ဘာသာပြန်ဆိုသူ - ကိုညီညီ ( တောင်ကြီး )
|
အစီအစဉ်တင်ဆက်သူ ။ ။ သမ္မတကြီးရှင့် ၊ အခုမေးမယ့်မေးခွန်းက အမေရိကန်အစိုးရရဲ့
လူမှုကွန်ယက်မှာမေးထားတဲ့ မေးခွန်းပါ ၊ သူက ကျွန်မတို့သူငယ်ချင်းဖြစ်တဲ့ မြန်မာနိုင်ငံက
စောထက်ခန့် ဖြစ်ပါတယ် ၊ သူမေးခွန်းလေးကဒီလိုပါ ။
စောထက်အောင်ခန့် ။ ။ သမ္မတကြီးခင်များ ၊ မတူညီတဲ့လူမျိုးနွယ်စုကြီး
၊ မတူညီတဲ့ဘာသာစကား ၊ ကွဲပြားတဲ့ကိုးကွယ်မှု နဲ့ အမျိုးမျိုးသောယျဉ်ကျေးမှုတွေကြားမှာ
ပူးပေါင်းဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ နောင်လာနောက်သားမျိုးဆက်သစ် ခေါင်းဆောင်တွေအတွက်
မြန်မာပြည်သာမက အာစီယံကမ္ဘာအတွက်ကိုပါ သမ္မတကြီးရဲ့ ကိုယ်ပိုင်ထိရောက်တဲ့စကား နဲ့ အားပေးမှုကို
သိချင်ပါတယ် ။
သမ္မတ ဘရက်အိုဘားမား ။ ။ သိပ်ကောင်းတဲ့မေးခွန်းပါ ၊ ကမ္ဘာတစ်လွှားလုံးရဲ့
ပဋိပက္ခတွေ ၊ စစ်ပွဲတွေ ၊ ကြမ်းတမ်းမှုတွေဖြစ်စေတဲ့ အကြီးမားဆုံးအကြောင်းရင်းကိုကြည့်မယ်ဆိုရင်
အဖြစ်တတ်ဆုံး အရေးကြီးဆုံးအကြောင်းအရာက ကိုယ်မကြိုက်တဲ့လူတွေအပေါ် မတူညီအောင် တစ်မျိုးထား
ဆက်ဆံကြလို့ပဲဖြစ်တယ် ၊ ဟုတ်တယ်မဟုတ်လား ၊ ဒါဆို အခု မြန်မာနိုင်ငံမှာ သူတို့ဟာ ဆယ်စုနှစ်များစွာ
အုပ်ချုပ်ခဲ့တဲ့ အရှေ့အစိုးရလက်ကနေ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ် ၊ အရာရာကို ဖွင့်ပေးဖို့ကြိုးစားနေတယ်
၊ နိုင်ငံကို ဒီမိုကရေစီကျအောင် ပြုလုပ်နေတယ် ၊ သူတို့သွားနေတာ အင်မတန် ရဲ့ရင့်တဲ့လုပ်ငန်းစဉ်ဖြစ်တယ်
။