ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, September 10, 2019

သင္က ဒီမွာ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
              Group တစ္ခ်ိဳ႕မွာ စာလုိက္မေရး၊ အေကာင္႕ဝင္မထိန္းနဲ႕ေနလိုက္တာ ေတာ္ေတာ္ေလး အကုသိုလ္ေလ်ာ႕ပါးလာတယ္။ တူရာတူရာစုတာကို အုပ္စုဖြဲ႕တယ္လို႕ေခၚတယ္လို႕ ကြ်န္ေတာ္ထင္ထားတဲ႕ ဒီ Group ေတြဟာ တစ္ခ်ိဳ႕အခ်ိန္ေတြမွာ ထိခိုက္-ပြန္းပဲ႕-ရွနာ-စိတ္ပ်က္-စိတ္က်-သေဘာထားကြဲ-အပုပ္ခ်-ကဲ႕ရဲ႕-ေျမွာက္ပင္႕-ဆဲေရး-တုိင္းထြာ-ျခိမ္းေျခာက္ရံုမက “ဓါးနဲ႕ခုတ္မယ္” ဆုိျပီး အၾကိမ္းခံရတာေတြပါရွိလာေတာ႕ စဥ္းစားစရာျဖစ္လာတယ္။


              ကုိညီညီ (ေတာင္ၾကီး) နာမည္နဲ႕စာေရးလာတာ ကုိယ္သိထားသမွ်ကို လူ႕ဘဝသက္တမ္းမကုန္ဆံုးခင္ေလး ေနာက္လူတစ္ေယာက္ေယာက္မ်ား အသိတစ္ခုရသြားေလမလား ဆုိတဲ႕ စိတ္ေစတနာေၾကာင္႕ပါ။

              အြန္လိုင္းကတစ္ခ်ိဳ႕ဆယ္လီေတြလို Like ၊ Comment ၊ Share မေတာင္းစားတတ္ပါဘူး (လုပ္မယ္ဆုိရင္ လုပ္တတ္ပါ႕) လူၾကိဳက္မ်ားေအာင္စာေရးနည္း နဲ႕ မျပတ္မလပ္ ဖလန္းဖလန္းထခ်င္ဟန္ေဆာင္ျပီး (၂၄) နာရီအတြင္း ပုိ႕စ္ (၃) ခု လည္း မတင္ပါဘူး။ အိမ္သူသက္ထားကို မီးဖိုေခ်ာင္ၾကား ကင္မရာေနာက္နား ေခ်ာင္ထဲထားျပီး လူမင္းသားလည္း မလုပ္ခဲ႕ပါဘူး။

              ျမန္မာႏုိင္ငံမွာေနေန၊ ျမန္မာႏုိင္ငံအျပင္ဘက္မွာေနေန၊ ေလရွဴျပီးေနရတဲ႕အတြက္ကို ကြ်န္ေတာ္ဟာ ကမၻာၾကီးအတြက္တစ္ခုခုအေၾကြးတင္ေနတယ္လို႕ခံစားတတ္သူတစ္ေယာက္ပါ။ ဒီလိုခံယူခ်က္မ်ိဳးထားတတ္လာတဲ႕ေနာက္ ကမၻာေျမၾကီးရဲ႕ဘယ္ေနရာကေျမသားကုိပဲနင္းထားနင္းထား အေၾကြးမမ်ားေအာင္ စာရင္းဇယားခ်ထားျပီး ဆပ္ထားဖို႕လုိပါမယ္။

              အစကေတာ႕ ကိုယ္႕ေလာက္မသိသူေတြကို ကိုယ္သိတာေဝမွ်ဖို႕စာေရးခဲ႕တယ္။ အခုေနာက္ပုိင္း ကိုယ္႕ေလာက္သိသူေတြမ်ားလာ၊ တစ္ခ်ိဳ႕ဆိုရင္ ကိုယ္႕ထက္သာလြန္ေကာင္းမြန္ေအာင္ အသိပညာမွ်ေဝလာႏိုင္တာျမင္ေတာ႕ ကိုယ္က ေနရာေပးတယ္။ ဟုတ္တယ္ ေနာက္လူေတြကို ဦးစားေပးရမယ္။ ဒီကမၻာမွာ အဖယ္ေပးရအခက္ဆံုးက “ေနရာ-Position” ပါ။ တစ္ခ်ိဳ႕ကလည္း “ထိုင္ခံု-Seat” လို႕လည္း ေခၚၾကတယ္။

              ဘယ္လိုပင္ေခၚေခၚ အဲဒီအေနအထားရဲ႕ အာဏာသက္ေရာက္မႈ နဲ႕ အသံုးခ်ရန္လြယ္ကူမႈ တုိ႕ဟာ လူကိုမက္ေမာေစတယ္။ ခ်ီးက်ဴးသံၾကားမွာ ပ်ံ႕လြင္႕ေနေစတယ္။ ေျမွာက္ပင္႕စကားေတြဟာ နားထဲမွာခ်ိဳျမေနေစတယ္။ တကယ္႕ေျမျပင္မွာေတာ႕ ဘာမွစိုက္ပ်ိဳးလို႕မရတဲ႕ သဲကႏၱာရမွာ အိုေအစစ္ရွာရခက္သလို ေရၾကည္တေပါက္တိုက္မယ္႕ အေပါင္းအသင္းေကာင္းဆုိတာ အြန္လုိင္းမွာ ရွာရခက္ပါတယ္။

              အမွန္ေတာ႕ သူငယ္ခ်င္းအစစ္ရွာရင္ ကြ်န္ေတာ္ဟာ လူေတာထဲတိုး ရွာမွာပါ။ မိသားစုထဲ ဝင္ရွာမွာပါ။ အားကိုးရတဲ႕ အသိပညာရွိသူေတြၾကား ဝင္ေရာက္ရွာေဖြမွာပါ။ အြန္လိုင္းမွာေတာ႕ ကိုယ္က အကုန္ရွိတာေပးမယ္ ဆုိမွာသာ အဆင္ေျပတာမို႕လို႕ စိတ္ကုိရွင္းရွင္းထားပါတယ္။

              မ်ိဳးဆက္တစ္ခုခုနဲ႕တစ္ခု ခ်ိတ္ဆက္လက္ဆင္႕ကမ္းတယ္ဆုိတာ ပစၥည္းဥစၥာ၊ ထီးနန္း၊ အာဏာ နဲ႕ ပကာသနေတြမွမဟုတ္ပါဘူး။ အသိပညာ နဲ႕ ဆင္႕ပြားဆင္ျခင္တတ္တဲ႕ႏွလံုးသားက သာလို႕ အေရးၾကီးပါတယ္။ ေက်ာက္စရစ္ခဲကတစ္လံုးနဲ႕ ငွက္တစ္အုပ္ထပ်ံေစႏုိင္သလိုပဲ ပညာေရးဟာ လူအုပ္စုတစ္စုလံုးကို တစုတေဝးတည္း၊ တစ္ေနရာတည္း၊ တစ္ခ်ိန္တည္း ဥာဏ္ပြင္႕ေစတယ္။ ဒီ ပညာေရးေၾကာင္႕ပဲ လူေတြဟာ သူ႕သက္တမ္းတစ္ေလွ်ာက္မစဥ္းစားမိတာကို စကားတစ္လံုး၊ စာတစ္ပုိဒ္၊ ကဗ်ာတစ္ပုဒ္၊ ေဆာင္းပါးတစ္ေစာင္ေၾကာင္႕ စဥ္းစားမိလာႏုိင္ပါတယ္။

              ဒါေၾကာင္႕ အုပ္စုဖြဲ႕ေဆြးေႏြးျခင္းမွာ ဦးေဆာင္ဦးရြက္ျပဳ ပဲဲ႕ကုိင္ေပးေနသူေတြကုိ ေက်းဇူးတင္တယ္။ အမွန္ေတာ႕ ကြ်န္ေတာ္ဟာ ေလာကၾကီးေကာင္းက်ိဳးကို ထူးထူးျခားျခားလုပ္ႏုိင္သူတစ္ေယာက္မဟုတ္ေသးပါဘူး။ အစကေတာ႕ “ငါ ကမၻာၾကီးကိုေျပာင္းလဲမယ္” ဆုိသူေတြကို သိပ္အားက်ခဲ႕တယ္။ အခုေတာ႕ ဒါဟာ မျဖစ္ႏုိင္ေတာ႕မွန္းသိလာပါျပီ။

              အခ်ိန္တစ္ခုကစ ေတြ႕ရွိခဲ႕တဲ႕ “ေျပာင္းလဲခ်င္တဲ႕ကိစၥအတြက္ မိမိကိုယ္တိုင္စေျပာင္းလဲပါ-Be The Change” ဆုိတာနဲ႕ သြားေလသူအၾကမ္းမဖက္တုိက္ပြဲဝင္တဲ႕ေခါင္းေဆာင္ၾကီး Mahatma Gandhi ရဲ႕ “Be The Change You Want To See In The World” ကုိ နားလည္လာတဲ႕ေနာက္ ကမၻာမွာ အရာရာဟာ ေသးငယ္သမွ်ထက္ ေသးငယ္တယ္ဆုိတာ သိလာတယ္။ စၾကာဝဠာထဲ ကမၻာဟာ အမႈန္ေလးတစ္ခုပါ။ ကုိညီညီ (ေတာင္ၾကီး) ဟာလည္း ကမၻာထဲက မိတ္ေဆြတုိ႕လို အမႈန္အမႊားေလးတစ္ခုအေနနဲ႕ အတူရွိေနပါရေစ။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
09-10-2019

Unicode Version:

"သင်က ဒီမှာ"

              Group တစ်ချို့မှာ စာလိုက်မရေး၊ အကောင့်ဝင်မထိန်းနဲ့နေလိုက်တာ တော်တော်လေး အကုသိုလ်လျော့ပါးလာတယ်။ တူရာတူရာစုတာကို အုပ်စုဖွဲ့တယ်လို့ခေါ်တယ်လို့ ကျွန်တော်ထင်ထားတဲ့ ဒီ Group တွေဟာ တစ်ချို့အချိန်တွေမှာ ထိခိုက်-ပွန်းပဲ့-ရှနာ-စိတ်ပျက်-စိတ်ကျ-သဘောထားကွဲ-အပုပ်ချ-ကဲ့ရဲ့-မြှောက်ပင့်-ဆဲရေး-တိုင်းထွာ-ခြိမ်းခြောက်ရုံမက “ဓါးနဲ့ခုတ်မယ်” ဆိုပြီး အကြိမ်းခံရတာတွေပါရှိလာတော့ စဉ်းစားစရာဖြစ်လာတယ်။

               ကိုညီညီ (တောင်ကြီး) နာမည်နဲ့စာရေးလာတာ ကိုယ်သိထားသမျှကို လူ့ဘဝသက်တမ်းမကုန်ဆုံးခင်လေး နောက်လူတစ်ယောက်ယောက်များ အသိတစ်ခုရသွားလေမလား ဆိုတဲ့ စိတ်စေတနာကြောင့်ပါ။

              အွန်လိုင်းကတစ်ချို့ဆယ်လီတွေလို Like ၊ Comment ၊ Share မတောင်းစားတတ်ပါဘူး (လုပ်မယ်ဆိုရင် လုပ်တတ်ပါ့) လူကြိုက်များအောင်စာရေးနည်း နဲ့ မပြတ်မလပ် ဖလန်းဖလန်းထချင်ဟန်ဆောင်ပြီး (၂၄) နာရီအတွင်း ပို့စ် (၃) ခု လည်း မတင်ပါဘူး။ အိမ်သူသက်ထားကို မီးဖိုချောင်ကြား ကင်မရာနောက်နား ချောင်ထဲထားပြီး လူမင်းသားလည်း မလုပ်ခဲ့ပါဘူး။

              မြန်မာနိုင်ငံမှာနေနေ၊ မြန်မာနိုင်ငံအပြင်ဘက်မှာနေနေ၊ လေရှူပြီးနေရတဲ့အတွက်ကို ကျွန်တော်ဟာ ကမ္ဘာကြီးအတွက်တစ်ခုခုအကြွေးတင်နေတယ်လို့ခံစားတတ်သူတစ်ယောက်ပါ။ ဒီလိုခံယူချက်မျိုးထားတတ်လာတဲ့နောက် ကမ္ဘာမြေကြီးရဲ့ဘယ်နေရာကမြေသားကိုပဲနင်းထားနင်းထား အကြွေးမများအောင် စာရင်းဇယားချထားပြီး ဆပ်ထားဖို့လိုပါမယ်။

              အစကတော့ ကိုယ့်လောက်မသိသူတွေကို ကိုယ်သိတာဝေမျှဖို့စာရေးခဲ့တယ်။ အခုနောက်ပိုင်း ကိုယ့်လောက်သိသူတွေများလာ၊ တစ်ချို့ဆိုရင် ကိုယ့်ထက်သာလွန်ကောင်းမွန်အောင် အသိပညာမျှဝေလာနိုင်တာမြင်တော့ ကိုယ်က နေရာပေးတယ်။ ဟုတ်တယ် နောက်လူတွေကို ဦးစားပေးရမယ်။ ဒီကမ္ဘာမှာ အဖယ်ပေးရအခက်ဆုံးက “နေရာ-Position” ပါ။ တစ်ချို့ကလည်း “ထိုင်ခုံ-Seat” လို့လည်း ခေါ်ကြတယ်။

              ဘယ်လိုပင်ခေါ်ခေါ် အဲဒီအနေအထားရဲ့ အာဏာသက်ရောက်မှု နဲ့ အသုံးချရန်လွယ်ကူမှု တို့ဟာ လူကိုမက်မောစေတယ်။ ချီးကျူးသံကြားမှာ ပျံ့လွင့်နေစေတယ်။ မြှောက်ပင့်စကားတွေဟာ နားထဲမှာချိုမြနေစေတယ်။ တကယ့်မြေပြင်မှာတော့ ဘာမှစိုက်ပျိုးလို့မရတဲ့ သဲကန္တာရမှာ အိုအေစစ်ရှာရခက်သလို ရေကြည်တပေါက်တိုက်မယ့် အပေါင်းအသင်းကောင်းဆိုတာ အွန်လိုင်းမှာ ရှာရခက်ပါတယ်။

               အမှန်တော့ သူငယ်ချင်းအစစ်ရှာရင် ကျွန်တော်ဟာ လူတောထဲတိုး ရှာမှာပါ။ မိသားစုထဲ ဝင်ရှာမှာပါ။ အားကိုးရတဲ့ အသိပညာရှိသူတွေကြား ဝင်ရောက်ရှာဖွေမှာပါ။ အွန်လိုင်းမှာတော့ ကိုယ်က အကုန်ရှိတာပေးမယ် ဆိုမှာသာ အဆင်ပြေတာမို့လို့ စိတ်ကိုရှင်းရှင်းထားပါတယ်။

              မျိုးဆက်တစ်ခုခုနဲ့တစ်ခု ချိတ်ဆက်လက်ဆင့်ကမ်းတယ်ဆိုတာ ပစ္စည်းဥစ္စာ၊ ထီးနန်း၊ အာဏာ နဲ့ ပကာသနတွေမှမဟုတ်ပါဘူး။ အသိပညာ နဲ့ ဆင့်ပွားဆင်ခြင်တတ်တဲ့နှလုံးသားက သာလို့ အရေးကြီးပါတယ်။ ကျောက်စရစ်ခဲကတစ်လုံးနဲ့ ငှက်တစ်အုပ်ထပျံစေနိုင်သလိုပဲ ပညာရေးဟာ လူအုပ်စုတစ်စုလုံးကို တစုတဝေးတည်း၊ တစ်နေရာတည်း၊ တစ်ချိန်တည်း ဉာဏ်ပွင့်စေတယ်။ ဒီ ပညာရေးကြောင့်ပဲ လူတွေဟာ သူ့သက်တမ်းတစ်လျှောက်မစဉ်းစားမိတာကို စကားတစ်လုံး၊ စာတစ်ပိုဒ်၊ ကဗျာတစ်ပုဒ်၊ ဆောင်းပါးတစ်စောင်ကြောင့် စဉ်းစားမိလာနိုင်ပါတယ်။

              ဒါကြောင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းမှာ ဦးဆောင်ဦးရွက်ပြု ပဲဲ့ကိုင်ပေးနေသူတွေကို ကျေးဇူးတင်တယ်။ အမှန်တော့ ကျွန်တော်ဟာ လောကကြီးကောင်းကျိုးကို ထူးထူးခြားခြားလုပ်နိုင်သူတစ်ယောက်မဟုတ်သေးပါဘူး။ အစကတော့ “ငါ ကမ္ဘာကြီးကိုပြောင်းလဲမယ်” ဆိုသူတွေကို သိပ်အားကျခဲ့တယ်။ အခုတော့ ဒါဟာ မဖြစ်နိုင်တော့မှန်းသိလာပါပြီ။

              အချိန်တစ်ခုကစ တွေ့ရှိခဲ့တဲ့ “ပြောင်းလဲချင်တဲ့ကိစ္စအတွက် မိမိကိုယ်တိုင်စပြောင်းလဲပါ-Be The Change” ဆိုတာနဲ့ သွားလေသူအကြမ်းမဖက်တိုက်ပွဲဝင်တဲ့ခေါင်းဆောင်ကြီး Mahatma Gandhi ရဲ့ “Be The Change You Want To See In The World” ကို နားလည်လာတဲ့နောက် ကမ္ဘာမှာ အရာရာဟာ သေးငယ်သမျှထက် သေးငယ်တယ်ဆိုတာ သိလာတယ်။ စကြာဝဠာထဲ ကမ္ဘာဟာ အမှုန်လေးတစ်ခုပါ။ ကိုညီညီ (တောင်ကြီး) ဟာလည်း ကမ္ဘာထဲက မိတ်ဆွေတို့လို အမှုန်အမွှားလေးတစ်ခုအနေနဲ့ အတူရှိနေပါရစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
09-10-2019




No comments: