ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, May 24, 2018

အေရးၾကီးေပ တနဂၤေႏြ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)


. သီတင္း (၁) ပတ္ကို (၅) ရက္အလုပ္တက္ က်န္ (၂) ရက္နားစံနစ္နဲ႕အကြ်မ္းဝင္ၾကသူ ရက္သတၱပတ္ရဲ႕အလုပ္သားေကာင္ေတြရဲ႕အေပ်ာ္ရႊင္ဆံုးအခ်ိန္ဟာ ေသာၾကာေန႕လို႕ အဆုိရွိၾကတယ္။ ဒါေၾကာင္႕ ပင္ပန္းအားတင္းထားသမွ် တစ္ပတ္လံုးရဲ႕ေနာက္ဆံုးက်န္မိနစ္ေတြကိုေရတြက္ရင္း အလုပ္ခြင္ကုိယာယီစြန္႕ခြာေတာ႕မယ္႕သူအခ်င္းခ်င္း "ေပ်ာ္စရာေကာင္းေသာ ေသာၾကာေန႕ေလးပါ - Happy Friday" လို႕ ႏႈတ္ဆက္ၾကတယ္။
.
. တကယ္ေတာ႕ ေသာၾကာေန႕ဟာ မီးခိုးတူးေနတဲ႕ ဘတ္စ္ကားၾကီးရဲ႕အိပ္ေဇာပိုက္နဲ႕တူပါတယ္။ ညစ္မည္းေနတဲ႕ ခႏၶာကိုယ္ရဲ႕ဝန္ထုတ္ဝန္ပိုးေတြကို (အေနာက္ႏုိင္ငံမွာေတာ႕) အမ်ားစုက ေသေရ ေသရက္နဲ႕ေဆးေက်ာအေရာင္တင္ခ်င္ၾကတယ္။ က်ပ္ခိုးကို အဝတ္စုတ္နဲ႕သုတ္ေနတဲ႕ မီးဖိုေခ်ာင္လို ပုိလို႕သာညစ္ႏြမ္းေစရင္း (၅) ရက္ေသာ အေမာေတြကို ငိုဖို႕အသာျပင္ထားၾကတဲ႕ မဟူရာညကို အသူရာနဲ႕ကူးျဖတ္ၾကတာ မွန္တယ္လို႕ေတာ႕ ကြ်န္ေတာ္မထင္မိပါ။
.
.
. ဒီလုိသာ တကယ္ေသာက္ခဲ႕သူေတြ ေမွာက္တဲ႕အခ်ိန္ ကားေသာ႕ေပ်ာက္ၾကပါတယ္။ ဒီလိုနဲ႕ေရာက္တဲ႕ေနရာအိပ္ၾကည္႕၊ မနက္မုိးလင္းေတာ႕ ထမိတဲ႕အိပ္ယာကုိ မမွတ္မိ . . ေနာက္တစ္ေန႕မွာ ရပ္ထားတဲ႕ကားေနရာကို Uber နဲ႕ Lyft ကားငွားျပီး ျပန္သြားေမာင္း၊ ရင္ထဲမွာေဟာင္းေလာင္း၊ အနာက်တဲ႕အရက္နံ႕က တေထာင္းေထာင္း နဲ႕ စိတ္ေျပာင္းမိသမွ် ေနာင္တေတြရမိၾကတဲ႕ စေနေန႕ရဲ႕မနက္ခင္းေလး ေျပာင္းလဲပ်က္စီးရျပန္ပါတယ္။
.
. Happy Friday ဆုိတာ အျမဲမရႏုိင္သလို သီတင္းပတ္ရဲ႕ငရဲခန္းအလုပ္ဟာလည္း မေက်ာ္ျဖတ္လို႕မရေပဘူး။ ဒါေပမယ္႕ မိတ္ေဆြသာ "စိတ္ နဲ႕ အလုပ္ရဲ႕ အညမညမွ်ေျခ" ကုိ အသိတရားနဲ႕ရွာႏိုင္ရင္ စေနေန႕ဟာ ေနပြင္႕မွာျဖစ္သလို အျပင္ေလာကရဲ႕ကမၻာမွာ အေသအခ်ာေပ်ာ္ရႊင္စရာေတြ မ်ားေနမွာ အမွန္ပါပဲ။
.
.
. စေနေန႕ကို တစ္ပတ္စာလံုးရဲ႕အလုပ္ေတြကုိစီမံခန္႕ခြဲျပီး အားနည္းေနတဲ႕ခႏၶာကိုယ္ကုိ ဝါယာၾကိဳးမတြဲပဲ အားသြင္းၾကည္႕ပါ။ ရုပ္ခႏၶာဟာ လွ်ပ္စစ္ဓါတ္မလိုတာမို႕လို႕ အီလက္ထေရာနစ္ကိ႐ိယာေတြလို မီးအားေလာင္ကြ်မ္းသြားစရာမရွိပါဘူး။ အိမ္ရဲ႕ေမတၱာအလုပ္ေတြ နဲ႕ အလုပ္ရဲ႕ေစတနာထမင္းဗူးေတြျပင္ဆင္ရင္း အိမ္သူအိမ္သား နဲ႕ အိမ္သူသက္ထားေတြအေပၚမွာ ၾကင္နာသနားစိတ္ထားျပီး မ်ားျပားလွတဲ႕အိမ္မႈကိစၥဗာဟီရေတြကို အစီအစဥ္ဝုိင္းခ်ရင္း စေနေန႕ေလးမွာ ေပ်ာ္စရာေတြ ေတြ႕ရပါလိမ္႕မယ္။
.
. ဒါဆိုရင္ တနဂၤေႏြေန႕မွာ ဘာလုပ္ၾကမွာလဲ? မိသားစုနဲ႕မနက္ေစာ အတူတူထ၊ မနက္စာအတူတူစားရတဲ႕ေန႕ေတြအတြက္ တနဂၤေႏြေန႕လိုအပ္တာ ၾကံဳဖူးသူေတြသိၾကလိမ္႕မယ္။ ဘာသာတရားနဲ႕အလုပ္မ်ားေနသူေတြ မိသားစု စုစည္းဖို႕ရာ သတိရွိၾကလိမ္႕မယ္။ ဘာသာ၊ သာသနာ၊ လူမ်ိဳး တို႕ကို မျပတ္တမ္းထိန္းသိမ္းရမယ္လို႕ လူအမ်ားေျပာၾကတယ္။ ဒီအရာေတြအျပင္ အားလံုးထက္အေရးၾကီးတာက နားလည္မႈပါဝင္တဲ႕ မိသားစုအတြင္းရွိ "ေႏြးေထြးမႈ" ပါပဲ။
.
.
. မိသားစုညီညြတ္ရင္ ရပ္ကြက္ေအးခ်မ္းတယ္။ ရပ္ကြက္ညီညြတ္ရင္ ျမိဳ႕နယ္သာယာတယ္။ ျမိဳ႕နယ္ေတြညီညြတ္ရင္ တုိင္းျပည္စည္ျဖာမယ္။ ဒါေတြအားလံုးရဲ႕ညီညြတ္မႈကို မိသားစုအတြင္းကေန စရမယ္။ ဒီအေၾကာင္းေတြကုိဖတ္ေနသူဟာ ဒီေန႕ တနဂၤေႏြေန႕မွာ သာသာတရားရဲ႕အေအးရိပ္ေအာက္၊ တရားဓမၼေတာ္ရဲ႕ ျငိမ္းခ်မ္းရာေနာက္၊ အရွင္ေတာ္ျမတ္ဘုရားရဲ႕ေျခေတာ္ရင္းေအာက္ မေရာက္ႏိုင္ေသးရင္ေတာင္မွ တနဂၤေႏြေန႕မွာ မိသားစုစံုညီေအာင္ေတာ႕ စုရံုးေရာက္ရွိၾကဖို႕ အၾကံျပဳလိုက္မိပါေၾကာင္း . .။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 05-24-2018
.
.
Unicode Version:
.
.
. "အရေးကြီးပေ တနင်္ဂနွေ"
. သီတင်း (၁) ပတ်ကို (၅) ရက်အလုပ်တက် ကျန် (၂) ရက်နားစံနစ်နဲ့အကျွမ်းဝင်ကြသူ ရက်သတ္တပတ်ရဲ့အလုပ်သားကောင်တွေရဲ့အပျော်ရွှင်ဆုံးအချိန်ဟာ သောကြာနေ့လို့ အဆိုရှိကြတယ်။ ဒါကြောင့် ပင်ပန်းအားတင်းထားသမျ တစ်ပတ်လုံးရဲ့နောက်ဆုံးကျန်မိနစ်တွေကိုရေတွက်ရင်း အလုပ်ခွင်ကိုယာယီစွန့်ခွာတော့မယ့်သူအချင်းချင်း "ပျော်စရာကောင်းသော သောကြာနေ့လေးပါ - Happy Friday" လို့ နှုတ်ဆက်ကြတယ်။
.
. တကယ်တော့ သောကြာနေ့ဟာ မီးခိုးတူးနေတဲ့ ဘတ်စ်ကားကြီးရဲ့အိပ်ဇောပိုက်နဲ့တူပါတယ်။ ညစ်မည်းနေတဲ့ ခန္ဓာကိုယ်ရဲ့ဝန်ထုတ်ဝန်ပိုးတွေကို (အနောက်နိုင်ငံမှာတော့) အများစုက သေရေ သေရက်နဲ့ဆေးကျောအရောင်တင်ချင်ကြတယ်။ ကျပ်ခိုးကို အဝတ်စုတ်နဲ့သုတ်နေတဲ့ မီးဖိုချောင်လို ပိုလို့သာညစ်နွမ်းစေရင်း (၅) ရက်သော အမောတွေကို ငိုဖို့အသာပြင်ထားကြတဲ့ မဟူရာညကို အသူရာနဲ့ကူးဖြတ်ကြတာ မှန်တယ်လို့တော့ ကျွန်တော်မထင်မိပါ။
.
.
. ဒီလိုသာ တကယ်သောက်ခဲ့သူတွေ မှောက်တဲ့အချိန် ကားသော့ပျောက်ကြပါတယ်။ ဒီလိုနဲ့ရောက်တဲ့နေရာအိပ်ကြည့်၊ မနက်မိုးလင်းတော့ ထမိတဲ့အိပ်ယာကို မမှတ်မိ . . နောက်တစ်နေ့မှာ ရပ်ထားတဲ့ကားနေရာကို Uber နဲ့ Lyft ကားငှားပြီး ပြန်သွားမောင်း၊ ရင်ထဲမှာဟောင်းလောင်း၊ အနာကျတဲ့အရက်နံ့က တထောင်းထောင်း နဲ့ စိတ်ပြောင်းမိသမျ နောင်တတွေရမိကြတဲ့ စနေနေ့ရဲ့မနက်ခင်းလေး ပြောင်းလဲပျက်စီးရပြန်ပါတယ်။
.
. Happy Friday ဆိုတာ အမြဲမရနိုင်သလို သီတင်းပတ်ရဲ့ငရဲခန်းအလုပ်ဟာလည်း မကျော်ဖြတ်လို့မရပေဘူး။ ဒါပေမယ့် မိတ်ဆွေသာ "စိတ် နဲ့ အလုပ်ရဲ့ အညမညမျှခြေ" ကို အသိတရားနဲ့ရှာနိုင်ရင် စနေနေ့ဟာ နေပွင့်မှာဖြစ်သလို အပြင်လောကရဲ့ကမ္ဘာမှာ အသေအချာပျော်ရွှင်စရာတွေ များနေမှာ အမှန်ပါပဲ။
.
.
. စနေနေ့ကို တစ်ပတ်စာလုံးရဲ့အလုပ်တွေကိုစီမံခန့်ခွဲပြီး အားနည်းနေတဲ့ခန္ဓာကိုယ်ကို ဝါယာကြိုးမတွဲပဲ အားသွင်းကြည့်ပါ။ ရုပ်ခန္ဓာဟာ လျှပ်စစ်ဓါတ်မလိုတာမို့လို့ အီလက်ထရောနစ်ကိရိယာတွေလို မီးအားလောင်ကျွမ်းသွားစရာမရှိပါဘူး။ အိမ်ရဲ့မေတ္တာအလုပ်တွေ နဲ့ အလုပ်ရဲ့စေတနာထမင်းဗူးတွေပြင်ဆင်ရင်း အိမ်သူအိမ်သား နဲ့ အိမ်သူသက်ထားတွေအပေါ်မှာ ကြင်နာသနားစိတ်ထားပြီး များပြားလှတဲ့အိမ်မှုကိစ္စဗာဟီရတွေကို အစီအစဉ်ဝိုင်းချရင်း စနေနေ့လေးမှာ ပျော်စရာတွေ တွေ့ရပါလိမ့်မယ်။
.
. ဒါဆိုရင် တနင်္ဂနွေနေ့မှာ ဘာလုပ်ကြမှာလဲ? မိသားစုနဲ့မနက်စော အတူတူထ၊ မနက်စာအတူတူစားရတဲ့နေ့တွေအတွက် တနင်္ဂနွေနေ့လိုအပ်တာ ကြုံဖူးသူတွေသိကြလိမ့်မယ်။ ဘာသာတရားနဲ့အလုပ်များနေသူတွေ မိသားစု စုစည်းဖို့ရာ သတိရှိကြလိမ့်မယ်။ ဘာသာ၊ သာသနာ၊ လူမျိုး တို့ကို မပြတ်တမ်းထိန်းသိမ်းရမယ်လို့ လူအများပြောကြတယ်။ ဒီအရာတွေအပြင် အားလုံးထက်အရေးကြီးတာက နားလည်မှုပါဝင်တဲ့ မိသားစုအတွင်းရှိ "နွေးထွေးမှု" ပါပဲ။
.
.
. မိသားစုညီညွတ်ရင် ရပ်ကွက်အေးချမ်းတယ်။ ရပ်ကွက်ညီညွတ်ရင် မြို့နယ်သာယာတယ်။ မြို့နယ်တွေညီညွတ်ရင် တိုင်းပြည်စည်ဖြာမယ်။ ဒါတွေအားလုံးရဲ့ညီညွတ်မှုကို မိသားစုအတွင်းကနေ စရမယ်။ ဒီအကြောင်းတွေကိုဖတ်နေသူဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ သာသာတရားရဲ့အအေးရိပ်အောက်၊ တရားဓမ္မတော်ရဲ့ ငြိမ်းချမ်းရာနောက်၊ အရှင်တော်မြတ်ဘုရားရဲ့ခြေတော်ရင်းအောက် မရောက်နိုင်သေးရင်တောင်မ တနင်္ဂနွေနေ့မှာ မိသားစုစုံညီအောင်တော့ စုရုံးရောက်ရှိကြဖို့ အကြံပြုလိုက်မိပါကြောင်း . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 05-24-2018

No comments: