ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, April 26, 2020

အလည်ဗီဆာသမားတွေရဲ့လူမသိတဲ့ဝေဒနာ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကျွန်တော် နေရာသစ်ကိုစရောက်ခါစ က ကိုယ့်ဟာကိုယ်သာအခက်ခဲဆုံးလို့ထင်ခဲ့တယ်။ သူများတွေလို မိဘကပိုက်ဆံရှိလို့ ကျောင်းသားဗီဆာနဲ့ပို့လိုက်တာမဟုတ်ဘူး။ ကိုယ်ပိုင်လုပ်ငန်းရှင်မို့လို့ ရင်းနှီးမြှုပ်နှံမှုဗီဆာနဲ့ ဒီဘက်နိုင်ငံကနိုင်ငံသားနဲ့ရှယ်ယာလုပ်ရင်း ဗီဆာဝယ်ခဲ့ရသူမဟုတ်ဘူး။

အခု တဟုန်ထိုး တိုးတက်လာတဲ့တိုင်းပြည်တွေကလုပ်ငန်းရှင်တွေလို ထစ်ကနဲနေငွေပိုလို့ L.A မှာ အိမ်သွားဝယ်လိုက်၊ ဆီလီကွန်လွင်ပြင်မှာ အိမ်ခြံမြေရင်းနှီးမြုပ်နှံထားလိုက်၊ (အိမ်ဈေးတက်တာနဲ့အချိန်ကိုက်) သားသမီးတွေကိုကျောင်းပို့၊ အလုပ်လျှောက်ခိုင်း၊ ဗီဆာ Status ပြောင်းခိုင်း၊ အိမ်ခန်းကဝယ်ပြီးသား၊ ကျောင်းသားကအလုပ်လုပ်ခွင့်လျှောက်၊ ဒါမှမဟုတ် ဒီဘက်နိုင်ငံကတစ်ယောက်ယောက်နဲ့လက်ထပ် . . အဲဒီလိုမျိုးလာခဲ့ရတာမဟုတ်ပေဘူး။

တကယ့် တကယ်ကို မောင်နှမချင်းခေါ်လို့ ရိုးရိုးတန်းတန်းသမရိုးကျ စီစဉ်ကျန ပြောင်းရွှေ့လာခဲ့ရတော့ မောင်သုံညဟာ အောက်ခြေကနေပြန်စရတာပေါ့။ အစပိုင်းက အလုပ် ၁ ခု၊ နောက်ထပ်လုပ်တာက အချိန်ပိုင်းအလုပ် ၂ ခု၊ ဒီလိုနဲ့ ရုန်းရင်းကန်ရင်း ကျောင်းမှန်းကန်မှန်းသိသွားတဲ့တောင်ပေါ်သားလေးဟာတိုတိုနဲ့လိုရင်းပြောရရင် ၅ နှစ်လောက်အကြာမှာအခြေကျခဲ့တယ်ပေါ့ဗျာ။

ဒီအခါမှ မမျှဝေလို့မနေနိုင်တဲ့စိတ်က ဇာတ်လမ်းစတော့တာပါပဲ။ ကျွန်တော်စာစရေးတုန်းက Facebook က ရှိပေမယ့် News Feed တောင် မထွင်ရသေးဘူး။ တစ်ခုခုကြည့်ချင်ရင် ရှာတဲ့အကွက်ထဲမှာ လူနာမည်နဲ့လိုက်ရှာရတယ်။ ကျွန်တော့ထက်အရင် အမေရိကားအကြောင်းရေးနေသူတစ်ချို့ ကျွန်တော်လိုက်ဖတ်ကြည့်တယ်။ အင်မတန်အရေးအသားကောင်းကြတာပဲ။ ဒီအတိုင်းဆိုရင် ကျွန်တော်စာရေးသူတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာသိလာတယ်။

နောက်ကျတော့ ဒီလိုမျှဝေချင်တဲ့စိတ်ကပဲ ထိုင်ရာကနေဆွဲထ၊ သိချင်သူတွေကိုပြောပြ၊ စာတိုလေးရေး၊ Google ရဲ့ ဘလော့ဂ်ပေါ်တင် နဲ့ ကိုယ်ရေးတဲ့စာကိုယ်ပြန်ဖတ်ရင်း ကျေနပ်နေခဲ့ရတာပေါ့။ ကဲ စကားချီ စကားချ ပြောလာတာရှည်သွားပြီ။ လိုရင်းကိုသွားရအောင်။ ဒီလိုဗျ။

အစပိုင်းက အမေရိကားကိုရောက်လာရင်ဘာလုပ်သင့်တယ်၊ ဘာကိုတော့ရှောင်ကျဉ်သင့်တယ်၊ မလာခင်က ဘာတွေကိုပြင်ဆင်ခဲ့သင့်တယ်ဆိုတာတွေကိုစကားပြောလိုရေးရင်း မေးလာသူတွေကိုစာရေးပြီးကူညီနေခဲ့တယ်။ နောက်တော့ DV ။ နောက်ကျတော့ အမေရိကားရဲ့ပြည်ဝင်ခွင့်ပြောင်းလဲမှုတွေအကြောင်းရေး၊ မျက်မှောက်ခေတ်ကာလကို မြန်မာတွေနောက်မကျရရေး ဦးစားပေးရေးဖြစ်လာတယ်။

ဒီအခါမှာ အမေရိကားလာရောက်ချင်သူဦးရေများလာတဲ့အခါကျတော့ အရှေ့ပိုင်းရောက်နှင့်ပြီးသူတွေက (မြန်မာနိုင်ငံမှာလက်ကိုင်ဖုန်းတွေဈေးချလိုက်တဲ့အချိန်ကိုက်) နောက်လူတွေကိုပြန်ပြောပြနိုင် ပြန်မျှဝေနိုင်ဖြစ်လာတာကို ဝမ်းမြောက်စွာတွေ့ရှိလာတယ်။

ဒါပေမဲ့ တစ်ခုခက်တာက ကျွန်တော်က အစိုးရရုံးစာတွေဘယ်လိုလျှောက်ရတာ၊ ဖောင်ဘယ်လိုဖြည့်ရတာ၊ ဘာကိုလိုချင်ရင် ကိုယ်နဲ့အနီးစပ်ဆုံး ဘယ်ရုံးကိုသွား၊ ဘာလုပ်ဆိုတာမျိုးပဲ ပြောပြတတ်တာ၊ နိုင်ငံရေးခိုလှုံခွင့်တို့၊ အလည်ဗီဆာနဲ့လာပြီးမပြန်ဘဲ Asylum လျှောက်တာတို့ကို ကိုယ်တိုင်မသိတာကြောင့် အကြံမပေးဖြစ်ခဲ့ဘူး။ ဒီလိုမေးခွန်းတွေမေးလာရင်လည်း မသိတာကိုမသိဘူးဘဲပြောရင်း ငြင်းဖြစ်တယ်။ ဒါကို လူတွေက မကြိုက်ကြဘူး။

အရင်တုန်းကလိုဆိုရင် (၂ဝ၁၈ ကုန်အထိက) ဘာမှမသိသာဘူး။ အစိုးရကသူ့အလုပ်သူလုပ်၊ ပြောင်းရွှေ့ဗီဆာသမားက သူ့အမျိုးခေါ်လို့သူ့ဟာသူလာ၊ DV သမား TB ဆေးမသောက်ရရင် ၄ လ ဆိုအရောက်၊ အလည်ဗီဆာသမား လာလည်/ငွေသုံး/လက်ဆောင်ဝယ်/ပြန်၊ ကျောင်းသားဗီဆာသမား ကျောင်းလာတက် ဘယ်နေရာမှာမှ Highlight လုပ်စရာမလိုအောင် အဆင်ပြေပြေလုပ်ကိုင်လည်ပတ်နေကြတယ်။

နောက်ပိုင်းကျတော့ အမေရိကန်ရွေးကောက်ပွဲကနီးလာ၊ သမ္မတကိုအတိုက်အခံတွေကအမျိုးမျိုးထိုးနှက်၊ သမ္မတက မဲစရာမရှိတော့ နောက်ပြောင်းရွှေ့လာမယ့် New Immigrant တွေကိုပိတ်ပင်၊ ဒီနေရာမှာအရေးကြီးကိစ္စတစ်ခုကဖြစ်လာ၊ အလည်ဗီဆာနဲ့လာပြီးအလုပ်လုပ်ချင်သူတွေပို၍ပို၍များလာ၊ အခုနောက်ဆုံး အသက်အန္တရာယ်အထိခြိမ်းခြောက်လာတဲ့ COVID-19 ကြောင့် အလုပ်တွေပြုတ်နေပါတယ်ဆိုမှ ကဒ်ပြားမရှိတဲ့ အလည်ဗီဆာသမားတွေ ဒုက္ခပင်လယ်ဝေနေကြတဲ့အကြောင်းတွေးမိတိုင်း အင်မတန်စိတ်မသက်မသာဖြစ်ရပါတယ်။

သူတို့ကို ကျွန်တော်ကူညီနိုင်လားမေးကြည့် . . မကူညီနိုင်ပါ။ ဒီအချိန်မှာ ကဒ်ပြားရှိသူတွေကိုယ်တိုင် လခရပြီးအလုပ်မတက်ရတာက ၁ လ လောက်၊ လုပ်ခမရဘဲ အလုပ်မတက်ရတာက ၂ လ လောက်၊ အလုပ်မလာပါနဲ့တော့ဆိုတဲ့သူတွေများမှများကြားထဲမှာ "ငါတို့ရဲ့အမေရိကားအိပ်မက်ကိုအကောင်အထည်ဖော်ရအောင်" ဆိုပြီး နည်းမျိုးစုံနဲ့ရောက်လာတဲ့ (ပြန်သွားရင်နောက်တစ်ခေါက်ပြည်ပြန်ဝင်နိုင်ဖို့မသေချာတဲ့) အလည်ဗီဆာသမားတွေလောက် ဒုက္ခရောက်သူမရှိပါဘူး။

သူတို့ကို ငွေသား-Cash ပေးပြီး တရားမဝင်အလုပ်ခန့်မယ့်အလုပ်ရှင်ကိုယ်တိုင် အလုပ်ဆိုင်းလျှော့၊ အလုပ်ချိန်လျှော့၊ လူထိုင်စားခွင့်လျှော့ (စားသောက်ဆိုင်)၊ ဝန်ထမ်းလျှော့ နဲ့ သူ့ဟာသူတောင် အနိုင်နိုင်။ ဒီအတိုင်းသာဆိုရင် ဒီလို အောက်ဆိုဒ်ငှားတဲ့ဆိုင်တွေ အမေရိကားမှာကျန်တောင်ကျန်ပါတော့မလားလို့တောင် သံသယဝင်မိလာတယ်။

ကိုယ်တိုင်လုပ်နေတဲ့အလုပ်က Essential Work ထဲပါလို့ပုံမှန်အလုပ်တက်နေရတာကံကောင်းတယ်လို့ပြောရမလား? လက်ရှိအခြေအနေနဲ့အလုပ်နေ့တိုင်းတက်နေရတာ ရောဂါပြန့်နှံ့နေတဲ့ကြားကစွန့်စားလွန်းတယ်လို့ဆိုရမလား? မပြောတတ်တော့ပါဘူး။

ဒါပေမဲ့ အခြေချမယ်ဆိုပြီးနယ်ကျွံလာသူတွေပြည်တော်လည်းမပြန်နိုင်၊ အလုပ်ကလည်းရှာမရ၊ ဗီဆာသက်တမ်းတိုးဖို့ကလည်း မလုပ်တတ် မကိုင်တတ်၊ ဆက်နေဖို့ကလည်း စားဝတ်နေရေးအတွက်မြန်မာနိုင်ငံကိုငွေပြန်မှာရမယ့်ကိန်းဆိုက်နေတော့ ရေရေလည်လည်ကျပ်တည်းနေတာအမှန်ပါ။

အစပိုင်းကတည်းကပြောပြီးပြီနော်။ အခက်အခဲကျရောက်နေချိန်မှာ ဖုန်းပြော၊ စာပြန်၊ လူတွေ့ကူညီဖို့ခက်နေပေမယ့် မလာခင်/ရောက်ခါစ/ရောက်ပြီး ၆ လ အထိ အထောက်အကူရနိုင်မယ့်စာတွေစုစည်းပေးထားတဲ့စာအုပ်တော့ရှိပါတယ်လို့ တဖန်ပြန်အသိပေးပါရစေ။ ကြော်ငြာတယ်ထင်ရင်လည်း ပျော်ပါတယ်။ အမှန်ကလည်း ကြော်ငြာတာပါပဲ။

တကယ်လိုတဲ့အချိန်ရှာလို့မရဖြစ်နေမယ့်အချက်အလက်တွေကို ကြိုတင်လေ့လာခြင်းဖြင့်စုဆောင်းနိင်ပါတယ်။ တစ်ယောက်ဆိုရင် "ကိုညီက စာအုပ်ထဲမှာ တရားမဝင်လာသူတွေကိုဘာမှလမ်းမညွှန်ပေးလို့" တဲ့ အပြစ်ပြောတယ်။ မှန်ပါတယ် ကြိုတင်ပြင်ဆင်ဖို့ "ဒါဖတ်ထားပြီးမှသွားသင့်တဲ့အမေရိကား" ကို‌ ရေးခဲ့တာပါ။

အခုဆိုရင် တိုက်ပိုင်စိတ်ကူးချိုချိုက လျှော့ဈေးပေးနေချိန်နဲ့လည်းအချိန်ကိုက်နေတဲ့အပြင် လူသိများတဲ့ အင်းဝ၊ စာပေလောက၊ စီးတီးမတ်၊ အိုးရှင်း၊ ပန်းဆက်လမ်း နဲ့ လူဝင်လူထွက်များတဲ့စာအုပ်ဆိုင်တိုင်းမှာမေးမြန်းမှာယူနိုင်ပါတယ်။ အခုလို Stay at Home ကာလမှာ စာအုပ်တိုက်ရဲ့စာမျက်နှာတွေကနေရှိမရှိလှမ်းမေးပြီးမှာရင်လည်း အင်မတန်အဆင်ပြေပြေစာဖတ်ဖို့အခွင့်ကောင်းဆိုတာလည်းပြောပြလိုက်ချင်ပါတယ်။

အမေရိကားအတွင်းကပြည်နယ်တွေကိုတော့ eBay က https://www.ebay.com/itm/233521955788 ဒီလိပ်စာကနေ မှာယူနိုင်ပါတယ်။ စိတ်ဓာတ်သာအဓိကဆိုပေမယ့် အမေရိကားနဲ့ပတ်သက်လာရင်တော့
"ပထမ- ပြင်ဆင်ခြင်း
ဒုတိယ-ပြင်ဆင်ခြင်း
တတိယ-ပြင်ဆင်ခြင်း
ဒီရောက်ရင်-ရင်ဆိုင်ခြင်း"
လို့ပြောရင်း အိမ်တွင်းအောင်းတွေ အနာဂတ်ကောင်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-26-2020

<Zawgyi>

"အလည္ဗီဆာသမားေတြရဲ့လူမသိတဲ့ေဝဒနာ" ကၽြန္ေတာ္ ေနရာသစ္ကိုစေရာက္ခါစ က ကိုယ့္ဟာကိုယ္သာအခက္ခဲဆုံးလို႔ထင္ခဲ့တယ္။ သူမ်ားေတြလို မိဘကပိုက္ဆံရွိလို႔ ေက်ာင္းသားဗီဆာနဲ႔ပို႔လိုက္တာမဟုတ္ဘူး။ ကိုယ္ပိုင္လုပ္ငန္းရွင္မို႔လို႔ ရင္းႏွီးျမႇုပ္ႏွံမႈဗီဆာနဲ႔ ဒီဘက္နိုင္ငံကနိုင္ငံသားနဲ႔ရွယ္ယာလုပ္ရင္း ဗီဆာဝယ္ခဲ့ရသူမဟုတ္ဘူး။ အခု တဟုန္ထိုး တိုးတက္လာတဲ့တိုင္းျပည္ေတြကလုပ္ငန္းရွင္ေတြလို ထစ္ကနဲေနေငြပိုလို႔ L.A မွာ အိမ္သြားဝယ္လိုက္၊ ဆီလီကြန္လြင္ျပင္မွာ အိမ္ၿခံေျမရင္းႏွီးျမဳပ္ႏွံထားလိုက္၊ (အိမ္ေဈးတက္တာနဲ႔အခ်ိန္ကိုက္) သားသမီးေတြကိုေက်ာင္းပို႔၊ အလုပ္ေလၽွာက္ခိုင္း၊ ဗီဆာ Status ေျပာင္းခိုင္း၊ အိမ္ခန္းကဝယ္ၿပီးသား၊ ေက်ာင္းသားကအလုပ္လုပ္ခြင့္ေလၽွာက္၊ ဒါမွမဟုတ္ ဒီဘက္နိုင္ငံကတစ္ေယာက္ေယာက္နဲ႔လက္ထပ္ . . အဲဒီလိုမ်ိဳးလာခဲ့ရတာမဟုတ္ေပဘူး။ တကယ့္ တကယ္ကို ေမာင္ႏွမခ်င္းေခၚလို႔ ရိုးရိုးတန္းတန္းသမရိုးက် စီစဥ္က်န ေျပာင္းေရႊ႕လာခဲ့ရေတာ့ ေမာင္သုံညဟာ ေအာက္ေျခကေနျပန္စရတာေပါ့။ အစပိုင္းက အလုပ္ ၁ ခု၊ ေနာက္ထပ္လုပ္တာက အခ်ိန္ပိုင္းအလုပ္ ၂ ခု၊ ဒီလိုနဲ႔ ႐ုန္းရင္းကန္ရင္း ေက်ာင္းမွန္းကန္မွန္းသိသြားတဲ့ေတာင္ေပၚသားေလးဟာတိုတိုနဲ႔လိုရင္းေျပာရရင္ ၅ ႏွစ္ေလာက္အၾကာမွာအေျခက်ခဲ့တယ္ေပါ့ဗ်ာ။ ဒီအခါမွ မမၽွေဝလို႔မေနနိုင္တဲ့စိတ္က ဇာတ္လမ္းစေတာ့တာပါပဲ။ ကၽြန္ေတာ္စာစေရးတုန္းက Facebook က ရွိေပမယ့္ News Feed ေတာင္ မထြင္ရေသးဘူး။ တစ္ခုခုၾကည့္ခ်င္ရင္ ရွာတဲ့အကြက္ထဲမွာ လူနာမည္နဲ႔လိုက္ရွာရတယ္။ ကၽြန္ေတာ့ထက္အရင္ အေမရိကားအေၾကာင္းေရးေနသူတစ္ခ်ိဳ႕ ကၽြန္ေတာ္လိုက္ဖတ္ၾကည့္တယ္။ အင္မတန္အေရးအသားေကာင္းၾကတာပဲ။ ဒီအတိုင္းဆိုရင္ ကၽြန္ေတာ္စာေရးသူတစ္ေယာက္မျဖစ္နိုင္ဘူးဆိုတာသိလာတယ္။ ေနာက္က်ေတာ့ ဒီလိုမၽွေဝခ်င္တဲ့စိတ္ကပဲ ထိုင္ရာကေနဆြဲထ၊ သိချင်သူင္ေတြကိုေျပာျပ၊ စာတိုေလးေရး၊ Google ရဲ့ ဘေလာ့ဂ္ေပၚတင္ နဲ႔ ကိုယ္ေရးတဲ့စာကိုယ္ျပန္ဖတ္ရင္း ေက်နပ္ေနခဲ့ရတာေပါ့။ ကဲ စကားခ်ီ စကားခ် ေျပာလာတာရွည္သြားၿပီ။ လိုရင္းကိုသြားရေအာင္။ ဒီလိုဗ်။ အစပိုင္းက အေမရိကားကိုေရာက္လာရင္ဘာလုပ္သင့္တယ္၊ ဘာကိုေတာ့ေရွာင္က်ဥ္သင့္တယ္၊ မလာခင္က ဘာေတြကိုျပင္ဆင္ခဲ့သင့္တယ္ဆိုတာေတြကိုစကားေျပာလိုေရးရင္း ေမးလာသူေတြကိုစာေရးၿပီးကူညီေနခဲ့တယ္။ ေနာက္ေတာ့ DV ။ ေနာက္က်ေတာ့ အေမရိကားရဲ့ျပည္ဝင္ခြင့္ေျပာင္းလဲမႈေတြအေၾကာင္းေရး၊ မ်က္ေမွာက္ေခတ္ကာလကို ျမန္မာေတြေနာက္မက်ရေရး ဦးစားေပးေရးျဖစ္လာတယ္။ ဒီအခါမွာ အေမရိကားလာေရာက္ခ်င္သူဦးေရမ်ားလာတဲ့အခါက်ေတာ့ အေရွ႕ပိုင္းေရာက္ႏွင့္ၿပီးသူေတြက (ျမန္မာနိုင္ငံမွာလက္ကိုင္ဖုန္းေတြေဈးခ်လိုက္တဲ့အခ်ိန္ကိုက္) ေနာက္လူေတြကိုျပန္ေျပာျပနိုင္ ျပန္မၽွေဝနိုင္ျဖစ္လာတာကို ဝမ္းေျမာက္စြာေတြ႕ရွိလာတယ္။ ဒါေပမဲ့ တစ္ခုခက္တာက ကၽြန္ေတာ္က အစိုးရ႐ုံးစာေတြဘယ္လိုေလၽွာက္ရတာ၊ ေဖာင္ဘယ္လိုျဖည့္ရတာ၊ ဘာကိုလိုခ်င္ရင္ ကိုယ္နဲ႔အနီးစပ္ဆုံး ဘယ္႐ုံးကိုသြား၊ ဘာလုပ္ဆိုတာမ်ိဳးပဲ ေျပာျပတတ္တာ၊ နိုင္ငံေရးခိုလႈံခြင့္တို႔၊ အလည္ဗီဆာနဲ႔လာၿပီးမျပန္ဘဲ Asylum ေလၽွာက္တာတို႔ကို ကိုယ္တိုင္မသိတာေၾကာင့္ အႀကံမေပးျဖစ္ခဲ့ဘူး။ ဒီလိုေမးခြန္းေတြေမးလာရင္လည္း မသိတာကိုမသိဘူးဘဲေျပာရင္း ျငင္းျဖစ္တယ္။ ဒါကို လူေတြက မႀကိဳက္ၾကဘူး။ အရင္တုန္းကလိုဆိုရင္ (၂ဝ၁၈ ကုန္အထိက) ဘာမွမသိသာဘူး။ အစိုးရကသူ႔အလုပ္သူလုပ္၊ ေျပာင္းေရႊ႕ဗီဆာသမားက သူ႔အမ်ိဳးေခၚလို႔သူ႔ဟာသူလာ၊ DV သမား TB ေဆးမေသာက္ရရင္ ၄ လ ဆိုအေရာက္၊ အလည္ဗီဆာသမား လာလည္/ေငြသုံး/လက္ေဆာင္ဝယ္/ျပန္၊ ေက်ာင္းသားဗီဆာသမား ေက်ာင္းလာတက္ ဘယ္ေနရာမွာမွ Highlight လုပ္စရာမလိုေအာင္ အဆင္ေျပေျပလုပ္ကိုင္လည္ပတ္ေနၾကတယ္။ ေနာက္ပိုင္းက်ေတာ့ အေမရိကန္ေရြးေကာက္ပြဲကနီးလာ၊ သမၼတကိုအတိုက္အခံေတြကအမ်ိဳးမ်ိဳးထိုးႏွက္၊ သမၼတက မဲစရာမရွိေတာ့ ေနာက္ေျပာင္းေရႊ႕လာမယ့္ New Immigrant ေတြကိုပိတ္ပင္၊ ဒီေနရာမွာအေရးႀကီးကိစၥတစ္ခုကျဖစ္လာ၊ အလည္ဗီဆာနဲ႔လာၿပီးအလုပ္လုပ္ခ်င္သူေတြပို၍ပို၍မ်ားလာ၊ အခုေနာက္ဆုံး အသက္အႏၲရာယ္အထိၿခိမ္းေျခာက္လာတဲ့ COVID-19 ေၾကာင့္ အလုပ္ေတြျပဳတ္ေနပါတယ္ဆိုမွ ကဒ္ျပားမရွိတဲ့ အလည္ဗီဆာသမားေတြ ဒုကၡပင္လယ္ေဝေနၾကတဲ့အေၾကာင္းေတြးမိတိုင္း အင္မတန္စိတ္မသက္မသာျဖစ္ရပါတယ္။ သူတို႔ကို ကၽြန္ေတာ္ကူညီနိုင္လားေမးၾကည့္ . . မကူညီနိုင္ပါ။ ဒီအခ်ိန္မွာ ကဒ္ျပားရွိသူေတြကိုယ္တိုင္ လခရၿပီးအလုပ္မတက္ရတာက ၁ လ ေလာက္၊ လုပ္ခမရဘဲ အလုပ္မတက္ရတာက ၂ လ ေလာက္၊ အလုပ္မလာပါနဲ႔ေတာ့ဆိုတဲ့သူေတြမ်ားမွမ်ားၾကားထဲမွာ "ငါတို႔ရဲ့အေမရိကားအိပ္မက္ကိုအေကာင္အထည္ေဖာ္ရေအာင္" ဆိုၿပီး နည္းမ်ိဳးစုံနဲ႔ေရာက္လာတဲ့ (ျပန္သြားရင္ေနာက္တစ္ေခါက္ျပည္ျပန္ဝင္နိုင္ဖို႔မေသခ်ာတဲ့) အလည္ဗီဆာသမားေတြေလာက္ ဒုကၡေရာက္သူမရွိပါဘူး။ သူတို႔ကို ေငြသား-Cash ေပးၿပီး တရားမဝင္အလုပ္ခန႔္မယ့္အလုပ္ရွင္ကိုယ္တိုင္ အလုပ္ဆိုင္းေလၽွာ့၊ အလုပ္ခ်ိန္ေလၽွာ့၊ လူထိုင္စားခြင့္ေလၽွာ့ (စားေသာက္ဆိုင္)၊ ဝန္ထမ္းေလၽွာ့ နဲ႔ သူ႔ဟာသူေတာင္ အနိုင္နိုင္။ ဒီအတိုင္းသာဆိုရင္ ဒီလို ေအာက္ဆိုဒ္ငွားတဲ့ဆိုင္ေတြ အေမရိကားမွာက်န္ေတာင္က်န္ပါေတာ့မလားလို႔ေတာင္ သံသယဝင္မိလာတယ္။ ကိုယ္တိုင္လုပ္ေနတဲ့အလုပ္က Essential Work ထဲပါလို႔ပုံမွန္အလုပ္တက္ေနရတာကံေကာင္းတယ္လို႔ေျပာရမလား? လက္ရွိအေျခအေနနဲ႔အလုပ္ေန႔တိုင္းတက္ေနရတာ ေရာဂါျပန႔္ႏွံ့ေနတဲ့ၾကားကစြန႔္စားလြန္းတယ္လို႔ဆိုရမလား? မေျပာတတ္ေတာ့ပါဘူး။ ဒါေပမဲ့ အေျခခ်မယ္ဆိုၿပီးနယ္ကၽြံလာသူေတြျပည္ေတာ္လည္းမျပန္နိုင္၊ အလုပ္ကလည္းရွာမရ၊ ဗီဆာသက္တမ္းတိုးဖို႔ကလည္း မလုပ္တတ္ မကိုင္တတ္၊ ဆက္ေနဖို႔ကလည္း စားဝတ္ေနေရးအတြက္ျမန္မာနိုင္ငံကိုေငြျပန္မွာရမယ့္ကိန္းဆိုက္ေနေတာ့ ေရေရလည္လည္က်ပ္တည္းေနတာအမွန္ပါ။ အစပိုင္းကတည္းကေျပာၿပီးၿပီေနာ္။ အခက္အခဲက်ေရာက္ေနခ်ိန္မွာ ဖုန္းေျပာ၊ စာျပန္၊ လူေတြ႕ကူညီဖို႔ခက္ေနေပမယ့္ မလာခင္/ေရာက္ခါစ/ေရာက္ၿပီး ၆ လ အထိ အေထာက္အကူရနိုင္မယ့္စာေတြစုစည္းေပးထားတဲ့စာအုပ္ေတာ့ရွိပါတယ္လို႔ တဖန္ျပန္အသိေပးပါရေစ။ ေၾကာ္ျငာတယ္ထင္ရင္လည္း ေပ်ာ္ပါတယ္။ အမွန္ကလည္း ေၾကာ္ျငာတာပါပဲ။ တကယ္လိုတဲ့အခ်ိန္ရွာလို႔မရျဖစ္ေနမယ့္အခ်က္အလက္ေတြကို ႀကိဳတင္ေလ့လာျခင္းျဖင့္စုေဆာင္းနိင္ပါတယ္။ တစ္ေယာက္ဆိုရင္ "ကိုညီက စာအုပ္ထဲမွာ တရားမဝင္လာသူေတြကိုဘာမွလမ္းမညႊန္ေပးလို႔" တဲ့ အျပစ္ေျပာတယ္။ မွန္ပါတယ္ ႀကိဳတင္ျပင္ဆင္ဖို႔ "ဒါဖတ္ထားၿပီးမွသြားသင့္တဲ့အေမရိကား" ကို‌ ေရးခဲ့တာပါ။ အခုဆိုရင္ တိုက္ပိုင္စိတ္ကူးခ်ိဳခ်ိဳက ေလၽွာ့ေဈးေပးေနခ်ိန္နဲ႔လည္းအခ်ိန္ကိုက္ေနတဲ့အျပင္ လူသိမ်ားတဲ့ အင္းဝ၊ စာေပေလာက၊ စီးတီးမတ္၊ အိုးရွင္း၊ ပန္းဆက္လမ္း နဲ႔ လူဝင္လူထြက္မ်ားတဲ့စာအုပ္ဆိုင္တိုင္းမွာေမးျမန္းမွာယူနိုင္ပါတယ္။ အခုလို Stay at Home ကာလမွာ စာအုပ္တိုက္ရဲ့စာမ်က္ႏွာေတြကေနရွိမရွိလွမ္းေမးၿပီးမွာရင္လည္း အင္မတန္အဆင္ေျပေျပစာဖတ္ဖို႔အခြင့္ေကာင္းဆိုတာလည္းေျပာျပလိုက္ခ်င္ပါတယ္။ အေမရိကားအတြင္းကျပည္နယ္ေတြကိုေတာ့ eBay က https://www.ebay.com/itm/233521955788 ဒီလိပ္စာကေန မွာယူနိုင္ပါတယ္။ စိတ္ဓာတ္သာအဓိကဆိုေပမယ့် အေမရိကားနဲ႔ပတ္သက္လာရင္ေတာ့ "ပထမ- ျပင္ဆင္ျခင္း ဒုတိယ-ျပင္ဆင္ျခင္း တတိယ-ျပင္ဆင္ျခင္း ဒီေရာက္ရင္-ရင္ဆိုင္ျခင္း" လို႔ေျပာရင္း အိမ္တြင္းေအာင္းေတြ အနာဂတ္ေကာင္းၾကပါေစေၾကာင္းဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။ ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 04-26-2020

No comments: