ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, May 13, 2015

အသားထိမွျငိတာမဟုတ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
ကြ်န္ေတာ္စာေရးတာကိုသိလာတဲ႕ တစ္ခ်ဳိ႕ေသာ အသိမိတ္ေဆြမ်ားက သူတုိ႕ရဲ႕ဇာတ္လမ္းတိုေလးေတြေျပာျပျပီး ေရးခိုင္းတာေတြရွိလာတယ္။ ျမန္မာေတြပါသလို ေဒသခံ ႏိုင္ငံျခားသားေတြလည္း ပါၾကတယ္။ အမွန္က ကြ်န္ေတာ္က တတ္လို႕ေရးေနတာမဟုတ္ပဲ ကိုယ္႕ေလာက္ “ မသိေသးသူေတြ ” ကိုသာ ေစတနာေဝျဖာျပီး ကူညီေျပာျပေပးျခင္းသာ ျဖစ္ပါတယ္။ ဒါမွသာ လူသားအခ်င္းခ်င္းကူညီရိုင္းပင္းရာေရာက္ျပီး ကိုယ္ဖတ္ထားတာ၊ ကိုယ္ၾကံဳဖူးထားတာ၊ ျမန္မာဘာသာနဲ႕ဖတ္လို႕မရႏိုင္တာေတြကုိ ၾကိဳသိရွိထားျခင္းအားျဖင္႕ ပညာရွာမီွးမႈကို ကုိယ္တတ္ထားတဲ႕ စာရိုက္ျခင္းအႏုပညာနဲ႕ ေမြးမိခင္ႏိုင္ငံ႕အက်ိဳး ပါဝင္ေဆာင္ရြက္ေနတယ္လုိ႕ ခံယူထားပါတယ္။
.
အခုလက္ရွိအလုပ္ကေတာ႕ မဟုတ္ပါ .. အရင္သိကြ်မ္းခဲ႕တဲ႕လုပ္ေဖာ္ကိုင္ဖက္ေဟာင္းမွာ ေျပာစရာရွိေနတာနဲ႕ ကြ်န္ေတာ္က စကားစေပးလိုက္တယ္။ သူ႕နာမယ္က အလီဟန္းဒရာ ျဖစ္ျပီး မကၠစီကန္ မိန္းကေလးတစ္ေယာက္ပါ။ သူ႕မွာ သား ( ၃ ) ေယာက္ရွိတယ္။ သူ႕ေယာက္်ားက အင္ဂ်င္နီယာျဖစ္ျပီး စိတ္သေဘာထားျပည္႕ဝသလို မိသားစုတာဝန္ကိုလည္း ေက်ပြန္စြာထမ္းေဆာင္ေနသူ တစ္ဦးလုိ႕ သိရပါတယ္။
.
.
အလီဟန္းဒရာ ရဲ႕ အလုပ္ကို အလီဟန္းဒရို ဆိုတဲ႕ လူသစ္ အမ်ိဳးသားတစ္ေယာက္ အလုပ္ဝင္ေရာက္လာပါတယ္။ နာမည္ေတြကုိဖတ္ျပီး စကားမရႈတ္သြားေစခ်င္ပါဘူး။ မကၠဆီကုိႏိုင္ငံဖြားလူမ်ိဳးေတြမွာ အေရွ႕နာမည္စာလံုးတူရင္ေတာင္ အုိ - O နဲ႕ ဆံုးရင္ ေယာက္်ားေလးနာမည္ျဖစ္ျပီး အာ - RA နဲ႕ ဆံုးရင္ မိန္းကေလးနာမည္ျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႕ၾကားဖူးေနတဲ႕ နာမည္ကို “ အလီ ” နဲ႕ စ,တိုင္း ကြ်န္ေတာ္တုိ႕သိတဲ႕ ပင္လယ္ေကြ႕အေရွ႕အလယ္ပိုင္းလူမ်ိဳးေတြလို႕ မထင္ေစခ်င္ပါ။
.
အဂၤလိပ္လို ေဂ် - J နဲ႕ ေရးထားတာကိုလည္း မကၠစီကန္အသံနဲ႕ ဟန္ - Han လို႕ အသံထြက္တာကိုလည္း သတိထားရပါမယ္။ ဥပမာ ဆီလီကြန္ေတာင္ၾကားရဲ႕ ျမိဳ႕ေတာ္ San Jose ကို ဆန္ဂ်ိဳး လို႕မဖတ္ပဲ ဆန္ဟုိေဆးျမိဳ႕လို႕ ဖတ္ပါတယ္။ Alejandra = မိန္းကေလး နဲ႕ Alejandro = ေယာက္်ားေလးဆုိရင္ ပိုရွင္းသြားမယ္ထင္ပါတယ္။ သူတုိ႕နာမည္ေတြကရွည္လုိ႕ ေနာက္ပိုင္းမွာ ဒရာ နဲ႕ ဒရို လို႕ပဲ ေရးတာကို နားလည္ခြင္႕လႊတ္ေစခ်င္ပါတယ္။
.
.
အလီဟန္းဒရို ဟာ အရင္အလုပ္ေတြတုန္းက ၾကီးၾကပ္ေရးမွဴး - Supervisor ၊ မန္ေနဂ်ာ၊ စက္မႈပညာရွင္ - Technician စတဲ႕ အလုပ္ၾကီးေတြ လုပ္ဖူးတယ္လုိ႕ သိရတယ္။ ဒရို မွာ ေခ်ာေမာလွပတဲ႕ ဇနီးတစ္ေယာက္ရွိျပီး သားသမီး မထြန္းကားပါဘူး။ လုပ္ငန္းခြင္မွာေတြ႕ဆံုရတဲ႕ ဒရုိ နဲ႕ ဒရာ တို႕ ( ၂ ) ေယာက္ဟာ လူမ်ိဳးတူရံုမက ေမြးရပ္ေျမပါတူၾကျပီး အေမရိကန္ေရာက္ေနၾကတာခ်င္းပါ တူၾကတယ္။ ေရွးေဟာင္းေႏွာင္းျဖစ္ေတြေျပာရင္း ခင္မင္သြားၾကျပီး စကားလက္ဆံုက်တဲ႕အခါ ေဘးပတ္ဝန္းက်င္ကိုေတာင္ ေမ႕တဲ႕အထိ အရင္းႏွီးဆံုးအျဖစ္ကို ခဏတာအတြင္း ေရာက္ရွိလာပါေတာ႕တယ္။
.
လုပ္ငန္းခြင္မွာ ယွဥ္တြဲလုပ္ကိုင္ရတာမုိ႕ ဒရာ က ဒရုိ ကုိ အျမဲေနာက္ေျပာင္ပါတယ္။ ျပီးရင္လည္း အသံျပဲၾကီး နဲ႕ ရယ္တတ္ေသးတယ္လို႕ ေျပာျပတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္အေနနီးစပ္ရံုမက ကိုယ္႕အိမ္သားေယာက္်ား၊ ကုိယ္႕အိမ္သူသက္ထား တို႕နဲ႕ အခ်ိန္ေပးရတာထက္ အလုပ္မွာက ဒီ ( ၂ ) ေယာက္အတူရွိေနခ်ိန္က ပိုမ်ားလာပါတယ္။ တစ္ခါတစ္ေလမွာ တစ္ေယာက္အတြက္တစ္ေယာက္ စားစရာယူလာတာမ်ိဳး၊ နားခ်ိန္ - Break မွာ ကားအတူတူစီးျပီး ထမင္းစားထြက္ၾကတာမ်ိဳးအထိ ခင္မင္ရွိရင္းစြဲက တုိးသထက္တိုးလို႕ လာေနပါေတာ႕တယ္။
.
.
ေနထုိင္ဝတ္စားပံုအရ ဘာမွေျပာစရာမရွိေပမယ္႕ မိန္းကေလးခႏၶာကိုယ္အလွ စြင္႕ကားေအာင္ ဝတ္တတ္သူက ဒရာ ပါ။ သူ႕ဖာသာသူေတာ႕ လြတ္လပ္ေပါ႕ပါးစြာေနထိုင္တယ္လို႕ထင္ေပမယ္႕ ဒရာ႕ရဲ႕ ပြင္႕လင္းေဖာ္ေရြမႈ နဲ႕ ကလက္တက္တက္အမူအရာက ဒရို အတြက္ မ်က္မွန္ေပၚကေန ေခ်ာင္းၾကည္႕ရတဲ႕အဆင္႕အထိ ေရာက္ေစခဲ႕တယ္။ ဒါကို မိန္းကေလးက မသိသလို ေယာက္်ားေလးကလည္း လူသိမခံလိုပါဘူး။ တစ္ျဖည္းျဖည္းပြတ္တိုက္လာတဲ႕ ေစာင္႕စည္းမႈတရားလူ႕က်င္႕ဝတ္ဟာ ေယာက္်ားေလးႏႈတ္ဖ်ားကေန စည္းကမ္းေတြ စေဖာက္လာတယ္။ “ နင္က အလုပ္ေတြအမ်ားၾကီးလုပ္ရမွာေပါ႕၊ နင္က အလုပ္ေတြျပီးလို႕ အမွတ္ေတြရမွာေပါ႕ .. နင္႕သူေ႒းက နင္႕ကုိ ေၾကြေနတာကိုး ” စကားကို စ, သလို ေနာက္သလို ကြ်ံလာတယ္။
.
ဒါနဲ႕ဘယ္ျပီးဦးမလဲ .. “ ငါ နင္႕ကုိ အေနာက္ကေနၾကည္႕ေနတာ ၾကာျပီ .. လမ္းေလွ်ာက္တာ မလႈပ္ေအာင္မေလွ်ာက္တတ္ဘူးလား ” လိုမ်ိဳး ေျပာကလည္းေျပာရဲ႕..။ ေနာက္ဆံုးတစ္ေခါက္က်ေတာ႕ ဒရာ႕ ကို သူေ႒းနဲ႕အေၾကာင္းပါတဲ႕အထိ လြန္ကဲစြာေျပာလာတဲ႕အခါ ဒရာ က ေအာ္ေငါက္ျပီး စကားမေျပာေတာ႕ပါဘူး။ တစ္ဖက္သတ္ မ်က္ႏွာဆူပုတ္ျပီး ဆိတ္ဆိတ္ေနလိုက္တယ္။ အမွန္က ဒရာ႕ သူေ႒းက အရင္ကသူငယ္ခ်င္းရင္းၾကီး .. ဒါကို ရာထူးတက္လို႕ လူၾကီးျဖစ္လာတာကို ေျပာစရာျဖစ္ေနတယ္လို႕ ဆိုပါတယ္။
.
.
ဇာတ္လမ္းက ဒီလိုနဲ႕တင္ မျပီးေသးပါဘူး .. ဒီလိုမ်ိဳး မၾကားဝံ႕ မနာသာစကားေတြေျပာေနတာ မကၠစီကန္ဘာသာနဲ႕ဆိုေတာ႕ ေဘးက လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း နားမလည္ပါဘူး။ ဒါကိုအခြင္႕ေကာင္းယူျပီး ဒရို က မၾကာခဏ တီးတိုးရြဲ႕ေစာင္း - Whisper လုပ္တယ္လို႕ ဒရာ က ေျပာျပတယ္။
.
