ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, June 27, 2020

ရွှေပြည်တော်ဘယ်လိုပြန်ရပါ့

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
        ဒီနိုင်ငံမှာ Q ၊ ဟိုနိုင်ငံမှာလည်း Q ၊ မတူတာက ရွှေမြန်မာပြည်တော်ကြီးရဲ့ Q ၊ စေတနာပါသလောက် အလှူရှင်တွေမလောက်တဲ့ Q ။ Q=Quarantine ကာလကိုပြောတာပါ။ စိတ်ညစ်လွန်းလို့ မိမိရောက်နေတဲ့ဒေသကနေကင်းကွာအောင် ပင်လယ်ရပ်ခြားကိုပျံသန်းထွက်သွားရင်တောင် နောက်ထပ်တိုင်းပြည်တစ်ခုမှာ ဒီရောဂါအကြောင်းကို မကြားရ မနေရလောက်အောင် ကြီးစိုးလွန်းလှတဲ့ကပ်ရောဂါကမ္ဘာမှာကျွန်တော်တို့နေထိုင်ကြပါတယ်။


အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံပြင်ပရောက်နေသူတွေ ချစ်ရတဲ့မြန်မာနိုင်ငံကိုပြန်ခွင့်ရဖို့ဘယ်လိုကြိုးစားရမလဲဆိုတာတွေးမိတိုင်းရင်လေးမိတယ်။ တလောကဆိုရင် အသိ မြန်မာမိတ်ဆွေညီမတစ်ယောက် “သူ့မိခင်တိမ်းပါးလို့ ရန်ကုန်ကိုဘယ်လိုသွားရမလဲ?” ဆိုတဲ့မေးခွန်းကို သူ့ရဲ့ဆုံးရှုံးမှုအတွက်ကျေနပ်လောက်တဲ့အဖြေမပေးနိုင်လို့ ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။ (သူ့အမေရဲ့အသုဘကိုမှီအောင် မပြန်လိုက်နိုင်ပါ)

ဒီကနေ မြန်မာနိုင်ငံကိုပြည်ဝင်ဖို့


. Tourist Visa/ $40/ 28 Days
. Business Visa(Single)/ $50/ 70 Days
. Social Visa(Multiple)/ $150/ 3 Months စတဲ့ရက်အကန့်အသတ်နဲ့ရတဲ့လည်ပတ်ခွင့်တွေဟာ ဘုန်းကြီးကျောင်းမှာ၊ စင်တာတွေမှာ၊ ခန်းမဆောင်တွေမှာ၊ အားကစားရုံတွေမှာကုန်ဆုံးရမယ့် Quarantine ၂၁ ရက်ကိုနှုတ်လိုက်ရင်ဘာမှမကျန်တော့တာ ဝမ်းနည်းစရာကောင်းပါတယ်။ (Information from Myanmar Consulate-General, Los Angeles)

နောက်တစ်ချက်ကျတော့ Shock ရှိပေမဲ့ ရေးဖို့ဆန္ဒရှိနေတာကြာပြီဖြစ်လို့ရေးပါရစေဦး။ လူတွေတစ်ဦးနဲ့တစ်ဦးအကွာအဝေးတစ်ခုကနေပြောဆိုဆက်ဆံဖို့ဒီအချိန်မှာလိုအပ်နေတာ တစ်ကမ္ဘာလုံးသိပါတယ်။ ကိုဗစ်-၁၉ စဖြစ်ခဲ့တာ မြန်မာနိုင်ငံသားတွေဆီကမဟုတ်သလို ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့အပြစ်လည်းမဟုတ်ပါဘူး။ တာဝန်က နိုင်ငံသားမခွဲခြား၊ ဘာသာရေးမခွဲခြား၊ အသားအရောင်မခွဲခြား၊ ကျားမမခွဲခြား၊ အသက်အရွယ်မခွဲခြားတဲ့ တန်းတူညီမျှမှုရှိတဲ့ “တာဝန်ယူမှု နဲ့ တာဝန်ခံမှု” တို့သာဖြစ်ပါတယ်။ ရောဂါပြန့်ပွားကူးစက်မှုမရှိစေရေးဟာ သက်ရှိလူသားအားလုံးရဲ့တာဝန်ဖြစ်ပါတယ်။

သူများတွေတော့မသိဘူး . . ကျွန်တော်ကတော့ ကမ္ဘာမြေရဲ့ဘယ်နေရာပဲရောက်နေနေ “အိမ်ပြန်မလား?” လို့မေးရင်အမြဲပြန်ချင်တဲ့တိုင်းပြည်ဟာ “အမိမြန်မာနိုင်ငံ” ပါ။ (တစ်ချိန်က) နာမည်ကြီးအလည်အပတ်ခရီးစဉ်အတွဲ-Package တွေဟာ မြန်မာနိုင်ငံကိုပြန်ဖို့လေယာဉ်လက်မှတ်ထက် ဈေးနှုန်းသက်သာပါတယ်။ ဉပမာအနေနဲ့ပြောပြရရင် အမေရိကားကနေ မြန်မာနိုင်ငံပြန်ဖို့ အရင်နှစ်ဈေးအကြီးဆုံးလေယာဉ်လက်မှတ် (အသွားအပြန်) ဒေါ်လာ ၁၃ဝဝ ဆိုတာ အောက်ကခရီးစဉ်တွေကို ပျော်ပျော်ပါးပါးကြီးလှေလှော်သွားနိုင်တဲ့အနေအထားပါ။

.. တရုတ်နိုင်ငံ+၃ နိုင်ငံ ၇ ရက်/တည်းခို/စားသောက် ပါပြီး
.. ဟာဝိုင်ယီ ၅ ရက်/တည်းခို/စားသောက် ပါပြီး
.. မက္ကဆီကို/သင်္ဘော ၇ ရက်/ကမ်းကပ်/စားသောက် ပါပြီး

အခုများကျတော့ လေယာဉ်တွေမထွက်တဲ့ကာလနဲ့တိုက်ဆိုင်၊ တိုင်းပြည်တွေကအကျယ်ချုပ်ချထားချိန်နဲ့လည်းတိုက်ဆိုင်နေတဲ့အပြင် အမေရိကားနဲ့မြန်မာနိုင်ငံကိုလေယာဉ်တစ်စီးတည်းတိုက်ရိုက်မရပ်မနားစီးလို့မရတော့ ခဏနားမယ့် Transit လေဆိပ်က Layover မပေးတာနဲ့တိုက်ဆိုင်နေလေတော့ ရွှေပြည်ကြီးကိုဘယ်လိုလုပ်ပြန်ဝင်နိုင်ပါတော့မလဲ။

နိုင်ငံတော်အစိုးရက ကယ်ဆယ်ရေးလေယာဉ်-Relief Flight တွေလုပ်ပေးထားပေမဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းကိုစစ်ဆေးကြည့်လိုက်တော့ ကြားနိုင်ငံမှာတစ်ဆင့်သွားစီးရမယ့်ဈေးတောင် တစ်စောင်ကို ဒေါ်လာ ၁၂ဝဝ ရှိနေပါတယ်။

လူတွေရဲ့ဘဝရပ်တည်ချက်တွေမှာ မတူကွဲပြားမှုအကြောင်းရင်းတွေအများကြီးရှိကြတယ်။ ကိုယ်နဲ့တူမှ ကိုယ့်လူဖြစ်မယ်ဆိုရင် ကိုယ်နဲ့မတူရင် ကိုယ့်ရန်သူအလိုလိုဖြစ်သွားကြတာမဆန်းပါ။ လူသားတစ်ယောက်ရဲ့အဓိကအနှစ်သာရဟာ “အသက်ရှင်နေခြင်း-Being Alive” ဖြစ်တဲ့အပြင် “ကျန်းမာစွာနေထိုင်နိုင်ခြင်း-Staying Healthy” က ဘဝရဲ့တန်ဖိုးဖြစ်ပါတယ်။

ပြည်ချစ်သား၊ ပြည်ချစ်သမီးတွေအားလုံးဟာ မြန်မာပြည်တွင်းမှာပဲရှိနေကြတာမဟုတ်ပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြုံရာဒုက္ခကိုခံရင်း၊ လောကဓံရဲ့ခပ်ပြင်းပြင်းရိုက်ချက်တွေကိုပြုံးရွှင်စွာရှောင်ရှားရင်း၊ မြန်မာနိုင်ငံအတွင်းမှာကျန်ခဲ့တဲ့ အဖိုးအို၊ အဖွားအို၊ အဖေအို၊ အမေအို၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ တူလေး၊ တူမလေး၊ မောင်လေး၊ ညီလေး၊ ညီမလေး နဲ့ သူငယ်ချင်းရောင်းရင်းတွေဆီငွေပို့ထောက်ပံ့နေတာဟာ နောက်ပိုင်းမြန်မာနိုင်ငံရဲ့စီးပွားရေးကို အင်မတန်အထောက်အကူပြုတဲ့ ပြည်ပပို့ဝင်ငွေဖြစ်လာတာငြင်းလို့မရပါဘူး။

ဒါကြောင့် ဘယ်သူပဲပြန်လာပြန်လာ ဘာဖြစ်လို့အပြစ်တင်နေတော့မလဲ? လူသားအချင်းချင်းပဲ။ မြန်မာနိုင်ငံသားအချင်းချင်းပဲ။ သွေးရင်း သားရင်းတွေပဲ။ တစ်မြို့တည်းသားတွေပဲ။ တစ်နိုင်ငံတည်းသားတွေပဲ။ ခံယူချက်မတူတာ၊ အလုပ်မတူတာ၊ ဝင်ငွေမတူတာအသာထား လူတစ်ယောက်ချင်းတစ်ယောက်ချင်းဆီမှာ အသက်ရှုသံချင်းက တူမှမတူပဲလေ။

Comment မှာ စာလေးတစ်ကြောင်းရေးလိုက်ရတာကလွယ်တယ်။ တကယ်ခံစားရတဲ့သူမဟုတ်သ၍ တကယ်ခံစားလို့မရနိုင်တာက Facebook ပေါ်ကစာတွေကသက်သေခံနေပါတယ်။ တကယ်ပါ။ မြန်မာနိုင်ငံကိုတဖန်ပြန်လည်ကျန်းမာစေချင်ပါတယ်။ မြန်မာနိုင်ငံကိုရောဂါကင်းစေချင်ပါတယ်။ မြန်မာနိုင်ငံကို စီးပွားရေးတွေအမြန်ဆုံးတိုးတက်စေချင်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့သူတွေ မြန်မာနိုင်ငံကိုတကယ်ပြန်လာချင်နေပါတယ်။

အောက်မှာ Quora က ဘဝနဲ့ပတ်သက်တဲ့စာသားလေးတစ်ကြောင်းကိုကြိုက်လို့ပြန်လည်မျှဝေပါရစေ။ သူ့ရဲ့မူရင်းရေးသူကိုမသိတော့ပေမဲ့ Mar 5, 2018 မှာရေးခဲ့တယ်ဆိုတာမှတ်တမ်းတင်ပါတယ်။

Being alive means to achieve, accomplish whatever you can in the lifetime you have. Being alive is to do what is right, not only for yourself but for others as well (for the ones you love the most). Being alive is to be grateful each and every day. Stay happy with what you have and do not complain.
ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-27-2020


<Zawgyi>

“ေရႊျပည္ေတာ္ဘယ္လိုျပန္ရပါ့” ဒီနိုင္ငံမွာ Q ၊ ဟိုနိုင္ငံမွာလည္း Q ၊ မတူတာက ေရႊျမန္မာျပည္ေတာ္ႀကီးရဲ့ Q ၊ ေစတနာပါသေလာက္ အလႉရွင္ေတြမေလာက္တဲ့ Q ။ Q=Quarantine ကာလကိုေျပာတာပါ။ စိတ္ညစ္လြန္းလို႔ မိမိေရာက္ေနတဲ့ေဒသကေနကင္းကြာေအာင္ ပင္လယ္ရပ္ျခားကိုပ်ံသန္းထြက္သြားရင္ေတာင္ ေနာက္ထပ္တိုင္းျပည္တစ္ခုမွာ ဒီေရာဂါအေၾကာင္းကို မၾကားရ မေနရေလာက္ေအာင္ ႀကီးစိုးလြန္းလွတဲ့ကပ္ေရာဂါကမၻာမွာကၽြန္ေတာ္တို႔ေနထိုင္ၾကပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ နိုင္ငံျပင္ပေရာက္ေနသူေတြ ခ်စ္ရတဲ့ျမန္မာနိုင္ငံကိုျပန္ခြင့္ရဖို႔ဘယ္လိုႀကိဳးစားရမလဲဆိုတာေတြးမိတိုင္းရင္ေလးမိတယ္။ တေလာကဆိုရင္ အသိ ျမန္မာမိတ္ေဆြညီမတစ္ေယာက္ “သူ႔မိခင္တိမ္းပါးလို႔ ရန္ကုန္ကိုဘယ္လိုသြားရမလဲ?” ဆိုတဲ့ေမးခြန္းကို သူ႔ရဲ့ဆုံးရႈံးမႈအတြက္ေက်နပ္ေလာက္တဲ့အေျဖမေပးနိုင္လို႔ ကၽြန္ေတာ္စိတ္မေကာင္းျဖစ္မိတယ္။ (သူ႔အေမရဲ့အသုဘကိုမွီေအာင္ မျပန္လိုက္နိုင္ပါ) ဒီကေန ျမန္မာနိုင္ငံကိုျပည္ဝင္ဖို႔ Tourist Visa/ $40/ 28 Days Business Visa(Single)/ $50/ 70 Days Social Visa(Multiple)/ $150/ 3 Months စတဲ့ရက္အကန႔္အသတ္နဲ႔ရတဲ့လည္ပတ္ခြင့္ေတြဟာ ဘုန္းႀကီးေက်ာင္းမွာ၊ စင္တာေတြမွာ၊ ခန္းမေဆာင္ေတြမွာ၊ အားကစား႐ုံေတြမွာကုန္ဆုံးရမယ့္ Quarantine ၂၁ ရက္ကိုႏႈတ္လိုက္ရင္ဘာမွမက်န္ေတာ့တာ ဝမ္းနည္းစရာေကာင္းပါတယ္။ (Information from Myanmar Consulate-General, Los Angeles) ေနာက္တစ္ခ်က္က်ေတာ့ Shock ရွိေပမဲ့ ေရးဖို႔ဆႏၵရွိေနတာၾကာၿပီျဖစ္လို႔ေရးပါရေစဦး။ လူေတြတစ္ဦးနဲ႔တစ္ဦးအကြာအေဝးတစ္ခုကေနေျပာဆိုဆက္ဆံဖို႔ဒီအခ်ိန္မွာလိုအပ္ေနတာ တစ္ကမၻာလုံးသိပါတယ္။ ကိုဗစ္-၁၉ စျဖစ္ခဲ့တာ ျမန္မာနိုင္ငံသားေတြဆီကမဟုတ္သလို ျပည္ပေရာက္ျမန္မာနိုင္ငံသားေတြရဲ့အျပစ္လည္းမဟုတ္ပါဘူး။ တာဝန္က နိုင္ငံသားမခြဲျခား၊ ဘာသာေရးမခြဲျခား၊ အသားအေရာင္မခြဲျခား၊ က်ားမမခြဲျခား၊ အသက္အရြယ္မခြဲျခားတဲ့ တန္းတူညီမၽွမႈရွိတဲ့ “တာဝန္ယူမႈ နဲ႔ တာဝန္ခံမႈ” တို႔သာျဖစ္ပါတယ္။ ေရာဂါျပန႔္ပြားကူးစက္မႈမရွိေစေရးဟာ သက္ရွိလူသားအားလုံးရဲ့တာဝန္ျဖစ္ပါတယ္။ သူမ်ားေတြေတာ့မသိဘူး . . ကၽြန္ေတာ္ကေတာ့ ကမၻာေျမရဲ့ဘယ္ေနရာပဲေရာက္ေနေန “အိမ္ျပန္မလား?” လို႔ေမးရင္အျမဲျပန္ခ်င္တဲ့တိုင္းျပည္ဟာ “အမိျမန္မာနိုင္ငံ” ပါ။ (တစ္ခ်ိန္က) နာမည္ႀကီးအလည္အပတ္ခရီးစဥ္အတြဲ-Package ေတြဟာ ျမန္မာနိုင္ငံကိုျပန္ဖို႔ေလယာဥ္လက္မွတ္ထက္ ေဈးႏႈန္းသက္သာပါတယ္။ ဉပမာအေနနဲ႔ေျပာျပရရင္ အေမရိကားကေန ျမန္မာနိုင္ငံျပန္ဖို႔ အရင္ႏွစ္ေဈးအႀကီးဆုံးေလယာဥ္လက္မွတ္ (အသြားအျပန္) ေဒၚလာ ၁၃ဝဝ ဆိုတာ ေအာက္ကခရီးစဥ္ေတြကို ေပ်ာ္ေပ်ာ္ပါးပါးႀကီးေလွေလွာ္သြားနိုင္တဲ့အေနအထားပါ။ တ႐ုတ္နိုင္ငံ+၃ နိုင္ငံ ၇ ရက္/တည္းခို/စားေသာက္ ပါၿပီး ဟာဝိုင္ယီ ၅ ရက္/တည္းခို/စားေသာက္ ပါၿပီး မကၠဆီကို/သေဘၤာ ၇ ရက္/ကမ္းကပ္/စားေသာက္ ပါၿပီး အခုမ်ားက်ေတာ့ ေလယာဥ္ေတြမထြက္တဲ့ကာလနဲ႔တိုက္ဆိုင္၊ တိုင္းျပည္ေတြကအက်ယ္ခ်ဳပ္ခ်ထားခ်ိန္နဲ႔လည္းတိုက္ဆိုင္ေနတဲ့အျပင္ အေမရိကားနဲ႔ျမန္မာနိုင္ငံကိုေလယာဥ္တစ္စီးတည္းတိုက္ရိုက္မရပ္မနားစီးလို႔မရေတာ့ ခဏနားမယ့္ Transit ေလဆိပ္က Layover မေပးတာနဲ႔တိုက္ဆိုင္ေနေလေတာ့ ေရႊျပည္ႀကီးကိုဘယ္လိုလုပ္ျပန္ဝင္နိုင္ပါေတာ့မလဲ။ နိုင္ငံေတာ္အစိုးရက ကယ္ဆယ္ေရးေလယာဥ္-Relief Flight ေတြလုပ္ေပးထားေပမဲ့ ေလယာဥ္လက္မွတ္ေဈးႏႈန္းကိုစစ္ေဆးၾကည့္လိုက္ေတာ့ ၾကားနိုင္ငံမွာတစ္ဆင့္သြားစီးရမယ့္ေဈးေတာင္ တစ္ေစာင္ကို ေဒၚလာ ၁၂ဝဝ ရွိေနပါတယ္။ လူေတြရဲ့ဘဝရပ္တည္ခ်က္ေတြမွာ မတူကြဲျပားမႈအေၾကာင္းရင္းေတြအမ်ားႀကီးရွိၾကတယ္။ ကိုယ္နဲ႔တူမွ ကိုယ့္လူျဖစ္မယ္ဆိုရင္ ကိုယ္နဲ႔မတူရင္ ကိုယ့္ရန္သူအလိုလိုျဖစ္သြားၾကတာမဆန္းပါ။ လူသားတစ္ေယာက္ရဲ့အဓိကအႏွစ္သာရဟာ “အသက္ရွင္ေနျခင္း-Being Alive” ျဖစ္တဲ့အျပင္ “က်န္းမာစြာေနထိုင္နိုင္ျခင္း-Staying Healthy” က ဘဝရဲ့တန္ဖိုးျဖစ္ပါတယ္။ ျပည္ခ်စ္သား၊ ျပည္ခ်စ္သမီးေတြအားလုံးဟာ ျမန္မာျပည္တြင္းမွာပဲရွိေနၾကတာမဟုတ္ပါ။ ကမၻာ့နိုင္ငံအသီးသီးမွာ ၾကဳံရာဒုကၡကိုခံရင္း၊ ေလာကဓံရဲ့ခပ္ျပင္းျပင္းရိုက္ခ်က္ေတြကိုျပဳံးရႊင္စြာေရွာင္ရွားရင္း၊ ျမန္မာနိုင္ငံအတြင္းမွာက်န္ခဲ့တဲ့ အဖိုးအို၊ အဖြားအို၊ အေဖအို၊ အေမအို၊ ဦးဦး၊ ေဒၚေဒၚ၊ ကိုကို၊ မမ၊ တူေလး၊ တူမေလး၊ ေမာင္ေလး၊ ညီေလး၊ ညီမေလး နဲ႔ သူငယ္ခ်င္းေရာင္းရင္းေတြဆီေငြပို႔ေထာက္ပံ့ေနတာဟာ ေနာက္ပိုင္းျမန္မာနိုင္ငံရဲ့စီးပြားေရးကို အင္မတန္အေထာက္အကူျပဳတဲ့ ျပည္ပပို႔ဝင္ေငြျဖစ္လာတာျငင္းလို႔မရပါဘူး။ ဒါေၾကာင့္ ဘယ္သူပဲျပန္လာျပန္လာ ဘာျဖစ္လို႔အျပစ္တင္ေနေတာ့မလဲ? လူသားအခ်င္းခ်င္းပဲ။ ျမန္မာနိုင္ငံသားအခ်င္းခ်င္းပဲ။ ေသြးရင္း သားရင္းေတြပဲ။ တစ္ၿမိဳ႕တည္းသားေတြပဲ။ တစ္နိုင္ငံတည္းသားေတြပဲ။ ခံယူခ်က္မတူတာ၊ အလုပ္မတူတာ၊ ဝင္ေငြမတူတာအသာထား လူတစ္ေယာက္ခ်င္းတစ္ေယာက္ခ်င္းဆီမွာ အသက္ရႈသံခ်င္းက တူမွမတူပဲေလ။ Comment မွာ စာေလးတစ္ေၾကာင္းေရးလိုက္ရတာကလြယ္တယ္။ တကယ္ခံစားရတဲ့သူမဟုတ္သ၍ တကယ္ခံစားလို႔မရနိုင္တာက Facebook ေပၚကစာေတြကသက္ေသခံေနပါတယ္။ တကယ္ပါ။ ျမန္မာနိုင္ငံကိုတဖန္ျပန္လည္က်န္းမာေစခ်င္ပါတယ္။ ျမန္မာနိုင္ငံကိုေရာဂါကင္းေစခ်င္ပါတယ္။ ျမန္မာနိုင္ငံကို စီးပြားေရးေတြအျမန္ဆုံးတိုးတက္ေစခ်င္ပါတယ္။ ျမန္မာနိုင္ငံကိုခ်စ္တဲ့သူေတြ ျမန္မာနိုင္ငံကိုတကယ္ျပန္လာခ်င္ေနပါတယ္။ ေအာက္မွာ Quora က ဘဝနဲ႔ပတ္သက္တဲ့စာသားေလးတစ္ေၾကာင္းကိုႀကိဳက္လို႔ျပန္လည္မၽွေဝပါရေစ။ သူ႔ရဲ့မူရင္းေရးသူကိုမသိေတာ့ေပမဲ့ Mar 5, 2018 မွာေရးခဲ့တယ္ဆိုတာမွတ္တမ္းတင္ပါတယ္။ Being alive means to achieve, accomplish whatever you can in the lifetime you have. Being alive is to do what is right, not only for yourself but for others as well (for the ones you love the most). Being alive is to be grateful each and every day. Stay happy with what you have and do not complain. ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 06-27-2020

Wednesday, June 24, 2020

ပြောင်းလဲမှုမှာသာ တန်ဖိုးကငြိတွယ်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကျွန်တော်နေတဲ့အိမ်က ပင်လယ်ကမ်းခြေနဲ့နီးသလို လေဆိပ် ၁ ခုနဲ့လည်းနီးတယ် (SFO မဟုတ်ပါ)။ လမ်းလျှောက်ရင် ကမ်းစပ်ကို ၆ မိနစ်နဲ့ရောက်တယ်။ ကမ်းခြေကနေမျက်နှာချင်းဆိုင်ကိုကြည့်လိုက်ရင် လေယာဉ်ပျံအတက်အဆင်းတွေကို ရှင်းရှင်းကြီးမြင်‌နေရသလို ဟိုးနောက်ခံမြူနှင်းတိမ်ပုပုအိုက်အိုက်လေးအောက်မှာတော့ အေးလို့ခိုက်ခိုက်တုန်နေတဲ့ ဆန်ဖရန်စစ္စကိုမြို့ကို‌တွေ့နိုင်ပါတယ်။

အိမ်တွင်းအောင်းကာလနောက်ပိုင်း မိသားစုနဲ့ပထမဦးဆုံးဒီနေ့ အပြင်ထွက်လမ်းလျှောက်ကြည့်တော့အသွားအပြန် ၅၅ မိနစ်အတွင်းမှာ OAK လေဆိပ်ကိုဆင်းတာ လေယာဉ် ၁ဝ စင်း ရှိတယ်(ကိုယ်တိုင်လိုက်ရေထားတာ)။ အရင်တွေ့နေကျထက် တစ်ဝက်လျော့နည်းနေတာ ကိုဗစ်-၁၉ ကာလကြောင့်ဆိုတာ ရှင်းပြဖို့တောင်လိုမယ်မထင်ပါဘူး။

အဲဒီ လေယာဉ်ပျံ ၁ဝ စင်းမှာ အားလုံးကလူစီးလေယာဉ်တွေလို့ထင်ပါသလား? မဟုတ်ပါ။ လူစီးက ၇ စင်း (Southwest လေကြောင်းလိုင်းချည်းချည်း ၆ စင်း နဲ့ Alaska လေကြောင်းက ၁ စင်း) နဲ့ ကုန်တင်လေယာဉ်က ၃ စင်း(FedEx ၂ စင်း နဲ့ UPS ၁ စင်း)။ အဲဒီထဲမှာ ကုန်တင်လေယာဉ် ၃ စင်း . . အဲဒါက ထူးဆန်းတာ။

ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးအစီအစဉ်ကြောင့် လူတွေကိုအိမ်ထဲနေခိုင်းပေမယ့် ကုန်ပစ္စည်း၊ လေယာဉ်ပိုင်းလော့ နဲ့ ကုန်ပို့သမားတွေက အိမ်ထဲမှာနေလို့မရဘူး။ အဆပေါင်းများစွာတိုးလာတဲ့အလုပ်တွေကြောင့် အွန်လိုင်းဈေးရောင်းတဲ့အလုပ် နဲ့ သူနဲ့ဆက်နွယ်တဲ့သယ်ယူပို့ဆောင်ရေးနယ်ပယ်မှာ အင်မတန်အလုပ်များကြတာကိုပြောပြချင်တာပါ။

ပြည်ဝင်ခွင့်ကိုဖွင့်ပေးမှအမေရိကားပထမပြန်ဖြစ်မယ်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ဒီစာကို အမေရိကန်သမ္မတကြီးမတွေ့ပါစေနဲ့လို့ကျွန်တော်ဆုမတောင်းပါဘူး။ မြန်မာလိုရေးထားတာကိုသမဖတ်နိုင်တာ မဖတ်နိုင်တာအသာထား မီဒီယာတွေ၊ လုပ်ငန်းရှင်‌တွေအဖက်ဖက်ကဝေဖန်ထောက်ပြနေတဲ့ကြားက သမ္မတဒေါ်နယ်ထရမ့်ဟာ အရည်အချင်းပြည့်လုပ်သား-High Skilled Worker အများစုတို့ရဲ့ပြည်ဝင်ခွင့်ကန့်သတ်မှုကိုထပ်ပြီးသက်တမ်းတိုးလိုက်တာကိုစာဖတ်သူတွေဖတ်မိကြမှာပါ။

တကယ်တော့ “အမေရိကားသာ ပထမ” ဆိုတဲ့ ဦးထုပ်နီကြီးဆောင်းပြီးတက်လာတဲ့သူ့ရဲ့ဦးဆောင်မှုအောက်မှာ “ ရင်လေးစရာအပြည့်နဲ့အမေရိကား” လို့သာဆိုရမှာဖြစ်ပါတယ်။

လေ့လာသုံးသပ်ချက်တစ်ချို့ကဘာပြောသလဲဆိုတော့ အမေရိကားမှာကြီးပြင်းသူတွေမှာအတွေ့ရနည်းတတ်တဲ့ “အိပ်မက်” တွေဟာ အမေရိကားကိုအသစ်ပြောင်းရွှေ့လာသူ-New Immigrant တွေဆီမှာ ပါလာတတ်တယ် တဲ့။ လုပ်ခနာရီစား၊ လခစားအပြင် ကိုယ်ပိုင်လုပ်ငန်းစတင်ပြီး သူဌေးဖြစ်ချင်စိတ်ပိုများတာ စွန့်စားချင်သူတွေဆီမှာပိုတွေ့ရတယ်။

ဒီလိုလူတွေ ကုမ္ပဏီစထောင်တော့ လူထောင်နဲ့ချီအလုပ်အကိုင်သစ်တွေရကြတယ်။ စီးပွားရေးအဆင်ပြေကြတယ်။ ဘယ်သူကဘယ်သူ့ကိုတည်မှီတယ်ဆိုတာထက် ကိုင်းကကျွန်းကို ကျွန်းကကိုင်းကိုမှီခိုပြီး အလုပ်ဖြစ်တဲ့ အညမညမျှခြေတစ်ခုဖြစ်ဖို့လိုအပ်နေတာကိုသိဖို့လိုပါတယ်။