ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 5, 2019

DV-2020 စစ္တတ္ဖို႕အတတ္ပညာမလို

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

ေမး။ DV-2020 စစ္တယ္ဆုိတာ ဘာလဲ?
ေျဖ။ အေမရိကားကိုသြားခြင္႕ရမယ္႕ေျပာင္းေရႊ႕ေနထိုင္ခြင္႕ဗီဆာကို ကံစမ္းမဲေဖာက္ေပးတဲ႕ Diversity Visa ကို (၂ဝ၂ဝ) ခုႏွစ္အတြက္ ေပါက္မေပါက္စစ္ေဆးတာျဖစ္ပါတယ္။

ေမး။ မေလွ်ာက္လိုက္မိဘူး။ အခုဝင္စစ္လို႕ရပါသလား?
ေျဖ။ မရပါ။ (၃/၁ဝ/၂ဝ၁၈ - ၆/၁၁/၂ဝ၁၈) ၾကားမွာတင္ခဲ႕တဲ႕ ကံစမ္းထားသူေတြသာ ျပန္စစ္ရမွာပါ။

ေမး။ (၂ဝ၂၁) ခုႏွစ္အတြက္ ကံစမ္းလို႕ရျပီလား?
ေျဖ။ (၂ဝ၂၁) အတြက္ မစဥ္းစားပါနဲ႕ဦး။ အခုမွ (၂ဝ၂ဝ) ခုႏွစ္အတြက္ အေျဖထြက္ေနတုန္းရွိပါေသးတယ္။ (၂ဝ၁၉) ေအာက္တုိဘာလေရာက္မွ စျပီး စိတ္ပူပါ။

ေမး။ ဒါဆိုရင္ DV-2020 စစ္တတ္ဖို႕ ဘာလို႕အတတ္ပညာမလိုဘူးလို႕ေျပာတာလဲ?
ေျဖ။ ထူးထူးျခားျခားအတတ္ပညာတတ္ေနစရာမလိုတာကိုေျပာတာပါ။ ကြန္ပ်ဴတာ၊ ဖုန္း ရွိရင္ စစ္လို႕ရပါတယ္။ လြယ္လည္းလြယ္ပါတယ္။

ေမး။ ဒါဆိုရင္ ဘယ္လိုစစစ္ရမလဲ?
ေျဖ။ https://dvlottery.state.gov/ ကို သြားပါ။
Check Status အျပာခလုပ္ေလးကိုႏွိပ္ပါ။
Continue ကို ထပ္ႏွိပ္ပါ။ ျဖည္႕ေပးစရာ (၄) မ်ိဳးပဲရွိပါတယ္။
(၁) Confirmation Number
(၂) Last/Family Name
(၃) Year of Birth
(၄) Authentication


ေမး။ Confirmation Number က အရင္ DV-2020 တင္ထားတဲ႕နံပါတ္ကေတာ႕ရွိပါျပီ။ Last/Family Name က ကြ်န္ေတာ႕နာမည္ “ဝင္းျမင္႕” ဆုိရင္ ဘယ္လုိထည္႕ရမလဲ?
ေျဖ။ Myint Win လို႕ထည္႕ပါ။

ေမး။ Year of Birth က ေမြးခဲ႕တဲ႕ခုႏွစ္ကသိပါျပီ။ Authentication က ဘာလဲ?
ေျဖ။ ကြန္ပ်ဴတာစံနစ္ထဲကို လူကိုယ္တုိင္စစ္တဲ႕အေၾကာင္းျပန္စစ္တဲ႕စံနစ္တစ္ခုပါ။ Authentication ေအာက္ကအကြက္ထဲမွာေပၚလာတဲ႕အဂၤလိပ္စာလံုးကုိ ျမင္တဲ႕အတိုင္းရိုက္ထည္႕ေပးလုိက္ရံုပါပဲ။

ေမး။ Confirmation Number ေမ႕ေနရင္ဘယ္လိုလုပ္မလဲ?
ေျဖ။ Confirmation Number စာလံုးေအာက္နားက Forgot Password ကို ႏွိပ္ပါ။
(က) Diversity Visa Lottery Program Year ေအာက္မွာ ကိုယ္စစ္မယ္႕ႏွစ္ကိုေရြးပါ။
(ခ) Last/Family Name (ဥမာ ျမင္႕-Myint) နဲ႕ First Name (ဥပမာ ဝင္း-Win) Middle Name (ေပးခဲ႕/ျဖည္႕ခဲ႕ရင္) ထည္႕ပါ။
(ဂ) မထည္႕ခဲ႕ရင္ No Middle Name ကို အမွန္ျခစ္ပါ။
(ဃ) Date of Birth ေမြးေန႕အျပည္႕အစံုျဖည္႕ပါ။
(င) Email Address အီးေမးလ္လိပ္စာျဖည္႕ပါ။
(စ) Authentication ထပ္လာပါျပီ။ ျမင္တဲ႕အဂၤလိပ္စာလံုးကိုရိုက္ထည္႕ပါ။
(ဆ) ျပီးရင္ Submit အျပာခလုပ္ႏွိပ္ပါ။
(ဇ) မ်ားမၾကာမီ အီးေမးလ္ ကုိ အေၾကာင္းၾကားစာေရာက္လာပါမယ္။

ေမး။ အင္တာနက္ဆိုင္မွာထုိးခဲ႕တယ္။ အီးေမးလ္လိပ္စာမမွတ္မိဘူး။ ဘယ္လိုလုပ္ရမလဲ?
ေျဖ။ အဲဒီအင္တာနက္ဆိုင္နဲ႕ျပန္ဆက္သြယ္ပါ။ ကိုယ္တိုင္အေမရိကားသြားခ်င္တာပဲ။ ဒီေရာက္ရင္ ကိစၥအားလံုးကကိုယ္တိုင္လုပ္ရဦးမွာ။ အခ်က္အလက္ေတြကိုယ္တုိင္မွတ္ထားတာအေကာင္းဆံုးပါ။

ေမး။ အေမရိကားေရာက္ရင္ အေမရိကန္အစုိးရကအလုပ္ရွာေပးပါသလား?
ေျဖ။ DV ေပါက္မွစိတ္ပူပါ။ အေမရိကားမွာ မိမိကုိဘယ္သူမွ အလုပ္ရွာမေပးပါဘူး။ အလုပ္ရွိရာကို လူကသြားရွာရတာျဖစ္ပါတယ္။ ခက္သလားဆိုေတာ႕ မခက္ပါဘူး။ အခုေနာက္ပိုင္း အေမရိကားမွာ အလုပ္ေတြအင္မတန္ေပါမ်ားပါတယ္။ လုပ္ခ်င္တဲ႕စိတ္နဲ႕အလုပ္လုပ္ခြင္႕ရွိတဲ႕သက္ေသခံကဒ္ျပားေတြလိုပါတယ္။

ေမး။ အခုလို ေရွ႕ေနာက္ဆက္စပ္ျပီးအေသးစိတ္ရွင္းျပေပးတာေက်းဇူးပါ။ ဒါနဲ႕ဘယ္ေတာ႕စ စစ္လို႕ရမွာလဲ?
ေျဖ။ အေမရိကန္စံေတာ္ခ်ိန္ (ေဝၚရွင္တန္အခ်ိန္)  မြန္းတည္႕ (၇/၅/၂ဝ၁၉) ပါ
ေမး။ ျမန္မာအခ်ိန္က်ေတာ႕ေရာ?
ေျဖ။ ည (၁ဝ နာရီခြဲ) (၇/၅/၂ဝ၁၉) ပါ။ ေအာင္ျမင္ျပီး အေမရိကားမွာအေျခခ်လို႕ ဘဝသစ္ထူေထာင္ႏိုင္ၾကပါေစ။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
05-05-2019


Unicode Version:

“DV-2020 စစ်တတ်ဖို့အတတ်ပညာမလို”
မေး။ DV-2020 စစ်တယ်ဆိုတာ ဘာလဲ?
ဖြေ။ အမေရိကားကိုသွားခွင့်ရမယ့်ပြောင်းရွှေ့နေထိုင်ခွင့်ဗီဆာကို ကံစမ်းမဲဖောက်ပေးတဲ့ Diversity Visa ကို (၂ဝ၂ဝ) ခုနှစ်အတွက် ပေါက်မပေါက်စစ်ဆေးတာဖြစ်ပါတယ်။

မေး။ မလျှောက်လိုက်မိဘူး။ အခုဝင်စစ်လို့ရပါသလား?
ဖြေ။ မရပါ။ (၃/၁ဝ/၂ဝ၁၈ - ၆/၁၁/၂ဝ၁၈) ကြားမှာတင်ခဲ့တဲ့ ကံစမ်းထားသူတွေသာ ပြန်စစ်ရမှာပါ။

မေး။ (၂ဝ၂၁) ခုနှစ်အတွက် ကံစမ်းလို့ရပြီလား?
ဖြေ။ (၂ဝ၂၁) အတွက် မစဉ်းစားပါနဲ့ဦး။ အခုမှ (၂ဝ၂ဝ) ခုနှစ်အတွက် အဖြေထွက်နေတုန်းရှိပါသေးတယ်။ (၂ဝ၁၉) အောက်တိုဘာလရောက်မှ စပြီး စိတ်ပူပါ။

မေး။ ဒါဆိုရင် DV-2020 စစ်တတ်ဖို့ ဘာလို့အတတ်ပညာမလိုဘူးလို့ပြောတာလဲ?
ဖြေ။ ထူးထူးခြားခြားအတတ်ပညာတတ်နေစရာမလိုတာကိုပြောတာပါ။ ကွန်ပျူတာ၊ ဖုန်း ရှိရင် စစ်လို့ရပါတယ်။ လွယ်လည်းလွယ်ပါတယ်။

မေး။ ဒါဆိုရင် ဘယ်လိုစစစ်ရမလဲ?
ဖြေ။ https://dvlottery.state.gov/ ကို သွားပါ။
Check Status အပြာခလုပ်လေးကိုနှိပ်ပါ။
Continue ကို ထပ်နှိပ်ပါ။ ဖြည့်ပေးစရာ (၄) မျိုးပဲရှိပါတယ်။
(၁) Confirmation Number
(၂) Last/Family Name
(၃) Year of Birth
(၄) Authentication


မေး။ Confirmation Number က အရင် DV-2020 တင်ထားတဲ့နံပါတ်ကတော့ရှိပါပြီ။ Last/Family Name က ကျွန်တော့နာမည် “ဝင်းမြင့်” ဆိုရင် ဘယ်လိုထည့်ရမလဲ?
ဖြေ။ Myint Win လို့ထည့်ပါ။

မေး။ Year of Birth က မွေးခဲ့တဲ့ခုနှစ်ကသိပါပြီ။ Authentication က ဘာလဲ?
ဖြေ။ ကွန်ပျူတာစံနစ်ထဲကို လူကိုယ်တိုင်စစ်တဲ့အကြောင်းပြန်စစ်တဲ့စံနစ်တစ်ခုပါ။ Authentication အောက်ကအကွက်ထဲမှာပေါ်လာတဲ့အင်္ဂလိပ်စာလုံးကို မြင်တဲ့အတိုင်းရိုက်ထည့်ပေးလိုက်ရုံပါပဲ။

မေး။ Confirmation Number မေ့နေရင်ဘယ်လိုလုပ်မလဲ?
ဖြေ။ Confirmation Number စာလုံးအောက်နားက Forgot Password ကို နှိပ်ပါ။
(က) Diversity Visa Lottery Program Year အောက်မှာ ကိုယ်စစ်မယ့်နှစ်ကိုရွေးပါ။
(ခ) Last/Family Name (ဥမာ မြင့်-Myint) နဲ့ First Name (ဥပမာ ဝင်း-Win) Middle Name (ပေးခဲ့/ဖြည့်ခဲ့ရင်) ထည့်ပါ။
(ဂ) မထည့်ခဲ့ရင် No Middle Name ကို အမှန်ခြစ်ပါ။
(ဃ) Date of Birth မွေးနေ့အပြည့်အစုံဖြည့်ပါ။
(င) Email Address အီးမေးလ်လိပ်စာဖြည့်ပါ။
(စ) Authentication ထပ်လာပါပြီ။ မြင်တဲ့အင်္ဂလိပ်စာလုံးကိုရိုက်ထည့်ပါ။
(ဆ) ပြီးရင် Submit အပြာခလုပ်နှိပ်ပါ။
(ဇ) များမကြာမီ အီးမေးလ် ကို အကြောင်းကြားစာရောက်လာပါမယ်။

မေး။ အင်တာနက်ဆိုင်မှာထိုးခဲ့တယ်။ အီးမေးလ်လိပ်စာမမှတ်မိဘူး။ ဘယ်လိုလုပ်ရမလဲ?
ဖြေ။ အဲဒီအင်တာနက်ဆိုင်နဲ့ပြန်ဆက်သွယ်ပါ။ ကိုယ်တိုင်အမေရိကားသွားချင်တာပဲ။ ဒီရောက်ရင် ကိစ္စအားလုံးကကိုယ်တိုင်လုပ်ရဦးမှာ။ အချက်အလက်တွေကိုယ်တိုင်မှတ်ထားတာအကောင်းဆုံးပါ။

မေး။ အမေရိကားရောက်ရင် အမေရိကန်အစိုးရကအလုပ်ရှာပေးပါသလား?
ဖြေ။ DV ပေါက်မှစိတ်ပူပါ။ အမေရိကားမှာ မိမိကိုဘယ်သူမှ အလုပ်ရှာမပေးပါဘူး။ အလုပ်ရှိရာကို လူကသွားရှာရတာဖြစ်ပါတယ်။ ခက်သလားဆိုတော့ မခက်ပါဘူး။ အခုနောက်ပိုင်း အမေရိကားမှာ အလုပ်တွေအင်မတန်ပေါများပါတယ်။ လုပ်ချင်တဲ့စိတ်နဲ့အလုပ်လုပ်ခွင့်ရှိတဲ့သက်သေခံကဒ်ပြားတွေလိုပါတယ်။

မေး။ အခုလို ရှေ့နောက်ဆက်စပ်ပြီးအသေးစိတ်ရှင်းပြပေးတာကျေးဇူးပါ။ ဒါနဲ့ဘယ်တော့စ စစ်လို့ရမှာလဲ?
ဖြေ။ အမေရိကန်စံတော်ချိန် (ဝေါ်ရှင်တန်အချိန်)  မွန်းတည့် (၇/၅/၂ဝ၁၉) ပါ
မေး။ မြန်မာအချိန်ကျတော့ရော?
ဖြေ။ ည (၁ဝ နာရီခွဲ) (၇/၅/၂ဝ၁၉) ပါ။ အောင်မြင်ပြီး အမေရိကားမှာအခြေချလို့ ဘဝသစ်ထူထောင်နိုင်ကြပါစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-05-2019

No comments: