ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, January 1, 2017

ႏွစ္ေထာင္႕တစ္ဆယ္႕ေျခာက္အလြန္ ( ၂ဝ၁၇ )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

  
( ၂ဝ၁၇ ) ခုႏွစ္ရဲ႕ထူးျခားခ်က္ကေတာ႕ ( ၂ဝဝ၉ ) ခုႏွစ္ရဲ႕ပံုရိပ္ေတြကို ျပန္ျမင္ေနရတာပါ။ ကမၻာအရပ္ရပ္က စစ္ေငြ႕ရိပ္သန္းေတြ ေနရာတစ္ခ်ိဳ႕ကိုေရႊ႕သြားခဲ႕ေပမယ္႕ ျမန္မာႏုိင္ငံကစစ္ပြဲေတြကေတာ႕ ဒီေနရာမွာပဲ၊ ဒီလူေတြနဲ႕ပဲ၊ ဒီေသနတ္ေတြနဲ႕ပဲ..။

အိႏၵိယႏုိင္ငံက ေငြစကၠဴတစ္ခ်ိဳ႕ကုိ တရားမဝင္ေၾကာင္းေၾကျငာျပီး လမ္းတံတားျဖတ္ခေကာက္တဲ႕ေနရာေတြမွာ၊ ဓါတ္ဆီဆိုင္ေတြမွာ ဒစ္ဂ်စ္တယ္ဘဏ္ကဒ္ေတြသံုးရင္ ( ၁ဝ% ) ေလွ်ာ႕ေပးမယ္လို႕ စည္းရံုးေနတဲ႕အခ်ိန္ ျမန္မာႏိုင္ငံမွာေတာ႕ ကားတစ္စီးသြင္းဖို႕အေရး သံေရၾကိဳခံကားတစ္စီး မရအရရွာေနရဆဲ။

ဗင္နီဇြဲလားႏုိင္ငံလုိ ေရနံအားအကိုးလြန္လို႕ မႏုိင္မနင္းျဖစ္လာတဲ႕စီးပြားေရးကို ေငြစကၠဴအသစ္ေတြ တစ္မ်ိဳးျပီးတစ္မ်ိဳးထုတ္ကာေျဖရွင္းေနရတဲ႕အခ်ိန္ ျမန္မာႏိုင္ငံမွာ ျပီးခဲ႕တဲ႕ ( ၇ ) ႏွစ္က ေဒၚလာေစ်း ( ၁၄ဝဝ ) မ်က္ႏွာက်က္နားကို တက္ေဆာင္႔ရံုမက ထုတ္တန္းကိုေက်ာ္ဖို႔ ဟန္ျပင္ေနဆဲ။

အေမရိကန္ေရြးေကာက္ခံသမၼတက အေမရိကန္ႏိုင္ငံရဲ႕ ဘယ္သူမွမယွဥ္ႏိုင္တဲ႕ နည္းပညာထိပ္သီးသူေ႒းၾကီးေတြနဲ႕ေတြ႕ဆံုျပီး ေနာက္ ( ၄ ) ႏွစ္သက္တမ္းအတြင္း ျပည္ပကလုပ္ငန္းေတြကို ျပည္တြင္းျပန္သယ္ေဆာင္လာဖို႕ ပူးေပါင္းေဆာင္ရြက္ဖို႕စည္းရံုးတဲ႕အခ်ိန္မွာ ျမန္မာႏိုင္ငံမွာ ယခင္အစုိးရနဲ႕ ပင္းရိုက္ထားတယ္ဆုိတဲ႕ခရိုနီေတြကို သပိတ္ေမွာက္ေနဆဲ။


ဂ်ပန္တိုယိုတာကားကုမၸဏီပိုင္ Lexus ကားကို အေမရိကားမွာနာမည္ႀကီးတဲ႔ ၾကက္ဖျငဳပ္ဆီ - Sriracha နဲ႔ေၾကာ္ျငာတဲ႔အခါ ရန္ကုန္မွာေတာ့ ဝက္သားေတြတုတ္ထိုးစားဖို႔ ညေစ်းတန္းအသစ္မွာ ကားပါကင္ရွာေဖြေနရဆဲ။

ကမၻာမွာ အေမရိကန္ကို အေၾကြးအမ်ားဆံုးေပးထားႏိုင္တဲ့ရာထူးအတြက္ ဂ်ပန္ကိုလႊဲေပးလိုက္တဲ႔တ႐ုတ္ကို ျမန္မာႏိုင္ငံကလက္လြတ္မခံပဲ ေၾကြးျမီအထူဆံုးေငြတိုးဆုရွင္ေပါက္ေဖာ္ႀကီးကို သရဖူဆက္ေပးထားရတဲ႔အေျခအေနကို ေရႊျမန္မာေတြ ဂုဏ္ယူေနဆဲ။

ႏိုင္ငံအႏွံ႔အျပားမွာ အားလပ္ရက္ရွည္ေရာက္တိုင္း အၾကမ္းဖက္မႈ နဲ႔ ဗံုးခြဲတိုက္ခိုက္မႈေတြမၾကံဳရေအာင္ ေရွာင္ကြင္းလည္ပတ္ေနရခ်ိန္ ျမန္မာႏိုင္ငံက ေနျပည္ေတာ္အျမန္လမ္းမွာ ခရီးသြားျပည္သူေတြ ကားစီးရင္း ညမအိပ္ရဲ၊ ေရွခံုကလက္တန္းကို ၿမဲၿမဲျမံျမံ ကိုင္ငိုက္ေနရဆဲ။

ေကာင္းကင္ေပၚပ်ံေနတုန္း ဆက္သြယ္ေရးတာဝါနဲ႕အဆက္အသြယ္ျပတ္ရင္း ေပ်ာက္ေပ်ာက္သြားရတဲ႔ အျပည္ျပည္ဆိုင္ရာေလယာဥ္ေတြေနာက္ နည္းပညာ နဲ႔ ေငြေၾကးသာမက စိတ္ဆင္းရဲမႈေတြကုိပါ ဒလေဟာသြန္ခ်လိုက္ရသလို ျမန္မာႏိုင္ငံရဲ ႔ လမ္းေတြေပၚ၊ ကားေတြေပၚမွာ အခမဲ့ရတဲ႔ ငယ္ရြယ္သူေတြရဲ ႔ ဘဝအခ်ိန္ေတြဟာ ဒီဇယ္ေငြ႕ရွဴျပီး ေျခာက္ေသြ႕မူးယစ္အေငြ႕ပ်ံေနၾကရဆဲ။


အေပၚကလို အေရမရ အဖတ္မရ ေဘးထုိင္ေလကန္ဘုေျပာေနမယ္႕အစား စကၤာပူကို ႏွစ္ ( ၂ဝ ) အတြင္းေက်ာ္တက္ႏိုင္ဖို႔ ျဖတ္လမ္းနည္းတစ္ခ်ိဳ႕ကိုသံုးဖို႔လိုပါတယ္။

ေဖာင္းပြေနတဲ့ေငြေတြဟာ သူ႔ေနရာနဲ႔သူအသံုးတည္႔ေနဖို႔ ရင္းႏွီးႁမႈပ္ႏွံမႈေတြမွာ ဝင္ေရာက္လည္ပတ္ဖို႔လိုတယ္။ တစ္ႏိုင္ငံလံုးရဲ႔ခ်မ္းသာၾကယ္ဝမႈဟာ ႏိုင္ငံလူဦးေရရဲ႔ ( ၁% ) ေအာက္မွာသာရွိတဲ႔လူတစ္စုလက္ထဲကိုျပားျပားဝပ္ေရာက္ေနတဲ႔ျပသနာကို အရင္ရွင္းရမယ္။

ဒီအခ်ိန္မွာ ဘယ္တုန္းက ဘာနဲ႕ခ်မ္းသာလာတယ္ဆိုတာထက္ လက္ရွိႏိုင္ငံ႕အေျခအေနကို ဘယ္ေနရာ ဘယ္ရႈေထာင္႕ကေန " ဝင္ထမ္း " မလဲ ဆုိတဲ႕အကူအညီကုိ အသည္းအသန္လိုအပ္ေနခ်ိန္ျဖစ္ပါတယ္။ သူတို႕ဆီက " ငါတုိ႕ၾကိဳက္တဲ႕အစုိးရနဲ႕မွအလုပ္လုပ္မယ္ဆိုတဲ႕ေငြပံုၾကီး " ကို ျမန္မာျပည္တြင္းျပန္ေရႊ႕လာဖို႕ ႏိုင္ငံေတာ္အတုိင္ပင္ခံက စည္းရံုးဖို႕လိုတယ္။

ဒီေငြေတြ သူတို႕ထုတ္သြားတုန္းကလြယ္သေလာက္ ျပန္ဝင္လာဖို႕အေရးမွာ တိုင္းျပည္အတြက္ ေစတနာေတြ ေမတၱာေတြ အဆစ္ထည္႕ေပးလာဖို႕လိုမယ္။ ႏုိင္ငံတကာေငြေၾကးကိစၥေတြမွာ ေငြစကၠဴကိုင္စြဲျပီးသံုးရတဲ႕စံနစ္ကေန အေၾကြးဘဏ္ကဒ္စံနစ္ကိုခံုပ်ံေက်ာ္လႊားျပီး Online Banking ကို စြဲစြဲမိမိ အသံုးျပဳၾကည္႕ဖို႕လုိပါတယ္။

ဒါမွ ျပည္တြင္းမွာ စကၠဴစုတ္လုိလည္ေနတဲ႕ အရြက္ ( ၁ဝဝ ) သားေရကြင္းပတ္ဘဏ္ကဒ္ေတြအစား လက္ကုိင္ဖုန္းေပၚမွာအေရာင္းအဝယ္လုပ္လို႕ရတဲ႕အဆင္႕ေရာက္လာရင္ လူအခ်င္းခ်င္း စီးပြားဘက္ေတြ ၊ စီးပြားေရးအခ်င္းခ်င္း B2B ၊ အစုိးရနဲ႕ကုမၸဏီ G2B စတာေတြ အသက္ရွဴေခ်ာင္လာမယ္။
တစ္ဆက္တည္း ေဒၚလာေစ်းကို ကုန္သည္ေတြက ႏုိင္ႏိုင္နင္းနင္းကိုင္တြယ္ႏုိင္တဲ႕ လြတ္လပ္တဲ႕ကုန္သြယ္မႈကိုေဖာ္ေဆာင္ႏုိင္လာမယ္။

ကားအေဟာင္း ကားအသစ္ အင္ဂ်င္ပါဝါဘယ္ေလာက္ဆိုတာေတြ ျငင္းခံုေနမယ္႕အစား ေငြရွိလို႕ေဆာက္လုပ္ေရးလုပ္တဲ႕ကန္ထရိုက္ရသူေ႒းၾကီးေတြေဆာက္သမွ် ကားရပ္နားေနရာ - Parking ထည္႕သြင္းေပးခုိင္းရပါမယ္။

ေငြရွိလို႕ကားစီးႏုိင္သူမွန္သမွ် ကားရပ္နားခြန္ေပးေဆာင္ဖို႕ ညႊန္ၾကားခ်က္ေတြထုတ္ရမယ္။ ႏုိင္ငံတကာကနာမယ္ရကားကုမၸဏီၾကီးေတြကိုယ္တိုင္ အသစ္ခ်က္ခြ်တ္ဝင္ေရာင္းႏိုင္တဲ႕ ပြင္႕လင္းအခြန္ကိစၥေတြ လမ္းျပေပးဖို႕လိုတယ္။ တစ္ဆက္တည္း ရတဲ႕အခြန္ကို အေရြးခ်ယ္ခံအစုိးရက ဘယ္ေနရာမွာသံုးတယ္ဆုိတာကို အခြန္ထမ္းေတြကို ေျပာကုိေျပာျပရမယ္။

မေမ႕သင္႕တဲ႕ေနာက္တစ္ခ်က္က ဓါတ္ဆီတစ္ဂါလံေရာင္းတုိင္းအခြန္ေကာက္သင္႕တယ္။ ဒါက မျဖစ္မေန ရကိုရရမယ္႕အခြန္ .. ေျပးမလြတ္တဲ႕အခြန္။ ဒါလည္း ဒီလိုပဲ ကား လမ္း တံတား ဘယ္ေနရာေတြမွာ ဘယ္လိုသံုးစြဲတယ္ဆုိတာ ေျပာရံုနဲ႕မရေတာ႕ပဲ လုပ္သင္႕လုပ္ထုိက္တာေတြနဲ႕ " သက္ေသျပ " ရပါမယ္။

ဒီက်မွ ဝင္ေငြနည္းပါေစ မ်ားပါေစ အခြန္ဆို-ေရွာင္ဖို႕လုပ္သူေတြဟာ ေနာက္က်ေတာ႕ " အခြန္ဆိုတာ တိုင္းျပည္အတြက္ေဆာင္ေပးရမယ္ " ဆိုတဲ႕အခ်ိန္တစ္ခုေရာက္လာလိမ္႕မယ္။ ဒီအခါမွာ ေရြးခ်ယ္ခံအစုိးရဆီမွာ ေငြယားေလးရလာမွ လုပ္ခ်င္ရာလုပ္ခြင္႕ရွိလာမယ္။

တုိင္းျပည္တစ္ျပည္က ႏိုင္ငံေရးခ့်ည္းပဲတည္ေဆာက္လုိ႕မရသလို စီးပြားေရးနဲ႕ခ်ည္းခ်ည္းထူေထာင္လို႕မရျပန္ဘူး။ ဒါေၾကာင္႕ အေရြးခ်ယ္ခံအစုိးရက မိမိကိုယံုၾကည္ကိုးစားတဲ႕ျပည္သူေတြကို စီးပြားေရးဘက္မွာ ေပါင္းကူးသြားလာအလုပ္အကိုင္အဆင္ေျပေအာင္လမ္းဖြင္႕ေပးရင္း ကိုယ္တုိင္က ႏိုင္ငံတကာကရင္းႏွီးျမွႈပ္ႏွံသူေတြမ်က္စိက်ေအာင္ နည္းဗ်ဴဟာေတြ ရွိရမယ္။ ဒါမွ နည္းပညာေတြကိုတတ္ကြ်မ္းသူႏိုင္ငံသားေတြပါဝင္တည္ေထာင္လာတဲ႕ သူ႕အလုပ္သူလုပ္တဲ႕တိုင္းျပည္ျဖစ္ေတာ႕မေပါ႕..။

အခုက ဘာနဲ႕တူေနသလဲဆိုေတာ႕ ေငြၾကပ္ေနတဲ႕ ကုေဋဆပ္မကုန္တဲ႕ ကုန္သည္၊ နာမယ္ၾကီးျပီးအေၾကြးပတ္လည္ဟီးေနတဲ႕ ခ်စ္တီး၊ အျငိဳးၾကီးသမွ် ထိုးေကြ်းမဝတဲ႕ ဒဏ္ခတ္ခံအစုိးရျဖစ္ေနတယ္ဆိုတာ တပ္နဲ႕အတူလက္တြဲၾကည္ျဖဴေသာ္လည္း တုိက္ပဲြေရွာင္ငတ္ေသတဲ႕ျပည္သူအေပါင္းကုိ ႏွစ္ေထာင္႕တစ္ဆယ္႕ေျခာက္အလြန္ ( ၂ဝ၁၇ ) အေၾကာင္း မီးေမာင္းထုိးလိုက္ရပါတယ္။

ခင္လ်က္
ကုိညီညီ ( ေတာင္ၾကီး )
01-01-2017


( ေဆာင္းပါးေခါင္းစဥ္ကုိပံုဆြဲေဖာ္က်ဴးေပးေသာ ကာတြန္း - ကိုဖုန္း ကို ေက်းဇူးတင္ရွိပါသည္ )
.
.
.
Unicode Version:
.
.
“ နှစ်ထောင့်တစ်ဆယ့်ခြောက်အလွန် ( ၂ဝ၁၇ ) ”

( ၂ဝ၁၇ ) ခုနှစ်ရဲ့ထူးခြားချက်ကတော့ ( ၂ဝဝ၉ ) ခုနှစ်ရဲ့ပုံရိပ်တွေကို ပြန်မြင်နေရတာပါ။ ကမ္ဘာအရပ်ရပ်က စစ်ငွေ့ရိပ်သန်းတွေ နေရာတစ်ချို့ကိုရွှေ့သွားခဲ့ပေမယ့် မြန်မာနိုင်ငံကစစ်ပွဲတွေကတော့ ဒီနေရာမှာပဲ၊ ဒီလူတွေနဲ့ပဲ၊ ဒီသေနတ်တွေနဲ့ပဲ..။

အိန္ဒိယနိုင်ငံက ငွေစက္ကူတစ်ချို့ကို တရားမဝင်ကြောင်းကြေငြာပြီး လမ်းတံတားဖြတ်ခကောက်တဲ့နေရာတွေမှာ၊ ဓါတ်ဆီဆိုင်တွေမှာ ဒစ်ဂျစ်တယ်ဘဏ်ကဒ်တွေသုံးရင် ( ၁ဝ% ) လျှော့ပေးမယ်လို့ စည်းရုံးနေတဲ့အချိန် မြန်မာနိုင်ငံမှာတော့ ကားတစ်စီးသွင်းဖို့အရေး သံရေကြိုခံကားတစ်စီး မရအရရှာနေရဆဲ။

ဗင်နီဇွဲလားနိုင်ငံလို ရေနံအားအကိုးလွန်လို့ မနိုင်မနင်းဖြစ်လာတဲ့စီးပွားရေးကို ငွေစက္ကူအသစ်တွေ တစ်မျိုးပြီးတစ်မျိုးထုတ်ကာဖြေရှင်းနေရတဲ့အချိန် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ( ၇ ) နှစ်က ဒေါ်လာဈေး ( ၁၄ဝဝ ) မျက်နှာကျက်နားကို တက်ဆောင့်ရုံမက ထုတ်တန်းကိုကျော်ဖို့ ဟန်ပြင်နေဆဲ။

အမေရိကန်ရွေးကောက်ခံသမ္မတက အမေရိကန်နိုင်ငံရဲ့ ဘယ်သူမှမယှဉ်နိုင်တဲ့ နည်းပညာထိပ်သီးသူဋ္ဌေးကြီးတွေနဲ့တွေ့ဆုံပြီး နောက် ( ၄ ) နှစ်သက်တမ်းအတွင်း ပြည်ပကလုပ်ငန်းတွေကို ပြည်တွင်းပြန်သယ်ဆောင်လာဖို့ ပူးပေါင်းဆောင်ရွက်ဖို့စည်းရုံးတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ယခင်အစိုးရနဲ့ ပင်းရိုက်ထားတယ်ဆိုတဲ့ခရိုနီတွေကို သပိတ်မှောက်နေဆဲ။

ဂျပန်တိုယိုတာကားကုမ္ပဏီပိုင် Lexus ကားကို အမေရိကားမှာနာမည်ကြီးတဲ့ ကြက်ဖငြုပ်ဆီ - Sriracha နဲ့ကြော်ငြာတဲ့အခါ ရန်ကုန်မှာတော့ ဝက်သားတွေတုတ်ထိုးစားဖို့ ညဈေးတန်းအသစ်မှာ ကားပါကင်ရှာဖွေနေရဆဲ။

ကမ္ဘာမှာ အမေရိကန်ကို အကြွေးအများဆုံးပေးထားနိုင်တဲ့ရာထူးအတွက် ဂျပန်ကိုလွှဲပေးလိုက်တဲ့တရုတ်ကို မြန်မာနိုင်ငံကလက်လွတ်မခံပဲ ကြွေးမြီအထူဆုံးငွေတိုးဆုရှင်ပေါက်ဖော်ကြီးကို သရဖူဆက်ပေးထားရတဲ့အခြေအနေကို ရွှေမြန်မာတွေ ဂုဏ်ယူနေဆဲ။

နိုင်ငံအနှံ့အပြားမှာ အားလပ်ရက်ရှည်ရောက်တိုင်း အကြမ်းဖက်မှု နဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေမကြုံရအောင် ရှောင်ကွင်းလည်ပတ်နေရချိန် မြန်မာနိုင်ငံက နေပြည်တော်အမြန်လမ်းမှာ ခရီးသွားပြည်သူတွေ ကားစီးရင်း ညမအိပ်ရဲ၊ ရှေခုံကလက်တန်းကို မြဲမြဲမြံမြံ ကိုင်ငိုက်နေရဆဲ။

ကောင်းကင်ပေါ်ပျံနေတုန်း ဆက်သွယ်ရေးတာဝါနဲ့အဆက်အသွယ်ပြတ်ရင်း ပျောက်ပျောက်သွားရတဲ့ အပြည်ပြည်ဆိုင်ရာလေယာဉ်တွေနောက် နည်းပညာ နဲ့ ငွေကြေးသာမက စိတ်ဆင်းရဲမှုတွေကိုပါ ဒလဟောသွန်ချလိုက်ရသလို မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်၊ ကားတွေပေါ်မှာ အခမဲ့ရတဲ့ ငယ်ရွယ်သူတွေရဲ့ ဘဝအချိန်တွေဟာ ဒီဇယ်ငွေ့ရှူပြီး ခြောက်သွေ့မူးယစ်အငွေ့ပျံနေကြရဆဲ။


အပေါ်ကလို အရေမရ အဖတ်မရ ဘေးထိုင်လေကန်ဘုပြောနေမယ့်အစား စင်္ကာပူကို နှစ် ( ၂ဝ ) အတွင်းကျော်တက်နိုင်ဖို့ ဖြတ်လမ်းနည်းတစ်ချို့ကိုသုံးဖို့လိုပါတယ်။

ဖောင်းပွနေတဲ့ငွေတွေဟာ သူ့နေရာနဲ့သူအသုံးတည့်နေဖို့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ဝင်ရောက်လည်ပတ်ဖို့လိုတယ်။ တစ်နိုင်ငံလုံးရဲ့ချမ်းသာကြယ်ဝမှုဟာ နိုင်ငံလူဦးရေရဲ့ ( ၁% ) အောက်မှာသာရှိတဲ့လူတစ်စုလက်ထဲကိုပြားပြားဝပ်ရောက်နေတဲ့ပြသနာကို အရင်ရှင်းရမယ်။

ဒီအချိန်မှာ ဘယ်တုန်းက ဘာနဲ့ချမ်းသာလာတယ်ဆိုတာထက် လက်ရှိနိုင်ငံ့အခြေအနေကို ဘယ်နေရာ ဘယ်ရှုထောင့်ကနေ " ဝင်ထမ်း " မလဲ ဆိုတဲ့အကူအညီကို အသည်းအသန်လိုအပ်နေချိန်ဖြစ်ပါတယ်။ သူတို့ဆီက " ငါတို့ကြိုက်တဲ့အစိုးရနဲ့မှအလုပ်လုပ်မယ်ဆိုတဲ့ငွေပုံကြီး " ကို မြန်မာပြည်တွင်းပြန်ရွှေ့လာဖို့ နိုင်ငံတော်အတိုင်ပင်ခံက စည်းရုံးဖို့လိုတယ်။

ဒီငွေတွေ သူတို့ထုတ်သွားတုန်းကလွယ်သလောက် ပြန်ဝင်လာဖို့အရေးမှာ တိုင်းပြည်အတွက် စေတနာတွေ မေတ္တာတွေ အဆစ်ထည့်ပေးလာဖို့လိုမယ်။ နိုင်ငံတကာငွေကြေးကိစ္စတွေမှာ ငွေစက္ကူကိုင်စွဲပြီးသုံးရတဲ့စံနစ်ကနေ အကြွေးဘဏ်ကဒ်စံနစ်ကိုခုံပျံကျော်လွှားပြီး Online Banking ကို စွဲစွဲမိမိ အသုံးပြုကြည့်ဖို့လိုပါတယ်။

ဒါမှ ပြည်တွင်းမှာ စက္ကူစုတ်လိုလည်နေတဲ့ အရွက် ( ၁ဝဝ ) သားရေကွင်းပတ်ဘဏ်ကဒ်တွေအစား လက်ကိုင်ဖုန်းပေါ်မှာအရောင်းအဝယ်လုပ်လို့ရတဲ့အဆင့်ရောက်လာရင် လူအချင်းချင်း စီးပွားဘက်တွေ ၊ စီးပွားရေးအချင်းချင်း B2B ၊ အစိုးရနဲ့ကုမ္ပဏီ G2B စတာတွေ အသက်ရှူချောင်လာမယ်။
တစ်ဆက်တည်း ဒေါ်လာဈေးကို ကုန်သည်တွေက နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်တဲ့ လွတ်လပ်တဲ့ကုန်သွယ်မှုကိုဖော်ဆောင်နိုင်လာမယ်။

ကားအဟောင်း ကားအသစ် အင်ဂျင်ပါဝါဘယ်လောက်ဆိုတာတွေ ငြင်းခုံနေမယ့်အစား ငွေရှိလို့ဆောက်လုပ်ရေးလုပ်တဲ့ကန်ထရိုက်ရသူဋ္ဌေးကြီးတွေဆောက်သမျှ ကားရပ်နားနေရာ - Parking ထည့်သွင်းပေးခိုင်းရပါမယ်။

ငွေရှိလို့ကားစီးနိုင်သူမှန်သမျှ ကားရပ်နားခွန်ပေးဆောင်ဖို့ ညွှန်ကြားချက်တွေထုတ်ရမယ်။ နိုင်ငံတကာကနာမယ်ရကားကုမ္ပဏီကြီးတွေကိုယ်တိုင် အသစ်ချက်ချွတ်ဝင်ရောင်းနိုင်တဲ့ ပွင့်လင်းအခွန်ကိစ္စတွေ လမ်းပြပေးဖို့လိုတယ်။ တစ်ဆက်တည်း ရတဲ့အခွန်ကို အရွေးချယ်ခံအစိုးရက ဘယ်နေရာမှာသုံးတယ်ဆိုတာကို အခွန်ထမ်းတွေကို ပြောကိုပြောပြရမယ်။

မမေ့သင့်တဲ့နောက်တစ်ချက်က ဓါတ်ဆီတစ်ဂါလံရောင်းတိုင်းအခွန်ကောက်သင့်တယ်။ ဒါက မဖြစ်မနေ ရကိုရရမယ့်အခွန် .. ပြေးမလွတ်တဲ့အခွန်။ ဒါလည်း ဒီလိုပဲ ကား လမ်း တံတား ဘယ်နေရာတွေမှာ ဘယ်လိုသုံးစွဲတယ်ဆိုတာ ပြောရုံနဲ့မရတော့ပဲ လုပ်သင့်လုပ်ထိုက်တာတွေနဲ့ " သက်သေပြ " ရပါမယ်။

ဒီကျမှ ဝင်ငွေနည်းပါစေ များပါစေ အခွန်ဆို-ရှောင်ဖို့လုပ်သူတွေဟာ နောက်ကျတော့ " အခွန်ဆိုတာ တိုင်းပြည်အတွက်ဆောင်ပေးရမယ် " ဆိုတဲ့အချိန်တစ်ခုရောက်လာလိမ့်မယ်။ ဒီအခါမှာ ရွေးချယ်ခံအစိုးရဆီမှာ ငွေယားလေးရလာမှ လုပ်ချင်ရာလုပ်ခွင့်ရှိလာမယ်။

တိုင်းပြည်တစ်ပြည်က နိုင်ငံရေးချ့ည်းပဲတည်ဆောက်လို့မရသလို စီးပွားရေးနဲ့ချည်းချည်းထူထောင်လို့မရပြန်ဘူး။ ဒါကြောင့် အရွေးချယ်ခံအစိုးရက မိမိကိုယုံကြည်ကိုးစားတဲ့ပြည်သူတွေကို စီးပွားရေးဘက်မှာ ပေါင်းကူးသွားလာအလုပ်အကိုင်အဆင်ပြေအောင်လမ်းဖွင့်ပေးရင်း ကိုယ်တိုင်က နိုင်ငံတကာကရင်းနှီးမြှုပ်နှံသူတွေမျက်စိကျအောင် နည်းဗျူဟာတွေ ရှိရမယ်။ ဒါမှ နည်းပညာတွေကိုတတ်ကျွမ်းသူနိုင်ငံသားတွေပါဝင်တည်ထောင်လာတဲ့ သူ့အလုပ်သူလုပ်တဲ့တိုင်းပြည်ဖြစ်တော့မပေါ့..။

အခုက ဘာနဲ့တူနေသလဲဆိုတော့ ငွေကြပ်နေတဲ့ ကုဋေဆပ်မကုန်တဲ့ ကုန်သည်၊ နာမယ်ကြီးပြီးအကြွေးပတ်လည်ဟီးနေတဲ့ ချစ်တီး၊ အငြိုးကြီးသမျှ ထိုးကျွေးမဝတဲ့ ဒဏ်ခတ်ခံအစိုးရဖြစ်နေတယ်ဆိုတာ တပ်နဲ့အတူလက်တွဲကြည်ဖြူသော်လည်း တိုက်ပွဲရှောင်ငတ်သေတဲ့ပြည်သူအပေါင်းကို နှစ်ထောင့်တစ်ဆယ့်ခြောက်အလွန် ( ၂ဝ၁၇ ) အကြောင်း မီးမောင်းထိုးလိုက်ရပါတယ်။

ခင်လျက်
ကိုညီညီ ( တောင်ကြီး )
01-01-2017



( ဆောင်းပါးခေါင်းစဉ်ကိုပုံဆွဲဖော်ကျူးပေးသော ကာတွန်း - ကိုဖုန်း ကို ကျေးဇူးတင်ရှိပါသည် )





No comments: