ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
|
.
.
အမျိုးသားက ကလေးကျောင်းပို့ပေး၊ ညဘက်အလုပ်။ အမျိုးသမီးက
မနက်အလုပ်ကအပြန် ကလေးကျောင်းသွားကြို .. အဆင်ကိုပြေလို့ - ဒါ ခေတ်သစ်အလုပ်ခွင်လင်မယားလို့ခေါ်မလား။
တစ်ပတ်ကို ( ၅ ) ရက် အလုပ်တက်ရတဲ့စုံတွဲတွေမှာ စနေ၊ တနင်္ဂနွေ ( ၂ ) ရက်မှာ မိသားစုစုံညီ
အချိန်ပေးနိုင်ကြသေးတယ်။ သို့သော်လည်း တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံး စနေနေ့အချိန်ပိုဆင်းရတဲ့အခါ
ချစ်ခြင်းမေတ္တာအားနည်းမှုတွေ ဖြစ်တည်လာပါတယ်။
.
ဒီ့ထက်ပိုဆိုးတာက
တစ်ချို့သော အလုပ်ခန့်အေးဂျင့်တွေ ကုလားပန်ထိုးပြီး တစ်ပတ် ( ၅ ) ရက်မှာ ရက်ပြည့်မပေးတော့
ပိတ်ရက် စနေ၊ တနင်္ဂနွေ ပါ ခွပြီး အလုပ်ဆင်းရတာပါ။ ဒီ ( ၂ ) ရက်အလုပ်လုပ်ပြီးတာတောင်
လုပ်ချိန် နာရီ ( ၄ဝ ) မပြည့်တော့ အိုဗာတိုင်ကြေးမရ၊ အလုပ်ရှင် ကုမ္ပဏီအတွက် စက်လည်ပတ်ရက်ကအပြည့်၊ အလုပ်သမားဥပဒေကိုလည်း မချိုးဖောက်
နဲ့ လည်သလို လုပ်ဆောင်နေကြတာ လေ့လာမိပါတယ်။
.
.
.
ဒီလိုဇာတ်လမ်းမျိုးတွေဟာ
ပြောင်းရွှေ့မြန်မာတွေကြားမှာချည်း ကြားရတာမဟုတ်ပါ။ အလုပ်လုပ်နေသူတွေအားလုံး မလွဲမသွေ
သောက်သုံးရတဲ့ မိုးခါးရေ လို့ပြောရင် နည်းနည်းတော့လွန်သွားမလား တွေးမိတယ်။ အိမ်ထောင်မှုတစ်ခုကို
ပိုင်ပိုင်နင်းနင်း ဦးဆောင်မယ့် လူမှုဘဝကို တည်ဆောက်ရင်း လျှောက်လှမ်းနေရတဲ့ အဝေးပြေးလမ်းမှာ
မမောမပန်း အားတင်းထားနိုင်ဖို့သာ အဓိကလိုအပ်ချက်ပါ။ သားသမီးပညာရေးကောင်းဖို့ မိမိမတတ်ကျွမ်းတဲ့
ဘာသာစကားအခက်အခဲ၊ မိမိ မကျွမ်းကျင်တဲ့ ပတ်ဝန်းကျင် စတာတွေကို မိမိဘဝရဲ့အချိန်တွေရင်းပြီး
မြန်မာနိုင်ငံမပြန်ပဲ စတေးခံ အရင်းအနှီးလုပ်ပေးနေတဲ့ မိဘတွေကို မချီးကျူးပဲ မနေနိုင်ပါဘူး။