ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, August 17, 2019

ကယ္လီဖိုးနီးယားျပည္နယ္၏ဝင္ေပါက္မ်ား

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
ေရေၾကာင္း၊ ေလေၾကာင္း နဲ႕ ကုန္းေၾကာင္းတုိ႕က ကယ္လီဖိုးနီးယားျပည္နယ္ကုိဝင္ဖို႕ လမ္းေၾကာင္း (၂ဝ) ရွိတယ္လို႕ အေမရိကန္အစုိးရ အေကာက္ခြန္နဲ႕နယ္စပ္ထိန္းခ်ဳပ္ေရးတပ္ဖြဲ႕စာမ်က္ႏွာမွာဖတ္ရပါတယ္။ အဲဒီေတြက

ေတာင္ပိုင္းက ဆန္ဒီေယးဂုိျမိဳ႕ကေန (၇) ေပါက္၊
အလယ္ခပ္က်က် ေလာ႕အိမ္႕ဂ်လိစ္ျမိဳ႕ကလည္း (၇) ေပါက္ နဲ႕
ေျမာက္ပုိင္းက ဆန္ဖရန္စစၥကုိျမိဳ႕မွာေတာ႕ (၆) ေပါက္တုိ႕ျဖစ္ပါတယ္။

ဒီထဲမွာ နယ္စပ္ျဖတ္ေက်ာ္တာပါမယ္။ ပင္လယ္ဆိပ္ကမ္းပါမယ္။ ေတာင္တန္းျခားတဲ႕ ခရီးၾကမ္းလမ္းေတြပါမယ္။ အဓိက ဒီေဒသလံုျခံဳဖို႕က ျပည္နယ္ျခား၊ ႏိုင္ငံျခားကလာတဲ႕ လူ၊ တိရိစၦာန္၊ သစ္ေစ႕သစ္ပင္၊ ဇီဝပစၥည္း၊ လက္နက္ နဲ႕ မူးယစ္ေဆးဝါးစတာေတြကုိစိစစ္ခ်င္ရင္ ျမိဳ႕ထဲမွာ၊ တည္းခိုခန္းမွာ၊ ဂုိေဒါင္ေတြထဲမွာ၊ လမ္း တံတားေတြေပၚမွာ လိုက္ရွာေနစရာမလိုဘူး။ ဒီ ဝင္ေပါက္ (၂ဝ) ရဲ႕ လံုျခံဳေရးစံနစ္ကုိကိုင္လုိက္တာနဲ႕ ေခါင္ကုိၾကိဳးညွိလိုက္တာနဲ႕ အကုန္မိတဲ႕စံနစ္နဲ႕တည္ေဆာက္ထားပါတယ္။

ဒီေနရာေတြကေန ပစၥည္းသြင္းခ်င္ရင္ ျပည္နယ္အစုိးရကတရားဝင္ေပးထားတဲ႕အက်ိဳးေဆာင္ကုမၸဏီ-Broker ေတြရွိတယ္။ သူတို႕ဟာျပည္နယ္အတြင္းသယ္ယူလာမယ္႕ အဓိကပစၥည္း (ကုန္ပစၥည္း) ကုိ ျပည္နယ္ဖယ္ဒရယ္အစုိးရကခ်ေပးထားတဲ႕ စံခ်ိန္စံညႊန္းနဲ႕ကိုက္ညီတဲ႕ Implemented Guidelines ေတြနဲ႕စစ္ေဆးေပးရတယ္။ ဒီအတြက္ၾကားထဲကအက်ိဳးေဆာင္ခေပးရပါမယ္။

ဒါေၾကာင္႕ မတရားသျဖင္႕ဝင္လာမယ္႕ကိစၥေတြကို အစုိးရက သူ႕ဝန္ထမ္းခ်ည္းခ်ည္းအကုန္ခန္႕ထားျပီး မဆန္႕မျပဲအလုပ္လုပ္စရာမလိုဘူး။ ကုမၸဏီအၾကီး၊ အလတ္၊ အေသး နဲ႕ ျပည္သူျပည္သားရာေပါင္းမ်ားစြာကုိအလုပ္ခန္႕ထားေပးတယ္။ ဒါေၾကာင္႕ ျပည္သူအခ်င္းခ်င္းလာဘ္ေပးဝင္ရတဲ႕ကိစၥ၊ အေကာက္ခြန္မဲ႕သယ္ေဆာင္လာတဲ႕ကိစၥ နဲ႕ ဥပေဒေဘာင္ေက်ာ္ျပီးလုပ္ရမယ္႕ဘယ္ကိစၥကုိမဆို အခ်ိဳသတ္ျပီးသား၊ ျပႆနာေျဖရွင္းျပီးသားျဖစ္ေနပါတယ္။
တစ္ဆက္တည္းမွာ အေသးစားလက္လီလုပ္ငန္းေတြ၊ စစ္ျပန္နဲ႕အျငိမ္းစားေတြအတြက္လုပ္ငန္းေတြအျပင္ အမ်ိဳးသမီးေတြသီးသန္႕ဦးစီးႏိုင္တဲ႕လုပ္ငန္းေတြကိုပါဖြင္႕ေပးထားပါတယ္။
ဖယ္ဒရယ္ဆုိတာ ကိုယ္ရွိမွ ကိုယ္သံုး၊
ကိုယ္သံုးသမွ် ကိုယ္ရွာ၊
ကိုယ္မျဖဳံးပါမွ ျပည္နယ္ခ်မ္းသာရ၊
ျပည္နယ္သားေတြခ်မ္းသာမွ အခြန္ေငြပုိရ ဆုိတဲ႕စံနစ္နဲ႕သြားတာဆိုေတာ႕ အေသးဆံုးကုိၾကည္႕မယ္ဆုိရင္ မိသားစုတစ္ခု၊ အၾကီးဆံုးကိုၾကည္႕မယ္ဆိုရင္ ႏိုင္ငံငယ္ေလးသဖြယ္ ျပည္နယ္သားေတြကိုအလုပ္အကိုင္အခြင္႕အလမ္းေပးထားေပးတာက အတုယူစရာပါ။

(ဒါက ကြ်န္ေတာ္သိတဲ႕ျပည္နယ္တစ္ခုအေၾကာင္းမွ်သာပါ)

အေမရိကားတစ္ႏုိင္ငံလံုးအေနနဲ႕ သူ႕တုိင္းျပည္ထဲကုိဝင္ဖို႕အေၾကာက္ဆံုးကေတာ႕ မူးယစ္ေဆးဝါးလို႕ဆိုရလိမ္႕မယ္။ ဒါကို မွန္ကန္တဲ႕ဝန္ထမ္းေတြနဲ႕ထိန္းထားတယ္။ ဝန္ထမ္းေတြက လာဘ္မစားေတာ႕ တရားဥပေဒဟာ တရားဥပေဒအျဖစ္သာအေျဖထြက္တယ္။ ဘယ္လိုအေကာက္ခြန္မဲ႕ပစၥည္းေတြမွပိုင္ရွင္မဲ႕ဆိုျပီးတရားသူၾကီးေရွ႕ေရာက္မလာဘူး။

ဝန္ထမ္းေတြဟာ ျပည္နယ္သားေတြပါ သူလို၊ ကိုယ္လို၊ သူ႕သားသမီးလို၊ ကိုယ္႕သားသမီးလို ကေလးသူငယ္နဲ႕လူငယ္ထုေတြကို လမ္းမွန္ေရာက္ဖုိ႕နဲ႕ လမ္းမွားမေရာက္ရေလေအာင္ကာကြယ္ၾကတယ္။ သိပ္ေကာင္းတဲ႕အခ်က္တစ္ခုက အေမရိကန္ေျမေပၚမွာ ျပည္တြင္းစစ္မရွိေနတာပဲ။

လက္နက္ကိုင္ျပီး အက်ိဳးစီးပြားရွာတဲ႕လူေတြရွိေကာင္းရွိႏိုင္ေပမယ္႕ အစုိးရရဲ႕ရဲတပ္ဖြဲ႕နဲ႕အေမရိကန္နယ္စပ္လံုျခံဳေရးအဖြဲ႕ေတြရဲ႕မ်က္စိေဒါက္ေထာက္ၾကည္႕ေျခရာေကာက္ေနတဲ႕သံဆူးၾကိဳးစံနစ္ကိုမေက်ာ္ႏိုင္ၾကဘူး။

CBP- U.S. Customs and Border Protection ဆုိတာ အေမရိကန္ႏုိင္ငံရဲ႕အေကာက္ခြန္နဲ႕နယ္စပ္ထိန္းခ်ဳပ္ေရးတပ္ဖြဲ႕ပါ။ CBP ဟာ ကမၻာေပၚမွာရွိတဲ႕လက္နက္အျပည္႕တပ္ဆင္ထားတဲ႕အဖြဲ႕ေတြထဲက အင္အားအၾကီးမားဆံုးတပ္ဖြဲ႕ထဲမွာပါတယ္။ ဝန္ထမ္း (၆ဝဝဝဝ) ေက်ာ္ရွိတယ္။

သူ႕ရဲ႕အဓိကတာဝန္ေတြထဲမွာ နယ္စပ္လံုျခံဳေရးနဲ႕ထိန္းခ်ဳပ္ေရး-Border Management and Control ၊ အေကာက္ခြန္အဖြဲ႕စံု-Combining Customs ၊ လူဝင္မႈၾကီးၾကပ္ေရး-Immigration ၊ စုိက္ပ်ိဳးသီးႏွံကာကြယ္ေစာင္႕ေရွာက္ေရး-Agricultural Protection ေတြကုိ အားလံုးေပါင္းျပီး သမၼတရဲ႕လက္ရံုးတစ္ဆူသဖြယ္အားထားရတဲ႕ ျပည္ခ်စ္သားတပ္ဖြဲ႕ျဖစ္ပါတယ္။

အေမရိကန္တစ္ႏုိင္ငံလံုးရဲ႕ျပည္နယ္ (၅ဝ) ေက်ာ္ရဲ႕ဝင္ေပါက္-Port of Entry ေတြမွာ တစ္ရက္ကုိ အျပည္ျပည္ဆိုင္ရာက လူ (၁) သန္းေက်ာ္ဝင္ေရာက္တဲ႕ေန႕ေတြရွိတယ္။ ထရပ္ကား အစီးေရ (၇၄ဝဝဝ) ဝင္တဲ႕ေန႕ရွိတယ္။ မ်ိဳးပြားမွားသြားေစမယ္႕ ဇီဝမ်ိဳးေစ႕နဲ႕အသီးအႏွံေပါင္း (၄ဝ၄) မ်ိဳးကုိ တားဆီးေနရတယ္။

ဒါေတြရဲ႕အက်ိဳးဆက္အေနနဲ႕ တစ္ရက္တည္းကို ဥပေဒခ်ိဳးေဖာက္သူ လူ (၁ဝဝဝ) ေက်ာ္ဖမ္းဆီးေနတယ္။ ေန႕စဥ္နီးပါး မူးယစ္ေဆးဝါးမ်ိဳးစံု (၄) တန္ ခန္႕အသက္စြန္႕ျပီးသယ္ေနၾကသူေတြရွိတယ္။ ဒါေၾကာင္႕ CBP ရဲ႕လည္ပတ္ေငြဟာ အေမရိကန္တစ္ႏုိင္ငံလံုးရဲ႕ျပည္နယ္ေတြအတြက္ ေဒၚလာ (၃) ထရီလ်ံရွိေနတာ အဆန္းမဟုတ္ပါဘူး။

ဒီလိုအေရးၾကီးတဲ႕ လက္နက္ကိုင္အဖြဲ႕ကုိ သမၼတကတိုက္ရိုက္ကုိယ္တြယ္တယ္။ CBP ရဲ႕ဦးတည္ခ်က္ျဖစ္တဲ႕ အဆင္႕မွီတဲ႕အာဏာပိုင္အဖြဲ႕အစည္းက ျပည္သူေတြေဘးကင္းလံုျခံဳေရးနဲ႕စည္းစိမ္ဥစၥာကုိကာကြယ္ေပးေရးတို႕ကုိ ပူးေပါင္းေဆာင္ရြက္ျခင္း၊ တီထြင္ဆန္းသစ္ျခင္း နဲ႕ အားလံုးေပါင္းစည္းမႈရွိျခင္းတုိ႕ရဲ႕သေကၤတအေနနဲ႕ေဆာင္ရြက္ေနတာကို မွတ္သားမိပါတယ္။

ကိုယ္႕ျခံ ကိုယ္႕ဝန္းကိုလံုေအာင္ကာတာ
ျပည္နယ္ကုိတည္ေဆာက္တာပါ။

ျပည္နယ္တစ္ခုနဲ႕တစ္ခုစီးပြားကူးသန္းတာဟာ
ဖယ္ဒရယ္ကုိအသက္သြင္းေနတာပါ။

ျပည္တြင္းစစ္မရွိတာဟာ တုိင္းျပည္တစ္ခုကို
က်က်နနတည္ေဆာက္ေနတာျဖစ္ပါတယ္။

ေကာင္းမြန္စြာစီးပြားရွာအလုပ္တက္ႏုိင္တဲ႕ျပည္သူေတြခ်မ္းသာလာတာနဲ႕အမွ် အခြန္မ်ားမ်ားေပး၊ ဒီလိုနဲ႕တုိင္းျပည္တစ္ခုဟာ မလြဲမေသြခ်မ္းသာလာမွာကို စိတ္ကူးထဲကျမန္မာႏုိင္ငံအတြက္အနာဂါတ္ကုိေမွ်ာ္မွန္းျပီးေရးသားလိုက္ပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
08-17-2019

Full Story: https://www.cbp.gov/contact/ports/ca


Unicode Version:

“ကယ်လီဖိုးနီးယားပြည်နယ်၏ဝင်ပေါက်များ”
              ရေကြောင်း၊ လေကြောင်း နဲ့ ကုန်းကြောင်းတို့က ကယ်လီဖိုးနီးယားပြည်နယ်ကိုဝင်ဖို့ လမ်းကြောင်း (၂ဝ) ရှိတယ်လို့ အမေရိကန်အစိုးရ အကောက်ခွန်နဲ့နယ်စပ်ထိန်းချုပ်ရေးတပ်ဖွဲ့စာမျက်နှာမှာဖတ်ရပါတယ်။ အဲဒီတွေက
တောင်ပိုင်းက ဆန်ဒီယေးဂိုမြို့ကနေ (၇) ပေါက်၊
အလယ်ခပ်ကျကျ လော့အိမ့်ဂျလိစ်မြို့ကလည်း (၇) ပေါက် နဲ့
မြောက်ပိုင်းက ဆန်ဖရန်စစ္စကိုမြို့မှာတော့ (၆) ပေါက်တို့ဖြစ်ပါတယ်။

              ဒီထဲမှာ နယ်စပ်ဖြတ်ကျော်တာပါမယ်။ ပင်လယ်ဆိပ်ကမ်းပါမယ်။ တောင်တန်းခြားတဲ့ ခရီးကြမ်းလမ်းတွေပါမယ်။ အဓိက ဒီဒေသလုံခြုံဖို့က ပြည်နယ်ခြား၊ နိုင်ငံခြားကလာတဲ့ လူ၊ တိရိစ္ဆာန်၊ သစ်စေ့သစ်ပင်၊ ဇီဝပစ္စည်း၊ လက်နက် နဲ့ မူးယစ်ဆေးဝါးစတာတွေကိုစိစစ်ချင်ရင် မြို့ထဲမှာ၊ တည်းခိုခန်းမှာ၊ ဂိုဒေါင်တွေထဲမှာ၊ လမ်း တံတားတွေပေါ်မှာ လိုက်ရှာနေစရာမလိုဘူး။ ဒီ ဝင်ပေါက် (၂ဝ) ရဲ့ လုံခြုံရေးစံနစ်ကိုကိုင်လိုက်တာနဲ့ ခေါင်ကိုကြိုးညှိလိုက်တာနဲ့ အကုန်မိတဲ့စံနစ်နဲ့တည်ဆောက်ထားပါတယ်။

              ဒီနေရာတွေကနေ ပစ္စည်းသွင်းချင်ရင် ပြည်နယ်အစိုးရကတရားဝင်ပေးထားတဲ့အကျိုးဆောင်ကုမ္ပဏီ-Broker တွေရှိတယ်။ သူတို့ဟာပြည်နယ်အတွင်းသယ်ယူလာမယ့် အဓိကပစ္စည်း (ကုန်ပစ္စည်း) ကို ပြည်နယ်ဖယ်ဒရယ်အစိုးရကချပေးထားတဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ Implemented Guidelines တွေနဲ့စစ်ဆေးပေးရတယ်။ ဒီအတွက်ကြားထဲကအကျိုးဆောင်ခပေးရပါမယ်။

              ဒါကြောင့် မတရားသဖြင့်ဝင်လာမယ့်ကိစ္စတွေကို အစိုးရက သူ့ဝန်ထမ်းချည်းချည်းအကုန်ခန့်ထားပြီး မဆန့်မပြဲအလုပ်လုပ်စရာမလိုဘူး။ ကုမ္ပဏီအကြီး၊ အလတ်၊ အသေး နဲ့ ပြည်သူပြည်သားရာပေါင်းများစွာကိုအလုပ်ခန့်ထားပေးတယ်။ ဒါကြောင့် ပြည်သူအချင်းချင်းလာဘ်ပေးဝင်ရတဲ့ကိစ္စ၊ အကောက်ခွန်မဲ့သယ်ဆောင်လာတဲ့ကိစ္စ နဲ့ ဥပဒေဘောင်ကျော်ပြီးလုပ်ရမယ့်ဘယ်ကိစ္စကိုမဆို အချိုသတ်ပြီးသား၊ ပြဿနာဖြေရှင်းပြီးသားဖြစ်နေပါတယ်။

              တစ်ဆက်တည်းမှာ အသေးစားလက်လီလုပ်ငန်းတွေ၊ စစ်ပြန်နဲ့အငြိမ်းစားတွေအတွက်လုပ်ငန်းတွေအပြင် အမျိုးသမီးတွေသီးသန့်ဦးစီးနိုင်တဲ့လုပ်ငန်းတွေကိုပါဖွင့်ပေးထားပါတယ်။
ဖယ်ဒရယ်ဆိုတာ ကိုယ်ရှိမှ ကိုယ်သုံး၊
ကိုယ်သုံးသမျှ ကိုယ်ရှာ၊
ကိုယ်မဖြုံးပါမှ ပြည်နယ်ချမ်းသာရ၊
ပြည်နယ်သားတွေချမ်းသာမှ အခွန်ငွေပိုရ ဆိုတဲ့စံနစ်နဲ့သွားတာဆိုတော့ အသေးဆုံးကိုကြည့်မယ်ဆိုရင် မိသားစုတစ်ခု၊ အကြီးဆုံးကိုကြည့်မယ်ဆိုရင် နိုင်ငံငယ်လေးသဖွယ် ပြည်နယ်သားတွေကိုအလုပ်အကိုင်အခွင့်အလမ်းပေးထားပေးတာက အတုယူစရာပါ။

(ဒါက ကျွန်တော်သိတဲ့ပြည်နယ်တစ်ခုအကြောင်းမျှသာပါ)

              အမေရိကားတစ်နိုင်ငံလုံးအနေနဲ့ သူ့တိုင်းပြည်ထဲကိုဝင်ဖို့အကြောက်ဆုံးကတော့ မူးယစ်ဆေးဝါးလို့ဆိုရလိမ့်မယ်။ ဒါကို မှန်ကန်တဲ့ဝန်ထမ်းတွေနဲ့ထိန်းထားတယ်။ ဝန်ထမ်းတွေက လာဘ်မစားတော့ တရားဥပဒေဟာ တရားဥပဒေအဖြစ်သာအဖြေထွက်တယ်။ ဘယ်လိုအကောက်ခွန်မဲ့ပစ္စည်းတွေမှပိုင်ရှင်မဲ့ဆိုပြီးတရားသူကြီးရှေ့ရောက်မလာဘူး။

              ဝန်ထမ်းတွေဟာ ပြည်နယ်သားတွေပါ သူလို၊ ကိုယ်လို၊ သူ့သားသမီးလို၊ ကိုယ့်သားသမီးလို ကလေးသူငယ်နဲ့လူငယ်ထုတွေကို လမ်းမှန်ရောက်ဖို့နဲ့ လမ်းမှားမရောက်ရလေအောင်ကာကွယ်ကြတယ်။ သိပ်ကောင်းတဲ့အချက်တစ်ခုက အမေရိကန်မြေပေါ်မှာ ပြည်တွင်းစစ်မရှိနေတာပဲ။

              လက်နက်ကိုင်ပြီး အကျိုးစီးပွားရှာတဲ့လူတွေရှိကောင်းရှိနိုင်ပေမယ့် အစိုးရရဲ့ရဲတပ်ဖွဲ့နဲ့အမေရိကန်နယ်စပ်လုံခြုံရေးအဖွဲ့တွေရဲ့မျက်စိဒေါက်ထောက်ကြည့်ခြေရာကောက်နေတဲ့သံဆူးကြိုးစံနစ်ကိုမကျော်နိုင်ကြဘူး။

              CBP- U.S. Customs and Border Protection ဆိုတာ အမေရိကန်နိုင်ငံရဲ့အကောက်ခွန်နဲ့နယ်စပ်ထိန်းချုပ်ရေးတပ်ဖွဲ့ပါ။ CBP ဟာ ကမ္ဘာပေါ်မှာရှိတဲ့လက်နက်အပြည့်တပ်ဆင်ထားတဲ့အဖွဲ့တွေထဲက အင်အားအကြီးမားဆုံးတပ်ဖွဲ့ထဲမှာပါတယ်။ ဝန်ထမ်း (၆ဝဝဝဝ) ကျော်ရှိတယ်။

              သူ့ရဲ့အဓိကတာဝန်တွေထဲမှာ နယ်စပ်လုံခြုံရေးနဲ့ထိန်းချုပ်ရေး-Border Management and Control ၊ အကောက်ခွန်အဖွဲ့စုံ-Combining Customs ၊ လူဝင်မှုကြီးကြပ်ရေး-Immigration ၊ စိုက်ပျိုးသီးနှံကာကွယ်စောင့်ရှောက်ရေး-Agricultural Protection တွေကို အားလုံးပေါင်းပြီး သမ္မတရဲ့လက်ရုံးတစ်ဆူသဖွယ်အားထားရတဲ့ ပြည်ချစ်သားတပ်ဖွဲ့ဖြစ်ပါတယ်။

              အမေရိကန်တစ်နိုင်ငံလုံးရဲ့ပြည်နယ် (၅ဝ) ကျော်ရဲ့ဝင်ပေါက်-Port of Entry တွေမှာ တစ်ရက်ကို အပြည်ပြည်ဆိုင်ရာက လူ (၁) သန်းကျော်ဝင်ရောက်တဲ့နေ့တွေရှိတယ်။ ထရပ်ကား အစီးရေ (၇၄ဝဝဝ) ဝင်တဲ့နေ့ရှိတယ်။ မျိုးပွားမှားသွားစေမယ့် ဇီဝမျိုးစေ့နဲ့အသီးအနှံပေါင်း (၄ဝ၄) မျိုးကို တားဆီးနေရတယ်။

              ဒါတွေရဲ့အကျိုးဆက်အနေနဲ့ တစ်ရက်တည်းကို ဥပဒေချိုးဖောက်သူ လူ (၁ဝဝဝ) ကျော်ဖမ်းဆီးနေတယ်။ နေ့စဉ်နီးပါး မူးယစ်ဆေးဝါးမျိုးစုံ (၄) တန် ခန့်အသက်စွန့်ပြီးသယ်နေကြသူတွေရှိတယ်။ ဒါကြောင့် CBP ရဲ့လည်ပတ်ငွေဟာ အမေရိကန်တစ်နိုင်ငံလုံးရဲ့ပြည်နယ်တွေအတွက် ဒေါ်လာ (၃) ထရီလျံရှိနေတာ အဆန်းမဟုတ်ပါဘူး။

              ဒီလိုအရေးကြီးတဲ့ လက်နက်ကိုင်အဖွဲ့ကို သမ္မတကတိုက်ရိုက်ကိုယ်တွယ်တယ်။ CBP ရဲ့ဦးတည်ချက်ဖြစ်တဲ့ အဆင့်မှီတဲ့အာဏာပိုင်အဖွဲ့အစည်းက ပြည်သူတွေဘေးကင်းလုံခြုံရေးနဲ့စည်းစိမ်ဥစ္စာကိုကာကွယ်ပေးရေးတို့ကို ပူးပေါင်းဆောင်ရွက်ခြင်း၊ တီထွင်ဆန်းသစ်ခြင်း နဲ့ အားလုံးပေါင်းစည်းမှုရှိခြင်းတို့ရဲ့သင်္ကေတအနေနဲ့ဆောင်ရွက်နေတာကို မှတ်သားမိပါတယ်။

ကိုယ့်ခြံ ကိုယ့်ဝန်းကိုလုံအောင်ကာတာ
ပြည်နယ်ကိုတည်ဆောက်တာပါ။

ပြည်နယ်တစ်ခုနဲ့တစ်ခုစီးပွားကူးသန်းတာဟာ
ဖယ်ဒရယ်ကိုအသက်သွင်းနေတာပါ။

ပြည်တွင်းစစ်မရှိတာဟာ တိုင်းပြည်တစ်ခုကို
ကျကျနနတည်ဆောက်နေတာဖြစ်ပါတယ်။

ကောင်းမွန်စွာစီးပွားရှာအလုပ်တက်နိုင်တဲ့ပြည်သူတွေချမ်းသာလာတာနဲ့အမျှ အခွန်များများပေး၊ ဒီလိုနဲ့တိုင်းပြည်တစ်ခုဟာ မလွဲမသွေချမ်းသာလာမှာကို စိတ်ကူးထဲကမြန်မာနိုင်ငံအတွက်အနာဂါတ်ကိုမျှော်မှန်းပြီးရေးသားလိုက်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
08-17-2019

Full Story: https://www.cbp.gov/contact/ports/ca



No comments: