ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, October 28, 2016

ေတာင္ၾကီးျမိဳ႕ကိုျပန္ေရာက္တယ္

.
ေတာင္ၾကီးျမိဳ႕ ဘယ္ကစခဲ႕တာ မသိေပမယ္႕ ကြ်န္ေတာ႕ဘဝကို ေတာင္ၾကီးကေန စခဲ႕တယ္။ ဝမ္းလ်ားေမွာက္တယ္။ ေလးဘက္ကုန္းသြားတယ္။ မူၾကိဳတက္တယ္။ အလယ္တန္း၊ အထက္တန္း အားလံုးေတာင္ၾကီးမွာပဲ စခဲ႕တယ္။ ဒါေပမယ္႕ ေတာင္ၾကီးကစခဲ႕တဲ႕ ကြ်န္ေတာ႕ရဲ႕ ေက်ာင္းပညာေရးဟာ ေတာင္ၾကီးမွာ မျပီးဆံုးႏုိင္ခဲ႕ဘူး။
.
ရန္ကုန္ေရာက္တယ္။ ေက်ာင္းတက္ရင္းတန္းလန္း အေရာင္းအဝယ္အလုပ္သင္တယ္။ အဝယ္ေတာ္လုပ္တယ္။ ေက်ာင္းတက္တယ္။ ေနာက္ပိုင္း ရန္ကုန္ျမိဳ႕ေတာ္ၾကီးကေန မိန္းမပ်ိဳေလးတစ္ေယာက္လက္ေဆာင္ေတာင္းျပီးေတာ႕ ေတာင္ၾကီးမွာ အိမ္ေထာင္ျပဳတယ္။ စီးပြားေရးလုပ္တယ္။ အုိးအိမ္ထူေထာင္တယ္။ လုပ္ငန္းကိုယ္ငန္း တည္ေဆာက္တယ္။ ဒီေနရာမွာ ကြ်န္ေတာ႕ဘဝစခဲ႕တယ္လို႕ေျပာရတာ ပိုအသက္ဝင္လာပါတယ္။
.
.
ဆင္႕ကဲဆင္႕ကဲေျပာင္းလဲမႈ - Chain Progression ေတြဟာ ေတာင္ၾကီးက ကြ်န္ေတာ႕ကို အဆစ္ေပးတဲ႕လက္ေဆာင္ေတြပါပဲ။ လုပ္ငန္းခုိင္ေအာင္အုတ္ျမစ္ခ်ျပီးခါစ ရန္ကုန္ကုိတစ္ေခါက္ေျပာင္းရတယ္။ ရန္ကုန္မွာအေျခခ်မယ္လုပ္တုန္း အေဖ႕ကိုစိတ္မဆင္းရဲေစခ်င္လို႕ ေတာင္ၾကီးကုိျပန္ေျပးရျပန္တယ္။
.
ကုန္သည္ဘဝနဲ႕လုပ္စားရမယ္႕ကံကနည္းလို႕လားမေျပာတတ္ဘူး .. ဒုတိယအၾကိမ္တည္ျငိမ္ေအာင္ မနည္းၾကီးနာမယ္ျပန္ယူျပီးမၾကာခင္မွာ အေမရိကားသြားရေတာ႕မယ္ဆုိတဲ႕သတင္းေရာက္လာတယ္။ ဒီအခါမွာ အိမ္တိုင္ခြ်တ္ျပီးသြားရမယ္႕ ေရျခားေျမေဝးအတြက္ ျပင္ဆင္ရျပန္ေလတယ္။

.
.
အဲဒီအခါမွာ ရွိတာအကုန္လံုးကိုတစ္ခါတည္းထားခဲ႕ရျပီး အသစ္စရမယ္႕ေနာက္ဘဝတစ္ခုဆီကုိ ခ်ည္းႏွင္းျဖတ္သန္းရပါတယ္။ ဟုိင္းလပ္ကားတစ္စီးကိုေရာင္းလို႕ရတဲ႕ေငြ ( ၃၂၆ ) သိန္းဟာ အေမရိကားေရာက္လို႕ ( ၃ ) ႏွစ္အသံုးမခံလိုက္ပါဘူး။ အဲဒီအခါမွာ တစ္ျခားေမာင္ႏွမေတြက ေငြအင္ ေငြအားနဲ႕ ေျပာင္းေရႊ႕လာတဲ႕အခါ ကြ်န္ေတာ႕မွာ တစ္နာရီ ( ၈ ) ေဒၚလာ အလုပ္တစ္ခု နဲ႕ တစ္နာရီ ( ၉.၇၅ ) ေဒၚလာ အလုပ္ ( ၂ ) ခု ကို တစ္ျပိဳင္တည္းလုပ္ေနပါျပီ။
.
ရွည္တဲ႕ဇာတ္လမ္းကိုတိုေအာင္ေျပာရရင္ ကေလးေတြပညာေရးအတြက္ အေနာက္နည္းပညာႏုိင္ငံတစ္ခုရဲ႕အရိပ္အာဝါသေအာက္ကုိေရာက္လာရတဲ႕ကြ်န္ေတာ္ဟာ “ ပါလာတာေလးလည္းကုန္ ”  ျဖစ္လာတာမို႕ ဝင္ေငြ-ထြက္ေငြ ကြာဟခ်က္ကုိ မိမိအခ်ိန္ေတြကိုအကုန္ေရာင္းခ်ျခင္းဆိုတဲ႕ ေကာ္ပါးပါးေလးနဲ႕ကပ္ရင္း ျမန္မာႏုိင္ငံကိုျပန္ဖို႕ေတာင္ အခ်ိန္မက်န္ေတာ႕တဲ႕အထိပါပဲ။
.
.
အခုေတာ႕ ေမြးရပ္ေျမကိုျပန္ေရာက္တုန္း အထီးက်န္တဲ႕အေမနား ရက္ပိုင္းေလးျဖစ္ျဖစ္ ေနတတ္ပါျပီ။
.
ကိုညီညီ ( ေတာင္ၾကီး ) လို႕ ျဖစ္တည္ခဲ႕တဲ႕ ကုန္စံုဆိုင္လုပ္ငန္းဆီကိုလည္း ဆိုင္ထိုင္ရင္းေစ်းျပန္ေရာင္းေနမိျပီ။
.
“ အေဟာင္းေပး အသစ္ယူ ကုန္သည္တို႕မူ ”  ဆိုတဲ႕စကားအတုိင္း အေၾကြးလာေတာင္းသူေတြရဲ႕ ျငဴစူေနတဲ႕မ်က္ႏွာေတြၾကားမွာ အေရထူတဲ႕ သိုင္းကြက္မဲ႕ဘဝကိုျပန္မသြားလိုေပမယ္႕ မေမ်ွာ္မွန္းရဲတဲ႕ အနာဂါတ္ကုိ မယံုရဲ ယံုရဲနဲ႕ ရင္ဆိုင္ေနရျပီ။
.
.
ဘယ္လိုပင္ျဖစ္ေစကာမူ ကြ်န္ေတာ္ ရုိးသားတဲ႕ေတာင္ေပၚသားပါ။
ဒီေျမမွာ အပင္မေပါက္ေပမယ္႕ သစၥာေတာ႕ မေဖာက္ပါဘူး။
.
ဒီေျမမွာေမြးျပီး ေသြးသစ္ေလာင္းဖို႕ ေကာင္းတဲ႕အေၾကာင္းေတြျပန္လုပ္ရင္း အက်ိဳးမေပးတဲ႕ကံက်ိဳး ကံပဲ႕ေတြကို ဂေဟျပန္ဆက္ပစ္ရမယ္။
.
ဘဝသံသရာရထားလမ္းလို တစ္ေကြ႕မွာတစ္ေခါက္ေလာက္ ျပန္တည္ေဆာက္ခြင္႕ေပးၾကပါ။
.
အခုလုိ ေတာင္ၾကီးကို ကြ်န္ေတာ္ျပန္ေရာက္တုန္း ထားမိတဲ႕စိတ္သေဘာကို ထံုးေက်ာက္ေတာမွာ ဂရုဏာေႏွာျပီး ေရးထြင္းခြင္႕ေပးၾကပါ။
.
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
ေတာင္ၾကီးျမိဳ႕
.
10-28-2016
.
.
.
“ တောင်ကြီးမြို့ကိုပြန်ရောက်တယ် ”
.
တောင်ကြီးမြို့ ဘယ်ကစခဲ့တာ မသိပေမယ့် ကျွန်တော့ဘဝကို တောင်ကြီးကနေ စခဲ့တယ်။ ဝမ်းလျားမှောက်တယ်။ လေးဘက်ကုန်းသွားတယ်။ မူကြိုတက်တယ်။ အလယ်တန်း၊ အထက်တန်း အားလုံးတောင်ကြီးမှာပဲ စခဲ့တယ်။ ဒါပေမယ့် တောင်ကြီးကစခဲ့တဲ့ ကျွန်တော့ရဲ့ ကျောင်းပညာရေးဟာ တောင်ကြီးမှာ မပြီးဆုံးနိုင်ခဲ့ဘူး။
.
ရန်ကုန်ရောက်တယ်။ ကျောင်းတက်ရင်းတန်းလန်း အရောင်းအဝယ်အလုပ်သင်တယ်။ အဝယ်တော်လုပ်တယ်။ ကျောင်းတက်တယ်။ နောက်ပိုင်း ရန်ကုန်မြို့တော်ကြီးကနေ မိန်းမပျိုလေးတစ်ယောက်လက်ဆောင်တောင်းပြီးတော့ တောင်ကြီးမှာ အိမ်ထောင်ပြုတယ်။ စီးပွားရေးလုပ်တယ်။ အိုးအိမ်ထူထောင်တယ်။ လုပ်ငန်းကိုယ်ငန်း တည်ဆောက်တယ်။ ဒီနေရာမှာ ကျွန်တော့ဘဝစခဲ့တယ်လို့ပြောရတာ ပိုအသက်ဝင်လာပါတယ်။
.
.
ဆင့်ကဲဆင့်ကဲပြောင်းလဲမှု - Chain Progression တွေဟာ တောင်ကြီးက ကျွန်တော့ကို အဆစ်ပေးတဲ့လက်ဆောင်တွေပါပဲ။ လုပ်ငန်းခိုင်အောင်အုတ်မြစ်ချပြီးခါစ ရန်ကုန်ကိုတစ်ခေါက်ပြောင်းရတယ်။ ရန်ကုန်မှာအခြေချမယ်လုပ်တုန်း အဖေ့ကိုစိတ်မဆင်းရဲစေချင်လို့ တောင်ကြီးကိုပြန်ပြေးရပြန်တယ်။
.
ကုန်သည်ဘဝနဲ့လုပ်စားရမယ့်ကံကနည်းလို့လားမပြောတတ်ဘူး .. ဒုတိယအကြိမ်တည်ငြိမ်အောင် မနည်းကြီးနာမယ်ပြန်ယူပြီးမကြာခင်မှာ အမေရိကားသွားရတော့မယ်ဆိုတဲ့သတင်းရောက်လာတယ်။ ဒီအခါမှာ အိမ်တိုင်ချွတ်ပြီးသွားရမယ့် ရေခြားမြေဝေးအတွက် ပြင်ဆင်ရပြန်လေတယ်။
.
.
အဲဒီအခါမှာ ရှိတာအကုန်လုံးကိုတစ်ခါတည်းထားခဲ့ရပြီး အသစ်စရမယ့်နောက်ဘဝတစ်ခုဆီကို ချည်းနှင်းဖြတ်သန်းရပါတယ်။ ဟိုင်းလပ်ကားတစ်စီးကိုရောင်းလို့ရတဲ့ငွေ ( ၃၂၆ ) သိန်းဟာ အမေရိကားရောက်လို့ ( ၃ ) နှစ်အသုံးမခံလိုက်ပါဘူး။ အဲဒီအခါမှာ တစ်ခြားမောင်နှမတွေက ငွေအင် ငွေအားနဲ့ ပြောင်းရွှေ့လာတဲ့အခါ ကျွန်တော့မှာ တစ်နာရီ ( ၈ ) ဒေါ်လာ အလုပ်တစ်ခု နဲ့ တစ်နာရီ ( ၉.၇၅ ) ဒေါ်လာ အလုပ် ( ၂ ) ခု ကို တစ်ပြိုင်တည်းလုပ်နေပါပြီ။
.
ရှည်တဲ့ဇာတ်လမ်းကိုတိုအောင်ပြောရရင် ကလေးတွေပညာရေးအတွက် အနောက်နည်းပညာနိုင်ငံတစ်ခုရဲ့အရိပ်အာဝါသအောက်ကိုရောက်လာရတဲ့ကျွန်တော်ဟာ “ ပါလာတာလေးလည်းကုန် ”  ဖြစ်လာတာမို့ ဝင်ငွေ-ထွက်ငွေ ကွာဟချက်ကို မိမိအချိန်တွေကိုအကုန်ရောင်းချခြင်းဆိုတဲ့ ကော်ပါးပါးလေးနဲ့ကပ်ရင်း မြန်မာနိုင်ငံကိုပြန်ဖို့တောင် အချိန်မကျန်တော့တဲ့အထိပါပဲ။
.
.
အခုတော့ မွေးရပ်မြေကိုပြန်ရောက်တုန်း အထီးကျန်တဲ့အမေနား ရက်ပိုင်းလေးဖြစ်ဖြစ် နေတတ်ပါပြီ။
.
ကိုညီညီ ( တောင်ကြီး ) လို့ ဖြစ်တည်ခဲ့တဲ့ ကုန်စုံဆိုင်လုပ်ငန်းဆီကိုလည်း ဆိုင်ထိုင်ရင်းဈေးပြန်ရောင်းနေမိပြီ။
.
အဟောင်းပေး အသစ်ယူ ကုန်သည်တို့မူ ”  ဆိုတဲ့စကားအတိုင်း အကြွေးလာတောင်းသူတွေရဲ့ ငြူစူနေတဲ့မျက်နှာတွေကြားမှာ အရေထူတဲ့ သိုင်းကွက်မဲ့ဘဝကိုပြန်မသွားလိုပေမယ့် မမျှော်မှန်းရဲတဲ့ အနာဂါတ်ကို မယုံရဲ ယုံရဲနဲ့ ရင်ဆိုင်နေရပြီ။
.
.
ဘယ်လိုပင်ဖြစ်စေကာမူ ကျွန်တော် ရိုးသားတဲ့တောင်ပေါ်သားပါ။
ဒီမြေမှာ အပင်မပေါက်ပေမယ့် သစ္စာတော့ မဖောက်ပါဘူး။
.
ဒီမြေမှာမွေးပြီး သွေးသစ်လောင်းဖို့ ကောင်းတဲ့အကြောင်းတွေပြန်လုပ်ရင်း အကျိုးမပေးတဲ့ကံကျိုး ကံပဲ့တွေကို ဂဟေပြန်ဆက်ပစ်ရမယ်။
.
ဘဝသံသရာရထားလမ်းလို တစ်ကွေ့မှာတစ်ခေါက်လောက် ပြန်တည်ဆောက်ခွင့်ပေးကြပါ။
.
အခုလို တောင်ကြီးကို ကျွန်တော်ပြန်ရောက်တုန်း ထားမိတဲ့စိတ်သဘောကို ထုံးကျောက်တောမှာ ဂရုဏာနှောပြီး ရေးထွင်းခွင့်ပေးကြပါ။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
တောင်ကြီးမြို့
.
10-28-2016




No comments: