ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, July 8, 2019

ေဒၚလာ (၂ဝဝဝ) တန္ ေအးရွမ္းအေမရိကန္ဇာတ္လမ္းတစ္ပုဒ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

ကြ်န္ေတာ္ ညေနပိုင္း-Swing Shift မွာတုန္းက အလုပ္တက္ခ်ိန္ ညေန (၄) နာရီကေန ညသန္းေခါင္ယံ (၁၂း၃ဝ) အထိအခ်ိန္ဇယားနဲ႕အလုပ္လုပ္ခဲ႕ဖူးပါတယ္။ အဲဒီလိုအခ်ိန္မွာအလုပ္လုပ္ရင္ ပံုမွန္ထက္ (၁ဝ%) ပုိရတယ္။

ဆိုလိုတာက တစ္နာရီကို (၁၅) ေဒၚလာရရင္ ညေနပိုင္း-Swing Shift (တစ္ခ်ိဳ႕အေခၚ-Evening Shift, Second Shift) မွာ (၁၆.၅ဝ) ေဒၚလာရတဲ႕သေဘာ။ ဒီလိုေပးတဲ႕အလုပ္ခ်ိန္မ်ိဳးမွာ ဒါကိုရခ်င္လို႕ အိပ္ခ်ိန္အလြဲလြဲ၊ စားခ်ိန္အလြဲလြဲ နဲ႕ လာေရာက္လုပ္ကိုင္ၾကသူေတြကုိေတြ႕ရတယ္။

ဒီလို စားခ်ိန္၊ အိပ္ခ်ိန္မမွန္တဲ႕ၾကားမွာ စဥ္းစားတတ္တဲ႕စိတ္အျပင္ ေတြးေခၚတတ္တဲ႕အမူအက်င္႕ေတြလည္းမတူၾကတာသတိထားမိတယ္။ သူမ်ားအိပ္ရင္ ကိုယ္ကအလုပ္လုပ္၊ ကိုယ္အလုပ္လုပ္ေနတုန္း အိမ္သူအိမ္သားေတြကအိပ္စက္ . . ဒီလိုျဖစ္ေနရင္းမတူညီတဲ႕ဘဝျဖစ္ရပ္ေတြကုိအေျခခံတဲ႕ ဟာသျဖစ္ရပ္ေလးတစ္ခုအေၾကာင္းေျပာျပခ်င္ပါတယ္။

ဒီအေၾကာင္းကမရယ္ခ်င္ရင္ေနလို႕ရသလို ရယ္ခ်င္ရင္ေတာင္မွ ေတြးတတ္မွ ရယ္မိပါလိမ္႕မယ္။ အရင္းစစ္ေတာ႕ ကြ်န္ေတာ္လာခဲ႕တဲ႕နယ္ေျမေဒသရဲ႕ေျပာေနက်ဆုိေနက်စကားထဲမွာ ဒီလိုအယူအဆနဲ႕ေတြးေခၚမႈေတြနဲ႕မရင္းႏွီးခဲ႕တာေၾကာင္႕ပါ။ ဂ်က္စီကာေျပာျပဇာတ္လမ္းေလးက ဒီလို . .။

ကေမၻာဒီးယမ္းတစ္ဦးျဖစ္တဲ႕ ဂ်က္စီကာမွာ သူငယ္ခ်င္းတစ္ေယာက္ရွိပါတယ္။ သူ႕သူငယ္ခ်င္းကိုယ္တိုင္က အေမရိကန္ႏုိင္ငံသားျဖစ္ေပမယ္႕ သူၾကိဳက္ေနတဲ႕အမ်ိဳးသားက ကေမၻာဒီယမ္းအမ်ိဳးသားတစ္ေယာက္ျဖစ္ေနျပန္တာက သူတုိ႕စံုတြဲကုိအလြမ္းဇာတ္ေတြရွည္ေစပါတယ္။ ဒါေၾကာင္႕လည္း သူ႕သူငယ္ခ်င္းဟာ အလုပ္ကခြင္႕ယူျပီး ကေမၻာဒီယားကို မၾကာခဏသြားတတ္တယ္။ ျပန္လာတုိင္းလည္း ဖံုးမရ ဖိမရကိစၥတစ္ခုခုကပါလာေလ႕ရွိတယ္။
တစ္ခါမွာေတာ႕ ဂ်က္စီကာက "နင္က ဘာလို႕ ကေမၻာဒီးယား ခဏခဏသြားေနရတာလဲ" လို႕ သူ႕သူငယ္ခ်င္းကုိေမးေတာ႕ "သြားဆို ငါကခ်စ္တာကိုး" လို႕ ေျဖပါသတဲ႕။ ဒီအခါမွာ ဂ်က္စီကာကထပ္ေမးတယ္ "နင္ တစ္ခါသြားရင္ ေဒၚလာဘယ္ေလာက္ကုန္သလဲ" ဆိုေတာ႕ သူ႕သူငယ္ခ်င္းက "ေဒၚလာ (၂ဝဝဝ) ကုန္တယ္" ဆုိတဲ႕အထာနဲ႕ လက္ (၂) ေခ်ာင္းေထာင္ျပတယ္။

ဒီအခါမွာ ဝင္ေငြနည္းေနလို႕ပိုရေအာင္ ညေနပိုင္းအလုပ္ကိုလုပ္ေနတဲ႕ ဂ်က္စီကာက မခံမရပ္ႏုိင္ျဖစ္ျပီး "နင္႕လုိ ဦးေႏွာက္မရွိတဲ႕မိန္းမ ငါမျမင္ဖူးဘူး။ ကေမၻာဒီးယားကုိတစ္ေခါက္သြားတုိင္း နင္ ဗိုက္တစ္လံုးနဲ႕အျမဲျပန္လာတယ္။ ဒီအတြက္နဲ႕ နင္က အျမဲ ေဒၚလာ (၂ဝဝဝ) ျဖဳန္းပစ္ေနတယ္။ ဒီမွာၾကည္႕ ဒီလိုကိုယ္ဝန္ရဖို႕ကေမၻာဒီးယားအထိသြားစရာမလိုပါဘူး။ အေမရိကားမွာဆိုရင္ ေဒၚလာ (၁ဝဝ) ေတာင္မကုန္ဘူး။ နင္ ေျပာတတ္ရင္ အလကားေတာင္ရဦးမယ္" ဆိုျပီး လက္တစ္ေခ်ာင္းေထာင္ျပရင္းေျပာလုိက္ပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
07-08-2019


Unicode Version:

"ဒေါ်လာ (၂ဝဝဝ) တန် အေးရှမ်းအမေရိကန်ဇာတ်လမ်းတစ်ပုဒ်"
ကျွန်တော် ညနေပိုင်း-Swing Shift မှာတုန်းက အလုပ်တက်ချိန် ညနေ (၄) နာရီကနေ ညသန်းခေါင်ယံ (၁၂း၃ဝ) အထိအချိန်ဇယားနဲ့အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီလိုအချိန်မှာအလုပ်လုပ်ရင် ပုံမှန်ထက် (၁ဝ%) ပိုရတယ်။ 

ဆိုလိုတာက တစ်နာရီကို (၁၅) ဒေါ်လာရရင် ညနေပိုင်း-Swing Shift (တစ်ချို့အခေါ်-Evening Shift, Second Shift) မှာ (၁၆.၅ဝ) ဒေါ်လာရတဲ့သဘော။ ဒီလိုပေးတဲ့အလုပ်ချိန်မျိုးမှာ ဒါကိုရချင်လို့ အိပ်ချိန်အလွဲလွဲ၊ စားချိန်အလွဲလွဲ နဲ့ လာရောက်လုပ်ကိုင်ကြသူတွေကိုတွေ့ရတယ်။

ဒီလို စားချိန်၊ အိပ်ချိန်မမှန်တဲ့ကြားမှာ စဉ်းစားတတ်တဲ့စိတ်အပြင် တွေးခေါ်တတ်တဲ့အမူအကျင့်တွေလည်းမတူကြတာသတိထားမိတယ်။ သူများအိပ်ရင် ကိုယ်ကအလုပ်လုပ်၊ ကိုယ်အလုပ်လုပ်နေတုန်း အိမ်သူအိမ်သားတွေကအိပ်စက် . . ဒီလိုဖြစ်နေရင်းမတူညီတဲ့ဘဝဖြစ်ရပ်တွေကိုအခြေခံတဲ့ ဟာသဖြစ်ရပ်လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။

ဒီအကြောင်းကမရယ်ချင်ရင်နေလို့ရသလို ရယ်ချင်ရင်တောင်မှ တွေးတတ်မှ ရယ်မိပါလိမ့်မယ်။ အရင်းစစ်တော့ ကျွန်တော်လာခဲ့တဲ့နယ်မြေဒေသရဲ့ပြောနေကျဆိုနေကျစကားထဲမှာ ဒီလိုအယူအဆနဲ့တွေးခေါ်မှုတွေနဲ့မရင်းနှီးခဲ့တာကြောင့်ပါ။ ဂျက်စီကာပြောပြဇာတ်လမ်းလေးက ဒီလို . .။

ကမ္ဘောဒီးယမ်းတစ်ဦးဖြစ်တဲ့ ဂျက်စီကာမှာ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူ့သူငယ်ချင်းကိုယ်တိုင်က အမေရိကန်နိုင်ငံသားဖြစ်ပေမယ့် သူကြိုက်နေတဲ့အမျိုးသားက ကမ္ဘောဒီယမ်းအမျိုးသားတစ်ယောက်ဖြစ်နေပြန်တာက သူတို့စုံတွဲကိုအလွမ်းဇာတ်တွေရှည်စေပါတယ်။ ဒါကြောင့်လည်း သူ့သူငယ်ချင်းဟာ  အလုပ်ကခွင့်ယူပြီး ကမ္ဘောဒီယားကို မကြာခဏသွားတတ်တယ်။ ပြန်လာတိုင်းလည်း ဖုံးမရ ဖိမရကိစ္စတစ်ခုခုကပါလာလေ့ရှိတယ်။

တစ်ခါမှာတော့ ဂျက်စီကာက "နင်က ဘာလို့ ကမ္ဘောဒီးယား ခဏခဏသွားနေရတာလဲ" လို့ သူ့သူငယ်ချင်းကိုမေးတော့ "သွားဆို ငါကချစ်တာကိုး" လို့ ဖြေပါသတဲ့။ ဒီအခါမှာ ဂျက်စီကာကထပ်မေးတယ် "နင် တစ်ခါသွားရင် ဒေါ်လာဘယ်လောက်ကုန်သလဲ" ဆိုတော့ သူ့သူငယ်ချင်းက "ဒေါ်လာ (၂ဝဝဝ) ကုန်တယ်" ဆိုတဲ့အထာနဲ့ လက် (၂) ချောင်းထောင်ပြတယ်။

ဒီအခါမှာ ဝင်ငွေနည်းနေလို့ပိုရအောင် ညနေပိုင်းအလုပ်ကိုလုပ်နေတဲ့ ဂျက်စီကာက မခံမရပ်နိုင်ဖြစ်ပြီး "နင့်လို ဦးနှောက်မရှိတဲ့မိန်းမ ငါမမြင်ဖူးဘူး။ ကမ္ဘောဒီးယားကိုတစ်ခေါက်သွားတိုင်း နင် ဗိုက်တစ်လုံးနဲ့အမြဲပြန်လာတယ်။ ဒီအတွက်နဲ့ နင်က အမြဲ ဒေါ်လာ (၂ဝဝဝ) ဖြုန်းပစ်နေတယ်။ ဒီမှာကြည့် ဒီလိုကိုယ်ဝန်ရဖို့ကမ္ဘောဒီးယားအထိသွားစရာမလိုပါဘူး။ အမေရိကားမှာဆိုရင် ဒေါ်လာ (၁ဝဝ) တောင်မကုန်ဘူး။ နင် ပြောတတ်ရင် အလကားတောင်ရဦးမယ်" ဆိုပြီး လက်တစ်ချောင်းထောင်ပြရင်းပြောလိုက်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)

07-08-2019

No comments: