ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 31, 2016

သြးေၾကာပိတ္တာေတြကို ကုသေပးမယ္႕ Penumbra System

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
လူတစ္ကိုယ္ေရာဂါတစ္မ်ိဳးလို႕ေျပာရေအာင္ အခုေခတ္မွာ အမ်ိဳးအစားစံုေရာဂါေတြေၾကာင္႕ လူေတြစိတ္ညစ္ၾကရတယ္။ ငယ္တုန္းကရွာခဲ႕သမွ် အုိၾကီးအုိမအရြယ္က်မွ မေရွာင္လြဲႏုိင္တဲ႕ေရာဂါေဝဒနာေပ်ာက္ကင္းဖို႕ သံုးစြဲရတဲ႕အခါ အခက္အခဲေတြရွိၾကတယ္။
.
ဘယ္ေလာက္ပင္မ်ားေစကာမူ လူမ်ားစုျဖစ္ပြားၾကတဲ႕ေသြးေၾကာပိတ္ေရာဂါကုိ ေလ႕လာၾကည္႕မိတယ္။ ေသြး ဆိုတာ ေသြးျပန္ေၾကာ၊ ေသြးလႊတ္ေၾကာ၊ ပင္မေသြးေၾကာ စတာေတြမက ေသးသြယ္ႏုတ္စင္းတဲ႕ေသြးေၾကာေတြမွာ အပိတ္အဆို႕အတားအဆီးမရွိ စီးဆင္းႏုိင္ပါမွ လူ႕ခႏၶာ၊ တိရိစၦာန္ခႏၶာ နဲ႕ သက္ရွိသတၱဝါတို႕အားလံုး က်န္းမာစြာေနထုိင္ႏိုင္ပါလိမ္႕မယ္။
.
.
လူကဝဖိုင္႕ေနလို႕ အဆီေတြမ်ားရင္ ႏွလံုးေသြးေၾကာေပါက္တယ္၊ ဦးေႏွာက္ေသြးေၾကာျပတ္တယ္၊ ေသြးခဲသြားတယ္ ဆိုျပီး မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ က်န္းမာေရးမေကာင္းတဲ႕သတင္းေတြ မၾကာခဏၾကားရပါတယ္။
.
ခဏေလာက္ကုလိုက္တယ္၊ ျပန္ေကာင္းသြားတယ္၊ ေဆးဆက္ေသာက္ေနတယ္၊ ႏုိင္ငံျခားသြားကုေနတယ္ စသျဖင္႕ စံုေအာင္ၾကားေနရတဲ႕အထဲက ခဲသြားတဲ႕ေသြးေၾကာထဲက ပိတ္ေနတဲ႕ေသြးခဲ - Clot ကုိ ထုတ္ေပးေနရာမွာ နာမယ္ရလာတဲ႕ကုမၸဏီနဲ႕သူ႕ထုတ္ကုန္ေတြအေၾကာင္း အနည္းငယ္ေျပာျပခ်င္ပါတယ္။

.
.
က်န္းမာေရးအေထာက္အကူျပဳကုန္ပစၥည္းေတြထုတ္လုပ္တဲ႕ကုမၸဏီကုိ အေမရိကားမွာ Medical Devices ကုမၸဏီေတြလို႕ ေခၚပါတယ္။ ထုတ္လုပ္တာမတူေပမယ္႕ ေဆးကုတဲ႕ပစၥည္းထုတ္လုပ္ၾကရင္ ဒီလိုပဲ ေခၚၾကတယ္။ ဒီလိုလုပ္ငန္းခြင္မ်ိဳးမွာ သန္႕ရွင္းေသာလုပ္ငန္းခြင္အခန္း - Clean Room ထဲမွာ အလုပ္လုပ္ၾကရတယ္။
.
သူတို႕ေတြဟာ
.
( မုိးကာသား ) ဝတ္စံု - Gown
.
ဆံပင္မက်ေအာင္စြတ္ရတဲ႕ Head Cover
.
မုတ္ဆိတ္ေမႊး၊ ပသိုင္းေမႊးေတြက်မွာကုိကာကြယ္ေပးတဲ႕ - Beard Cover
.
သီးသန္႕အလုပ္ခန္းထဲစီးဝင္ဖို႕ဖိနပ္စြပ္ - Booties ( Shoe Cover )
.
ပုိးမႊားကင္စင္ေအာင္အလုပ္လုပ္ႏုိင္ဖို႕ အမႈန္ - Particulate ေတြ အမိႈက္ေတြမကပ္ႏုိင္တဲ႕ Nitrile Glove လက္အိပ္
.
( လိုအပ္ခဲ႕ရင္ ) လည္ပတ္ေနတဲ႕စက္ပစၥည္းမ်ား - Moving Parts ေတြပါဝင္တဲ႕ စက္ယႏၱရားေတြကိုေမာင္းႏွင္သူေတြအတြက္ လံုျခံဳေရးမ်က္မွန္ - Safety Glasses ေတြ ဝတ္ဆင္အလုပ္လုပ္ရပါတယ္။
.
.
ဒီလိုအခန္းေတြထဲကို ထည္႕သြင္းျပီးအလုပ္လုပ္ရမယ္႕ ကုန္ပစၥည္း - Parts ေတြကို အေမႊးစ မထြက္တဲ႕ Lint Free Wipe အဝတ္ျဖဴ ကို 70% ပါဝင္တဲ႕အရက္ပ်ံ နဲ႕ သန္႕စင္ျပီးမွ ကုန္ပစၥည္းလႊဲေျပာင္းခြင္႕ရွိတဲ႕ Transfer Room မွာ တစ္ဆင္႕ထား အသြင္းအထုတ္လုပ္ရပါတယ္္။ ဒါမွ အျပင္က ေရာဂါပိုးပါမွန္းမသိ မပါမွန္းမသိ အေျခအေနကိုေရွာင္ကြင္းႏုိင္မွာ ျဖစ္ပါတယ္။ ဒါက သူတို႕လုပ္ငန္းခြင္ရဲ႕ ပိုးမႊားကင္းစင္ေအာင္ အထူးၾကပ္မတ္ပံုအဆင္႕ဆင္႕ကိုေရးျပတာပါ။
.
အဓိက ဒီ Medical Devices ေတြရဲ႕အလုပ္လုပ္ပံုက ေသြးေၾကာနဲ႕ဆုိင္တဲ႕ပစၥည္းေတြကုိ ေရာဂါရွင္ရဲ႕ခႏၶာကိုယ္ရဲ႕တစ္ေနရာရာကေန ေသြးေၾကာ - Neuron ေတြထဲေရာက္ေအာင္ အထူးစီမံတည္ေဆာက္ထားတဲ႕ ( ပုိက္ေသးေသးေလးေတြ ) – Catheter ေတြကို သြင္းယူရပါတယ္။
.
.
Catheter ဆိုတာ အေရျပားနဲ႕ခပ္ဆင္ဆင္တူတဲ႕ ပလပ္စတစ္တစ္မ်ိဳး - PTFE ေပၚမွာ ပလက္တီနမ္ - Platinum ၊ ႏုိင္သေနာ - Nitinol ၊ စတီး - Stainless Steel စတဲ႕ လူသားဆံပင္ထက္အဆမ်ားစြာေသးငယ္တဲ႕ သတၳဳၾကိဳး - Coil ေတြ ပတ္ျပီးတည္ေဆာက္ထားတာျဖစ္ပါတယ္။
.
သူ႕မွာ အဆင္႕ဆင္႕ ပလပ္စတစ္ေလာင္းျခင္း - Lamination ေတြ၊ ေသြးေၾကာေတြထဲမွာ လြတ္လပ္စြာအသြင္းအထုတ္လုပ္ႏုိင္ဖို႕ အထပ္ထပ္တင္ေလာင္းျခင္း - Coating ေတြ ျပီးတဲ႕အခါ အရည္အေသြးျပည္႕မွီဖို႕စစ္ေဆးျခင္း - Quality Inspection ေတြျပီးသြားမွ ထုတ္ပိုးျခင္း - Pouching and Packaging အဆင္႕ကိုေရာက္ပါတယ္။
.
.
ဒီလိုထုတ္ပိုးျပင္ဆင္ျပီး လူနာေတြကိုကုမယ္႕သမားေတာ္ေတြဆီကိုပုိ႕လုိက္ .. ျပီးေရာလား? မျပီးေသးပါဘူး။ အဆင္႕ဆင္႕ထုတ္ပိုးမႈေတြျပီးသြားရင္ အလံုးစံုပိုးသတ္ျခင္း - Steroile Load ကို ေက်ာ္ျဖတ္ျပီ္းမွ Q.C ေတြ အထပ္ထပ္စစ္ေဆးပါေသးတယ္။ အဲဒီအခါက်မွသာ ေဆးရံုေတြ၊ ေဆးေပးခန္းေတြ၊ အထူးခြဲစိတ္ေဆးရံုေတြထံ ပို႕ေဆာင္ၾကပါတယ္။
.
အရည္အေသြးျပည္႕မွီတဲ႕ က်န္းမာေရးကုသမႈပစၥည္းတစ္ခုျဖစ္တာမုိ႕ ကမၻာတစ္ဝွမ္းလက္ခံတဲ႕ ေကာင္းမြန္စြာကုန္ထုတ္လုပ္ျခင္းစံနစ္ - GMP ( Good Manufacturing Practice ) ၊ ေကာင္းမြန္စြာမွတ္တမ္းျပဳစုျခင္းစံနစ္ - GDP ( Good Documenting Practice ) တို႕နဲ႕အညီထုတ္လုပ္မွ အေမရိကန္က်န္းမာေရး႒ာန - FDA က အသိအမွတ္ျပဳပါတယ္။
.
.
ဒီလို အထူးျပဳပစၥည္းေတြကို လက္ေတြ႕ေရာဂါရွင္ေတြကိုကုသဖို႕အဆင္႕အတန္းမေရာက္ခင္ အစမ္းသပ္ကုသျခင္းကာလ - Clinical Trial ကို ေစာင္႕ၾကည္႕ပါတယ္။ ေသဆံုးသြားျပီး ေဆးစီရင္ထားတဲ႕လူ႕အေလာင္းေတြ နဲ႕ ခြင္႕ျပဳထားတဲ႕တိရိစၦာန္ေတြရဲ႕ေသြးေၾကာေတြမွာ အရင္စမ္းသပ္ျပီး အေျခအေနအရပ္ရပ္ေအာင္ျမင္ပါမွ ထုတ္လုပ္ေရာင္းခ်ခြင္႕ရပါတယ္။
.
ျပီးေတာ႕ က်န္းမာေရးကုသတဲ႕ပစၥည္းေတြဆုိတာ ကားတစ္စီးေရာင္းသလို၊ တယ္လီဖုန္းတစ္လံုးေရာင္းသလို ျဖစ္ကတတ္ဆန္း မားကက္တင္းဆင္းရတာမ်ိဳးမဟုတ္ပါဘူး။ ဒီပစၥည္းေၾကာင္႕ ဘယ္ေရာဂါမွာ ဘယ္လုိေအာင္ျမင္သြားတယ္၊ ဘယ္လူနာကို ဘယ္ပစၥည္းနဲ႕အသက္ကယ္လိုက္ႏုိင္တယ္ဆုိတဲ႕ ေအာင္ျမင္ေက်ာ္ၾကားမႈ - Reputation နဲ႕ အလုပ္လုပ္ၾကရတာပါ။
.
.
ကုသပံုကိုအက်ဥ္းေျပာရရင္ ေသြးေၾကာ - Artery ထဲမွာ ပိတ္မိေနတဲ႕ေသြးခဲ - Blood Clot ဆီေရာက္ေအာင္ Catheter ပိုက္ေခ်ာင္းေလးေတြသြင္းယူရပါတယ္။ Catheter ေတြမွာ တစ္လက္မရဲ႕တစ္ေထာင္ပံုမွာ ( 088 ) - ၈၈ ပံုရွိတဲ႕ Coil အၾကီး ကေန ( 025 ) ၂၅ ပံုသာရွိတဲ႕ Coil အေသးအထိ ရွိၾကတယ္။
.
ေသြးေၾကာထဲကုိ ပုိက္အၾကီးအရင္ထည္႕၊ ျပီးရင္ ပိုက္အလတ္ထည္႕၊ ေသြးခဲတဲ႕ေနရာေရာက္ရင္ အေသးဆံုး Coil ကေန ေနာက္ဆံုးမွာ ခဲေနတဲ႕ေသြးကိုထုိးသြင္းေခ်ဖ်က္လုိက္မယ္႕ Pusher တစ္မ်ိဳးနဲ႕ ကုသပါတယ္။ ေနာက္ဆံုးမွာ ေမာ္တာပါတဲ႕စုတ္စက္ - Vacuum နဲ႕ စုတ္ထုတ္လိုက္တဲ႕အခါ လူနာရွင္ရဲ႕ဦးေႏွာက္ကို ေသြးျပန္စီးေစပါတယ္။ အခုလိုကုသတာရွိသလို ေဖာင္းျပီးေယာင္ေနတဲ႕ေသြးအိတ္ထဲကို ေသးငယ္တဲ႕ ပလက္တီနမ္ Coil ျဖည္႕ထည္႕ျပီးကုသတာမ်ိဳးလည္းရွိပါတယ္။
.
.
ဒါေၾကာင္႕မုိ႕ အရင္လို ရင္ပတ္ကိုဖြင္႕၊ ဓါးကိုဝင္႕ျပီး ႏွလံုးသားကို နင္႕ေနေအာင္ ခြဲစိတ္စရာမလိုေတာ႕ပါဘူး။ လူရဲ႕တင္ပါးကေန၊ ေပါင္ျခံကေန၊ ဝမ္းဗိုက္ကေန အေပါက္ေလးတစ္ေပါက္ ႏွစ္ေပါက္ေလာက္နဲ႕ ဆရာဝန္ေရွ႕က တီဗီေမာ္နီတာကေနထိန္းခ်ဳပ္ရင္း ခြဲစိပ္မႈေတြ ေအာင္ျမင္လာပါတယ္။ ဒါေၾကာင္႕ လူ႕အသက္ကယ္ႏုိင္တဲ႕ Medical Devices ကုမၸဏီေတြကို ေဆးရံုေတြကအသံုးမ်ားလာသလို လူနာေတြက ပိုလို႕ တိုးလို႕ အားကိုးလာၾကတယ္။
.
တစ္ခ်ိဳ႕ ႏွစ္ေပါင္းမ်ားစြာ အိပ္ယာထဲလဲေနသူေတြ အခုလိုကုထံုးမွန္ - System နဲ႕ေတြ႕လိုက္တဲ႕အခါ ေဆးၾကိမ္လံုးနဲ႕တုိ႕သလို နာရီပုိင္းအတြင္းလမ္းထေလွ်ာက္ႏုိင္တယ္ဆုိတာေတြ ျဖစ္လာတယ္။ အေရးၾကီးတာက ဘယ္အခ်ိန္ေရာက္လာမွန္းမသိတဲ႕ ေသြးခဲလူနာ၊ ေလျဖတ္လူနာ၊ သတိလစ္လူနာေတြအတြက္ Medical Devices ပစၥည္းေတြ အရံသင္႕ရွိေနဖို႕ပါပဲ။
.
.
အခုဆို အေမရိကန္ေဆးရံုၾကီးေတြရဲ႕ ခြဲစိပ္ခန္းေတြမွာ လိုတဲ႕ပစၥည္းကို နာရီပိုင္းအတြင္းရႏုိင္ေအာင္ က်န္းမာေရးေအးဂ်င္႕ေတြက ျဖည္႕စြမ္းေပးၾကတယ္။ ၾကီးမားလွတဲ႕ ေဆးကုသခြင္႕ကုန္က်စားရိတ္ေတြကို အေမရိကန္ျပည္သူေတြဟာ က်န္းမာေရးအာမခံဝယ္ျပီး အသင္႕ျပင္ထားၾကတယ္။ က်န္းမာေရးအတြက္ အသိဥာဏ္ေတြ၊ နားေတြ၊ မ်က္စိေတြပြင္႕ေအာင္ ေလ႕လာၾကတယ္။
.
အရင္က ဒီလိုကုတဲ႕ ေဆးေလာကကို အုပ္စုိးထားတာက Boston Scientific ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ အေမရိကန္ႏိုင္ငံအေနာက္ပိုင္း ဆန္ဖရန္စစၥကိုေဒသမွာ Penumbra ကုမၸဏီက ဦးေဆာင္လာပါတယ္။ သူ႕ထြက္ကုန္ပစၥည္းေတြဟာ မေအာင္ျမင္တဲ႕ကုသမႈ - Fail Trail ဆုိတာ သိပ္မရွိပဲ လူနာရွင္မ်ားစြာရဲ႕အသက္ကုိ ကယ္ေပးေနတာပါ။
.
.
အခုဆုိရင္ အေမရိက၊ ဥေရာပ၊ ၾသစေတးလ် နဲ႕ အာရွတုိက္တုိ႕ကို အေမရိကန္ႏုိင္ငံမွာထုတ္လုပ္ျပီး ျဖန္႕ျဖဴးေရာင္းခ်ေပးေနတာကို သိရတယ္။ အထူးမွတ္သားမိတာက ျမန္မာႏုိင္ငံကေနကူးေျပာင္းေနထုိင္တဲ႕ ျမန္မာေတြအမ်ားၾကီး အဲဒီကုမၸဏီမွာ အလုပ္လုပ္ေနတယ္ဆုိတာပါပဲ။
.
ဘာပဲေျပာေျပာ ကမၻာမွာ ထူေျပာမ်ားျပားလွတဲ႕ေရာဂါေတြရဲ႕အႏၱရာယ္ထဲ ကြ်န္ေတာ္တုိ႕မက်ေရာက္ခ်င္သလို ထုိထုိေသာေရာဂါေတြကုသေပးေနတဲ႕ လုပ္ငန္းခြင္ေတြထဲမွာ ျမန္မာေတြအမ်ားအျပား ဝင္ေရာက္လုပ္ကိုင္ေနတာကိုေတာ႕ အသိအမွတ္ျပဳရမွာပါ။
.
အာေရာဂ်ံ ပရာမံ လာဘံ - က်န္းမာျခင္းသည္ လာဘ္တစ္ပါး .. လူ႕အသက္တစ္ေခ်ာင္း ကယ္ေကာင္းပါတယ္ .. ကမၻာေပၚမွာ သင္ဘယ္ေနရာပဲေရာက္ေရာက္ေပါ႕..။
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
07-31-2016
.
.
.
.
Unicode Version:
.
.
“ သွေးကြောပိတ်တာတွေကို ကုသပေးမယ့် Penumbra System ”
.
လူတစ်ကိုယ်ရောဂါတစ်မျိုးလို့ပြောရအောင် အခုခေတ်မှာ အမျိုးအစားစုံရောဂါတွေကြောင့် လူတွေစိတ်ညစ်ကြရတယ်။ ငယ်တုန်းကရှာခဲ့သမျှ အိုကြီးအိုမအရွယ်ကျမှ မရှောင်လွဲနိုင်တဲ့ရောဂါဝေဒနာပျောက်ကင်းဖို့ သုံးစွဲရတဲ့အခါ အခက်အခဲတွေရှိကြတယ်။
.
ဘယ်လောက်ပင်များစေကာမူ လူများစုဖြစ်ပွားကြတဲ့သွေးကြောပိတ်ရောဂါကို လေ့လာကြည့်မိတယ်။ သွေး ဆိုတာ သွေးပြန်ကြော၊ သွေးလွှတ်ကြော၊ ပင်မသွေးကြော စတာတွေမက သေးသွယ်နုတ်စင်းတဲ့သွေးကြောတွေမှာ အပိတ်အဆို့အတားအဆီးမရှိ စီးဆင်းနိုင်ပါမှ လူ့ခန္ဓာ၊ တိရိစ္ဆာန်ခန္ဓာ နဲ့ သက်ရှိသတ္တဝါတို့အားလုံး ကျန်းမာစွာနေထိုင်နိုင်ပါလိမ့်မယ်။
.
.
လူကဝဖိုင့်နေလို့ အဆီတွေများရင် နှလုံးသွေးကြောပေါက်တယ်၊ ဦးနှောက်သွေးကြောပြတ်တယ်၊ သွေးခဲသွားတယ် ဆိုပြီး မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကျန်းမာရေးမကောင်းတဲ့သတင်းတွေ မကြာခဏကြားရပါတယ်။
.
ခဏလောက်ကုလိုက်တယ်၊ ပြန်ကောင်းသွားတယ်၊ ဆေးဆက်သောက်နေတယ်၊ နိုင်ငံခြားသွားကုနေတယ် စသဖြင့် စုံအောင်ကြားနေရတဲ့အထဲက ခဲသွားတဲ့သွေးကြောထဲက ပိတ်နေတဲ့သွေးခဲ - Clot ကို ထုတ်ပေးနေရာမှာ နာမယ်ရလာတဲ့ကုမ္ပဏီနဲ့သူ့ထုတ်ကုန်တွေအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။
.
.
ကျန်းမာရေးအထောက်အကူပြုကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီကို အမေရိကားမှာ Medical Devices ကုမ္ပဏီတွေလို့ ခေါ်ပါတယ်။ ထုတ်လုပ်တာမတူပေမယ့် ဆေးကုတဲ့ပစ္စည်းထုတ်လုပ်ကြရင် ဒီလိုပဲ ခေါ်ကြတယ်။ ဒီလိုလုပ်ငန်းခွင်မျိုးမှာ သန့်ရှင်းသောလုပ်ငန်းခွင်အခန်း - Clean Room ထဲမှာ အလုပ်လုပ်ကြရတယ်။
.
သူတို့တွေဟာ
.
( မိုးကာသား ) ဝတ်စုံ - Gown
.
ဆံပင်မကျအောင်စွတ်ရတဲ့ Head Cover
.
မုတ်ဆိတ်မွှေး၊ ပသိုင်းမွှေးတွေကျမှာကိုကာကွယ်ပေးတဲ့ - Beard Cover
.
သီးသန့်အလုပ်ခန်းထဲစီးဝင်ဖို့ဖိနပ်စွပ် - Booties ( Shoe Cover )
.
ပိုးမွှားကင်စင်အောင်အလုပ်လုပ်နိုင်ဖို့ အမှုန် - Particulate တွေ အမှိုက်တွေမကပ်နိုင်တဲ့ Nitrile Glove လက်အိပ်
.
( လိုအပ်ခဲ့ရင် ) လည်ပတ်နေတဲ့စက်ပစ္စည်းများ - Moving Parts တွေပါဝင်တဲ့ စက်ယန္တရားတွေကိုမောင်းနှင်သူတွေအတွက် လုံခြုံရေးမျက်မှန် - Safety Glasses တွေ ဝတ်ဆင်အလုပ်လုပ်ရပါတယ်။
.
.
ဒီလိုအခန်းတွေထဲကို ထည့်သွင်းပြီးအလုပ်လုပ်ရမယ့် ကုန်ပစ္စည်း - Parts တွေကို အမွှေးစ မထွက်တဲ့ Lint Free Wipe အဝတ်ဖြူ ကို 70% ပါဝင်တဲ့အရက်ပျံ နဲ့ သန့်စင်ပြီးမှ ကုန်ပစ္စည်းလွှဲပြောင်းခွင့်ရှိတဲ့ Transfer Room မှာ တစ်ဆင့်ထား အသွင်းအထုတ်လုပ်ရပါတယ်။ ဒါမှ အပြင်က ရောဂါပိုးပါမှန်းမသိ မပါမှန်းမသိ အခြေအနေကိုရှောင်ကွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါက သူတို့လုပ်ငန်းခွင်ရဲ့ ပိုးမွှားကင်းစင်အောင် အထူးကြပ်မတ်ပုံအဆင့်ဆင့်ကိုရေးပြတာပါ။
.
အဓိက ဒီ Medical Devices တွေရဲ့အလုပ်လုပ်ပုံက သွေးကြောနဲ့ဆိုင်တဲ့ပစ္စည်းတွေကို ရောဂါရှင်ရဲ့ခန္ဓာကိုယ်ရဲ့တစ်နေရာရာကနေ သွေးကြော - Neuron တွေထဲရောက်အောင် အထူးစီမံတည်ဆောက်ထားတဲ့ ( ပိုက်သေးသေးလေးတွေ ) – Catheter တွေကို သွင်းယူရပါတယ်။
.
.
Catheter ဆိုတာ အရေပြားနဲ့ခပ်ဆင်ဆင်တူတဲ့ ပလပ်စတစ်တစ်မျိုး - PTFE ပေါ်မှာ ပလက်တီနမ် - Platinum ၊ နိုင်သနော - Nitinol ၊ စတီး - Stainless Steel စတဲ့ လူသားဆံပင်ထက်အဆများစွာသေးငယ်တဲ့ သတ္ထုကြိုး - Coil တွေ ပတ်ပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။
.
သူ့မှာ အဆင့်ဆင့် ပလပ်စတစ်လောင်းခြင်း - Lamination တွေ၊ သွေးကြောတွေထဲမှာ လွတ်လပ်စွာအသွင်းအထုတ်လုပ်နိုင်ဖို့ အထပ်ထပ်တင်လောင်းခြင်း - Coating တွေ ပြီးတဲ့အခါ အရည်အသွေးပြည့်မှီဖို့စစ်ဆေးခြင်း - Quality Inspection တွေပြီးသွားမှ ထုတ်ပိုးခြင်း - Pouching and Packaging အဆင့်ကိုရောက်ပါတယ်။
.
.
ဒီလိုထုတ်ပိုးပြင်ဆင်ပြီး လူနာတွေကိုကုမယ့်သမားတော်တွေဆီကိုပို့လိုက် .. ပြီးရောလား? မပြီးသေးပါဘူး။ အဆင့်ဆင့်ထုတ်ပိုးမှုတွေပြီးသွားရင် အလုံးစုံပိုးသတ်ခြင်း - Steroile Load ကို ကျော်ဖြတ်ပ်ြီးမှ Q.C တွေ အထပ်ထပ်စစ်ဆေးပါသေးတယ်။ အဲဒီအခါကျမှသာ ဆေးရုံတွေ၊ ဆေးပေးခန်းတွေ၊ အထူးခွဲစိတ်ဆေးရုံတွေထံ ပို့ဆောင်ကြပါတယ်။
.
အရည်အသွေးပြည့်မှီတဲ့ ကျန်းမာရေးကုသမှုပစ္စည်းတစ်ခုဖြစ်တာမို့ ကမ္ဘာတစ်ဝှမ်းလက်ခံတဲ့ ကောင်းမွန်စွာကုန်ထုတ်လုပ်ခြင်းစံနစ် - GMP ( Good Manufacturing Practice ) ၊ ကောင်းမွန်စွာမှတ်တမ်းပြုစုခြင်းစံနစ် - GDP ( Good Documenting Practice ) တို့နဲ့အညီထုတ်လုပ်မှ အမေရိကန်ကျန်းမာရေးဋ္ဌာန - FDA က အသိအမှတ်ပြုပါတယ်။
.
.
ဒီလို အထူးပြုပစ္စည်းတွေကို လက်တွေ့ရောဂါရှင်တွေကိုကုသဖို့အဆင့်အတန်းမရောက်ခင် အစမ်းသပ်ကုသခြင်းကာလ - Clinical Trial ကို စောင့်ကြည့်ပါတယ်။ သေဆုံးသွားပြီး ဆေးစီရင်ထားတဲ့လူ့အလောင်းတွေ နဲ့ ခွင့်ပြုထားတဲ့တိရိစ္ဆာန်တွေရဲ့သွေးကြောတွေမှာ အရင်စမ်းသပ်ပြီး အခြေအနေအရပ်ရပ်အောင်မြင်ပါမှ ထုတ်လုပ်ရောင်းချခွင့်ရပါတယ်။
.
ပြီးတော့ ကျန်းမာရေးကုသတဲ့ပစ္စည်းတွေဆိုတာ ကားတစ်စီးရောင်းသလို၊ တယ်လီဖုန်းတစ်လုံးရောင်းသလို ဖြစ်ကတတ်ဆန်း မားကက်တင်းဆင်းရတာမျိုးမဟုတ်ပါဘူး။ ဒီပစ္စည်းကြောင့် ဘယ်ရောဂါမှာ ဘယ်လိုအောင်မြင်သွားတယ်၊ ဘယ်လူနာကို ဘယ်ပစ္စည်းနဲ့အသက်ကယ်လိုက်နိုင်တယ်ဆိုတဲ့ အောင်မြင်ကျော်ကြားမှု - Reputation နဲ့ အလုပ်လုပ်ကြရတာပါ။
.
.
ကုသပုံကိုအကျဉ်းပြောရရင် သွေးကြော - Artery ထဲမှာ ပိတ်မိနေတဲ့သွေးခဲ - Blood Clot ဆီရောက်အောင် Catheter ပိုက်ချောင်းလေးတွေသွင်းယူရပါတယ်။ Catheter တွေမှာ တစ်လက်မရဲ့တစ်ထောင်ပုံမှာ ( 088 ) - ၈၈ ပုံရှိတဲ့ Coil အကြီး ကနေ ( 025 ) ၂၅ ပုံသာရှိတဲ့ Coil အသေးအထိ ရှိကြတယ်။
.
သွေးကြောထဲကို ပိုက်အကြီးအရင်ထည့်၊ ပြီးရင် ပိုက်အလတ်ထည့်၊ သွေးခဲတဲ့နေရာရောက်ရင် အသေးဆုံး Coil ကနေ နောက်ဆုံးမှာ ခဲနေတဲ့သွေးကိုထိုးသွင်းချေဖျက်လိုက်မယ့် Pusher တစ်မျိုးနဲ့ ကုသပါတယ်။ နောက်ဆုံးမှာ မော်တာပါတဲ့စုတ်စက် - Vacuum နဲ့ စုတ်ထုတ်လိုက်တဲ့အခါ လူနာရှင်ရဲ့ဦးနှောက်ကို သွေးပြန်စီးစေပါတယ်။ အခုလိုကုသတာရှိသလို ဖောင်းပြီးယောင်နေတဲ့သွေးအိတ်ထဲကို သေးငယ်တဲ့ ပလက်တီနမ် Coil ဖြည့်ထည့်ပြီးကုသတာမျိုးလည်းရှိပါတယ်။
.
.
ဒါကြောင့်မို့ အရင်လို ရင်ပတ်ကိုဖွင့်၊ ဓါးကိုဝင့်ပြီး နှလုံးသားကို နင့်နေအောင် ခွဲစိတ်စရာမလိုတော့ပါဘူး။ လူရဲ့တင်ပါးကနေ၊ ပေါင်ခြံကနေ၊ ဝမ်းဗိုက်ကနေ အပေါက်လေးတစ်ပေါက် နှစ်ပေါက်လောက်နဲ့ ဆရာဝန်ရှေ့က တီဗီမော်နီတာကနေထိန်းချုပ်ရင်း ခွဲစိပ်မှုတွေ အောင်မြင်လာပါတယ်။ ဒါကြောင့် လူ့အသက်ကယ်နိုင်တဲ့ Medical Devices ကုမ္ပဏီတွေကို ဆေးရုံတွေကအသုံးများလာသလို လူနာတွေက ပိုလို့ တိုးလို့ အားကိုးလာကြတယ်။
.
တစ်ချို့ နှစ်ပေါင်းများစွာ အိပ်ယာထဲလဲနေသူတွေ အခုလိုကုထုံးမှန် - System နဲ့တွေ့လိုက်တဲ့အခါ ဆေးကြိမ်လုံးနဲ့တို့သလို နာရီပိုင်းအတွင်းလမ်းထလျှောက်နိုင်တယ်ဆိုတာတွေ ဖြစ်လာတယ်။ အရေးကြီးတာက ဘယ်အချိန်ရောက်လာမှန်းမသိတဲ့ သွေးခဲလူနာ၊ လေဖြတ်လူနာ၊ သတိလစ်လူနာတွေအတွက် Medical Devices ပစ္စည်းတွေ အရံသင့်ရှိနေဖို့ပါပဲ။
.
.
အခုဆို အမေရိကန်ဆေးရုံကြီးတွေရဲ့ ခွဲစိပ်ခန်းတွေမှာ လိုတဲ့ပစ္စည်းကို နာရီပိုင်းအတွင်းရနိုင်အောင် ကျန်းမာရေးအေးဂျင့်တွေက ဖြည့်စွမ်းပေးကြတယ်။ ကြီးမားလှတဲ့ ဆေးကုသခွင့်ကုန်ကျစားရိတ်တွေကို အမေရိကန်ပြည်သူတွေဟာ ကျန်းမာရေးအာမခံဝယ်ပြီး အသင့်ပြင်ထားကြတယ်။ ကျန်းမာရေးအတွက် အသိဥာဏ်တွေ၊ နားတွေ၊ မျက်စိတွေပွင့်အောင် လေ့လာကြတယ်။
.
အရင်က ဒီလိုကုတဲ့ ဆေးလောကကို အုပ်စိုးထားတာက Boston Scientific ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံအနောက်ပိုင်း ဆန်ဖရန်စစ္စကိုဒေသမှာ Penumbra ကုမ္ပဏီက ဦးဆောင်လာပါတယ်။ သူ့ထွက်ကုန်ပစ္စည်းတွေဟာ မအောင်မြင်တဲ့ကုသမှု - Fail Trail ဆိုတာ သိပ်မရှိပဲ လူနာရှင်များစွာရဲ့အသက်ကို ကယ်ပေးနေတာပါ။
.
.
အခုဆိုရင် အမေရိက၊ ဥရောပ၊ ဩစတေးလျ နဲ့ အာရှတိုက်တို့ကို အမေရိကန်နိုင်ငံမှာထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချပေးနေတာကို သိရတယ်။ အထူးမှတ်သားမိတာက မြန်မာနိုင်ငံကနေကူးပြောင်းနေထိုင်တဲ့ မြန်မာတွေအများကြီး အဲဒီကုမ္ပဏီမှာ အလုပ်လုပ်နေတယ်ဆိုတာပါပဲ။
.
ဘာပဲပြောပြော ကမ္ဘာမှာ ထူပြောများပြားလှတဲ့ရောဂါတွေရဲ့အန္တရာယ်ထဲ ကျွန်တော်တို့မကျရောက်ချင်သလို ထိုထိုသောရောဂါတွေကုသပေးနေတဲ့ လုပ်ငန်းခွင်တွေထဲမှာ မြန်မာတွေအများအပြား ဝင်ရောက်လုပ်ကိုင်နေတာကိုတော့ အသိအမှတ်ပြုရမှာပါ။
.
အာရောဂျံ ပရာမံ လာဘံ - ကျန်းမာခြင်းသည် လာဘ်တစ်ပါး .. လူ့အသက်တစ်ချောင်း ကယ်ကောင်းပါတယ် .. ကမ္ဘာပေါ်မှာ သင်ဘယ်နေရာပဲရောက်ရောက်ပေါ့..။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
07-31-2016
.



No comments: