ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, March 24, 2018

Parents Who Address

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
Parents who address and speak to their children as if they were adults find that their children have an easier time navigating the real world, as they feel more comfortable speaking to and communicating with adults.
.
ဒီစာစုေလးကုိ အင္တာနက္မွာရွာခဲ႕တာမဟုတ္သလို စာအုပ္ေတြထဲကဖတ္ရႈခဲ႕တာမဟုတ္ပါဘူး။ နားနဲ႕ဆတ္ဆတ္ၾကားခဲ႕တဲ႕အျပင္ ႏွလံုးသားနဲ႕နားေထာင္ခဲ႕ရတဲ႕စကားစုေလးပါ။
.
.
Parents who address and speak to their children (မိဘေတြစကားလက္ခံေျပာေပးတဲ႕)
.
if they were adults (သားသမီးေတြ လူလားေျမာက္ၾကီးျပင္းလာတဲ႕အခါ)
.
find that their children have an easier time navigating the real world, (သူတုိ႕ရဲ႕ တကယ္႕လက္ေတြ႕ဘဝကိုေလွ်ာက္လွမ္းဖို႕ ပိုမိုလြယ္ကူေစပါတယ္)
.
as they feel more comfortable speaking to (တစ္ဆက္တည္းမွာ သူတုိ႕ဟာ စကားေျပာဆုိရာမွာပိုမိုအဆင္ေျပရံုမက)
.
and communicating with adults. (လူၾကီးေတြနဲ႕ဆက္ဆံတဲ႕အခါမွာ ထင္ထားတာထက္ပိုမိုေခ်ာေမြ႕ေစပါတယ္)
.
.
ဒါက ကြ်န္ေတာ္တုိ႕ရဲ႕သား "စြမ္း" ေျပာျပလို႕သိရတဲ႕ အသိပညာတစ္ခုပါ။ ဒီလိုအသိပညာဟာ အႏွစ္ (၄ဝ) ေက်ာ္အတြင္း ကြ်န္ေတာ္နဲ႕ရင္းႏွီးတဲ႕ကိုယ္က်င္႕တရားတစ္ခုမျဖစ္ခဲ႕ဘူး။ ကြ်န္ေတာ္အထိန္းအေက်ာင္းခံရတဲ႕ ကြန္ျမဴနစ္စံနစ္ / အထက္အမိန္႕ကုိနာခံျပီး ဘာမွျပန္ေျပာခြင္႕မရွိတဲ႕ဘဝလမ္းတေလွ်ာက္မွာ ဒီအသိဟာ ဘယ္နံရံမွာမွကပ္မထားခဲ႕ဘူး။
.
.
ကြ်န္ေတာ္လည္း သားသမီးရဲ႕ေအာင္ျမင္မႈေတြကိုၾကြားေလ႕ရွိပါတယ္ . . မညာပါဘူး။ ဒါဟာ လူေတာထဲမွာထင္ေပၚလိုျခင္းအလ်ဥ္းမရွိသလို ကေလးကိုလည္း သူသြားေနတဲ႕လမ္းေၾကာင္းအတြက္ အေႏွာင္႕အယွက္မျဖစ္ေစခ်င္ပါဘူး။ ဒါေပမယ္႕ သတိထားတယ္။ တစ္ခ်ိဳ႕က ဘာဆုရ၊ ညာဆုရ ဒါေလာက္ပဲေရးၾကတာ ဘယ္လိုလုပ္ခဲ႕ျပီး ဘာေတြသင္ခန္းစာရခဲ႕တယ္ဆုိတာမပါဘူး။ သားသမီးအေၾကာင္းေရးတဲ႕ကြ်န္ေတာ႕ရဲ႕ပို႕စ္ေတြမွာ ေပးစရာသတင္းစကားတစ္ခု အျမဲပါတယ္ဆိုတာ ဖတ္ေနၾကမိတ္ေဆြေတြသိၾကပါလိမ္႕မယ္။
.
.
သားသမီးရဲ႕အသံ၊ သားသမီးရဲ႕အေတြ႕အၾကံဳ၊ သူတုိ႕တတ္ထားတဲ႕ပညာ နဲ႕ သူတို႕ၾကံဳခဲ႕ရတဲ႕ေျခာက္ေသြ႕တဲ႕ေန႕ရက္ေတြအေၾကာင္း နားေထာင္တတ္ဖို႕ ကြ်န္ေတာ႕သမီး နဲ႕ သား တုိ႕က သင္ေပးခဲ႕တယ္။ အခု ကြ်န္ေတာ႕စာဖတ္ေနသူေတြကုိျပန္ေျပာျပေတာ႕ လူ (၅) ေယာက္မွာ (၄) ေယာက္က လက္မခံပါဘူး။ ဘာလို႕လဲဆုိေတာ႕ သူတုိ႕ရဲ႕အတြင္းစိတ္အဇၨ်တၱကုိ အခုအခ်ိန္အထိအႏုိင္ေပးေနတုန္းေလ။
.
.
ဒီၾကားထဲ သူတုိ႕သားသမီးကုိ "တယ္ . . ငါလုပ္လုိက္ရ!" တို႕ "မင္းဘာမွလွ်ာမရွည္နဲ႕ . . ငါေျပာတာကိုလုပ္" ဆုိတဲ႕ေဇာကို ေခ်ာေမြ႕သြားေအာင္ အေသာမွမသတ္ႏုိင္ၾကေသးပဲေလ . . မဆန္းပါဘူး။ ကြ်န္ေတာ္ကေတာ႕ သားသမီးေတြနဲ႕ေတြ႕တဲ႕အခါ အျမဲနားေထာင္ျဖစ္တယ္။ ဆက္ေျပာလို႕ရရင္ ဆက္ေျပာတယ္။ အျမင္မတူရင္ ျငင္းတယ္။ မသိရင္ ေမးတယ္။ ဒါ ကြ်န္ေတာ႕ရဲ႕ ေနာက္ပိုင္းျပဳျပင္လာတဲ႕ဝါဒ ပါပဲ မိတ္ေဆြတုိ႕ခင္မ်ား . .။
.
.
ဒီေန႕ ကေလးနားကသင္ယူခဲ႕ရတာကေတာ႕ "မိဘေတြစကားလက္ခံေျပာေပးတဲ႕သားသမီးေတြ လူလားေျမာက္ၾကီးျပင္းလာတဲ႕အခါ သူတုိ႕ရဲ႕ တကယ္႕လက္ေတြ႕ဘဝကိုေလွ်ာက္လွမ္းဖို႕ ပိုမိုလြယ္ကူေစပါတယ္။ တစ္ဆက္တည္းမွာ သူတုိ႕ဟာ စကားေျပာဆုိရာမွာပိုမိုအဆင္ေျပရံုမက လူၾကီးေတြနဲ႕ဆက္ဆံတဲ႕အခါမွာ ထင္ထားတာထက္ပိုမိုေခ်ာေမြ႕ေစပါတယ္" ဆုိတာပဲ ျဖစ္ပါတယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 03-24-2018
.
Unicode Version:
.
.
Parents who address and speak to their children as if they were adults find that their children have an easier time navigating the real world, as they feel more comfortable speaking to and communicating with adults.
.
ဒီစာစုလေးကို အင်တာနက်မှာရှာခဲ့တာမဟုတ်သလို စာအုပ်တွေထဲကဖတ်ရှုခဲ့တာမဟုတ်ပါဘူး။ နားနဲ့ဆတ်ဆတ်ကြားခဲ့တဲ့အပြင် နှလုံးသားနဲ့နားထောင်ခဲ့ရတဲ့စကားစုလေးပါ။
.
.
Parents who address and speak to their children (မိဘတွေစကားလက်ခံပြောပေးတဲ့)
.
if they were adults (သားသမီးတွေ လူလားမြောက်ကြီးပြင်းလာတဲ့အခါ)
.
find that their children have an easier time navigating the real world, (သူတို့ရဲ့ တကယ့်လက်တွေ့ဘဝကိုလျှောက်လှမ်းဖို့ ပိုမိုလွယ်ကူစေပါတယ်)
.
as they feel more comfortable speaking to (တစ်ဆက်တည်းမှာ သူတို့ဟာ စကားပြောဆိုရာမှာပိုမိုအဆင်ပြေရုံမက)

.

and communicating with adults. (လူကြီးတွေနဲ့ဆက်ဆံတဲ့အခါမှာ ထင်ထားတာထက်ပိုမိုချောမွေ့စေပါတယ်)
.
.
ဒါက ကျွန်တော်တို့ရဲ့သား "စွမ်း" ပြောပြလို့သိရတဲ့ အသိပညာတစ်ခုပါ။ ဒီလိုအသိပညာဟာ အနှစ် (၄ဝ) ကျော်အတွင်း ကျွန်တော်နဲ့ရင်းနှီးတဲ့ကိုယ်ကျင့်တရားတစ်ခုမဖြစ်ခဲ့ဘူး။ ကျွန်တော်အထိန်းအကျောင်းခံရတဲ့ ကွန်မြူနစ်စံနစ် / အထက်အမိန့်ကိုနာခံပြီး ဘာမှပြန်ပြောခွင့်မရှိတဲ့ဘဝလမ်းတလျှောက်မှာ ဒီအသိဟာ ဘယ်နံရံမှာမှကပ်မထားခဲ့ဘူး။
.
.
ကျွန်တော်လည်း သားသမီးရဲ့အောင်မြင်မှုတွေကိုကြွားလေ့ရှိပါတယ် . . မညာပါဘူး။ ဒါဟာ လူတောထဲမှာထင်ပေါ်လိုခြင်းအလျဉ်းမရှိသလို ကလေးကိုလည်း သူသွားနေတဲ့လမ်းကြောင်းအတွက် အနှောင့်အယှက်မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် သတိထားတယ်။ တစ်ချို့က ဘာဆုရ၊ ညာဆုရ ဒါလောက်ပဲရေးကြတာ ဘယ်လိုလုပ်ခဲ့ပြီး ဘာတွေသင်ခန်းစာရခဲ့တယ်ဆိုတာမပါဘူး။ သားသမီးအကြောင်းရေးတဲ့ကျွန်တော့ရဲ့ပို့စ်တွေမှာ ပေးစရာသတင်းစကားတစ်ခု အမြဲပါတယ်ဆိုတာ ဖတ်နေကြမိတ်ဆွေတွေသိကြပါလိမ့်မယ်။
.
.
သားသမီးရဲ့အသံ၊ သားသမီးရဲ့အတွေ့အကြုံ၊ သူတို့တတ်ထားတဲ့ပညာ နဲ့ သူတို့ကြံုခဲ့ရတဲ့ခြောက်သွေ့တဲ့နေ့ရက်တွေအကြောင်း နားထောင်တတ်ဖို့ ကျွန်တော့သမီး နဲ့ သား တို့က သင်ပေးခဲ့တယ်။ အခု ကျွန်တော့စာဖတ်နေသူတွေကိုပြန်ပြောပြတော့ လူ (၅) ယောက်မှာ (၄) ယောက်က လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အတွင်းစိတ်အဇ္ဇျတ္တကို အခုအချိန်အထိအနိုင်ပေးနေတုန်းလေ။
.
.
ဒီကြားထဲ သူတို့သားသမီးကို "တယ် . . ငါလုပ်လိုက်ရ!" တို့ "မင်းဘာမှလျှာမရှည်နဲ့ . . ငါပြောတာကိုလုပ်" ဆိုတဲ့ဇောကို ချောမွေ့သွားအောင် အသောမှမသတ်နိုင်ကြသေးပဲလေ . . မဆန်းပါဘူး။ ကျွန်တော်ကတော့ သားသမီးတွေနဲ့တွေ့တဲ့အခါ အမြဲနားထောင်ဖြစ်တယ်။ ဆက်ပြောလို့ရရင် ဆက်ပြောတယ်။ အမြင်မတူရင် ငြင်းတယ်။ မသိရင် မေးတယ်။ ဒါ ကျွန်တော့ရဲ့ နောက်ပိုင်းပြုပြင်လာတဲ့ဝါဒ ပါပဲ မိတ်ဆွေတို့ခင်များ . .။
.
.
ဒီနေ့ ကလေးနားကသင်ယူခဲ့ရတာကတော့ "မိဘတွေစကားလက်ခံပြောပေးတဲ့သားသမီးတွေ လူလားမြောက်ကြီးပြင်းလာတဲ့အခါ သူတို့ရဲ့ တကယ့်လက်တွေ့ဘဝကိုလျှောက်လှမ်းဖို့ ပိုမိုလွယ်ကူစေပါတယ်။ တစ်ဆက်တည်းမှာ သူတို့ဟာ စကားပြောဆိုရာမှာပိုမိုအဆင်ပြေရုံမက လူကြီးတွေနဲ့ဆက်ဆံတဲ့အခါမှာ ထင်ထားတာထက်ပိုမိုချောမွေ့စေပါတယ်" ဆိုတာပဲ ဖြစ်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 03-24-2018

No comments: