာ မြင်တွေ့နေရတယ်။
.
. သံယံဇာတမရှိတဲ့ တိုင်းပြည်၊ သစ်ပင်မရှိတဲ့ တောတောင်၊ လူမရှိတဲ့ မြို့၊ အလုပ်သမားမရှိတဲ့ စက်ရုံ နဲ့ မြန်မာဖောင့်မရှိတဲ့ စမတ်ဖုန်း . . အားလုံးဟာ မတင့်တယ်သလို သားသမီး အိမ်မှာမရှိတဲ့မိဘတွေဘဝဟာ မပြည့်စုံပါ။ ဒါကြောင့် ကိုယ့်အနားမှာအမြဲရှိနေအောင် အာဏာနဲ့ချုပ်ထိန်းပြီးလှောင်ပိတ်ထားတာက မမှန်သလို လုပ်ချင်ရာလုပ်ဆိုပြီးပစ်ထားရင် ဖြစ်ချင်ရာဖြစ်သွားနိုင်ပါတယ်။
.
.
. အချုပ်အားဖြင့် သားသမီးအိမ်ပြန်ချိန်ဟာ မိဘတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီနေ့ ဒီရက် ဒီတစ်မနက်တစ်ခုတည်းကိုအပြစ်ပြောနေလို့မရပဲ ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်တာ ပုံစံကျခဲ့ဖို့လိုတယ်။ ဒါဟာလည်း အချိန်တိုတိုအတွင်းမှာလုပ်နိုင်တဲ့ကိစ္စလို့မယူဆပဲ တန်ဖိုးရှိတဲ့ ကျွန််းသစ်ပင်လို အချိန်ယူစိုက်ပျိုးယုယသင့်ပါတယ်။ ဒါကြောင့် ပညာရှာသွားလို့ ကမ္ဘာခြားပေမယ့် အချိန်တန်လို့အိမ်ပြန်လာတဲ့ သားသမီးတွေကိုကြိုဆိုဖို့ မိဘတွေရဲ့ပဲ့ပြင်ဆုံးမမှုတွေကို ပြန်ဆန်းစစ်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 06-27-2017