ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, November 3, 2019

(၁) နှစ်မှာ (၁) ကြိမ်ပြန်ရတဲ့ (၁) နာရီ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကမ္ဘာကြီးနဲ့အမေရိကန်စစ်ဖြစ်ရင်ဘယ်သူနိုင်မယ်ထင်သလဲ? ကမ္ဘာကြီးကသူ့ရဲ့ သယံဇာတတွေအတွက် တိုက်ပွဲဝင်တယ်။ အမေရိကန်ကစီးပွားရေးအတွက်စစ်ပြင်ချင်တယ်။ သူတို့နှစ်ဦးလုနေတာက ကျွန်တော်တို့လက်ထဲက၊ ဖုန်းထဲက၊ လက်ပတ်နာရီပေါ်က မိနစ် (၆ဝ) ကြာမြင့်တဲ့ အချိန် (၁) နာရီ ဖြစ်ပါတယ်။

ဒီနေ့နိုဝင်ဘာလ (၃) ရက်နေ့မှာ ကျွန်‌တော်တို့လက်ထဲကို အချိန် (၁) နာရီ ပြန်ရောက်လာတယ်။ တစ်ချိန်ကမပေးချင်ဘဲပေးလိုက်ရတာပြန်ရတဲ့အခါအင်မတန်ပျော်ရွှင်ရတယ်။ အချိန် (၁) နာရီ ပိုမိုအိပ်စက်ရတယ်။ အချိန် (၁) နာရီနောက်ကျမှအလုပ်သွားလို့ရတယ်။ ဘယ်လောက်တန်ဖိုးရှိလိုက်တဲ့ အချိန် (၁) နာရီပါလဲ?

ကမ္ဘာကြီးက ရိုးသားတယ်။ သူ့အရှိန်နဲ့သူ နေဂြိုဟ်ကိုလည်ပတ်နေတာဘာ ပ‌‌‌ယောဂမှ မပါဘူး။ အနောက်နိုင်ငံသားတွေကျတော့ ဒီလိုမတွေးဘူး။
နေဝင်ချိန်‌စောနေရင်လျှပ်စစ်မီးတွေ ပိုထွန်းရတယ်။ နေထွက်ချိန်နောက်ကျရင် ညကတည်းကဖွင့်ထားတဲ့လျှပ်စစ်မီးတွေပိတ်လို့မရသေးဘူး။ ဒါကိုအကြောင်းပြုလို့ ကမ္ဘာကြီးနဲ့လူသားတွေအပေးအယူလုပ်ကြတဲ့ကန်ထရိုက်တစ်ခုကို Daylight Savings Time လို့ခေါ်ပါတယ်။

Daylight Savings Time ကိုစတင်အသက်သွင်းဖို့လုပ်ခဲ့သူတွေကအမေရိကန်တွေမဟုတ်ခဲ့ဘူး။ ဥရောပသားတွေကစခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ DST ကို လိုက်လုပ်ဖို့ကျင့်သုံးခဲ့တဲ့အမေရိကန်နိုင်ငံကိုတည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ဘန်ဂျမင်ဖရန်ကလင်ကြောင့် ပြည်တွင်းမှာလျှပ်စစ်စွမ်းအင်တွေချွေတာနိုင်ခဲ့တယ်။

DST ကို ကျင့်သုံး-Observe လုပ်ခဲ့တဲ့အတွက်ကြောင့် (၁) နှစ်မှာ အချိန် (၁) နာရီတိုး၊ အချိန် (၁) နာရီလျှော့တဲ့အလုပ်လုပ်ရတာနဲ့အညီ (၁.၃) ထရီလျံနဲ့ညီမျှတဲ့လျှပ်စစ်စွမ်းအင်တွေအပိုထွက်လာတယ်။ ဒီပမာဏဟာလူနေအိမ်ခြေ (၁ဝဝဝဝဝ) ကို (၁) နှစ်စာ လျှပ်စစ်မီးပေးထားနိုင်ပါတယ်။

လူ့အကြိုက်နတ်မလိုက်နိုင်သလို ပြည်သူလူထုရဲ့အကြိုက်ကို အမေရိကန်နိုင်ငံကမလိုက်လို့ မရပြန်ပါဘူး။ အမေရိကန်ပြည်နယ် (၅ဝ) မှာ (၃) ပြည်နယ်က DST ကို မကျင့်သုံးတာကို လေ့လာနိုင်ပါတယ်။ အခုဆိုရင် တိုင်းပြည်ရဲ့ပြည်နယ်တစ်ဝက်ကျော်လောက်က DST ကို ပုံသေထားမယ့်ဥပဒေပြဌာန်းဖို့လုပ်‌ဆောင်နေကြတယ်။

ဒီကိစ္စအတည်ဖြစ်မဖြစ်ဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် DST ကြောင့် ညနေခင်းပိုင်းအချိန်ပိုထွက်လာတာ၊ နေအလင်း‌ရောင်ကို ပိုမြင်ရတဲ့အတွက်ကြောင့် ကားလမ်းတွေပေါ်မှာယာဉ်တိုက်မှူလျော့နည်းလာတာ၊ နေ့ခင်းအလင်းရောင်ကြောင့်ပဲ ရာဇဝတ်မှုတွေလျော့ကျလာတာတွေကို လူတွေကကြိုက်ကြပါတယ်။

အချိန် (၁) နာရီနောက်ဆုတ်တာဟာ နေစွမ်းအင်ကိုတိုးချဲ့လိုက်တာမဟုတ်ပါဘူး။ အချိန် (၁) နာရီရှေ့တိုးတာဟာ အမှောင်ကမ္ဘာထဲတိုးဝင်သွားတာမဟုတ်ပါဘူး။

အရင်ကငှားပေးလိုက်ရတဲ့ (၁) နာရီ နဲ့ အခုပြန်ရတဲ့ (၁) နာရီက အတူတူပါပဲ။ အထဲမှာ စက္ကန့် (၆ဝ) စီပါတဲ့ မိနစ် (၆ဝ) ပါဝင်ပါတယ်။ ဘဝအတွက်ဘယ်လိုအသုံးချသလဲဆိုတာကတော့ မိတ်ဆွေသုံးတဲ့အပေါ်မှာပဲမူတည်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
11-03-2019

<Zawgyi>

"(၁) ႏွစ္မွာ (၁) ႀကိမ္ျပန္ရတဲ့ (၁) နာရီ"
              ကမၻာႀကီးနဲ႔အေမရိကန္စစ္ျဖစ္ရင္ဘယ္သူနိုင္မယ္ထင္သလဲ? ကမၻာႀကီးကသူ႔ရဲ့ သယံဇာတေတြအတြက္ တိုက္ပြဲဝင္တယ္။ အေမရိကန္ကစီးပြားေရးအတြက္စစ္ျပင္ခ်င္တယ္။ သူတို႔ႏွစ္ဦးလုေနတာက ကၽြန္ေတာ္တို႔လက္ထဲက၊ ဖုန္းထဲက၊ လက္ပတ္နာရီေပၚက မိနစ္ (၆ဝ) ၾကာျမင့္တဲ့ အခ်ိန္ (၁) နာရီ ျဖစ္ပါတယ္။

              ဒီေန႔နိုဝင္ဘာလ (၃) ရက္ေန႔မွာ ကၽြန္‌ေတာ္တို႔လက္ထဲကို အခ်ိန္ (၁) နာရီ ျပန္ေရာက္လာတယ္။ တစ္ခ်ိန္ကမေပးခ်င္ဘဲေပးလိုက္ရတာျပန္ရတဲ့အခါအင္မတန္ေပ်ာ္ရႊင္ရတယ္။ အခ်ိန္ (၁) နာရီ ပိုမိုအိပ္စက္ရတယ္။ အခ်ိန္ (၁) နာရီေနာက္က်မွအလုပ္သြားလို႔ရတယ္။ ဘယ္ေလာက္တန္ဖိုးရွိလိုက္တဲ့ အခ်ိန္ (၁) နာရီပါလဲ?

              ကမၻာႀကီးက ရိုးသားတယ္။ သူ႔အရွိန္နဲ႔သူ ေနၿဂိဳဟ္ကိုလည္ပတ္ေနတာဘာ ပ‌‌‌ေယာဂမွ မပါဘူး။ အေနာက္နိုင္ငံသားေတြက်ေတာ့ ဒီလိုမေတြးဘူး။

               ေနဝင္ခ်ိန္‌ေစာေနရင္လၽွပ္စစ္မီးေတြ ပိုထြန္းရတယ္။ ေနထြက္ခ်ိန္ေနာက္က်ရင္ ညကတည္းကဖြင့္ထားတဲ့လၽွပ္စစ္မီးေတြပိတ္လို႔မရေသးဘူး။ ဒါကိုအေၾကာင္းျပဳလို႔ ကမၻာႀကီးနဲ႔လူသားေတြအေပးအယူလုပ္ၾကတဲ့ကန္ထရိုက္တစ္ခုကို Daylight Savings Time လို႔ေခၚပါတယ္။

              Daylight Savings Time ကိုစတင္အသက္သြင္းဖို႔လုပ္ခဲ့သူေတြကအေမရိကန္ေတြမဟုတ္ခဲ့ဘူး။ ဥေရာပသားေတြကစခဲ့တာျဖစ္တယ္။ ေနာက္ပိုင္းမွာ DST ကို လိုက္လုပ္ဖို႔က်င့္သုံးခဲ့တဲ့အေမရိကန္နိုင္ငံကိုတည္ေထာင္သူေတြထဲကတစ္ေယာက္ျဖစ္တဲ့ဘန္ဂ်မင္ဖရန္ကလင္ေၾကာင့္ ျပည္တြင္းမွာလၽွပ္စစ္စြမ္းအင္ေတြေခၽြတာနိုင္ခဲ့တယ္။

              DST ကို က်င့္သုံး-Observe လုပ္ခဲ့တဲ့အတြက္ေၾကာင့္ (၁) ႏွစ္မွာ အခ်ိန္ (၁) နာရီတိုး၊ အခ်ိန္ (၁) နာရီေလၽွာ့တဲ့အလုပ္လုပ္ရတာနဲ႔အညီ (၁.၃) ထရီလ်ံနဲ႔ညီမၽွတဲ့လၽွပ္စစ္စြမ္းအင္ေတြအပိုထြက္လာတယ္။ ဒီပမာဏဟာလူေနအိမ္ေၿခ (၁ဝဝဝဝဝ) ကို (၁) ႏွစ္စာ လၽွပ္စစ္မီးေပးထားနိုင္ပါတယ္။

              လူ႔အႀကိဳက္နတ္မလိုက္နိုင္သလို ျပည္သူလူထုရဲ့အႀကိဳက္ကို အေမရိကန္နိုင္ငံကမလိုက္လို႔ မရျပန္ပါဘူး။ အေမရိကန္ျပည္နယ္ (၅ဝ) မွာ (၃) ျပည္နယ္က DST ကို မက်င့္သုံးတာကို ေလ့လာနိုင္ပါတယ္။ အခုဆိုရင္ တိုင္းျပည္ရဲ့ျပည္နယ္တစ္ဝက္ေက်ာ္ေလာက္က DST ကို ပုံေသထားမယ့္ဥပေဒျပဌာန္းဖို႔လုပ္‌ေဆာင္ေနၾကတယ္။

              ဒီကိစၥအတည္ျဖစ္မျဖစ္ဆိုတာေစာင့္ၾကည့္ရဦးမွာျဖစ္ေပမယ့္ DST ေၾကာင့္ ညေနခင္းပိုင္းအခ်ိန္ပိုထြက္လာတာ၊ ေနအလင္း‌ေရာင္ကို ပိုျမင္ရတဲ့အတြက္ေၾကာင့္ ကားလမ္းေတြေပၚမွာယာဥ္တိုက္မႉေလ်ာ့နည္းလာတာ၊ ေန႔ခင္းအလင္းေရာင္ေၾကာင့္ပဲ ရာဇဝတ္မႈေတြေလ်ာ့က်လာတာေတြကို လူေတြကႀကိဳက္ၾကပါတယ္။

              အခ်ိန္ (၁) နာရီေနာက္ဆုတ္တာဟာ ေနစြမ္းအင္ကိုတိုးခ်ဲ႕လိုက္တာမဟုတ္ပါဘူး။ အခ်ိန္ (၁) နာရီေရွ႕တိုးတာဟာ အေမွာင္ကမၻာထဲတိုးဝင္သြားတာမဟုတ္ပါဘူး။
           
              အရင္ကငွားေပးလိုက္ရတဲ့ (၁) နာရီ နဲ႔ အခုျပန္ရတဲ့ (၁) နာရီက အတူတူပါပဲ။ အထဲမွာ စကၠန႔္ (၆ဝ) စီပါတဲ့ မိနစ္ (၆ဝ) ပါဝင္ပါတယ္။ ဘဝအတြက္ဘယ္လိုအသုံးခ်သလဲဆိုတာကေတာ့ မိတ္ေဆြသုံးတဲ့အေပၚမွာပဲမူတည္ပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
11-03-2019

No comments: