ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, October 16, 2017

ခူးျပီးခပ္ျပီး ႏူးျပီးႏွပ္ျပီးအေမရိကား . . လား?

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ကြ်န္ေတာ္ဟာ အဖြဲ႕တစ္ခုမွာကယ္တင္ရွင္ေပၚေနျပီလို႕ ေရးဖူးပါတယ္။ ဒါကို ေဝဖန္သူေတြရွိသလို အျမင္မတူသူေတြရွိတာလည္း ကြ်န္ေတာ္သိပါတယ္။ အဲဒီၾကားထဲမွာ "ဝိုင္းဝန္းကူညီမယ္႕သူတစ္ေယာက္တုိးလာတယ္လို႕နားလည္ေပးပါလား ဦးညီ" ဆိုတဲ႕မွတ္ခ်က္ေၾကာင္႕ ေက်းဇူးအထူးတင္ရပါတယ္။
.
. ငယ္ငယ္ကတည္းကအလြတ္က်က္ပညာေရးေၾကာင္႕ ကြ်န္ေတာ္တုိ႕မ်ိဳးဆက္ (၃) ဆက္ေလာက္ ကမၻာ႕အဆင္႕မေျပာနဲ႕ အာစီယံအိမ္နီးနားခ်င္းအဆင္႕အထိေတာင္ ေက်ာင္းသင္ခန္းစာ ပညာက႑မွာ မယွဥ္သာပါဘူး။ အဂၤလိပ္စာနဲ႕မရင္းႏွီးဘူး . . အင္တာနက္ဆုိ စမ္းတဝါးဝါး အျပင္ ကိစၥတစ္ခုခုလုပ္ဖို႕ဆုိရင္ "ငါ႕ကုိလုပ္ေပးပါလား" ဆုိျပီး ပါးစပ္ေရွ႕ေရာက္လာမယ္႕ထမင္းတစ္လုပ္ကုိ (မဝါးပဲ အသင္႕မ်ိဳခ်ဖို႕) ေစာင္႕ခ်င္ၾကတယ္။ ဒါဟာ ရာစုႏွစ္ဝက္ေလာက္က်င္႕ၾကံခဲ႕တဲ႕ ျမန္မာ႕နည္းျမန္မာ႕ဟန္ပညာေရးရဲ႕အားနည္းခ်က္ပါလို႕ အျပစ္ဖို႕ရေတာ႕မယ္ ထင္ပါတယ္။
.
.
. အေမရိကားမွာေတာ႕မတူပါဘူး။ ဘာမဆို အကုန္ကိုယ္တိုင္လုပ္ရတယ္။ ခ်က္၊ ျပဳတ္၊ ေလွ်ာ္ဖြတ္အျပင္ ရံုးကိစၥ၊ ဘဏ္ကိစၥ၊ အစုိးရစာရြက္စာတမ္းကိစၥေတြမွာ ကိုယ္႕မွတ္ပံုတင္ နဲ႕ သက္ေသခံအခ်က္အလက္ေတြကုိ လ်ိဳ႕ဝွက္ထားရတယ္။ ဒီၾကားထဲ နည္းပညာကုိတလြဲသံုးျပီး ခိုးယူခံရလုို႕ ကာယကံရွင္ေတြ ဒုကၡေရာက္ရတဲ႕အျဖစ္ေတြဟာ ေနာက္ပိုင္းမွာ မဆန္းေတာ႕တဲ႕အထိ ၾကားလာရတယ္။
.
. ဒီလို ကိုယ္ပိုင္သီးသန္႕ပုိင္ဆုိင္မႈ - Privacy ရွိရမယ္႕ကိစၥေတြမွာ ကိုယ္ယံုၾကည္ရတဲ႕သူဆုိတာ မရွိတာမဟုတ္ ရွားၾကပါတယ္။ တကယ္ယံုၾကည္ရမယ္႕သူဆုိတာရွိခဲ႕ရင္လည္း ဒီအခ်က္အလက္ေတြကိုမျပန္႕ပြားေစဖို႕ထိန္းသိမ္းရတဲ႕ "ကိုယ္က်င္႕တရားနဲ႕တာဝန္" ရွိေနတာမို႕ အေမရိကားလုိအခ်ိန္ျပည္႕အလုပ္လုပ္ေနရတဲ႕ႏုိင္ငံမွာ တာဝန္သိပ္ၾကီးျပီး ဝန္ထုပ္ဝန္ပုိးျဖစ္ေစတယ္ဆုိတာ မွန္းၾကည္႕ရံုနဲ႕သိႏိုင္ပါတယ္။

.
. အမ်ားကိုကူညီဖို႕ အဖိုးအခမေပးရတဲ႕ အေမရိကန္ျပည္ဝင္ခြင္႕ကံစမ္းမဲ - Electronic Diversity Visa Lottery အေၾကာင္းကုိ (၃) ႏွစ္ဆက္တုိက္ေလာက္ ကြ်န္ေတာ္ၾကိဳးစားလမ္းညႊန္ခဲ႕တယ္။ ေဇာ္ဂ်ီေဖာင္႕ ေရာ ျမန္မာယူနီကုဒ္ေဖာင္႕မေရြးရေအာင္ အေမရိကန္သံရံုးကထုတ္ခဲ႕ဖူးတဲ႕ပံုစာကုိကုိးကားျပီး လမ္းညႊန္ေပးခဲ႕တယ္။ ဒါကုိ စာမဖတ္ဘဲ "အစ္ကိုတင္ေပးလို႕ရမလား?" ဆုိသူမ်ိဳးကို သူတုိ႕ကိုယ္တိုင္နားလည္လာေအာင္ ၾကိဳးစားရွင္းျပေပးခဲ႕တယ္။ သူတုိ႕ကိုယ္တိုင္အားကိုးခ်င္စိတ္ျဖစ္လာေအာင္ ေျပာျပေပးခဲ႕တယ္။
.
. တစ္ခုစဥ္းစားၾကည္႕ေပါ႕။ ဘယ္ေနရာမွာမဆုိ ကိုယ္႕ေျခ ကိုယ္႕လက္လုပ္ရမယ္႕အေမရိကားကုိလာဖို႕ ကံစမ္းခြင္႕ရွိတဲ႕ DV စတင္ကတည္းက သူမ်ားအားကုိးနဲ႕တင္၊ သူမ်ားဆီမွာကိုယ္႕အခ်က္အလက္ေတြအပ္ထား၊ အကုန္လုပ္ေပးဆုိတာမ်ိဳး နဲ႕ အေမရိကားမွာ ဘယ္လုိရပ္တည္မလဲ? ဒါက တစ္ခု။
.
.
. ေနာက္တစ္ခုက အဂၤလိပ္စာ။ ႏိုင္ငံတကာကိုထြက္ရင္ အနည္းနဲ႕အမ်ားေတာ႕ အဂၤလိပ္စာ ေရးတတ္ ဖတ္တတ္တာ အေကာင္းဆံုးပါ။ ခရီးသြားရမယ္၊ ေလယာဥ္စီးရမယ္၊ လူဝင္မႈၾကီးၾကပ္ေရး နဲ႕ အေကာက္ခြန္႒ာနေတြျဖတ္ရမယ္ . . အဲဒါေတြမလာခင္ ကိုယ္သြားမယ္႕ႏုိင္ငံရဲ႕သံရံုးမွာ ႏုိင္ငံကူးခြင္႕လက္မွတ္ထုတ္ေပးဖို႕လူေတြ႕စစ္ေဆးျခင္း - Visa Interview ဝင္ရမယ္။ ဒီေနရာေတြအားလံုး အဂၤလိပ္လိုေျပာတတ္ရင္ ကိုယ္က သူမ်ားထက္သာပါတယ္ . . ဒီေလာက္ပဲေျပာတာပါ။
.
. ဒါကို အဂၤလိပ္စာမတတ္လည္း ရတယ္။ အေမရိကားေရာက္ေအာင္သာ လာခဲ႕။ အလည္နဲ႕လာလည္း ရတယ္။ ေနာက္က်ရင္ ခုန္ခ် . .။ ႏိုင္ငံေရးခုိလံႈခြင္႕ေလွ်ာက္ျပီးလို႕ သိပ္မၾကာခင္ အျမဲတမ္းေနထုိင္ခြင္႕ကဒ္ျပား - Alien Registration Number / Green Card ရျပီ။ ဒီလုိမွမဟုတ္ရင္ ေငြသားေပးတဲ႕ေနရာမွာ (၃) / (၄) ႏွစ္ ကုိ Green Card မရွိလည္းေနလို႕ရတယ္ဆုိတဲ႕အၾကံေပးကို ဘယ္လုိေရႊဥာဏ္ေတာ္စူးေရာက္လို႕ ေပါက္ေျမာက္အၾကံေပးတာလဲဆုိတာ ကြ်န္ေတာ္မ်ိဳးၾကီးလည္းမေလွ်ာက္တတ္ေတာ႕ပါဘူး။
.
.
. လူေတြက အမ်ိဳးမ်ိဳးရွိတယ္။ အလုပ္နဲ႕ဝါသနာဆုိရင္ မလုပ္ရမေနႏုိင္သူ ရွိသလို လုပ္ရမွာစိုးလို႕ ကိုင္ရမွာစိုးလို႕ေၾကာက္ရြံ႕ေနာက္တြန္႕ေနသူအခ်ိဳ႕ကုိ ျမန္မာေတြထဲမွာေတြ႕ရတာ ရင္ေလးမိတယ္။ ကိုယ္မၾကိဳးစားရင္ ကိုယ္မရရံုပါပဲ။ ေဘးလူကေတာ႕ ေအးေအးေဆးေဆးပဲ . . ေမးၾကည္႕လိုက္ၾကပါ။
.
. ဒီၾကားထဲ ႏိုင္ငံေရးခုိလံႈခြင္႕ေလွ်ာက္ရတာလြယ္တယ္ . . ေရွ႕ေနငွားေပးမယ္ . . တုိ႕၊ တရားဝင္ဝင္ မဝင္ဝင္ အလည္နဲ႕လာျပီး ဒီေျမေရာက္ရင္ရျပီ . . ဆိုတာမ်ိဳး ကြ်န္ေတာ္တစ္ေယာက္ကေတာ႕ အၾကံေပးဖို႕မဝင္႕ရဲေၾကာင္းပါ။ ႏိုင္ငံတုိင္းမွာ သူ႕ဥပေဒနဲ႕သူ ရွိၾကတယ္။ ဒီလိုအေျပာအဆုိေတြကိုသာ သူ႕အစုိးရရဲ႕အေရးပိုင္ေတြထံေရာက္ေအာင္ပို႕သူရွိရင္ ဒါဟာ ႏႈတ္အေျပာနဲ႕တင္ ဥပေဒတစ္ခုခုနဲ႕ ျငိစြန္းသြားႏုိင္တယ္။ အၾကပ္အတည္းတစ္ခုအတြင္း အခ်ိန္မေရြးက်ေရာက္သြားႏုိင္ပါတယ္။
.
.
. ဒါေၾကာင္႕ ကြ်န္ေတာ႕ကုိယံုၾကည္လို႕ေမးလာသူေတြထဲမွာ အဲဒီလိုတရားမဝင္တဲ႕လမ္းေတြကို အၾကံမေပးပါဘူး။ တရားဝင္ေၾကျငာထားတဲ႕ ဒီႏိုင္ငံအစုိးရရဲ႕ www.state.gov ဆိုဒ္ထဲက နည္းမွန္လမ္းမွန္ေတြကိုသာ ေျပာျပေပးတယ္။ ဒါနဲ႕တင္ မတင္းတိမ္သူမ်ားရဲ႕ လိုအင္ဆႏၵကိုျဖည္႕ဆည္းေပးမယ္႕သူေပၚလာရင္လည္း သူတုိ႕ကံၾကမၼာနဲ႕သူတုိ႕သာ သြားၾကပါလိမ္႕မယ္ဆိုတာ ကြ်န္ေတာ္သိေနတယ္။
.
. အခုေျပာေနတာက မည္သူမည္ဝါက မည္သုိ႕မည္ပံုျဖစ္ေနတယ္ဆုိတာမ်ိဳး ပုဂိၢဳလ္စြဲ - Personal မပါပဲ အမွားနဲ႕အမွန္၊ အျဖဴနဲ႕အမည္း၊ ယုတိၱယုတၱန္ နဲ႕ ျဖစ္ႏုိင္ေျခ တုိ႕အျပင္ ျဖစ္သင္႕ျဖစ္ထုိက္တဲ႕သမားရိုးက်ျဖစ္စဥ္ - Common Sense ကို မွန္းဆ - Figure Out လုပ္ႏုိင္ေအာင္သာသတိေပးတာသာ ျဖစ္ပါတယ္။ (အဆုိပါ) ဘယ္သူ႕ကုိမွ မနာလို အမုန္းတရားပြားျခင္း အလ်ဥ္းမရွိပါဘူး။ ဘယ္သူ႕ကိုမွလည္း မထိခိုက္ေစလိုပါဘူး။
.
.
. အေမရိကားဟာ နတ္ျပည္မဟုတ္သလုိ အေမရိကားေရာက္တာနဲ႕ ခ်မ္းသာသြားျပီလို႕ ပံုေသမွတ္လို႕မရပါဘူး။ ဘယ္အရာမဆုိ ကိုယ္တူးမွကုိယ္ရတဲ႕တြင္းထြက္ေက်ာက္မ်က္ေတြခ်ည္းပါပဲ။ ဒီၾကားထဲ ေက်ာက္အရုိင္းကိုေသြးတတ္မယ္၊ ေငြရင္းေငြႏွီးရွိမယ္၊ အတတ္ပညာနဲ႕လည္း ပံ႕ပိုးၾကံဆလုိက္မယ္ဆုိရင္ အရည္အေသြးေကာင္းတဲ႕ရတနာဆုိတာ လက္ဝယ္ပိုင္ဆုိင္လာမွာ မလြဲဧကန္ပါ။
ဒါေၾကာင္႕ အေမရိကားကိုလာဖို႕ ကိုယ္႕အားကိုယ္ကိုးေစခ်င္တယ္။ သတင္းအမွန္ေတြကိုဖတ္ေစခ်င္တယ္။ ဒါက ေစတနာအမွန္ေတြမုိ႕ လူရင္းမိတ္ေဆြေတြနဲ႕ဆက္ျပီး လက္တြဲ ခ်ီတက္ ေလ႕လာခ်င္တယ္။
.
. ေနာက္ဆံုးအေနနဲ႕ အေမရိကားကိုလာဖို႕တရားဝင္ေပးထားတဲ႕စာမ်က္ႏွာကေန မိမိကိုယ္ေရးအခ်က္အလက္ကို မိမိကိုယ္ပိုင္သိမ္းဆည္းကာ လာမယ္႕ ဝဘ္ဆိုဒ္က်အျပီး ျပန္လက္ခံမယ္႕ေန႕ (၂ဝ၁၇) ခုႏွစ္၊ ေအာက္တုိဘာလ (၁၈) ရက္ေန႕ က်ရင္ျဖင္႕ စိတ္သေဘာထားျပင္၊ အခ်က္အလက္ေတြျပင္ဆင္၊ ကိုယ္႕ေရွ႕ေရာက္လာမယ္႕အေတြ႕အၾကံဳကို အခြင္႕ေကာင္းယူရင္း အသစ္ျပန္လည္ေလွ်ာက္တင္ကံစမ္းႏုိင္ၾကပါေစလို႕ဆုေတာင္းေပးလိုက္ပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)

. 10-16-2017.
.
Unicode Version:
.
.
. "ခူးပြီးခပ်ပြီး နူးပြီးနှပ်ပြီးအမေရိကား . . လား?"
. ကျွန်တော်ဟာ အဖွဲ့တစ်ခုမှာကယ်တင်ရှင်ပေါ်နေပြီလို့ ရေးဖူးပါတယ်။ ဒါကို ဝေဖန်သူတွေရှိသလို အမြင်မတူသူတွေရှိတာလည်း ကျွန်တော်သိပါတယ်။ အဲဒီကြားထဲမှာ "ဝိုင်းဝန်းကူညီမယ့်သူတစ်ယောက်တိုးလာတယ်လို့နားလည်ပေးပါလား ဦးညီ" ဆိုတဲ့မှတ်ချက်ကြောင့် ကျေးဇူးအထူးတင်ရပါတယ်။
.
. ငယ်ငယ်ကတည်းကအလွတ်ကျက်ပညာရေးကြောင့် ကျွန်တော်တို့မျိုးဆက် (၃) ဆက်လောက် ကမ္ဘာ့အဆင့်မပြောနဲ့ အာစီယံအိမ်နီးနားချင်းအဆင့်အထိတောင် ကျောင်းသင်ခန်းစာ ပညာကဏ္ဍမှာ မယှဉ်သာပါဘူး။ အင်္ဂလိပ်စာနဲ့မရင်းနှီးဘူး . . အင်တာနက်ဆို စမ်းတဝါးဝါး အပြင် ကိစ္စတစ်ခုခုလုပ်ဖို့ဆိုရင် "ငါ့ကိုလုပ်ပေးပါလား" ဆိုပြီး ပါးစပ်ရှေ့ရောက်လာမယ့်ထမင်းတစ်လုပ်ကို (မဝါးပဲ အသင့်မျိုချဖို့) စောင့်ချင်ကြတယ်။ ဒါဟာ ရာစုနှစ်ဝက်လောက်ကျင့်ကြံခဲ့တဲ့ မြန်မာ့နည်းမြန်မာ့ဟန်ပညာရေးရဲ့အားနည်းချက်ပါလို့ အပြစ်ဖို့ရတော့မယ် ထင်ပါတယ်။
.
.
. အမေရိကားမှာတော့မတူပါဘူး။ ဘာမဆို အကုန်ကိုယ်တိုင်လုပ်ရတယ်။ ချက်၊ ပြုတ်၊ လျှော်ဖွတ်အပြင် ရုံးကိစ္စ၊ ဘဏ်ကိစ္စ၊ အစိုးရစာရွက်စာတမ်းကိစ္စတွေမှာ ကိုယ့်မှတ်ပုံတင် နဲ့ သက်သေခံအချက်အလက်တွေကို လျို့ဝှက်ထားရတယ်။ ဒီကြားထဲ နည်းပညာကိုတလွဲသုံးပြီး ခိုးယူခံရလိုု့ ကာယကံရှင်တွေ ဒုက္ခရောက်ရတဲ့အဖြစ်တွေဟာ နောက်ပိုင်းမှာ မဆန်းတော့တဲ့အထိ ကြားလာရတယ်။
.
. ဒီလို ကိုယ်ပိုင်သီးသန့်ပိုင်ဆိုင်မှု - Privacy ရှိရမယ့်ကိစ္စတွေမှာ ကိုယ်ယုံကြည်ရတဲ့သူဆိုတာ မရှိတာမဟုတ် ရှားကြပါတယ်။ တကယ်ယုံကြည်ရမယ့်သူဆိုတာရှိခဲ့ရင်လည်း ဒီအချက်အလက်တွေကိုမပြန့်ပွားစေဖို့ထိန်းသိမ်းရတဲ့ "ကိုယ်ကျင့်တရားနဲ့တာဝန်" ရှိနေတာမို့ အမေရိကားလိုအချိန်ပြည့်အလုပ်လုပ်နေရတဲ့နိုင်ငံမှာ တာဝန်သိပ်ကြီးပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုတာ မှန်းကြည့်ရုံနဲ့သိနိုင်ပါတယ်။
.
.
. အများကိုကူညီဖို့ အဖိုးအခမပေးရတဲ့ အမေရိကန်ပြည်ဝင်ခွင့်ကံစမ်းမဲ - Electronic Diversity Visa Lottery အကြောင်းကို (၃) နှစ်ဆက်တိုက်လောက် ကျွန်တော်ကြိုးစားလမ်းညွှန်ခဲ့တယ်။ ဇော်ဂျီဖောင့် ရော မြန်မာယူနီကုဒ်ဖောင့်မရွေးရအောင် အမေရိကန်သံရုံးကထုတ်ခဲ့ဖူးတဲ့ပုံစာကိုကိုးကားပြီး လမ်းညွှန်ပေးခဲ့တယ်။ ဒါကို စာမဖတ်ဘဲ "အစ်ကိုတင်ပေးလို့ရမလား?" ဆိုသူမျိုးကို သူတို့ကိုယ်တိုင်နားလည်လာအောင် ကြိုးစားရှင်းပြပေးခဲ့တယ်။ သူတို့ကိုယ်တိုင်အားကိုးချင်စိတ်ဖြစ်လာအောင် ပြောပြပေးခဲ့တယ်။
.
. တစ်ခုစဉ်းစားကြည့်ပေါ့။ ဘယ်နေရာမှာမဆို ကိုယ့်ခြေ ကိုယ့်လက်လုပ်ရမယ့်အမေရိကားကိုလာဖို့ ကံစမ်းခွင့်ရှိတဲ့ DV စတင်ကတည်းက သူများအားကိုးနဲ့တင်၊ သူများဆီမှာကိုယ့်အချက်အလက်တွေအပ်ထား၊ အကုန်လုပ်ပေးဆိုတာမျိုး နဲ့ အမေရိကားမှာ ဘယ်လိုရပ်တည်မလဲ? ဒါက တစ်ခု။
.
.
. နောက်တစ်ခုက အင်္ဂလိပ်စာ။ နိုင်ငံတကာကိုထွက်ရင် အနည်းနဲ့အများတော့ အင်္ဂလိပ်စာ ရေးတတ် ဖတ်တတ်တာ အကောင်းဆုံးပါ။ ခရီးသွားရမယ်၊ လေယာဉ်စီးရမယ်၊ လူဝင်မှုကြီးကြပ်ရေး နဲ့ အကောက်ခွန်ဋ္ဌာနတွေဖြတ်ရမယ် . . အဲဒါတွေမလာခင် ကိုယ်သွားမယ့်နိုင်ငံရဲ့သံရုံးမှာ နိုင်ငံကူးခွင့်လက်မှတ်ထုတ်ပေးဖို့လူတွေ့စစ်ဆေးခြင်း - Visa Interview ဝင်ရမယ်။ ဒီနေရာတွေအားလုံး အင်္ဂလိပ်လိုပြောတတ်ရင် ကိုယ်က သူများထက်သာပါတယ် . . ဒီလောက်ပဲပြောတာပါ။
.
. ဒါကို အင်္ဂလိပ်စာမတတ်လည်း ရတယ်။ အမေရိကားရောက်အောင်သာ လာခဲ့။ အလည်နဲ့လာလည်း ရတယ်။ နောက်ကျရင် ခုန်ချ . .။ နိုင်ငံရေးခိုလှုံခွင့်လျှောက်ပြီးလို့ သိပ်မကြာခင် အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြား - Alien Registration Number / Green Card ရပြီ။ ဒီလိုမှမဟုတ်ရင် ငွေသားပေးတဲ့နေရာမှာ (၃) / (၄) နှစ် ကို Green Card မရှိလည်းနေလို့ရတယ်ဆိုတဲ့အကြံပေးကို ဘယ်လိုရွှေဉာဏ်တော်စူးရောက်လို့ ပေါက်မြောက်အကြံပေးတာလဲဆိုတာ ကျွန်တော်မျိုးကြီးလည်းမလျှောက်တတ်တော့ပါဘူး။
.
.
. လူတွေက အမျိုးမျိုးရှိတယ်။ အလုပ်နဲ့ဝါသနာဆိုရင် မလုပ်ရမနေနိုင်သူ ရှိသလို လုပ်ရမှာစိုးလို့ ကိုင်ရမှာစိုးလို့ကြောက်ရွံ့နောက်တွန့်နေသူအချို့ကို မြန်မာတွေထဲမှာတွေ့ရတာ ရင်လေးမိတယ်။ ကိုယ်မကြိုးစားရင် ကိုယ်မရရုံပါပဲ။ ဘေးလူကတော့ အေးအေးဆေးဆေးပဲ . . မေးကြည့်လိုက်ကြပါ။
.
. ဒီကြားထဲ နိုင်ငံရေးခိုလှုံခွင့်လျှောက်ရတာလွယ်တယ် . . ရှေ့နေငှားပေးမယ် . . တို့၊ တရားဝင်ဝင် မဝင်ဝင် အလည်နဲ့လာပြီး ဒီမြေရောက်ရင်ရပြီ . . ဆိုတာမျိုး ကျွန်တော်တစ်ယောက်ကတော့ အကြံပေးဖို့မဝင့်ရဲကြောင်းပါ။ နိုင်ငံတိုင်းမှာ သူ့ဥပဒေနဲ့သူ ရှိကြတယ်။ ဒီလိုအပြောအဆိုတွေကိုသာ သူ့အစိုးရရဲ့အရေးပိုင်တွေထံရောက်အောင်ပို့သူရှိရင် ဒါဟာ နှုတ်အပြောနဲ့တင် ဥပဒေတစ်ခုခုနဲ့ ငြိစွန်းသွားနိုင်တယ်။ အကြပ်အတည်းတစ်ခုအတွင်း အချိန်မရွေးကျရောက်သွားနိုင်ပါတယ်။
.
.
. ဒါကြောင့် ကျွန်တော့ကိုယုံကြည်လို့မေးလာသူတွေထဲမှာ အဲဒီလိုတရားမဝင်တဲ့လမ်းတွေကို အကြံမပေးပါဘူး။ တရားဝင်ကြေငြာထားတဲ့ ဒီနိုင်ငံအစိုးရရဲ့ www.state.gov ဆိုဒ်ထဲက နည်းမှန်လမ်းမှန်တွေကိုသာ ပြောပြပေးတယ်။ ဒါနဲ့တင် မတင်းတိမ်သူများရဲ့ လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးမယ့်သူပေါ်လာရင်လည်း သူတို့ကံကြမ္မာနဲ့သူတို့သာ သွားကြပါလိမ့်မယ်ဆိုတာ ကျွန်တော်သိနေတယ်။
.
. အခုပြောနေတာက မည်သူမည်ဝါက မည်သို့မည်ပုံဖြစ်နေတယ်ဆိုတာမျိုး ပုဂ္ဂိုလ်စွဲ - Personal မပါပဲ အမှားနဲ့အမှန်၊ အဖြူနဲ့အမည်း၊ ယုတ္တိယုတ္တန် နဲ့ ဖြစ်နိုင်ခြေ တို့အပြင် ဖြစ်သင့်ဖြစ်ထိုက်တဲ့သမားရိုးကျဖြစ်စဉ် - Common Sense ကို မှန်းဆ - Figure Out လုပ်နိုင်အောင်သာသတိပေးတာသာ ဖြစ်ပါတယ်။ (အဆိုပါ) ဘယ်သူ့ကိုမှ မနာလို အမုန်းတရားပွားခြင်း အလျဉ်းမရှိပါဘူး။ ဘယ်သူ့ကိုမှလည်း မထိခိုက်စေလိုပါဘူး။
.
.
. အမေရိကားဟာ နတ်ပြည်မဟုတ်သလို အမေရိကားရောက်တာနဲ့ ချမ်းသာသွားပြီလို့ ပုံသေမှတ်လို့မရပါဘူး။ ဘယ်အရာမဆို ကိုယ်တူးမှကိုယ်ရတဲ့တွင်းထွက်ကျောက်မျက်တွေချည်းပါပဲ။ ဒီကြားထဲ ကျောက်အရိုင်းကိုသွေးတတ်မယ်၊ ငွေရင်းငွေနှီးရှိမယ်၊ အတတ်ပညာနဲ့လည်း ပံ့ပိုးကြံဆလိုက်မယ်ဆိုရင် အရည်အသွေးကောင်းတဲ့ရတနာဆိုတာ လက်ဝယ်ပိုင်ဆိုင်လာမှာ မလွဲဧကန်ပါ။
ဒါကြောင့် အမေရိကားကိုလာဖို့ ကိုယ့်အားကိုယ်ကိုးစေချင်တယ်။ သတင်းအမှန်တွေကိုဖတ်စေချင်တယ်။ ဒါက စေတနာအမှန်တွေမို့ လူရင်းမိတ်ဆွေတွေနဲ့ဆက်ပြီး လက်တွဲ ချီတက် လေ့လာချင်တယ်။
.
. နောက်ဆုံးအနေနဲ့ အမေရိကားကိုလာဖို့တရားဝင်ပေးထားတဲ့စာမျက်နှာကနေ မိမိကိုယ်ရေးအချက်အလက်ကို မိမိကိုယ်ပိုင်သိမ်းဆည်းကာ လာမယ့် ဝဘ်ဆိုဒ်ကျအပြီး ပြန်လက်ခံမယ့်နေ့ (၂ဝ၁၇) ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ ကျရင်ဖြင့် စိတ်သဘောထားပြင်၊ အချက်အလက်တွေပြင်ဆင်၊ ကိုယ့်ရှေ့ရောက်လာမယ့်အတွေ့အကြုံကို အခွင့်ကောင်းယူရင်း အသစ်ပြန်လည်လျှောက်တင်ကံစမ်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 10-16-2017











No comments: