ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
ဒီေမးခြန္းနဲ႕ဆိုင္တဲ႕အပိုင္းကုိ ငယ္ဘဝက စေျပာမွျပည္႕စံုမယ္ထင္ပါတယ္။
ငယ္ငယ္တုန္းကဆိုရင္ အေမးအျမန္းထူတဲ႕ကြ်န္ေတာ႕ကို လူၾကီးေတြက စံုစံုေစ႕ေစ႕ေျဖေပးေလ႕မရွိပါဘူး။
အသက္ (၁၂) ႏွစ္ေလာက္အထိ ကေလးတစ္ေယာက္ကို ခ်က္ေပါက္ကေမြးတယ္လို႕သိထားတဲ႕ကြ်န္ေတာ္ဟာ
"ဟုတ္ရဲ႕လား?" ဆိုတဲ႕ေမးခြန္းေတြထဲမွာေခ်ာင္ပိတ္ေနခဲ႕သူတစ္ေယာက္ေပါ႕။
က်ဴရွင္မတက္ထားတဲ႕ကြ်န္ေတာ္ဟာ ေက်ာင္းမွာအဂၤလိပ္စာစသင္တဲ႕အခါ "Has နဲ႕ Have" "Do နဲ႕ Does" မကြဲေတာ႕ ဆရာမကိုေမးပါတယ္။ အေျဖရမယ္႕အစား သိျပီးသား က်ဴရွင္တက္ထားတဲ႕သူငယ္ခ်င္းေတြရဲ႕ေလွာင္ေျပာင္ရယ္ေမာသံၾကားမွာငုတ္လ်ိဳးသြားရတဲ႕လူငယ္ေလးတစ္ေယာက္ရဲ႕ေၾကာက္စိတ္ကုိ "သူတို႕ထက္ ငါ အဂၤလိပ္စာေတာ္ေအာင္လုပ္မယ္" ဆိုတဲ႕စိတ္နဲ႕ ျပန္ဆယ္ခဲ႕တယ္။ ဒါေပမယ္႕ အဲဒီေခတ္က "မသိတာမ်ား ဆရာနားခ်ည္းကပ္တဲ႕စံနစ္" ဆိုေတာ႕ က်ဴရွင္မွာပဲ ျပန္သင္ရင္း ေနာက္က်ေနတဲ႕အဂၤလိပ္စာကိုလိုက္မွီေအာင္လုပ္ခဲ႕တယ္။
ေလာကရဲ႕ျပိဳင္ပြဲေတြအားလံုးနီးပါးမွာ ကြ်န္ေတာ္ဟာ ထိပ္တန္းပိုင္းက အျမဲေျပးႏုိင္ခဲ႕သူတစ္ေယာက္ေတာ႕မဟုတ္ဘူး။ သိခ်င္တာေတြမ်ားတဲ႕ကြ်န္ေတာ္ဟာ အတန္းထဲမွာေမးခြန္းေမးရင္ တစ္ခန္းလံုးကဝုိင္းၾကည္႕တာကို အျမဲသတိထားမိတယ္။
ဘယ္သူေတြဘာေျပာေျပာ သိခ်င္တာကုိ
မရအရရွာေဖြရင္း အလယ္တန္းျပီးေတာ႕ ကြ်န္ေတာ္သိခ်င္တာကိုရွာေဖြႏုိင္မယ္႕ေနရာေတြကို မေမွ်ာ္လင္႕ပဲေတြ႕ခဲ႕တယ္။
အဲဒါကေတာ႕ စာဖတ္ျခင္း နဲ႕ အဂၤလိပ္စာနဲ႕ေရးထား၊ ေျပာထား၊ ရိုက္ထားတဲ႕ အရင္းအျမစ္ေတြမွာအေျဖရွာသြားဖို႕ပါပဲ။က်ဴရွင္မတက္ထားတဲ႕ကြ်န္ေတာ္ဟာ ေက်ာင္းမွာအဂၤလိပ္စာစသင္တဲ႕အခါ "Has နဲ႕ Have" "Do နဲ႕ Does" မကြဲေတာ႕ ဆရာမကိုေမးပါတယ္။ အေျဖရမယ္႕အစား သိျပီးသား က်ဴရွင္တက္ထားတဲ႕သူငယ္ခ်င္းေတြရဲ႕ေလွာင္ေျပာင္ရယ္ေမာသံၾကားမွာငုတ္လ်ိဳးသြားရတဲ႕လူငယ္ေလးတစ္ေယာက္ရဲ႕ေၾကာက္စိတ္ကုိ "သူတို႕ထက္ ငါ အဂၤလိပ္စာေတာ္ေအာင္လုပ္မယ္" ဆိုတဲ႕စိတ္နဲ႕ ျပန္ဆယ္ခဲ႕တယ္။ ဒါေပမယ္႕ အဲဒီေခတ္က "မသိတာမ်ား ဆရာနားခ်ည္းကပ္တဲ႕စံနစ္" ဆိုေတာ႕ က်ဴရွင္မွာပဲ ျပန္သင္ရင္း ေနာက္က်ေနတဲ႕အဂၤလိပ္စာကိုလိုက္မွီေအာင္လုပ္ခဲ႕တယ္။
ေလာကရဲ႕ျပိဳင္ပြဲေတြအားလံုးနီးပါးမွာ ကြ်န္ေတာ္ဟာ ထိပ္တန္းပိုင္းက အျမဲေျပးႏုိင္ခဲ႕သူတစ္ေယာက္ေတာ႕မဟုတ္ဘူး။ သိခ်င္တာေတြမ်ားတဲ႕ကြ်န္ေတာ္ဟာ အတန္းထဲမွာေမးခြန္းေမးရင္ တစ္ခန္းလံုးကဝုိင္းၾကည္႕တာကို အျမဲသတိထားမိတယ္။
စာအုပ္ဖတ္တယ္ဆိုတာ ဆရာရဲ႕ေရွ႕မွာထိုင္ျပီး ကိုယ္သိခ်င္တဲ႕အေျဖကို ဇြန္းကေလးနဲ႕ခပ္စားရတာမ်ိဳးမဟုတ္ဘူး။ ကိုယ္စားခ်င္တာစားရဖုိ႕ ကိုယ္တုိင္ခ်က္ျပဳတ္ရသလုိ အစအဆံုး ရွာေဖြစဥ္းစားရတာ လူငယ္တစ္ေယာက္ရဲ႕ေကာင္းမႈအက်ိဳး နဲ႕ မေကာင္းတဲ႕အေပါင္းအသင္းေတြဟာ ဒီေနရာမွာ စာဖတ္အား နဲ႕ ေမးခြန္းေမးျခင္းရဲ႕အက်ိဳးေက်းဇူးေတြက စကားေျပာသြားတယ္။
ကြ်န္ေတာ႕အတြက္သူူငယ္ခ်င္းေကာင္းတစ္ေယာက္ရဖို႕ ဘဝတစ္သက္တာလံုး မလြယ္ခဲ႕ဘူး။ ေမးခြန္းေမးတတ္ျခင္း နဲ႕ ျပန္ရတဲ႕အေျဖကိုဘယ္လုိသံုးသပ္လုပ္ေဆာင္သလဲဆိုတဲ႕အေျဖအေပၚမွာမူတည္ျပီး သူငယ္ခ်င္းေကာင္း နဲ႕ သူငယ္ခ်င္းအတုတို႕ကုိ ခြဲျခားႏိုင္တယ္ဆိုတာကုိ ကြ်န္ေတာ႕ငယ္ဘဝရဲ႕ခပ္ေစာေစာပိုင္းအခ်ိန္ေတြကတည္းကသိခဲ႕ရတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာအသိေနာက္က်ခဲ႕လို႕ ျပန္တမ္းတရတဲ႕ေနာင္တေတြေၾကာင္႕ မိမိဘဝကိုမိမိျပန္ေမးမိတယ္ "မင္း ဘာျဖစ္ခ်င္တာလဲ?"
အေျခအေနတစ္ခုကို အျမဲတမ္းကိန္းဂဏန္းနဲ႕ေျဖတတ္တဲ႕အေနာက္ဘက္ကမ္းေျခႏုိင္ငံေရာက္တဲ႕အခါ (၁) ကေန (၅) အထိေပးရင္ ကြ်န္ေတာ႕ရဲ႕ေမးခြန္းေမးအားဟာ (၄) ေလာက္အထိေရာက္လာတယ္။ ဝဘ္ဆိုဒ္တစ္ခု၊ စစ္တမ္းတစ္ခု နဲ႕ တကၠစီကားသမားတစ္ေယာက္ရဲ႕အရည္အခ်င္း - Rating ကုိ ၾကယ္ (၅) ပြင္႕ေပးတတ္လာတယ္။
အေမးအေျဖစာေမးပြဲ၊ ေပးထားတဲ႕အထဲကအေျဖမွန္ကုိေရြး - Multiple Choice ဥာဏ္စမ္းပေဟဠိ နဲ႕ အလုပ္ဝင္အင္တာဗ်ဴးေတြမွာ (၁ဝဝ) ေပးရင္ (၉ဝ) ထက္မနိမ္႕တဲ႕အမွတ္ရလာတဲ႕အထိ ေျဖႏိုင္လာတယ္။ ဒါေတြဟာ ေမးခြန္းေမးျပီးအေျဖရွာတတ္၊ ကိုယ္တိုင္ျပန္သံုးစြဲတတ္တဲ႕ဘာသာစကားေလ႕လာျခင္းရဲ႕အက်ိဳးေက်းဇူးေတြပါပဲ။
အေမရိကန္ေတြဘယ္ေလာက္အထိေမးခြန္းေမးၾကသလဲဆိုေတာ႕ "We might not have all the answers but we have many questions" လို႕ဆိုတဲ႕အထိ ေမးခြန္းေမးၾကတယ္။ ဒါေပမယ္႕ သူတို႕ဟာ သူတုိ႕မသိတာကို ဗလာခ်ီၾကီး အသားလြတ္ေမးၾကတာမဟုတ္ဘူး။ မေမးခင္ကတည္းက သူသိထားသင္႕၊ တတ္ထားသင္႕၊ ေျမလွန္ရွာမွီးထားသင္႕သေလာက္ကုိ အကုန္ေလ႕လာထားျပီးမွ ဒီလိုေမးခြန္းေတြကိုေမးၾကတာကအတုယူစရာျဖစ္ပါတယ္။
"မသိလွ်င္ေမး မစင္လွ်င္ေဆး" ဆုိတဲ႕အက်ိဳးဆက္အေနနဲ႕ ဒီဘက္ေျမဆီလႊာေပၚမွာ ျပသနာေတာ္ေတာ္မ်ားမ်ားကိုေျဖရွင္းျပီးသားျဖစ္သလို မျဖစ္သင္႕မျဖစ္ထုိက္တာကို ေမးခြန္းေတြေမးျပီး စံနစ္တက်ျပန္လည္သံုးသပ္လုပ္ေဆာင္ျခင္းနဲ႕ေရွာင္လႊဲၾကတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံသားကြ်န္ေတာ္တစ္ေယာက္လည္း လိုအပ္တဲ႕ေမးခြန္းေတြေမးျပီး ပါဝင္လႈပ္ရွားေနမိပါေတာ႕တယ္။
ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
12-26-2018
Unicode Version:
"မမေးရင်မနေနိုင်တာကလွဲလို့"
ဒီမေးခွန်းနဲ့ဆိုင်တဲ့အပိုင်းကို ငယ်ဘဝက စပြောမှပြည့်စုံမယ်ထင်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် အမေးအမြန်းထူတဲ့ကျွန်တော့ကို
လူကြီးတွေက စုံစုံစေ့စေ့ဖြေပေးလေ့မရှိပါဘူး။ အသက် (၁၂) နှစ်လောက်အထိ ကလေးတစ်ယောက်ကို ချက်ပေါက်ကမွေးတယ်လို့သိထားတဲ့ကျွန်တော်ဟာ
"ဟုတ်ရဲ့လား?" ဆိုတဲ့မေးခွန်းတွေထဲမှာချောင်ပိတ်နေခဲ့သူတစ်ယောက်ပေါ့။
ကျူရှင်မတက်ထားတဲ့ကျွန်တော်ဟာ ကျောင်းမှာအင်္ဂလိပ်စာစသင်တဲ့အခါ "Has နဲ့ Have" "Do နဲ့
Does" မကွဲတော့ ဆရာမကိုမေးပါတယ်။ အဖြေရမယ့်အစား သိပြီးသား ကျူရှင်တက်ထားတဲ့သူငယ်ချင်းတွေရဲ့လှောင်ပြောင်ရယ်မောသံကြားမှာငုတ်လျိုးသွားရတဲ့လူငယ်လေးတစ်ယောက်ရဲ့ကြောက်စိတ်ကို "သူတို့ထက်
ငါ အင်္ဂလိပ်စာတော်အောင်လုပ်မယ်" ဆိုတဲ့စိတ်နဲ့ ပြန်ဆယ်ခဲ့တယ်။ ဒါပေမယ့် အဲဒီခေတ်က
"မသိတာများ ဆရာနားချည်းကပ်တဲ့စံနစ်" ဆိုတော့ ကျူရှင်မှာပဲ ပြန်သင်ရင်း နောက်ကျနေတဲ့အင်္ဂလိပ်စာကိုလိုက်မှီအောင်လုပ်ခဲ့တယ်။
လောကရဲ့ပြိုင်ပွဲတွေအားလုံးနီးပါးမှာ
ကျွန်တော်ဟာ ထိပ်တန်းပိုင်းက အမြဲပြေးနိုင်ခဲ့သူတစ်ယောက်တော့မဟုတ်ဘူး။ သိချင်တာတွေများတဲ့ကျွန်တော်ဟာ
အတန်းထဲမှာမေးခွန်းမေးရင် တစ်ခန်းလုံးကဝိုင်းကြည့်တာကို
အမြဲသတိထားမိတယ်။
ဘယ်သူတွေဘာပြောပြော သိချင်တာကို မရအရရှာဖွေရင်း အလယ်တန်းပြီးတော့ ကျွန်တော်သိချင်တာကိုရှာဖွေနိုင်မယ့်နေရာတွေကို မမျှော်လင့်ပဲတွေ့ခဲ့တယ်။ အဲဒါကတော့ စာဖတ်ခြင်း
နဲ့ အင်္ဂလိပ်စာနဲ့ရေးထား၊ ပြောထား၊ ရိုက်ထားတဲ့ အရင်းအမြစ်တွေမှာအဖြေရှာသွားဖို့ပါပဲ။
စာအုပ်ဖတ်တယ်ဆိုတာ ဆရာရဲ့ရှေ့မှာထိုင်ပြီး ကိုယ်သိချင်တဲ့အဖြေကို
ဇွန်းကလေးနဲ့ခပ်စားရတာမျိုးမဟုတ်ဘူး။ ကိုယ်စားချင်တာစားရဖို့ ကိုယ်တိုင်ချက်ပြုတ်ရသလို
အစအဆုံး ရှာဖွေစဉ်းစားရတာ လူငယ်တစ်ယောက်ရဲ့ကောင်းမှုအကျိုး နဲ့ မကောင်းတဲ့အပေါင်းအသင်းတွေဟာ ဒီနေရာမှာ စာဖတ်အား နဲ့ မေးခွန်းမေးခြင်းရဲ့အကျိုးကျေးဇူးတွေက စကားပြောသွားတယ်။
ကျွန်တော့အတွက်သူူငယ်ချင်းကောင်းတစ်ယောက်ရဖို့
ဘဝတစ်သက်တာလုံး မလွယ်ခဲ့ဘူး။ မေးခွန်းမေးတတ်ခြင်း နဲ့ ပြန်ရတဲ့အဖြေကိုဘယ်လိုသုံးသပ်လုပ်ဆောင်သလဲဆိုတဲ့အဖြေအပေါ်မှာမူတည်ပြီး သူငယ်ချင်းကောင်း နဲ့ သူငယ်ချင်းအတုတို့ကို ခွဲခြားနိုင်တယ်ဆိုတာကို
ကျွန်တော့ငယ်ဘဝရဲ့ခပ်စောစောပိုင်းအချိန်တွေကတည်းကသိခဲ့ရတယ်။ တစ်ချို့နေရာတွေမှာအသိနောက်ကျခဲ့လို့ ပြန်တမ်းတရတဲ့နောင်တတွေကြောင့် မိမိဘဝကိုမိမိပြန်မေးမိတယ်
"မင်း ဘာဖြစ်ချင်တာလဲ?"
အခြေအနေတစ်ခုကို အမြဲတမ်းကိန်းဂဏန်းနဲ့ဖြေတတ်တဲ့အနောက်ဘက်ကမ်းခြေနိုင်ငံရောက်တဲ့အခါ
(၁) ကနေ (၅) အထိပေးရင် ကျွန်တော့ရဲ့မေးခွန်းမေးအားဟာ (၄) လောက်အထိရောက်လာတယ်။ ဝဘ်ဆိုဒ်တစ်ခု၊
စစ်တမ်းတစ်ခု နဲ့ တက္ကစီကားသမားတစ်ယောက်ရဲ့အရည်အချင်း - Rating ကို ကြယ် (၅) ပွင့်ပေးတတ်လာတယ်။
အမေးအဖြေစာမေးပွဲ၊ ပေးထားတဲ့အထဲကအဖြေမှန်ကိုရွေး - Multiple Choice ဉာဏ်စမ်းပဟေဠိ နဲ့ အလုပ်ဝင်အင်တာဗျူးတွေမှာ (၁ဝဝ) ပေးရင် (၉ဝ) ထက်မနိမ့်တဲ့အမှတ်ရလာတဲ့အထိ
ဖြေနိုင်လာတယ်။ ဒါတွေဟာ မေးခွန်းမေးပြီးအဖြေရှာတတ်၊ ကိုယ်တိုင်ပြန်သုံးစွဲတတ်တဲ့ဘာသာစကားလေ့လာခြင်းရဲ့အကျိုးကျေးဇူးတွေပါပဲ။
အမေရိကန်တွေဘယ်လောက်အထိမေးခွန်းမေးကြသလဲဆိုတော့
"We might not have all the answers but we have many questions" လို့ဆိုတဲ့အထိ
မေးခွန်းမေးကြတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့မသိတာကို ဗလာချီကြီး အသားလွတ်မေးကြတာမဟုတ်ဘူး။
မမေးခင်ကတည်းက သူသိထားသင့်၊ တတ်ထားသင့်၊ မြေလှန်ရှာမှီးထားသင့်သလောက်ကို အကုန်လေ့လာထားပြီးမှ ဒီလိုမေးခွန်းတွေကိုမေးကြတာကအတုယူစရာဖြစ်ပါတယ်။
"မသိလျှင်မေး
မစင်လျှင်ဆေး" ဆိုတဲ့အကျိုးဆက်အနေနဲ့
ဒီဘက်မြေဆီလွှာပေါ်မှာ
ပြသနာတော်တော်များများကိုဖြေရှင်းပြီးသားဖြစ်သလို မဖြစ်သင့်မဖြစ်ထိုက်တာကို
မေးခွန်းတွေမေးပြီး စံနစ်တကျပြန်လည်သုံးသပ်လုပ်ဆောင်ခြင်းနဲ့ရှောင်လွှဲကြတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားကျွန်တော်တစ်ယောက်လည်း လိုအပ်တဲ့မေးခွန်းတွေမေးပြီး
ပါဝင်လှုပ်ရှားနေမိပါတော့တယ်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-26-2018
No comments:
Post a Comment