ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, June 17, 2020

အချိန်ပိုဆိုတာ ဂျို(ချို) နဲ့လား?


၁ ရက်ကို ၈ နာရီ။ ၁ ပတ်ကို နာရီ ၄ဝ။ ၁ လကို နာရီ ၁၆ဝ။ ၁ နှစ်ကို နာရီ ၁၉၂ဝ။ ဒီလိုတွက်ရင် မမှန်ပါ။

၁ ရက်ကို ၈ နာရီ။ ၁ ပတ်ကို နာရီ ၄ဝ။ ၁ နှစ်မှာ သီတင်း ၅၂ ပတ်။ ဒါကြောင့် ၁ နှစ်ကိုအလုပ်ချိန်ပေါင်း နာရီ ၄ဝX၅၂ ပတ်=၂ဝ၈ဝ နာရီ။ ၁ နာရီကို ၁၅ ဒေါ်လာစားနဲ့အလုပ်လုပ်ရင် ၁ နှစ်ကို ဒေါ်လာ ၃၁၂ဝဝ ရမယ်။

အစိုးရကို အခွန်ဆောင်ဖို့ ၂ဝ%=၆၂၄ဝ နှုတ်။ နေထိုင်တဲ့ပြည်နယ်ပေါ်မူတည်ပြီး ဖယ်ဒရယ်ကိုဆောင်ဖို့က ၁၇%=၅၃ဝ၄ ဒေါ်လာ နှုတ်။ ၃၁၂ဝဝ-၆၂၄ဝ-၅၃ဝ၄=၁၉၆၅၆ ဒေါ်လာ။ ဒါက ၁ နာရီကို အခြေခံလစာနာရီစား ၁၅ ဒေါ်လာနဲ့ ၁ နှစ်လုံး အလုပ်တက်ရက်မပျက် နာရီစားအပြည့်ခံစားခွင့်ရတဲ့ အမေရိကားမှာ တရားဝင်အလုပ်လုပ်ခွင့်ရှိသူ ၁ ယောက်ရဲ့ အခြေမပျက် ၁ နှစ်စာဝင်ငွေကိုတွက်ပြတာဖြစ်ပါတယ်။

ဒီအပေါ်မှာ
နေဖို့ ထိုင်ဖို့
စားဖို့ သောက်ဖို့
သွားဖို့ လာဖို့
ဝယ်ဖို့ ခြမ်းဖို့
စုဖို့ ဆောင်းဖို့
သုံးဖို့ ဖြုံးဖို့ မပါသေးပါနော်။

နောက်ပိုင်းမှာဆက်ရေးပြထားတဲ့ "ဖို့ . .ဖို့ . .ဖို့" အသုံးစားရိတ်တွေအတွက် လူတွေဟာ အချိန်ပိုလုပ်ချင်ကြတယ်။ မတူညီတဲ့အလုပ်တက်ချိန်-Different Shifts တွေမှာအလုပ်လုပ်ပြီးအပိုဝင်ငွေရှာကြတယ်။

ဒီတော့ဗျာ . . ၁ ရက်ကို ၈ နာရီတက်တာက ၁ နာရီ ၁၅ ဒေါ်လာဆိုတော့ ၁၂ဝ ဒေါ်လာ။ အလုပ်များလို့အလုပ်ရှင်က အချိန်ပို ၂ နာရီဆင်းခိုင်းတယ်ဆိုရင် ၁၅X၁.၅=၂၂.၅ဝ ဒေါ်လာနှုန်းနဲ့ဆိုတော့ ၄၅ ဒေါ်လာထပ်ပေါင်းရင် ၁ ရက် ၁ဝ နာရီလုပ်ခအပြီးအစီး (အခွန်မနှုတ်ရသေး) ၁၆၅ ဒေါ်လာ ရမယ်။ ဒီလိုမြိုးမြိုးမြတ်မြတ်လေးရမှ သုံးစရာ စွဲစရာ အပိုငွေယားလေးထွက်လာမှာ အမေရိကားမှာပါ။

ဒါကြောင့် အလုပ်ခွင်တွေမှာ အချိန်ပိုလိုချင်သူတွေစာရင်းပေးဆိုရင် စီးပွားရေးအကြောင်းသူများထက်သိတဲ့အာရှတိုက်သားတွေထိပ်ဆုံးကတန်းစီနေတာမဆန်းပါ။ ရှိသေးတယ် စနေနေ့အချိန်ပိုဆင်းရတဲ့အပိုဝင်ငွေ။

၁ ပတ်ကို နာရီ ၄ဝ . . ဒါက ၅ ရက်စာ။ စနေနေ့ကို ၁ ဆခွဲဈေးနှုန်းနဲ့အချိန်ပိုဆင်းရရင် လေတဟူးဟူး ငွေတရူးရူး နဲ့ ဂုန်းဆင်းရတာ အင်မတန်ပျော်ကြတယ်။ ၁ နာရီ ၂၂.၅ဝ‌ ဒေါ်လာ နဲ့ ၈ နာရီဆိုတော့ ဒေါ်လာ ၁၈ဝ အေးဆေး။ အချိန်ပိုအတွက် အခွန်ပိုဆောင်ရတာ ဘာ . . ညာ ဒါကို နောက်ထား . . ပျော်ကြတာ ပျော်ကြတာ။

ဒီလိုအပျော်တွေဟာ ရေရှည်ခံသလားဆိုတော့ အမေရိကားမှာ၂ဝ၁၉ အထိ ခံတယ်လို့ပြောရလိမ့်မယ်။ အချိန်ပိုရသူတွေက အချိန်ပိုလုပ်။ အချိန်ပိုမရသူတွေက အားတဲ့အချိန်မှာ Uber လေး၊ Lyft လေး မောင်း အပိုဝင်ငွေရှာ အဆင်ကိုချောလို့။ ဒါပေမဲ့ ဒီ ချောမွေ့တဲ့အပျော်ဟာ ၂ဝ၂ဝ ကို ဒရွတ်တိုက်ပြီးဝင်လာတဲ့ COVID-19 ကြောင့် ကြာကြာမခံလိုက်ဘူး။

စီးပွားရေးတွေကပျက်၊ အလုပ်တွေကဖျက်၊ ရောဂါပိုးကဝင်စွက် နဲ့ မရှိမဖြစ်အလုပ်ခွင်တွေကိုပဲ ဖွင့်ခွင့်ပေးလာကြတယ်။ ဒီလိုနဲ့ အစပိုင်းကပြောခဲ့သလို ၁ ရက်ကို ၈ နာရီ။ ၁ ပတ်ကို နာရီ ၄ဝ။ ၁ နှစ်မှာ သီတင်း ၅၂ ပတ်။ ဒါကြောင့် ၁ နှစ်ကိုအလုပ်ချိန်ပေါင်း နာရီ ၄ဝX၅၂ ပတ်=၂ဝ၈ဝ နာရီ ဘာမှမရှိတော့ဘဲ အစိုးရကပေးတဲ့ အလုပ်ပြုတ်တဲ့အခါခဏကျွေးထားတဲ့ EDD-Employment Development Department ကို လျှောက်ထားကြတယ်။

အလုပ်မလုပ်လည်းပိုက်ဆံရတဲ့အပြင် ကပ်ရောဂါကြောင့်ထိခိုက်နစ်နာရပါတယ်ဆိုပြီး ဘောင်ဝင်အောင်လျှောက်ထားသူတွေကို ၁ ပတ် ဒေါ်လာ ၆ဝဝ အပိုဆောင်းပေးလိုက်သေးတယ်။ ဒီကြားထဲ အမေရိကန်သမ္မတက အားဆေးထိုးပေးတဲ့ချက်လက်မှတ်-Stimulus Check ဆိုပြီး ပြည်သူတစ်ယောက်တိုင်း/အိမ်ထောင်စုတိုင်း (နီးပါး) ကို ဒေါ်လာ ၁၂ဝဝ ပေးလိုက်သေးတယ် ဆိုတော့ကာ အမေရိကားမှာ အလုပ်မလုပ်ဘဲနေတာ ဘယ်ထူးဆန်းတော့မတုန်း။

အထက်ကပြောခဲ့တာက ရပ်ဆိုင်းသွားတဲ့အလုပ်တွေအကြောင်း။ ပြောချင်တာက အခုမှလာမှာ။ ဒီလိုပျက်စီးသွားတဲ့လုပ်ငန်းခွင်တွေရဲ့အခြားတစ်ဖက်မှာ ကုန်ပစ္စည်းရောင်းကောင်းနေသလောက် လူချဲနေပါဆိုတဲ့ ဖယ်ဒရယ်ရဲ့ Social Distancing ကြောင့် အလုပ်သမားအကုန်လုံးကိုတစ်ပြိုင်တည်းအလုပ်တက်ခိုင်းလို့မရလို့ ရက်ခြား၊ သီတင်းပတ်ခြား၊ စနေ တနင်္ဂနွေအဆိုင်းတွေအပြင် ညနေဆိုင်း-Swing Shift ၊ သန်းခေါင်ယံဆိုင်း-Graveyard Shift တို့ကိုမဖြစ်မနေစီစဉ်လာကြတယ်။

အရင်က လူအပြည့်လုပ်တဲ့စက်ရုံကို လူတစ်ဝက်ပဲအလုပ်ဆင်းခိုင်းရင် ပစ္စည်းတစ်ဝက်ပဲထွက်တယ်။ ဒါကြောင့် ညနေဆိုင်းထပ်တိုးတယ်။ အရင်က မနက်ဆိုင်းရော ညနေဆိုင်းရောထုတ်တယ်။ ဒါကို ပစ္စည်းမလောက်လို့ အချိန်ပိုပါခိုင်းသေးတယ်။ အခု COVID-19 ဖြစ်တော့ လူတစ်ဝက်လျှော့ဆိုတော့ ဈေးကွက်ထဲမှာ ကိုယ့်ပစ္စည်းကရှားပါးလာရင် တရုတ်ပြည်ကဝင်ဖို့ချောင်းနေတဲ့ မဟုတ်က ဟုတ်က အတုအပတွေကနေရာရလာရင်မလွယ်။ ဒါကြောင့် Graveyard Shift ထပ်တိုးတယ် . . ဒီလို ဖြစ်လာရော။ ဒီနေရာမှာ အပိုငွေယားလေးရချင်လို့အချိန်ပိုလုပ်ချင်တဲ့ (အများအားဖြင့်) အာရှတိုက်သားတွေ သေရောဗျ။

ကုမ္ပဏီတွေက ညနေဆိုင်းတို့ သန်းခေါင်ယံဆိုင်းတို့ကို မနက်ဆိုင်းနဲ့ဈေးအတူတူပေးတာမဟုတ်ပါဘူး။ ကုမ္ပဏီပေါ်မူတည်ပြီး တိုးပေးတဲ့ရာခိုင်နှုန်းတွေမတူကြဘူး။ ဉပမာ- ၁ နာရီ ၁၅ ဒေါ်လာပေးတဲ့ Day Shift ကလူက Swing Shift ပြောင်းချင်ရင် ၁ဝ% အပိုဆောင်းပေး။ Graveyard Shift ကိုပြောင်းချင်ရင် ၂၅% အပိုဆောင်းပေးတာတို့ လုပ်လာကြတယ်။ ဒါတွေအားလုံးဟာ ကပ်ရောဂါကတောင်းဆိုလာတဲ့ မူမှန်မဟုတ်တဲ့ New Normal ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။

တိုးလာတဲ့ရာခိုင်နှုန်းအပိုဆောင်းငွေက အရင်ရခဲ့တဲ့အချိန်ပိုခ ၁.၅ ဆကို မှီချင်မှမှီမယ်။ ဒါပေမဲ့ အမြဲတမ်းရတာ သေချာတယ်။ အချိန်ပိုဆိုတာ အလုပ်ရဲ့လိုအပ်ချက်က အလုပ်ရှင်ကပစ္စည်းပိုလိုချင် ပိုထွက်ချင်တော့မှခေါ်တာဆိုတော့ On Demand/On Call မသေချာဘူး။

ဒါကြောင့် အလုပ်သမားလုပ်ကံပါလာလို့ အမေရိကားရောက်တယ်။ ငွေလိုတဲ့ကံပါလာလို့ အိမ်မှာအေးအေးဆေးဆေးမနားရ အချိန်ပိုလုပ်ရတယ်။ အခု မရှိမဖြစ်အလုပ်ခွင်ထဲမှာပါလို့ အလုပ်မပြုတ် မနားရ အလုပ်တက်ရတယ်။ ဒါက အမြဲကြားရတဲ့ အမေရိကားရောက်မြန်မာတွေရဲ့စတိုရီတွေ။ ကဲ . . ဘာကောင်းတာကျန်သေးလဲ?

(ဒီအောက်ပိုင်းအထိအစအဆုံးကို ၁ ကြိမ်ထဲဆက်တိုက်ဖတ်လာပေးသူတွေကိုချီးကျူးပါတယ်။ စာသားတွေကြားထဲကို ကိန်းဂဏန်းတွေတမင်သက်သက်ညှပ်ရေးထားတာ။ ငယ်ငယ်တုန်းကသင်ထားတဲ့သင်္ချာ ခေါင်းထဲမှာဘယ်လောက်ကျန်သေးလဲ စမ်းကြည့်တာ)

ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-17-2020

<Zawgyi>

"အခ်ိန္ပိုဆိုတာ ဂ်ိဳ(ခ်ိဳ) နဲ႔လား?"
          ၁ ရက္ကို ၈ နာရီ။ ၁ ပတ္ကို နာရီ ၄ဝ။ ၁ လကို နာရီ ၁၆ဝ။ ၁ ႏွစ္ကို နာရီ ၁၉၂ဝ။ ဒီလိုတြက္ရင္ မမွန္ပါ။
 
           ၁ ရက္ကို ၈ နာရီ။ ၁ ပတ္ကို နာရီ ၄ဝ။ ၁ ႏွစ္မွာ သီတင္း ၅၂ ပတ္။ ဒါေၾကာင့္ ၁ ႏွစ္ကိုအလုပ္ခ်ိန္ေပါင္း နာရီ ၄ဝX၅၂ ပတ္=၂ဝ၈ဝ နာရီ။ ၁ နာရီကို ၁၅ ေဒၚလာစားနဲ႔အလုပ္လုပ္ရင္ ၁ ႏွစ္ကို ေဒၚလာ ၃၁၂ဝဝ ရမယ္။
   
         အစိုးရကို အခြန္ေဆာင္ဖို႔ ၂ဝ%=၆၂၄ဝ ႏႈတ္။ ေနထိုင္တဲ့ျပည္နယ္ေပၚမူတည္ၿပီး ဖယ္ဒရယ္ကိုေဆာင္ဖို႔က ၁၇%=၅၃ဝ၄ ေဒၚလာ ႏႈတ္။ ၃၁၂ဝဝ-၆၂၄ဝ-၅၃ဝ၄=၁၉၆၅၆ ေဒၚလာ။ ဒါက ၁ နာရီကို အေျခခံလစာနာရီစား ၁၅ ေဒၚလာနဲ႔ ၁ ႏွစ္လုံး အလုပ္တက္ရက္မပ်က္ နာရီစားအျပည့္ခံစားခြင့္ရတဲ့ အေမရိကားမွာ တရားဝင္အလုပ္လုပ္ခြင့္ရွိသူ ၁ ေယာက္ရဲ့ အေျခမပ်က္ ၁ ႏွစ္စာဝင္ေငြကိုတြက္ျပတာျဖစ္ပါတယ္။

          ဒီအေပၚမွာ
ေနဖို႔ ထိုင္ဖို႔
စားဖို႔ ေသာက္ဖို႔
သြားဖို႔ လာဖို႔
ဝယ္ဖို႔ ျခမ္းဖို႔
စုဖို႔ ေဆာင္းဖို႔
သုံးဖို႔ ျဖဳံးဖို႔ မပါေသးပါေနာ္။

          ေနာက္ပိုင္းမွာဆက္ေရးျပထားတဲ့ "ဖို႔ . .ဖို႔ . .ဖို႔" အသုံးစားရိတ္ေတြအတြက္ လူေတြဟာ အခ်ိန္ပိုလုပ္ခ်င္ၾကတယ္။ မတူညီတဲ့အလုပ္တက္ခ်ိန္-Different Shifts ေတြမွာအလုပ္လုပ္ၿပီးအပိုဝင္ေငြရွာၾကတယ္။

          ဒီေတာ့ဗ်ာ . . ၁ ရက္ကို ၈ နာရီတက္တာက ၁ နာရီ ၁၅ ေဒၚလာဆိုေတာ့ ၁၂ဝ ေဒၚလာ။ အလုပ္မ်ားလို႔အလုပ္ရွင္က အခ်ိန္ပို ၂ နာရီဆင္းခိုင္းတယ္ဆိုရင္ ၁၅X၁.၅=၂၂.၅ဝ ေဒၚလာႏႈန္းနဲ႔ဆိုေတာ့ ၄၅ ေဒၚလာထပ္ေပါင္းရင္ ၁ ရက္ ၁ဝ နာရီလုပ္ခအၿပီးအစီး (အခြန္မႏႈတ္ရေသး) ၁၆၅ ေဒၚလာ ရမယ္။ ဒီလိုၿမိဳးၿမိဳးျမတ္ျမတ္ေလးရမွ သုံးစရာ စြဲစရာ အပိုေငြယားေလးထြက္လာမွာ အေမရိကားမွာပါ။

         ဒါေၾကာင့္ အလုပ္ခြင္ေတြမွာ အခ်ိန္ပိုလိုခ်င္သူေတြစာရင္းေပးဆိုရင္ စီးပြားေရးအေၾကာင္းသူမ်ားထက္သိတဲ့အာရွတိုက္သားေတြထိပ္ဆုံးကတန္းစီေနတာမဆန္းပါ။ ရွိေသးတယ္ စေနေန႔အခ်ိန္ပိုဆင္းရတဲ့အပိုဝင္ေငြ။

          ၁ ပတ္ကို နာရီ ၄ဝ . . ဒါက ၅ ရက္စာ။ စေနေန႔ကို ၁ ဆခြဲေဈးႏႈန္းနဲ႔အခ်ိန္ပိုဆင္းရရင္ ေလတဟူးဟူး ေငြတ႐ူး႐ူး နဲ႔ ဂုန္းဆင္းရတာ အင္မတန္ေပ်ာ္ၾကတယ္။ ၁ နာရီ ၂၂.၅ဝ‌ ေဒၚလာ နဲ႔ ၈ နာရီဆိုေတာ့ ေဒၚလာ ၁၈ဝ ေအးေဆး။ အခ်ိန္ပိုအတြက္ အခြန္ပိုေဆာင္ရတာ ဘာ . . ညာ ဒါကို ေနာက္ထား . . ေပ်ာ္ၾကတာ ေပ်ာ္ၾကတာ။

          ဒီလိုအေပ်ာ္ေတြဟာ ေရရွည္ခံသလားဆိုေတာ့ အေမရိကားမွာ၂ဝ၁၉ အထိ ခံတယ္လို႔ေျပာရလိမ့္မယ္။ အခ်ိန္ပိုရသူေတြက အခ်ိန္ပိုလုပ္။ အခ်ိန္ပိုမရသူေတြက အားတဲ့အခ်ိန္မွာ Uber ေလး၊ Lyft ေလး ေမာင္း အပိုဝင္ေငြရွာ အဆင္ကိုေခ်ာလို႔။ ဒါေပမဲ့ ဒီ ေခ်ာေမြ႕တဲ့အေပ်ာ္ဟာ ၂ဝ၂ဝ ကို ဒရြတ္တိုက္ၿပီးဝင္လာတဲ့ COVID-19 ေၾကာင့္ ၾကာၾကာမခံလိုက္ဘူး။

          စီးပြားေရးေတြကပ်က္၊ အလုပ္ေတြကဖ်က္၊ ေရာဂါပိုးကဝင္စြက္ နဲ႔ မရွိမျဖစ္အလုပ္ခြင္ေတြကိုပဲ ဖြင့္ခြင့္ေပးလာၾကတယ္။ ဒီလိုနဲ႔ အစပိုင္းကေျပာခဲ့သလို ၁ ရက္ကို ၈ နာရီ။ ၁ ပတ္ကို နာရီ ၄ဝ။ ၁ ႏွစ္မွာ သီတင္း ၅၂ ပတ္။ ဒါေၾကာင့္ ၁ ႏွစ္ကိုအလုပ္ခ်ိန္ေပါင္း နာရီ ၄ဝX၅၂ ပတ္=၂ဝ၈ဝ နာရီ ဘာမွမရွိေတာ့ဘဲ အစိုးရကေပးတဲ့ အလုပ္ျပဳတ္တဲ့အခါခဏေကၽြးထားတဲ့ EDD-Employment Development Department ကို ေလၽွာက္ထားၾကတယ္။

        အလုပ္မလုပ္လည္းပိုက္ဆံရတဲ့အျပင္ ကပ္ေရာဂါေၾကာင့္ထိခိုက္နစ္နာရပါတယ္ဆိုၿပီး ေဘာင္ဝင္ေအာင္ေလၽွာက္ထားသူေတြကို ၁ ပတ္ ေဒၚလာ ၆ဝဝ အပိုေဆာင္းေပးလိုက္ေသးတယ္။ ဒီၾကားထဲ အေမရိကန္သမၼတက အားေဆးထိုးေပးတဲ့ခ်က္လက္မွတ္-Stimulus Check ဆိုၿပီး ျပည္သူတစ္ေယာက္တိုင္း/အိမ္ေထာင္စုတိုင္း (နီးပါး) ကို ေဒၚလာ ၁၂ဝဝ ေပးလိုက္ေသးတယ္ ဆိုေတာ့ကာ အေမရိကားမွာ အလုပ္မလုပ္ဘဲေနတာ ဘယ္ထူးဆန္းေတာ့မတုန္း။

          အထက္ကေျပာခဲ့တာက ရပ္ဆိုင္းသြားတဲ့အလုပ္ေတြအေၾကာင္း။ ေျပာခ်င္တာက အခုမွလာမွာ။ ဒီလိုပ်က္စီးသြားတဲ့လုပ္ငန္းခြင္ေတြရဲ့အျခားတစ္ဖက္မွာ ကုန္ပစၥည္းေရာင္းေကာင္းေနသေလာက္ လူခ်ဲေနပါဆိုတဲ့ ဖယ္ဒရယ္ရဲ့ Social Distancing ေၾကာင့္ အလုပ္သမားအကုန္လုံးကိုတစ္ၿပိဳင္တည္းအလုပ္တက္ခိုင္းလို႔မရလို႔ ရက္ျခား၊ သီတင္းပတ္ျခား၊ စေန တနဂၤေႏြအဆိုင္းေတြအျပင္ ညေနဆိုင္း-Swing Shift ၊ သန္းေခါင္ယံဆိုင္း-Graveyard Shift တို႔ကိုမျဖစ္မေနစီစဥ္လာၾကတယ္။

          အရင္က လူအျပည့္လုပ္တဲ့စက္႐ုံကို လူတစ္ဝက္ပဲအလုပ္ဆင္းခိုင္းရင္ ပစၥည္းတစ္ဝက္ပဲထြက္တယ္။ ဒါေၾကာင့္ ညေနဆိုင္းထပ္တိုးတယ္။ အရင္က မနက္ဆိုင္းေရာ ညေနဆိုင္းေရာထုတ္တယ္။ ဒါကို ပစၥည္းမေလာက္လို႔ အခ်ိန္ပိုပါခိုင္းေသးတယ္။ အခု COVID-19 ျဖစ္ေတာ့ လူတစ္ဝက္ေလၽွာ့ဆိုေတာ့ ေဈးကြက္ထဲမွာ ကိုယ့္ပစၥည္းကရွားပါးလာရင္ တ႐ုတ္ျပည္ကဝင္ဖို႔ေခ်ာင္းေနတဲ့ မဟုတ္က ဟုတ္က အတုအပေတြကေနရာရလာရင္မလြယ္။ ဒါေၾကာင့္ Graveyard Shift ထပ္တိုးတယ္ . . ဒီလို ျဖစ္လာေရာ။ ဒီေနရာမွာ အပိုေငြယားေလးရခ်င္လို႔အခ်ိန္ပိုလုပ္ခ်င္တဲ့ (အမ်ားအားျဖင့္) အာရွတိုက္သားေတြ ေသေရာဗ်။

          ကုမၸဏီေတြက ညေနဆိုင္းတို႔ သန္းေခါင္ယံဆိုင္းတို႔ကို မနက္ဆိုင္းနဲ႔ေဈးအတူတူေပးတာမဟုတ္ပါဘူး။ ကုမၸဏီေပၚမူတည္ၿပီး တိုးေပးတဲ့ရာခိုင္ႏႈန္းေတြမတူၾကဘူး။ ဉပမာ- ၁ နာရီ ၁၅ ေဒၚလာေပးတဲ့ Day Shift ကလူက Swing Shift ေျပာင္းခ်င္ရင္ ၁ဝ% အပိုေဆာင္းေပး။ Graveyard Shift ကိုေျပာင္းခ်င္ရင္ ၂၅% အပိုေဆာင္းေပးတာတို႔ လုပ္လာၾကတယ္။ ဒါေတြအားလုံးဟာ ကပ္ေရာဂါကေတာင္းဆိုလာတဲ့ မူမွန္မဟုတ္တဲ့ New Normal ရဲ့ အစိတ္အပိုင္းတစ္ခုလို႔ ကၽြန္ေတာ္ျမင္ပါတယ္။

          တိုးလာတဲ့ရာခိုင္ႏႈန္းအပိုေဆာင္းေငြက အရင္ရခဲ့တဲ့အခ်ိန္ပိုခ ၁.၅ ဆကို မွီခ်င္မွမွီမယ္။ ဒါေပမဲ့ အျမဲတမ္းရတာ ေသခ်ာတယ္။ အခ်ိန္ပိုဆိုတာ အလုပ္ရဲ့လိုအပ္ခ်က္က အလုပ္ရွင္ကပစၥည္းပိုလိုခ်င္ ပိုထြက္ခ်င္ေတာ့မွေခၚတာဆိုေတာ့ On Demand/On Call မေသခ်ာဘူး။

          ဒါေၾကာင့္ အလုပ္သမားလုပ္ကံပါလာလို႔ အေမရိကားေရာက္တယ္။ ေငြလိုတဲ့ကံပါလာလို႔ အိမ္မွာေအးေအးေဆးေဆးမနားရ အခ်ိန္ပိုလုပ္ရတယ္။ အခု မရွိမျဖစ္အလုပ္ခြင္ထဲမွာပါလို႔ အလုပ္မျပဳတ္ မနားရ အလုပ္တက္ရတယ္။ ဒါက အျမဲၾကားရတဲ့ အေမရိကားေရာက္ျမန္မာေတြရဲ့စတိုရီေတြ။ ကဲ . . ဘာေကာင္းတာက်န္ေသးလဲ?

(ဒီေအာက္ပိုင္းအထိအစအဆုံးကို ၁ ႀကိမ္ထဲဆက္တိုက္ဖတ္လာေပးသူေတြကိုခ်ီးက်ဴးပါတယ္။ စာသားေတြၾကားထဲကို ကိန္းဂဏန္းေတြတမင္သက္သက္ညႇပ္ေရးထားတာ။ ငယ္ငယ္တုန္းကသင္ထားတဲ့သခၤ်ာ ေခါင္းထဲမွာဘယ္ေလာက္က်န္ေသးလဲ စမ္းၾကည့္တာ)

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
06-17-2020

No comments: