ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး) |
.
ကြ်န္ေတာ႕လို ပ်ာယီးပ်ာယာ
ၾကမ္းၾကမ္းတမ္းတမ္းသမားတစ္ေယာက္ရဲ႕စကားက အခ်စ္အေၾကာင္းေျပာရင္
နားေထာင္တဲ႕သူရွိပါ႕မလားဆုိတာ မေသခ်ာပါဘူး။
ဒါေပမယ္႕ အခ်စ္က
လူသားနဲ႕တည္႕တယ္။
မိဘနဲ႕ျဖစ္ႏြယ္လာသမွ်
အျမစ္တြယ္ခ်စ္ခင္တယ္။
သားသမီးနဲ႕ျဖစ္ျပီးလက္စ
အခ်စ္ၾကီးခဲ႕သမွ် အမ်က္ၾကီးတတ္တယ္။
တိရိစာၦန္ေလးေတြဟိတ္ဟန္လုပ္ရင္
အခ်စ္စိတ္ေတြဖိတ္လွ်ံတယ္။
ဒါေတြအားလံုးထက္ပိုတဲ႕ခ်စ္ျခင္းေတြ
ကြ်န္ေတာ႕မွာရွိပါတယ္။
.
.
ကြ်န္ေတာ္တုိ႕လက္တြဲလာခဲ႕ၾကတာ
ေရႊရတုႏွစ္တစ္ခု ေက်ာ္ခဲ႕ပါျပီ။ ဒါေပမယ္႕ ေရႊလက္ကုိတြဲ
ျမဲေနတဲ႕လက္ေခ်ာင္းေလးေတြရဲ႕တစ္ဘက္ျခမ္းမွာ ေသြးေျခဥေနတဲ႕
ခ်စ္သူရဲ႕လက္ဖဝါးႏုႏုေလးေတြကို လူ သူ မျမင္ပါဘူး။ Facebook ေပၚတက္ေနတဲ႕
အိမ္ခ်က္ဟင္းဓါတ္ပံုေတြရဲ႕ေနာက္ကြယ္မွာ
ခ်စ္သူရဲ႕နဖူးမွာစို႕ေနတဲ႕ေခြ်းေပါက္ေလးေတြကို လူေတြ မေတြ႕မိပါဘူး။
.
.
.
ဒါ႕အျပင္ ကြ်န္ေတာ႕ရဲ႕
ကိုယ္ခႏၶာပင္ပန္းတာကိုျမင္ရင္ သူက စိတ္ပုိပင္ပန္းတယ္။
ကြ်န္ေတာ္အိပ္ေရးပ်က္တာျမင္ရင္ သူ ညအိပ္မေပ်ာ္ဘူး။ ကြ်န္ေတာ္အစားနည္းတာေတြ႕ရင္ သူက
ဘာခ်က္ေပးရမလဲလို႕ ေမးတယ္။ ေျပာရရင္ သူဟာ ကြ်န္ေတာ႕ဘဝရဲ႕အေရးအၾကီးဆံုး
လူူသားတစ္ဦးပါပဲ။
.
.
ဒီေန႕လို
မဂၤလာရွိစြာက်ေရာက္ခြင္႕ရတဲ႕သူ႕ရဲ႕ေမြးေန႕မွာ မဂၤလာအလုပ္ေလးေတြလုပ္ဖို႕
ကြ်န္ေတာ္စဥ္းစားတယ္။ သူ႕ကုိ အရင္လို သူေမးသမွ် “ငါ Wikipedia မဟုတ္ဘူး” လို႕
မေျပာခ်င္ေတာ႕ဘူး။ သူရွာခိုင္းသမွ် “ငါ Google မဟုတ္ဘူးလို႕”
မျငင္းလိုက္ခ်င္ေတာ႕ဘူး။ စတိုးဆုိင္မွာ ရာခိုင္ႏႈန္း နဲ႕
ေစ်းႏႈန္းတြက္ခုိင္းတဲ႕အခါ “ငါ ဂဏန္းတြက္စက္မဟုတ္ဘူး” လို႕ မေျပာရက္ေတာ႕ဘူး။
.
.
.
လူသားေတြရဲ႕ဘဝမွာ
ေပ်ာ္စရာအရာကုိ ေပ်ာ္ရာမွာ လုပ္ျဖစ္ေနဖို႕က အေရးၾကီးပါတယ္။ ဒါေပမယ္႕ အေျခအေနအရ
မေပ်ာ္ရာမွာ ကိုယ္မေပ်ာ္ပိုက္တဲ႕အလုပ္ကိုလုပ္ရေပမယ္႕ ခ်စ္ရသူ ခင္ရသူ နဲ႕
အတူတူေနခြင္႕ရေနျခင္းဟာလည္း လာဘ္တစ္ပါးပါပဲ လို႕ ကြ်န္ေတာ္နားလည္လာတယ္။
.
.
တပြဲတလမ္းအကဲစမ္းစရာမလိုပဲ
ပန္းေပးေနရတဲ႕ အေျဖမသိပေဟဠိဒုကၡေလာကၾကီးမွာ ခရီးၾကမ္းေပမယ္႕
အျမဲလန္းေနတဲ႕ပန္းကေလးလို ကြ်န္ေတာ႕ဘဝမွာေတာ႕ သူဟာ ဘဝ၊ ဘဝဟာ သူပါပဲ။ ဒါေၾကာင္႕
အမ်ားနဲ႕တေယာက္ဆိုရင္ေတာင္ တစ္ေယာက္အားက ပိုတယ္။
.
.
.
ပတ္ဝန္းက်င္ကိုၾကည္႕လိုက္တုိင္း
ျမန္မာလိုေျပာလို႕မရတဲ႕အသိုက္အဝန္းမွာ သူ႕ကုိသနားစိတ္ ပိုလာတယ္။ ေယာက္်ားသား၊
မိန္းမသား မခြဲျခားတဲ႕ အျမန္လမ္းမွာ တစ္ကုိယ္တည္း ကားေမာင္းေနရတဲ႕သူ႕ကုိ
စိတ္ပူတယ္။ အဲဒီစိတ္ေတြေၾကာင္႕ သူအခက္အခဲၾကံဳတိုင္းလွမ္းလွမ္းေခၚတဲ႕ သူ႕အသံေတြကို
ပုိနားစြင္႕ေပးလုိက္ေတာ႕မယ္။
.
.
“Facebook ဟာ ဘဝမဟုတ္ဘူး”
တဲ႕ လူေတြေျပာၾကတယ္။ သို႕ေသာ္ တစ္ႏုိင္ငံတည္းေပမယ္႕ ေနရာတစ္ခုစီေရာက္ေနၾကတဲ႕
ကြ်န္ေတာ္တုိ႕မိသားစုေလးအတြက္ေတာ႕ Facebook ဟာ ဘဝ ျဖစ္လာေနပါတယ္။ ဒီလိုပါပဲ . .
လူၾကမ္းၾကီးတစ္ေယာက္ရဲ႕ႏွလံုးသားကိုျပံဳးတတ္ေအာင္သင္ၾကားေပးသူ၊ ကြ်န္ေတာ႕ဘဝကုိလမ္းမွန္ေအာင္သြားတတ္ဖို႕
သတင္းစကားပို႕ေပးသူ . . ညႊန္ၾကားေပးသူ၊ ခ်စ္ရတဲ႕ေမြးေန႕ရွင္ဟာလည္း ကြ်န္ေတာ႕ရဲ႕
Messenger လို႕ ေျပာရင္ လံုးဝမမွားပါဘူး တကယ္။
.
.
ခ်စ္ရတဲ႕
.
.
ကုိ
.
10-15-2017
.
.
Unicode Version:
.
.
. “အချစ်ဆုံး
သူ့အပြုံးရဲ့ နှလုံးသားတစ်နေရာ”
. ကျွန်တော့လို ပျာယီးပျာယာ ကြမ်းကြမ်းတမ်းတမ်းသမားတစ်ယောက်ရဲ့စကားက
အချစ်အကြောင်းပြောရင် နားထောင်တဲ့သူရှိပါ့မလားဆိုတာ
မသေချာပါဘူး။
ဒါပေမယ့် အချစ်က လူသားနဲ့တည့်တယ်။
မိဘနဲ့ဖြစ်နွယ်လာသမျှ အမြစ်တွယ်ချစ်ခင်တယ်။
သားသမီးနဲ့ဖြစ်ပြီးလက်စ အချစ်ကြီးခဲ့သမျှ အမျက်ကြီးတတ်တယ်။
တိရိစ္ဆာန်လေးတွေဟိတ်ဟန်လုပ်ရင် အချစ်စိတ်တွေဖိတ်လျှံတယ်။
ဒါတွေအားလုံးထက်ပိုတဲ့ချစ်ခြင်းတွေ
ကျွန်တော့မှာရှိပါတယ်။
.
. ကျွန်တော်တို့လက်တွဲလာခဲ့ကြတာ ရွှေရတုနှစ်တစ်ခု ကျော်ခဲ့ပါပြီ။ ဒါပေမယ့်
ရွှေလက်ကိုတွဲ မြဲနေတဲ့လက်ချောင်းလေးတွေရဲ့တစ်ဘက်ခြမ်းမှာ သွေးခြေဥနေတဲ့ ချစ်သူရဲ့လက်ဖဝါးနုနုလေးတွေကို
လူ သူ မမြင်ပါဘူး။ Facebook ပေါ်တက်နေတဲ့ အိမ်ချက်ဟင်းဓါတ်ပုံတွေရဲ့နောက်ကွယ်မှာ ချစ်သူရဲ့နဖူးမှာစို့နေတဲ့ချွေးပေါက်လေးတွေကို လူတွေ
မတွေ့မိပါဘူး။
.
.
. ဒါ့အပြင် ကျွန်တော့ရဲ့ ကိုယ်ခန္ဓာပင်ပန်းတာကိုမြင်ရင်
သူက စိတ်ပိုပင်ပန်းတယ်။ ကျွန်တော်အိပ်ရေးပျက်တာမြင်ရင် သူ ညအိပ်မပျော်ဘူး။ ကျွန်တော်အစားနည်းတာတွေ့ရင်
သူက ဘာချက်ပေးရမလဲလို့ မေးတယ်။ ပြောရရင် သူဟာ ကျွန်တော့ဘဝရဲ့အရေးအကြီးဆုံး လူူသားတစ်ဦးပါပဲ။
.
. ဒီနေ့လို မင်္ဂလာရှိစွာကျရောက်ခွင့်ရတဲ့သူ့ရဲ့မွေးနေ့မှာ
မင်္ဂလာအလုပ်လေးတွေလုပ်ဖို့ ကျွန်တော်စဉ်းစားတယ်။ သူ့ကို အရင်လို သူမေးသမျှ “ငါ Wikipedia မဟုတ်ဘူး” လို့ မပြောချင်တော့ဘူး။ သူရှာခိုင်းသမျှ “ငါ Google မဟုတ်ဘူးလို့” မငြင်းလိုက်ချင်တော့ဘူး။ စတိုးဆိုင်မှာ ရာခိုင်နှုန်း နဲ့ စျေးနှုန်းတွက်ခိုင်းတဲ့အခါ “ငါ ဂဏန်းတွက်စက်မဟုတ်ဘူး” လို့ မပြောရက်တော့ဘူး။
.
.
. လူသားတွေရဲ့ဘဝမှာ ပျော်စရာအရာကို ပျော်ရာမှာ လုပ်ဖြစ်နေဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အခြေအနေအရ မပျော်ရာမှာ ကိုယ်မပျော်ပိုက်တဲ့အလုပ်ကိုလုပ်ရပေမယ့်
ချစ်ရသူ ခင်ရသူ နဲ့ အတူတူနေခွင့်ရနေခြင်းဟာလည်း လာဘ်တစ်ပါးပါပဲ လို့ ကျွန်တော်နားလည်လာတယ်။
.
. တပွဲတလမ်းအကဲစမ်းစရာမလိုပဲ ပန်းပေးနေရတဲ့
အဖြေမသိပဟေဠိဒုက္ခလောကကြီးမှာ
ခရီးကြမ်းပေမယ့် အမြဲလန်းနေတဲ့ပန်းကလေးလို ကျွန်တော့ဘဝမှာတော့ သူဟာ ဘဝ၊ ဘဝဟာ သူပါပဲ။ ဒါကြောင့် အများနဲ့တယောက်ဆိုရင်တောင်
တစ်ယောက်အားက ပိုတယ်။
.
.
. ပတ်ဝန်းကျင်ကိုကြည့်လိုက်တိုင်း မြန်မာလိုပြောလို့မရတဲ့အသိုက်အဝန်းမှာ သူ့ကိုသနားစိတ် ပိုလာတယ်။ ယောက်ျားသား၊
မိန်းမသား မခွဲခြားတဲ့ အမြန်လမ်းမှာ
တစ်ကိုယ်တည်း ကားမောင်းနေရတဲ့သူ့ကို စိတ်ပူတယ်။ အဲဒီစိတ်တွေကြောင့် သူအခက်အခဲကြံုတိုင်းလှမ်းလှမ်းခေါ်တဲ့ သူ့အသံတွေကို ပိုနားစွင့်ပေးလိုက်တော့မယ်။
.
. “Facebook ဟာ ဘဝမဟုတ်ဘူး” တဲ့ လူတွေပြောကြတယ်။ သို့သော် တစ်နိုင်ငံတည်းပေမယ့်
နေရာတစ်ခုစီရောက်နေကြတဲ့ ကျွန်တော်တို့မိသားစုလေးအတွက်တော့ Facebook ဟာ ဘဝ ဖြစ်လာနေပါတယ်။
ဒီလိုပါပဲ . . လူကြမ်းကြီးတစ်ယောက်ရဲ့နှလုံးသားကိုပြံုးတတ်အောင်သင်ကြားပေးသူ၊ ကျွန်တော့ဘဝကိုလမ်းမှန်အောင်သွားတတ်ဖို့ သတင်းစကားပို့ပေးသူ . . ညွှန်ကြားပေးသူ၊ ချစ်ရတဲ့မွေးနေ့ရှင်ဟာလည်း ကျွန်တော့ရဲ့ Messenger
လို့ ပြောရင် လုံးဝမမှားပါဘူး
တကယ်။
.
. ချစ်ရတဲ့
.
. ကို
. 10-15-2017
No comments:
Post a Comment