တစ္ရက္က်ေတာ႕ စြပ္စြဲရိုး စြပ္စြဲစဥ္အတိုင္းပဲ သူေ႒း နဲ႕ ဘာလုိလို ညာလုိလုိ ေျပာရံုမက “ နင္႕တင္ပါးေတြကုိ ငါလက္နဲ႕ လုပ္ပစ္လိုက္ခ်င္တယ္ ” လုိ႕ေျပာလာတဲ႕အခါ ဒရာက ငိုျပီး ေခါင္းေဆာင္ - Lead ကို သြားတုိင္ပါတယ္။ ေခါင္းေဆာင္ကေနတစ္ဆင္႕ ၾကီးၾကပ္ေရးမွဴးဆီတက္ျပီး သတင္းပို႕ရင္းကေန သူတို႕တစ္ေယာက္ခ်င္းကို “ လူခြဲျပီး ” စစ္ေမးခံရတယ္။ ျဖစ္ေၾကာင္းရယ္ကုန္စင္ေျပာျပီးသကာလ ေယာက္်ားေလးဖက္ကိုေမးတဲ႕အခါမွာ သူမေျပာပါဘူး ဆိုျပီး ဒရို က ျငင္းပါတယ္။
.
အမွန္မေျပာတဲ႕အတြက္ ၾကီးၾကပ္ေရးမွဴးေတြနဲ႕ မန္ေနဂ်ာေတြ အလုပ္ရႈတ္ကုန္ျပီး လူ႕အရင္းအျမစ္႒ာန - Human Resource ပါ ပါဝင္ပတ္သက္လာျပီး စံုစမ္းစစ္ေဆးမႈေတြလုပ္ၾကတယ္။ တစ္ေယာက္တစ္ေနရာစီ ခြဲေနခုိင္းတယ္။  ေယာက္်ားေလးက မိန္းကေလးရွိရာ ( ၁ဝ ) ေပ အတြင္း မလာရဆုိျပီး တားျမစ္လိုက္ေသာ္ျငားလည္း အဲဒီေန႕မွာေတာ႕ ( ၂ ) ေယာက္လံုးကို အလုပ္ဆက္ေပးလုပ္ခဲ႕ပါတယ္။ ဒါကို မေက်နပ္တဲ႕ ဒရာ က ဒရို အနားကို ေခ်ာင္းေျမာင္းလာေရာက္ျပီး အံဆြဲေတြကို ေဆာင္႕ေအာင္႕ဖြင္႕၊ ထုိင္ခံုေတြကုို ဒံုးဒုိင္းလုပ္တဲ႕အခါ HR လူၾကီးေတြက မေနသာေတာ႕ပဲ ထပ္စစ္ၾကရျပန္တယ္။
.
.
အရာရွိပိုင္းလူၾကီးေတြပါဝင္လာတဲ႕အခါ ဒရို က ဆက္မလိမ္ႏိုင္ေတာ႕ပဲ သူေျပာခဲ႕တဲ႕စကားေတြကုိ ဝန္ခံပါတယ္။ ဒါေပမယ္႕ သူဒီလုိေျပာတာေတြကို မိန္းကေလးက ေဗြမယူဘူးဆုိတာ သူသိတယ္လုိ႕ တင္းခံေနတယ္။
.
တစ္ကယ္တမ္း မိန္းကေလးက သူ႕ခင္ပြန္းသည္ကို သစၥာရွိသူျဖစ္ျပီး အိမ္ေထာင္ေရးေဖာက္ျပန္ဖုိ႕ ဆႏၵမရွိတာ သူတစ္ကြက္လုိသြားပံု ရပါတယ္။ ဒါနဲ႕ စံုေထာက္ၾကီးအုပ္စု HR ႒ာနက နီးစပ္ရာ လုပ္ေဖာ္ကိုင္ဖက္ေတြကုိ မလြဲသာမေရွာင္သာ တရားရံုးခ်ိန္းလို စစ္ေမးရတဲ႕အခါ အျဖစ္မွန္က ထင္းထင္းၾကီးေပၚလာတယ္။ လက္ရွိအေျခအေနကိုထိန္းတဲ႕အေနနဲ႕ ဒရုိ ကို ဆုိင္းငံ႕ျပစ္ဒဏ္ - Suspension တစ္ပတ္ေပးျပီး အလုပ္နားထားခိုင္းလုိက္တယ္။ ေစ႕စပ္ေအာင္ ေလ႕လာသံုးသပ္မႈေတြလုပ္ေနတဲ႕ၾကားမွာတင္ ဒရာ က သူရွိေနရင္ အလုပ္အတူတူမလုပ္ႏိုင္ဘူး .. ထြက္မယ္ လို႕ ေျပာတာကို HR က ထပ္စဥ္းစားပါဦးဆိုျပီး အခြင္႕အေရး ေပးပါတယ္။
.
အလီဟန္းဒရာ ရဲ႕ အမ်ိဳးသားက အရွိကိုအရွိအတိုင္းျမင္တတ္သူျဖစ္ရံုမက အေမွ်ာ္အျမင္ရွိသူပီပီ အေျခအေနအမွန္ကုိ သံုးသပ္ႏိုင္ခဲ႕တယ္။ ျဖစ္လာေျခမ်ားတဲ႕ ဇာတ္လမ္း ဇာတ္ကြက္ေတြနဲ႕ ဇနီးသည္ကို ရွင္းျပျပီး အလုပ္မထြက္ပဲ ျပန္တက္ခုိင္းခဲ႕တယ္။ HR ႒ာနက ဒရာ ကို လိႈက္လိႈက္လွဲလွဲ ျပန္ၾကိဳဆုိတယ္။
.
.
ဒရာ ဆုိတဲ႕ မိန္းကေလးကလည္း သူမဟာ တစ္ပါးသူကို အလုပ္မျပဳတ္ေစလိုပါဘူး .. ျပန္ေတာင္းပန္္ရင္ ေက်နပ္မယ္လို႕ေျပာတာကို ဟုိေယာက္်ားေလးဖက္က အျပတ္ျငင္းဆန္တယ္လို႕ ေျပာပါတယ္။ ဒါနဲ႕ HR က ဒရို ကို ရံုးျပန္တက္ႏိုင္တဲ႕ေန႕မွာ အလုပ္မလာေတာ႕ဖို႕ အေၾကာင္းၾကားလုိက္တယ္။ အဓိပၸာယ္ကေတာ႕ ဒီလို လိမ္တတ္တဲ႕သူကို ကုမၸဏီမွာ ဆက္မထားဘူး ဆုိပါေတာ႕..။
.
ဒါ႕အျပင္ မိန္းကေလးရဲ႕ ကာမအိေျႏၵကို ထိပါးလာႏိုင္တဲ႕အေရးကိုကာကြယ္ျပီး ကုမၸဏီ နဲ႕ ကားပါကင္ပတ္ပတ္လည္မွာ လံုျခံဳေရးငွားေပးတယ္။ ဒါက အျပင္ လံုျခံဳေရးပါ။ ေနာက္ မိန္းကေလး စိတ္ခ်လက္ခ်အလုပ္တက္ႏိုင္ေရးအတြက္ ကုမၸဏီအတြင္းမွာ ရဲဝန္ထမ္းတစ္ေယာက္ကို အရပ္ဝတ္နဲ႕အလုပ္ဝင္ေစျပီး ဒရာ ရဲ႕ ရံုးဝင္ ရံုးထြက္ခ်ိန္ေတြကို ေစာင္႕ၾကပ္ေပးတယ္။ လံုျခံဳေရးအေၾကာင္းျပျပီး ကုမၸဏီရဲ႕ ပရဝုဏ္ထဲ လူဝင္လူထြက္ေတြကို အထူးေစာင္႕ၾကည္႕တယ္။ တီဗြီေတြကေန အဆက္မျပတ္ မွတ္တမ္းေတြတင္ထားတယ္။
.
.
ဒီအျဖစ္အပ်က္ေတြကုိရွင္းျပေနတဲ႕ ဒရာ ရဲ႕ ေနာက္ဆက္တြဲ စကားေတြက ပညာသားပါပါတယ္။ “ ကြ်န္မတုိ႕ မိန္းမသားေတြဟာ ေမြးကတည္းက ဖြက္လုိ႕မရတဲ႕ မက္ေမာစရာေတြဆိုတာ ပါလာျပီးသားပဲ။ ဒါကို သူမ်ားငမ္းလာေအာင္ ဆြဲေဆာင္မိတာမ်ိဳးလည္း ကြ်န္မ မလုပ္ခဲ႕ဘူး ”.
.
“ ပထမဦးဆံုး သူဟာ ကြ်န္မရဲ႕ ယဥ္ေက်းမႈတံခါးကို ရိုက္ခ်ိဳးတယ္။ ျပီးေတာ႕ လုပ္ေဖာ္ကိုင္ၾကားမွာထားရမယ္႕ တစ္ဦးကိုတစ္ဦးေလးစားဆက္ဆံမႈကို ေဖာက္ဖ်က္တယ္။ ရိသဲ႕သဲ႕လုပ္တယ္။ ေစာ္ကားတယ္။ သူငယ္ခ်င္းေတြလိုပဲ ေျပာမနာ ဆုိမနာေတြပဲ ဆုိျပီး ကြ်န္မကို ေအာက္ဘက္က အတန္းအစားလို ဆက္ဆံတယ္ ”
.
.
“ ေနာက္တစ္ဆင္႕တက္ျပီး ကြ်န္မက သူ႕ကိုၾကိဳက္ေနတဲ႕ပံုစံနဲ႕ သဝင္တုိျပတယ္။ သူငယ္ခ်င္းျဖစ္ခဲ႕တဲ႕ သူေ႒းနဲ႕အေနနီးတယ္ဆိုျပီး ေပးစားတယ္။ တကယ္ရွင္းရတဲ႕အခါက်ေတာ႕ ကြ်န္မက ဒီလိုမထင္ပါဘူး လို႕ အမ်ားကို ေျပာတယ္။ အထင္ေသးတယ္။ မိန္းမတစ္ေယာက္ကို အလုပ္မွာ လြယ္လြယ္ရမယ္လုိ႕ သူထင္ေနတယ္ ”
.
“ အမွန္က ကြ်န္မစိတ္ထဲမွာ ေယာက္်ား နဲ႕ သား ( ၃ ) ေယာက္အတြက္ပဲ အလုပ္လုပ္ေနတာ။ ေယာက္်ားေတြနဲ႕ ဆက္ဆံရတယ္ဆုိတာလည္း အလုပ္သေဘာအရထက္မပိုဘူး။ တစ္ခုေျပာႏုိင္တာက ကြ်န္မက ေပ်ာ္ေပ်ာ္ေနတယ္။ ေဖာ္ေရြႏိုင္သမ်ွ အတတ္ႏိုင္ဆံုး လူအကုန္လံုးနဲ႕ တည္႕ေအာင္ေပါင္းတယ္။ ဒါကို သူက သူ႕ဖက္သူ ကာမေတြး-ေတြးရင္ေတာ႕ မေျပာတတ္ဘူး ”
.
.
“ ဘာလုပ္မွာလဲ .. အေမရိကန္ဆိုျပီး လမ္းေပၚမွာ မိတ္လုိက္လို႕ရတဲ႕ႏိုင္ငံမဟုတ္ပါဘူး။ ထင္ရာေတြးျပီး အပန္းေျဖခ်င္ရင္ ကိုယ္႕ကိစၥကိုယ္ရွင္းၾကပါ။ လုပ္ငန္းခြင္မွာေတြ႕တဲ႕မိန္းကေလးဟာ ကုိယ္႕မိန္းမသာျဖစ္ေနမယ္ဆိုရင္ ဘယ္လုိလုပ္မလဲလို႕ ကိုယ္ခ်င္းစာႏုိင္ရင္ ဒီလုိ ႏႈတ္မေစာင္႕စည္းတဲ႕ က်ဴးလြန္မႈမ်ိဳးဆိုတာ ရွိလာမွာမဟုတ္ပါဘူး။ တစ္ရက္ကို ( ၈ ) နာရီေလးကို သည္းညည္းခံျပီး စိတ္မရွည္ၾကလို႕ ခက္ေနတာပါ ။ သည္းမခံႏိုင္၊ မေအာင္႕အီးႏိုင္လုိ႕ ျပန္လက္စားေခ်ခ်င္တဲ႕ တန္ျပန္စိတ္ - Retaliation ေၾကာင္႕ မလိုလားအပ္တဲ႕ အလုပ္ျပဳတ္ရတဲ႕ အျဖစ္ေတြ ၾကံဳၾကရတာပါ ”
.
“ ဒါေၾကာင္႕ ကြ်န္မေျပာျပခ်င္တာက ကာမအိေျႏၵထိခိုက္မႈ - Sexual Harassment ဆုိတာ လူကိုလာထိမွ မဟုတ္ဘူး .. လက္ကုိလာကိုင္မွမဟုတ္ဘူး .. ပါးစပ္နဲ႕ပြစိပြစိ ေႏွာင္႕ယွက္ေနတာကလည္း ထိပါးမႈ - Harassment ေျမာက္တယ္ဆုိတာ မသိေသးသူေတြ၊ အထင္ေသးသူေတြ သိေစဖုိ႕ ေျပာျပေပးလိုက္ပါ ” ဟူ၍ပဲ ျဖစ္ပါတယ္။ ေက်းဇူးတင္ပါတယ္ အလီဟန္းဒရာ..။
.
koko2yeye@gmail.com
.
.
.
Myanmar Unicode Version:
.
.
“ အသားထိမှငြိတာမဟုတ် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကျွန်တော်စာရေးတာကိုသိလာတဲ့ တစ်ချို့သော အသိမိတ်ဆွေများက သူတို့ရဲ့ဇာတ်လမ်းတိုလေးတွေပြောပြပြီး ရေးခိုင်းတာတွေရှိလာတယ်။ မြန်မာတွေပါသလို ဒေသခံ နိုင်ငံခြားသားတွေလည်း ပါကြတယ်။ အမှန်က ကျွန်တော်က တတ်လို့ရေးနေတာမဟုတ်ပဲ ကိုယ့်လောက် “ မသိသေးသူတွေ ” ကိုသာ စေတနာဝေဖြာပြီး ကူညီပြောပြပေးခြင်းသာ ဖြစ်ပါတယ်။ ဒါမှသာ လူသားအချင်းချင်းကူညီရိုင်းပင်းရာရောက်ပြီး ကိုယ်ဖတ်ထားတာ၊ ကိုယ်ကြုံဖူးထားတာ၊ မြန်မာဘာသာနဲ့ဖတ်လို့မရနိုင်တာတွေကို ကြိုသိရှိထားခြင်းအားဖြင့် ပညာရှာမှီးမှုကို ကိုယ်တတ်ထားတဲ့ စာရိုက်ခြင်းအနုပညာနဲ့ မွေးမိခင်နိုင်ငံ့အကျိုး ပါဝင်ဆောင်ရွက်နေတယ်လို့ ခံယူထားပါတယ်။
.
အခုလက်ရှိအလုပ်ကတော့ မဟုတ်ပါ .. အရင်သိကျွမ်းခဲ့တဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းမှာ ပြောစရာရှိနေတာနဲ့ ကျွန်တော်က စကားစပေးလိုက်တယ်။ သူ့နာမယ်က အလီဟန်းဒရာ ဖြစ်ပြီး မက္ကစီကန် မိန်းကလေးတစ်ယောက်ပါ။ သူ့မှာ သား ( ၃ ) ယောက်ရှိတယ်။ သူ့ယောက်ျားက အင်ဂျင်နီယာဖြစ်ပြီး စိတ်သဘောထားပြည့်ဝသလို မိသားစုတာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်နေသူ တစ်ဦးလို့ သိရပါတယ်။
.
.
အလီဟန်းဒရာ ရဲ့ အလုပ်ကို အလီဟန်းဒရို ဆိုတဲ့ လူသစ် အမျိုးသားတစ်ယောက် အလုပ်ဝင်ရောက်လာပါတယ်။ နာမည်တွေကိုဖတ်ပြီး စကားမရှုတ်သွားစေချင်ပါဘူး။ မက္ကဆီကိုနိုင်ငံဖွားလူမျိုးတွေမှာ အရှေ့နာမည်စာလုံးတူရင်တောင် အို - O နဲ့ ဆုံးရင် ယောက်ျားလေးနာမည်ဖြစ်ပြီး အာ - RA နဲ့ ဆုံးရင် မိန်းကလေးနာမည်ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားဖူးနေတဲ့ နာမည်ကို “ အလီ ” နဲ့ စ,တိုင်း ကျွန်တော်တို့သိတဲ့ ပင်လယ်ကွေ့အရှေ့အလယ်ပိုင်းလူမျိုးတွေလို့ မထင်စေချင်ပါ။
.
အင်္ဂလိပ်လို ဂျေ - J နဲ့ ရေးထားတာကိုလည်း မက္ကစီကန်အသံနဲ့ ဟန် - Han လို့ အသံထွက်တာကိုလည်း သတိထားရပါမယ်။ ဥပမာ ဆီလီကွန်တောင်ကြားရဲ့ မြို့တော် San Jose ကို ဆန်ဂျိုး လို့မဖတ်ပဲ ဆန်ဟိုဆေးမြို့လို့ ဖတ်ပါတယ်။ Alejandra = မိန်းကလေး နဲ့ Alejandro = ယောက်ျားလေးဆိုရင် ပိုရှင်းသွားမယ်ထင်ပါတယ်။ သူတို့နာမည်တွေကရှည်လို့ နောက်ပိုင်းမှာ ဒရာ နဲ့ ဒရို လို့ပဲ ရေးတာကို နားလည်ခွင့်လွှတ်စေချင်ပါတယ်။
.
.
အလီဟန်းဒရို ဟာ အရင်အလုပ်တွေတုန်းက ကြီးကြပ်ရေးမှူး - Supervisor ၊ မန်နေဂျာ၊ စက်မှုပညာရှင် - Technician စတဲ့ အလုပ်ကြီးတွေ လုပ်ဖူးတယ်လို့ သိရတယ်။ ဒရို မှာ ချောမောလှပတဲ့ ဇနီးတစ်ယောက်ရှိပြီး သားသမီး မထွန်းကားပါဘူး။ လုပ်ငန်းခွင်မှာတွေ့ဆုံရတဲ့ ဒရို နဲ့ ဒရာ တို့ ( ၂ ) ယောက်ဟာ လူမျိုးတူရုံမက မွေးရပ်မြေပါတူကြပြီး အမေရိကန်ရောက်နေကြတာချင်းပါ တူကြတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ခင်မင်သွားကြပြီး စကားလက်ဆုံကျတဲ့အခါ ဘေးပတ်ဝန်းကျင်ကိုတောင် မေ့တဲ့အထိ အရင်းနှီးဆုံးအဖြစ်ကို ခဏတာအတွင်း ရောက်ရှိလာပါတော့တယ်။
.
လုပ်ငန်းခွင်မှာ ယှဉ်တွဲလုပ်ကိုင်ရတာမို့ ဒရာ က ဒရို ကို အမြဲနောက်ပြောင်ပါတယ်။ ပြီးရင်လည်း အသံပြဲကြီး နဲ့ ရယ်တတ်သေးတယ်လို့ ပြောပြတယ်။ တစ်ယောက်နဲ့တစ်ယောက်အနေနီးစပ်ရုံမက ကိုယ့်အိမ်သားယောက်ျား၊ ကိုယ့်အိမ်သူသက်ထား တို့နဲ့ အချိန်ပေးရတာထက် အလုပ်မှာက ဒီ ( ၂ ) ယောက်အတူရှိနေချိန်က ပိုများလာပါတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်အတွက်တစ်ယောက် စားစရာယူလာတာမျိုး၊ နားချိန် - Break မှာ ကားအတူတူစီးပြီး ထမင်းစားထွက်ကြတာမျိုးအထိ ခင်မင်ရှိရင်းစွဲက တိုးသထက်တိုးလို့ လာနေပါတော့တယ်။
.
.
နေထိုင်ဝတ်စားပုံအရ ဘာမှပြောစရာမရှိပေမယ့် မိန်းကလေးခန္ဓာကိုယ်အလှ စွင့်ကားအောင် ဝတ်တတ်သူက ဒရာ ပါ။ သူ့ဖာသာသူတော့ လွတ်လပ်ပေါ့ပါးစွာနေထိုင်တယ်လို့ထင်ပေမယ့် ဒရာ့ရဲ့ ပွင့်လင်းဖော်ရွေမှု နဲ့ ကလက်တက်တက်အမူအရာက ဒရို အတွက် မျက်မှန်ပေါ်ကနေ ချောင်းကြည့်ရတဲ့အဆင့်အထိ ရောက်စေခဲ့တယ်။ ဒါကို မိန်းကလေးက မသိသလို ယောက်ျားလေးကလည်း လူသိမခံလိုပါဘူး။ တစ်ဖြည်းဖြည်းပွတ်တိုက်လာတဲ့ စောင့်စည်းမှုတရားလူ့ကျင့်ဝတ်ဟာ ယောက်ျားလေးနှုတ်ဖျားကနေ စည်းကမ်းတွေ စဖောက်လာတယ်။ “ နင်က အလုပ်တွေအများကြီးလုပ်ရမှာပေါ့၊ နင်က အလုပ်တွေပြီးလို့ အမှတ်တွေရမှာပေါ့ .. နင့်သူဋ္ဌေးက နင့်ကို ကြွေနေတာကိုး ” စကားကို စ, သလို နောက်သလို ကျွံလာတယ်။
.
ဒါနဲ့ဘယ်ပြီးဦးမလဲ .. “ ငါ နင့်ကို အနောက်ကနေကြည့်နေတာ ကြာပြီ .. လမ်းလျှောက်တာ မလှုပ်အောင်မလျှောက်တတ်ဘူးလား ” လိုမျိုး ပြောကလည်းပြောရဲ့..။ နောက်ဆုံးတစ်ခေါက်ကျတော့ ဒရာ့ ကို သူဋ္ဌေးနဲ့အကြောင်းပါတဲ့အထိ လွန်ကဲစွာပြောလာတဲ့အခါ ဒရာ က အော်ငေါက်ပြီး စကားမပြောတော့ပါဘူး။ တစ်ဖက်သတ် မျက်နှာဆူပုတ်ပြီး ဆိတ်ဆိတ်နေလိုက်တယ်။ အမှန်က ဒရာ့ သူဋ္ဌေးက အရင်ကသူငယ်ချင်းရင်းကြီး .. ဒါကို ရာထူးတက်လို့ လူကြီးဖြစ်လာတာကို ပြောစရာဖြစ်နေတယ်လို့ ဆိုပါတယ်။
.
.
ဇာတ်လမ်းက ဒီလိုနဲ့တင် မပြီးသေးပါဘူး .. ဒီလိုမျိုး မကြားဝံ့ မနာသာစကားတွေပြောနေတာ မက္ကစီကန်ဘာသာနဲ့ဆိုတော့ ဘေးက လုပ်ဖော်ကိုင်ဖက်တွေကလည်း နားမလည်ပါဘူး။ ဒါကိုအခွင့်ကောင်းယူပြီး ဒရို က မကြာခဏ တီးတိုးရွဲ့စောင်း - Whisper လုပ်တယ်လို့ ဒရာ က ပြောပြတယ်။
.
တစ်ရက်ကျတော့ စွပ်စွဲရိုး စွပ်စွဲစဉ်အတိုင်းပဲ သူဋ္ဌေး နဲ့ ဘာလိုလို ညာလိုလို ပြောရုံမက “ နင့်တင်ပါးတွေကို ငါလက်နဲ့ လုပ်ပစ်လိုက်ချင်တယ် ” လို့ပြောလာတဲ့အခါ ဒရာက ငိုပြီး ခေါင်းဆောင် - Lead ကို သွားတိုင်ပါတယ်။ ခေါင်းဆောင်ကနေတစ်ဆင့် ကြီးကြပ်ရေးမှူးဆီတက်ပြီး သတင်းပို့ရင်းကနေ သူတို့တစ်ယောက်ချင်းကို “ လူခွဲပြီး ” စစ်မေးခံရတယ်။ ဖြစ်ကြောင်းရယ်ကုန်စင်ပြောပြီးသကာလ ယောက်ျားလေးဖက်ကိုမေးတဲ့အခါမှာ သူမပြောပါဘူး ဆိုပြီး ဒရို က ငြင်းပါတယ်။
.
အမှန်မပြောတဲ့အတွက် ကြီးကြပ်ရေးမှူးတွေနဲ့ မန်နေဂျာတွေ အလုပ်ရှုတ်ကုန်ပြီး လူ့အရင်းအမြစ်ဋ္ဌာန - Human Resource ပါ ပါဝင်ပတ်သက်လာပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ကြတယ်။ တစ်ယောက်တစ်နေရာစီ ခွဲနေခိုင်းတယ်။  ယောက်ျားလေးက မိန်းကလေးရှိရာ ( ၁ဝ ) ပေ အတွင်း မလာရဆိုပြီး တားမြစ်လိုက်သော်ငြားလည်း အဲဒီနေ့မှာတော့ ( ၂ ) ယောက်လုံးကို အလုပ်ဆက်ပေးလုပ်ခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့ ဒရာ က ဒရို အနားကို ချောင်းမြောင်းလာရောက်ပြီး အံဆွဲတွေကို ဆောင့်အောင့်ဖွင့်၊ ထိုင်ခုံတွေကို ဒုံးဒိုင်းလုပ်တဲ့အခါ HR လူကြီးတွေက မနေသာတော့ပဲ ထပ်စစ်ကြရပြန်တယ်။
.
.
အရာရှိပိုင်းလူကြီးတွေပါဝင်လာတဲ့အခါ ဒရို က ဆက်မလိမ်နိုင်တော့ပဲ သူပြောခဲ့တဲ့စကားတွေကို ဝန်ခံပါတယ်။ ဒါပေမယ့် သူဒီလိုပြောတာတွေကို မိန်းကလေးက ဗွေမယူဘူးဆိုတာ သူသိတယ်လို့ တင်းခံနေတယ်။
.
တစ်ကယ်တမ်း မိန်းကလေးက သူ့ခင်ပွန်းသည်ကို သစ္စာရှိသူဖြစ်ပြီး အိမ်ထောင်ရေးဖောက်ပြန်ဖို့ ဆန္ဒမရှိတာ သူတစ်ကွက်လိုသွားပုံ ရပါတယ်။ ဒါနဲ့ စုံထောက်ကြီးအုပ်စု HR ဋ္ဌာနက နီးစပ်ရာ လုပ်ဖော်ကိုင်ဖက်တွေကို မလွဲသာမရှောင်သာ တရားရုံးချိန်းလို စစ်မေးရတဲ့အခါ အဖြစ်မှန်က ထင်းထင်းကြီးပေါ်လာတယ်။ လက်ရှိအခြေအနေကိုထိန်းတဲ့အနေနဲ့ ဒရို ကို ဆိုင်းငံ့ပြစ်ဒဏ် - Suspension တစ်ပတ်ပေးပြီး အလုပ်နားထားခိုင်းလိုက်တယ်။ စေ့စပ်အောင် လေ့လာသုံးသပ်မှုတွေလုပ်နေတဲ့ကြားမှာတင် ဒရာ က သူရှိနေရင် အလုပ်အတူတူမလုပ်နိုင်ဘူး .. ထွက်မယ် လို့ ပြောတာကို HR က ထပ်စဉ်းစားပါဦးဆိုပြီး အခွင့်အရေး ပေးပါတယ်။
.
အလီဟန်းဒရာ ရဲ့ အမျိုးသားက အရှိကိုအရှိအတိုင်းမြင်တတ်သူဖြစ်ရုံမက အမျှော်အမြင်ရှိသူပီပီ အခြေအနေအမှန်ကို သုံးသပ်နိုင်ခဲ့တယ်။ ဖြစ်လာခြေများတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ဇနီးသည်ကို ရှင်းပြပြီး အလုပ်မထွက်ပဲ ပြန်တက်ခိုင်းခဲ့တယ်။ HR ဋ္ဌာနက ဒရာ ကို လှိုက်လှိုက်လှဲလှဲ ပြန်ကြိုဆိုတယ်။
.
.
ဒရာ ဆိုတဲ့ မိန်းကလေးကလည်း သူမဟာ တစ်ပါးသူကို အလုပ်မပြုတ်စေလိုပါဘူး .. ပြန်တောင်းပန်ရင် ကျေနပ်မယ်လို့ပြောတာကို ဟိုယောက်ျားလေးဖက်က အပြတ်ငြင်းဆန်တယ်လို့ ပြောပါတယ်။ ဒါနဲ့ HR က ဒရို ကို ရုံးပြန်တက်နိုင်တဲ့နေ့မှာ အလုပ်မလာတော့ဖို့ အကြောင်းကြားလိုက်တယ်။ အဓိပ္ပာယ်ကတော့ ဒီလို လိမ်တတ်တဲ့သူကို ကုမ္ပဏီမှာ ဆက်မထားဘူး ဆိုပါတော့..။
.
ဒါ့အပြင် မိန်းကလေးရဲ့ ကာမအိန္ဒြေကို ထိပါးလာနိုင်တဲ့အရေးကိုကာကွယ်ပြီး ကုမ္ပဏီ နဲ့ ကားပါကင်ပတ်ပတ်လည်မှာ လုံခြုံရေးငှားပေးတယ်။ ဒါက အပြင် လုံခြုံရေးပါ။ နောက် မိန်းကလေး စိတ်ချလက်ချအလုပ်တက်နိုင်ရေးအတွက် ကုမ္ပဏီအတွင်းမှာ ရဲဝန်ထမ်းတစ်ယောက်ကို အရပ်ဝတ်နဲ့အလုပ်ဝင်စေပြီး ဒရာ ရဲ့ ရုံးဝင် ရုံးထွက်ချိန်တွေကို စောင့်ကြပ်ပေးတယ်။ လုံခြုံရေးအကြောင်းပြပြီး ကုမ္ပဏီရဲ့ ပရဝုဏ်ထဲ လူဝင်လူထွက်တွေကို အထူးစောင့်ကြည့်တယ်။ တီဗွီတွေကနေ အဆက်မပြတ် မှတ်တမ်းတွေတင်ထားတယ်။
.
.
ဒီအဖြစ်အပျက်တွေကိုရှင်းပြနေတဲ့ ဒရာ ရဲ့ နောက်ဆက်တွဲ စကားတွေက ပညာသားပါပါတယ်။ “ ကျွန်မတို့ မိန်းမသားတွေဟာ မွေးကတည်းက ဖွက်လို့မရတဲ့ မက်မောစရာတွေဆိုတာ ပါလာပြီးသားပဲ။ ဒါကို သူများငမ်းလာအောင် ဆွဲဆောင်မိတာမျိုးလည်း ကျွန်မ မလုပ်ခဲ့ဘူး ”.
.
“ ပထမဦးဆုံး သူဟာ ကျွန်မရဲ့ ယဉ်ကျေးမှုတံခါးကို ရိုက်ချိုးတယ်။ ပြီးတော့ လုပ်ဖော်ကိုင်ကြားမှာထားရမယ့် တစ်ဦးကိုတစ်ဦးလေးစားဆက်ဆံမှုကို ဖောက်ဖျက်တယ်။ ရိသဲ့သဲ့လုပ်တယ်။ စော်ကားတယ်။ သူငယ်ချင်းတွေလိုပဲ ပြောမနာ ဆိုမနာတွေပဲ ဆိုပြီး ကျွန်မကို အောက်ဘက်က အတန်းအစားလို ဆက်ဆံတယ် ”
.
.
“ နောက်တစ်ဆင့်တက်ပြီး ကျွန်မက သူ့ကိုကြိုက်နေတဲ့ပုံစံနဲ့ သဝင်တိုပြတယ်။ သူငယ်ချင်းဖြစ်ခဲ့တဲ့ သူဋ္ဌေးနဲ့အနေနီးတယ်ဆိုပြီး ပေးစားတယ်။ တကယ်ရှင်းရတဲ့အခါကျတော့ ကျွန်မက ဒီလိုမထင်ပါဘူး လို့ အများကို ပြောတယ်။ အထင်သေးတယ်။ မိန်းမတစ်ယောက်ကို အလုပ်မှာ လွယ်လွယ်ရမယ်လို့ သူထင်နေတယ် ”
.
“ အမှန်က ကျွန်မစိတ်ထဲမှာ ယောက်ျား နဲ့ သား ( ၃ ) ယောက်အတွက်ပဲ အလုပ်လုပ်နေတာ။ ယောက်ျားတွေနဲ့ ဆက်ဆံရတယ်ဆိုတာလည်း အလုပ်သဘောအရထက်မပိုဘူး။ တစ်ခုပြောနိုင်တာက ကျွန်မက ပျော်ပျော်နေတယ်။ ဖော်ရွေနိုင်သမျှ အတတ်နိုင်ဆုံး လူအကုန်လုံးနဲ့ တည့်အောင်ပေါင်းတယ်။ ဒါကို သူက သူ့ဖက်သူ ကာမတွေး-တွေးရင်တော့ မပြောတတ်ဘူး ”
.
.
“ ဘာလုပ်မှာလဲ .. အမေရိကန်ဆိုပြီး လမ်းပေါ်မှာ မိတ်လိုက်လို့ရတဲ့နိုင်ငံမဟုတ်ပါဘူး။ ထင်ရာတွေးပြီး အပန်းဖြေချင်ရင် ကိုယ့်ကိစ္စကိုယ်ရှင်းကြပါ။ လုပ်ငန်းခွင်မှာတွေ့တဲ့မိန်းကလေးဟာ ကိုယ့်မိန်းမသာဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲလို့ ကိုယ်ချင်းစာနိုင်ရင် ဒီလို နှုတ်မစောင့်စည်းတဲ့ ကျူးလွန်မှုမျိုးဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ တစ်ရက်ကို ( ၈ ) နာရီလေးကို သည်းညည်းခံပြီး စိတ်မရှည်ကြလို့ ခက်နေတာပါ ။ သည်းမခံနိုင်၊ မအောင့်အီးနိုင်လို့ ပြန်လက်စားချေချင်တဲ့ တန်ပြန်စိတ် - Retaliation ကြောင့် မလိုလားအပ်တဲ့ အလုပ်ပြုတ်ရတဲ့ အဖြစ်တွေ ကြုံကြရတာပါ ”
.
“ ဒါကြောင့် ကျွန်မပြောပြချင်တာက ကာမအိန္ဒြေထိခိုက်မှု - Sexual Harassment ဆိုတာ လူကိုလာထိမှ မဟုတ်ဘူး .. လက်ကိုလာကိုင်မှမဟုတ်ဘူး .. ပါးစပ်နဲ့ပွစိပွစိ နှောင့်ယှက်နေတာကလည်း ထိပါးမှု - Harassment မြောက်တယ်ဆိုတာ မသိသေးသူတွေ၊ အထင်သေးသူတွေ သိစေဖို့ ပြောပြပေးလိုက်ပါ ” ဟူ၍ပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် အလီဟန်းဒရာ..။
.
koko2yeye@gmail.com
.
.
“ အသားထိမွျငိတာမဟုတ္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇြန္လ ( ၁၈ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၃၉ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။





No comments: