ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, February 19, 2020

အမေရိကန်သမ္မတလွှင့်တင်လိုက်တဲ့ 𝐒𝐜𝐡𝐨𝐨𝐥𝐒𝐚𝐟𝐭𝐲.𝐠𝐨𝐯 အကြောင်း

ဆောင်းပါးရှင် - ကိုညီညီ (‌တောင်ကြီး)

           အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရက (၂ဝ၂ဝ) ခုနှစ် ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့မှာ ကျောင်းလုံခြုံရေးဝဘ်ဆိုဒ် https://www.schoolsafety.gov/ ကို လွှင့်တင်လိုက်ပါတယ်။ အစိုးရဝဘ်ဆိုဒ်ဒိုမိန်း .gov ကိုယ်စားပြုစာမျက်နှာမှာ မူလတန်းကနေ (၁၂) တန်းအထိ ဖယ်ဒရယ်အသီးသီးက အခြေခံပညာကျောင်း‌တွေက ဆရာ/ဆရာမ၊ ဉပ‌ဒေစိုးမိုးရေးဝန်ထမ်း နဲ့ မိဘတွေက ကျောင်းသားတွေပေါ်ကျရောက်တတ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှု၊ အခြိမ်းခြောက်ခံရမှုတို့ကိုကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားတွေစိတ်ချမ်းချမ်းသာသာစာသင်နိုင်ဖို့၊ ဘေးရန်ကင်းဖို့ နဲ့ သူတို့လိုတဲ့အထောက်အပံ့တွေကိုပေးစွမ်းဖို့ဖြစ်ပါတယ်။

          “ကျောင်းနဲ့ကျောင်းသားတွေဘေး
ကင်းလုံခြုံဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေးတာဝန်ပါ။ ဒါ‌ကိုထိပ်တန်းလုပ်ဆောင်ရမယ့်စာရင်းထဲထည့်ထားတဲ့ သမ္မတ နဲ့ အမိ‌‌မြေလုံခြုံရေးဋ္ဌာနတို့ကကျောင်းတွေမှာ ကျောင်းသားစီစစ်ရေး နဲ့ ကျရောက်လာတတ်တဲ့အန္တရာယ်တွေကိုဝေဖန်ပိုင်းခြား၊ ပြင်ဆင်၊ တုံ့ပြန်တတ်ဖို့လမ်းညွှန်မှုတွေပေးသွားမှာပါ” အ‌မိ‌မြေလုံခြုံရေးဋ္ဌာနက အတွင်းရေးမှုးကပြောသွားတာဖြစ်ပါတယ်။

𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐬𝐜𝐡𝐨𝐨𝐥𝐬𝐚𝐟𝐞𝐭𝐲.𝐠𝐨𝐯/ မှာ အဓိကခေါင်းစဉ် (၉) ခု တွေ့ရပါတယ်။ အဲဒါတွေကတော့

.. 𝗕𝘂𝗹𝗹𝘆𝗶𝗻𝗴 𝗮𝗻𝗱 𝗖𝘆𝗯𝗲𝗿𝗯𝘂𝗹𝗹𝘆𝗶𝗻𝗴

.. 𝗧𝗵𝗿𝗲𝗮𝘁 𝗔𝘀𝘀𝗲𝘀𝘀𝗺𝗲𝗻𝘁 𝗮𝗻𝗱 𝗥𝗲𝗽𝗼𝗿𝘁𝗶𝗻𝗴

.. 𝗦𝗰𝗵𝗼𝗼𝗹 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 𝗣𝗲𝗿𝘀𝗼𝗻𝗻𝗲𝗹

.. 𝗣𝗵𝘆𝘀𝗶𝗰𝗮𝗹 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆

.. 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴, 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲𝘀, 𝗮𝗻𝗱 𝗗𝗿𝗶𝗹𝗹𝘀

.. 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵

.. 𝗦𝗰𝗵𝗼𝗼𝗹 𝗖𝗹𝗶𝗺𝗮𝘁𝗲

.. 𝗘𝗺𝗲𝗿𝗴𝗲𝗻𝗰𝘆 𝗣𝗹𝗮𝗻𝗻𝗶𝗻𝗴.

.. 𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆 တို့ပါပဲ။

          ဒီအထဲမှာ ကျွန်တော်ဆွေးနွေးချင်တာက သင်တန်းပေး၊ လေ့ကျင့်၊ စုပေါင်းထွက်ပြေး ဆိုတဲ့ 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴, 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲𝘀, 𝗮𝗻𝗱 𝗗𝗿𝗶𝗹𝗹𝘀 မှာ ကျောင်းသားတွေရန်ပြုသူကို ခံမချခိုင်းပါဘူး။ ဘယ်သူလာရင် ဘယ်လိုရင်ဆိုင်မယ်ဆိုတာကိုသင်တန်းပေးတယ်။ အကျိုးအကြောင်းတစ်ခုပေါ်ပေါက်လို့ အန္တရာယ်ကျရောက်တော့မယ်ဆိုရင် ဘယ်လိုပုန်းရှောင်နေရမယ်ဆိုတာကိုလေ့ကျင့်ခိုင်းတယ်။ ပြီးတာနဲ့အစမ်းလေ့ကျင့်တဲ့ Drill ဉသြဆွဲပြီး အုပ်စုလိုက်ကျောင်းထဲကနေထွက်ပြေးဖို့သင်ပေးပါတယ်။


          နောက်တစ်ခုက စိတ်ကျန်းမာရေး-𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 ။ အမေရိကားမှာ ယဉ်ယဉ်လေးနဲ့ရူးနေသူတွေအများကြီးပါ။ ဒီအထဲမှာ ရူးနေမှန်းမသိပဲ ရူးနေကြသူတွေလိုတင်စားလို့ရလောက်အောင် တကယ်ဖြစ်တော့မှစိတ်ဖောက်ပြန်နေသူ၊ စိတ်ဓာတ်တော်တော်ကျနေသူ၊ ပုံမှန်စိတ်မရှိသူ၊ မကျေနပ်ချက်ကိုကြိတ်မှိတ်တေးမှတ်ထားသူတွေ နဲ့ စိတ်ခံစားမှုစေရာကိုသွက်သွက်ခါအောင်လိုက်နေမိသူတွေကကျောင်းကိုဒုက္ခပေးဖို့အဖြစ်နိုင်ဆုံးသူတွေဖြစ်ပါတယ်။

          ကျောင်း၊ ကျောင်းဝန်း၊ ကျောင်းအဆောက်အဦ၊ စာသင်ဆောင်၊ ထမင်းစားဆောင်၊ အားကစားခန်းမ၊ စာကြည့်တိုက်၊ ဖျော်‌ဖြေရေးခန်းမ နဲ့ လုပ်အားပေးဋ္ဌာနအသီးသီးတို့ပေါင်းစုပြီးကျောင်းဆိုတာဖြစ်လာပါတယ်။ ဒီလိုပါပဲ ကျောင်း၊ ကျောင်းပတ်ဝန်းကျင်၊ ‌ကျောင်းအုပ်ချုပ်ရေး၊ ကျောင်းသား၊ ဆရာ၊ မိဘတို့ ပေါင်းစုပြီး ဖွံ့ဖြိုးအားကောင်းတဲ့ကျောင်းရာသီဉတု-𝗦𝗰𝗵𝗼𝗼𝗹 𝗖𝗹𝗶𝗺𝗮𝘁𝗲 ဆိုတာကောင်းမွန်ကြစမြဲပါ။ ဒီ့အတွက်လူကြီးတွေကကျောင်းသားတွေရဲ့စိတ်အ‌‌‌ခြေအနေ၊ လူမှုပေါင်းသင်းဆက်ဆံရေးအနေအထား နဲ့ စိတ်ခံစားမှု‌ပြောင်းလဲပုံတွေကိုမျက်ခြေမပြတ်လေ့လာနေရပါမယ်။

          နောက်ဆုံးပိုင်းမှာဆွေးနွေးချင်တာက ပြန်လည်နလံထရေး-𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆 မှာ ကျောင်းတွေကကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးကာကွယ်နေပုံဖြစ်ပါတယ်။ လုံခြုံရေးဝန်ထမ်းတွေသူတို့ကိုယ်သူတို့မေးသင့်တဲ့ “ထိခိုက်သွားတဲ့ကျောင်းသားတွေနဲ့ကျောင်းဝန်ထမ်းတွေရဲ့စိတ်ကိုဘယ်လိုပြန်ကုစားမလဲ? ကျောင်းပိတ်ဖို့ နဲ့ ကျောင်းပြန်ဖွင့်ဖို့အခွင့်အာဏာက ဘယ်သူ့ဆီမှာလဲ? ပြဿနာတက်ရင်ကျောင်းသားတွေကိုမိဘတွေလက်ထဲဘယ်လိုပြန်ထည့်ပေးရမလဲဆိုတာကိုကျောင်းလုံခြုံရေးတွေသေသေချာချာသိသလား?” စတဲ့မေးခွန်းတွေမှာအ‌ဖြေပါနေပါတယ်။

          ပိုမိုထိရောက်တဲ့ကာကွယ်မှုကတော့ တစ်ဆင့်ချင်းလေ့ကျင့်ပေးတဲ့ 𝗧𝗮𝗸𝗲 𝘀𝘁𝗲𝗽𝘀 𝘁𝗼 𝗶𝗺𝗽𝗿𝗼𝘃𝗲 𝗽𝗵𝘆𝘀𝗶𝗰𝗮𝗹 𝘀𝗲𝗰𝘂𝗿𝗶𝘁𝘆 ကို ကျွန်တော်အကြိုက်ဆုံးပါ။ သူ့စာမျက်နှာရဲ့ အခုလုပ်ပါ-𝗧𝗮𝗸𝗲 𝗮𝗰𝘁𝗶𝗼𝗻 𝗻𝗼𝘄 ခလုပ်ကိုနှိပ်ရင် အဖိုးအခနည်းနည်းနဲ့ချက်ချင်းလုပ်ဆောင်နိုင်မယ့် 𝗟𝗼𝘄 𝗖𝗼𝘀𝘁/𝗡𝗼 𝗖𝗼𝘀𝘁 𝗜𝗺𝗺𝗲𝗱𝗶𝗮𝘁𝗲𝗹𝘆 𝗜𝗺𝗽𝗹𝗲𝗺𝗲𝗻𝘁𝗮𝗯𝗹𝗲 𝗦𝗰𝗵𝗼𝗼𝗹 𝗦𝗮𝗳𝗲𝘁𝘆 𝗧𝗮𝗰𝘁𝗶𝗰𝘀 စာရင်းပါ။ (https://www.schoolsafety.gov/sites/default/files/2019-12/SchoolSafety.gov_FSSC_LowCostTactics.pdf)
          “ကျောင်းထဲကိုသေနတ်ဝင်အပစ်ခံရတဲ့အမေရိကားလိုတိုင်းပြည်မှာတော့လိုမှာပေါ့ဗျာ။ မြန်မာနိုင်ငံကလူတွေက ဒါသိတော့ ဘာလုပ်ရမှာတုန်း” လို့ယူဆတဲ့စာဖတ်သူတွေအတွက်တော့မပြောတတ်ပါဘူး။ သင်ယူစရာတွေနေရာတိုင်းမှာရှိလာပေမဲ့ သတိမမူ ဂူမမြင်လို့ဆိုထားတဲ့အတိုင်း “မိမိတို့ရဲ့သားသမီးတွေကျောင်းသွားပညာသင်ခြင်းကိစ္စကိုစိတ်ချ” နိုင်စေဖို့ဆိုတဲ့စေတနာနဲ့ရေးပြတာဖြစ်ပါတယ်။

          “ငါတို့က သားသမီးတွေကျောင်းသွားတာစိတ်မချဘူး၊ ကိုယ်တိုင်လိုက်ပို့တယ်။ တစ်ခြားကလေးတွေနဲ့ထမင်းစားတာစိတ်မချဘူး ကိုယ်တိုင်ကျောင်းမှာထမင်းလိုက်ကျွေးတယ်” ဒီလိုလုပ်တာတွေက ကျောင်းအပြင်နဲ့ ကျောင်းအသွား၊ အိမ်အပြန်တွေမှာသာ ဂရုစိုက်နိုင်တာပါ။ ကျောင်းအတွင်းမှာတစ်ခုခုဖြစ်ရင် မိဘတွေအစား ဆရာတွေကဂရုစိုက်နိုင်မှသာစိတ်ချရပါမယ်။

          ဒါကြောင့်မို့လို့ အမေရိကန်ပညာရေးစံနစ်မှာဘာမဆိုကိုယ်တိုင်လုပ်တတ်‌အောင်သင်ပေးပြီး လူ့လောကထဲကိုလွှတ်လိုက်ကြတာ အားလုံးရဲ့ရှေ့မှာမျက်ဝါးထင်ထင်ပါပဲ။ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့စာသင်ကျောင်းတွေအားလုံးဘေးကင်းကြပါစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
𝟎𝟐-𝟏𝟔-𝟐𝟎𝟐𝟎


<zawgyi>

"အေမရိကန္သမၼတလႊင့္တင္လိုက္တဲ့ 𝐒𝐜𝐡𝐨𝐨𝐥𝐒𝐚𝐟𝐭𝐲.𝐠𝐨𝐯 အေၾကာင္း"
           အေမရိကန္သမၼတေဒၚနယ္ထရမ့္အစိုးရက (၂ဝ၂ဝ) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁ဝ) ရက္ေန႔မွာ ေက်ာင္းလုံျခဳံေရးဝဘ္ဆိုဒ္ https://www.schoolsafety.gov/ ကို လႊင့္တင္လိုက္ပါတယ္။ အစိုးရဝဘ္ဆိုဒ္ဒိုမိန္း .gov ကိုယ္စားျပဳစာမ်က္ႏွာမွာ မူလတန္းကေန (၁၂) တန္းအထိ ဖယ္ဒရယ္အသီးသီးက အေျခခံပညာေက်ာင္း‌ေတြက ဆရာ/ဆရာမ၊ ဉပ‌ေဒစိုးမိုးေရးဝန္ထမ္း နဲ႔ မိဘေတြက ေက်ာင္းသားေတြေပၚက်ေရာက္တတ္တဲ့ ေက်ာင္းတြင္းအၾကမ္းဖက္မႈ၊ အၿခိမ္းေျခာက္ခံရမႈတို႔ကိုကာကြယ္ဖို႔ျဖစ္ပါတယ္။ ဒါ့အျပင္ ေက်ာင္းသားေတြစိတ္ခ်မ္းခ်မ္းသာသာစာသင္နိုင္ဖို႔၊ ေဘးရန္ကင္းဖို႔ နဲ႔ သူတို႔လိုတဲ့အေထာက္အပံ့ေတြကိုေပးစြမ္းဖို႔ျဖစ္ပါတယ္။

          “ေက်ာင္းနဲ႔ေက်ာင္းသားေတြေဘးကင္းလုံျခဳံဖို႔က ကၽြန္ေတာ္တို႔ရဲ့ ပထမဦးစားေပးတာဝန္ပါ။ ဒါ‌ကိုထိပ္တန္းလုပ္ေဆာင္ရမယ့္စာရင္းထဲထည့္ထားတဲ့ သမၼတ နဲ႔ အမိ‌‌ေျမလုံျခဳံေရး႒ာနတို႔က ေက်ာင္းေတြမွာ ေက်ာင္းသားစီစစ္ေရး နဲ႔ က်ေရာက္လာတတ္တဲ့အႏၲရာယ္ေတြကိုေဝဖန္ပိုင္းျခား၊ ျပင္ဆင္၊ တုံ႔ျပန္တတ္ဖို႔လမ္းညႊန္မႈေတြေပးသြားမွာပါ” အ‌မိ‌ေျမလုံျခဳံေရး႒ာနက အတြင္းေရးမႈးကေျပာသြားတာျဖစ္ပါတယ္။


𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐬𝐜𝐡𝐨𝐨𝐥𝐬𝐚𝐟𝐞𝐭𝐲.𝐠𝐨𝐯/ မွာ အဓိကေခါင္းစဥ္ (၉) ခု ေတြ႕ရပါတယ္။ အဲဒါေတြကေတာ့

.. 𝗕𝘂𝗹𝗹𝘆𝗶𝗻𝗴 𝗮𝗻𝗱 𝗖𝘆𝗯𝗲𝗿𝗯𝘂𝗹𝗹𝘆𝗶𝗻𝗴

.. 𝗧𝗵𝗿𝗲𝗮𝘁 𝗔𝘀𝘀𝗲𝘀𝘀𝗺𝗲𝗻𝘁 𝗮𝗻𝗱 𝗥𝗲𝗽𝗼𝗿𝘁𝗶𝗻𝗴

.. 𝗦𝗰𝗵𝗼𝗼𝗹 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 𝗣𝗲𝗿𝘀𝗼𝗻𝗻𝗲𝗹

.. 𝗣𝗵𝘆𝘀𝗶𝗰𝗮𝗹 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆

.. 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴, 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲𝘀, 𝗮𝗻𝗱 𝗗𝗿𝗶𝗹𝗹𝘀

.. 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵

.. 𝗦𝗰𝗵𝗼𝗼𝗹 𝗖𝗹𝗶𝗺𝗮𝘁𝗲

.. 𝗘𝗺𝗲𝗿𝗴𝗲𝗻𝗰𝘆 𝗣𝗹𝗮𝗻𝗻𝗶𝗻𝗴.

.. 𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆 တို႔ပါပဲ။

          ဒီအထဲမွာ ကၽြန္ေတာ္ေဆြးေႏြးခ်င္တာက သင္တန္းေပး၊ ေလ့က်င့္၊ စုေပါင္းထြက္ေျပး ဆိုတဲ့ 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴, 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲𝘀, 𝗮𝗻𝗱 𝗗𝗿𝗶𝗹𝗹𝘀 မွာ ေက်ာင္းသားေတြရန္ျပဳသူကို ခံမခ်ခိုင္းပါဘူး။ ဘယ္သူလာရင္ ဘယ္လိုရင္ဆိုင္မယ္ဆိုတာကိုသင္တန္းေပးတယ္။ အက်ိဳးအေၾကာင္းတစ္ခုေပၚေပါက္လို႔ အႏၲရာယ္က်ေရာက္ေတာ့မယ္ဆိုရင္ ဘယ္လိုပုန္းေရွာင္ေနရမယ္ဆိုတာကိုေလ့က်င့္ခိုင္းတယ္။ ၿပီးတာနဲ႔အစမ္းေလ့က်င့္တဲ့ Drill ဉၾသဆြဲၿပီး အုပ္စုလိုက္ေက်ာင္းထဲကေနထြက္ေျပးဖို႔သင္ေပးပါတယ္။

          ေနာက္တစ္ခုက စိတ္က်န္းမာေရး-𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 ။ အေမရိကားမွာ ယဥ္ယဥ္ေလးနဲ႔႐ူးေနသူေတြအမ်ားႀကီးပါ။ ဒီအထဲမွာ ႐ူးေနမွန္းမသိပဲ ႐ူးေနၾကသူေတြလိုတင္စားလို႔ရေလာက္ေအာင္ တကယ္ျဖစ္ေတာ့မွစိတ္ေဖာက္ျပန္ေနသူ၊ စိတ္ဓာတ္ေတာ္ေတာ္က်ေနသူ၊ ပုံမွန္စိတ္မရွိသူ၊ မေက်နပ္ခ်က္ကိုႀကိတ္မွိတ္ေတးမွတ္ထားသူေတြ နဲ႔ စိတ္ခံစားမႈေစရာကိုသြက္သြက္ခါေအာင္လိုက္ေနမိသူေတြကေက်ာင္းကိုဒုကၡေပးဖို႔အျဖစ္နိုင္ဆုံးသူေတြျဖစ္ပါတယ္။

          ေက်ာင္း၊ ေက်ာင္းဝန္း၊ ေက်ာင္းအေဆာက္အဦ၊ စာသင္ေဆာင္၊ ထမင္းစားေဆာင္၊ အားကစားခန္းမ၊ စာၾကည့္တိုက္၊ ေဖ်ာ္‌ေျဖေရးခန္းမ နဲ႔ လုပ္အားေပး႒ာနအသီးသီးတို႔ေပါင္းစုၿပီးေက်ာင္းဆိုတာျဖစ္လာပါတယ္။ ဒီလိုပါပဲ ေက်ာင္း၊ ေက်ာင္းပတ္ဝန္းက်င္၊ ‌ေက်ာင္းအုပ္ခ်ဳပ္ေရး၊ ေက်ာင္းသား၊ ဆရာ၊ မိဘတို႔ ေပါင္းစုၿပီး ဖြံ့ၿဖိဳးအားေကာင္းတဲ့ေက်ာင္းရာသီဉတု-𝗦𝗰𝗵𝗼𝗼𝗹 𝗖𝗹𝗶𝗺𝗮𝘁𝗲 ဆိုတာေကာင္းမြန္ၾကစျမဲပါ။ ဒီ့အတြက္လူႀကီးေတြကေက်ာင္းသားေတြရဲ့စိတ္အ‌‌‌ေျခအေန၊ လူမႈေပါင္းသင္းဆက္ဆံေရးအေနအထား နဲ႔ စိတ္ခံစားမႈ‌ေျပာင္းလဲပုံေတြကိုမ်က္ေျခမျပတ္ေလ့လာေနရပါမယ္။

          ေနာက္ဆုံးပိုင္းမွာေဆြးေႏြးခ်င္တာက ျပန္လည္နလံထေရး-𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆 မွာ ေက်ာင္းေတြကႀကိဳတင္ျပင္ဆင္မႈေတြလုပ္ၿပီးကာကြယ္ေနပုံျဖစ္ပါတယ္။ လုံျခဳံေရးဝန္ထမ္းေတြသူတို႔ကိုယ္သူတို႔ေမးသင့္တဲ့ “ထိခိုက္သြားတဲ့ေက်ာင္းသားေတြနဲ႔ေက်ာင္းဝန္ထမ္းေတြရဲ့စိတ္ကိုဘယ္လိုျပန္ကုစားမလဲ? ေက်ာင္းပိတ္ဖို႔ နဲ႔ ေက်ာင္းျပန္ဖြင့္ဖို႔အခြင့္အာဏာက ဘယ္သူ႔ဆီမွာလဲ? ျပႆနာတက္ရင္ေက်ာင္းသားေတြကိုမိဘေတြလက္ထဲဘယ္လိုျပန္ထည့္ေပးရမလဲဆိုတာကိုေက်ာင္းလုံျခဳံေရးေတြေသေသခ်ာခ်ာသိသလား?” စတဲ့ေမးခြန္းေတြမွာအ‌ေျဖပါေနပါတယ္။

          ပိုမိုထိေရာက္တဲ့ကာကြယ္မႈကေတာ့ တစ္ဆင့္ခ်င္းေလ့က်င့္ေပးတဲ့ 𝗧𝗮𝗸𝗲 𝘀𝘁𝗲𝗽𝘀 𝘁𝗼 𝗶𝗺𝗽𝗿𝗼𝘃𝗲 𝗽𝗵𝘆𝘀𝗶𝗰𝗮𝗹 𝘀𝗲𝗰𝘂𝗿𝗶𝘁𝘆 ကို ကၽြန္ေတာ္အႀကိဳက္ဆုံးပါ။ သူ႔စာမ်က္ႏွာရဲ့ အခုလုပ္ပါ-𝗧𝗮𝗸𝗲 𝗮𝗰𝘁𝗶𝗼𝗻 𝗻𝗼𝘄 ခလုပ္ကိုႏွိပ္ရင္ အဖိုးအခနည္းနည္းနဲ႔ခ်က္ခ်င္းလုပ္ေဆာင္နိုင္မယ့္ 𝗟𝗼𝘄 𝗖𝗼𝘀𝘁/𝗡𝗼 𝗖𝗼𝘀𝘁 𝗜𝗺𝗺𝗲𝗱𝗶𝗮𝘁𝗲𝗹𝘆 𝗜𝗺𝗽𝗹𝗲𝗺𝗲𝗻𝘁𝗮𝗯𝗹𝗲 𝗦𝗰𝗵𝗼𝗼𝗹 𝗦𝗮𝗳𝗲𝘁𝘆 𝗧𝗮𝗰𝘁𝗶𝗰𝘀 စာရင္းပါ။ (https://www.schoolsafety.gov/sites/default/files/2019-12/SchoolSafety.gov_FSSC_LowCostTactics.pdf)
          “ေက်ာင္းထဲကိုေသနတ္ဝင္အပစ္ခံရတဲ့အေမရိကားလိုတိုင္းျပည္မွာေတာ့လိုမွာေပါ့ဗ်ာ။ ျမန္မာနိုင္ငံကလူေတြက ဒါသိေတာ့ ဘာလုပ္ရမွာတုန္း” လို႔ယူဆတဲ့စာဖတ္သူေတြအတြက္ေတာ့မေျပာတတ္ပါဘူး။ သင္ယူစရာေတြေနရာတိုင္းမွာရွိလာေပမဲ့ သတိမမူ ဂူမျမင္လို႔ဆိုထားတဲ့အတိုင္း “မိမိတို႔ရဲ့သားသမီးေတြေက်ာင္းသြားပညာသင္ျခင္းကိစၥကိုစိတ္ခ်” နိုင္ေစဖို႔ဆိုတဲ့ေစတနာနဲ႔ေရးျပတာျဖစ္ပါတယ္။

          “ငါတို႔က သားသမီးေတြေက်ာင္းသြားတာစိတ္မခ်ဘူး၊ ကိုယ္တိုင္လိုက္ပို႔တယ္။ တစ္ျခားကေလးေတြနဲ႔ထမင္းစားတာစိတ္မခ်ဘူး ကိုယ္တိုင္ေက်ာင္းမွာထမင္းလိုက္ေကၽြးတယ္” ဒီလိုလုပ္တာေတြက ေက်ာင္းအျပင္နဲ႔ ေက်ာင္းအသြား၊ အိမ္အျပန္ေတြမွာသာ ဂ႐ုစိုက္နိုင္တာပါ။ ေက်ာင္းအတြင္းမွာတစ္ခုခုျဖစ္ရင္ မိဘေတြအစား ဆရာေတြကဂ႐ုစိုက္နိုင္မွသာစိတ္ခ်ရပါမယ္။

          ဒါေၾကာင့္မို႔လို႔ အေမရိကန္ပညာေရးစံနစ္မွာဘာမဆိုကိုယ္တိုင္လုပ္တတ္‌ေအာင္သင္ေပးၿပီး လူ႔ေလာကထဲကိုလႊတ္လိုက္ၾကတာ အားလုံးရဲ့ေရွ႕မွာမ်က္ဝါးထင္ထင္ပါပဲ။ ကမၻာအရပ္ရပ္မွာရွိၾကတဲ့စာသင္ေက်ာင္းေတြအားလုံးေဘးကင္းၾကပါေစ။

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)

𝟎𝟐-𝟏𝟔-𝟐𝟎𝟐𝟎


No comments: