ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, July 25, 2018

ကင္မရာေရွ႕မထြက္ျခင္းအႏုပညာ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
. ကြ်န္ေတာ႕ရဲ႕ #KoNyiNyiTaunggyiChannel ၾကည္႕ရႈသူေတြေစာင္႕ေမွ်ာ္စရာမလုိေတာ႕မယ္႕ လူေတြ႕ (ဒါမွမဟုတ္) အြန္လိုင္းအင္တာဗ်ဴးတစ္ခုကုိ စာတစ္ပုဒ္အေနနဲ႕ေရးခ်င္လာမိတယ္။ ဒီတစ္ၾကိမ္ ခရီးထြက္တဲ႕အခါ အသိပညာရွင္၊ အတတ္ပညာရွင္ နဲ႕ စာေရးသားသူေတြကဖိတ္ေခၚရင္ ကြ်န္ေတာ္သြားလည္တတ္ပါတယ္။ ခ်က္ခ်င္းေတြ႕၊ စကားလည္းေျပာ၊ ဖုန္းထုတ္၊ တစ္ခါတည္း အင္တာဗ်ဴးမိလို႕ ၾကိဳတင္အစီအစဥ္တက် စကားေျပာရတာမ်ိဳးလုပ္ဖို႕ ရန္ကုန္မွာသိပ္ခက္ခဲတယ္။ ဒါေပမယ္႕ အြန္လိုင္း ရွိတယ္။ ဆဲလ္ဖုန္း ရွိတယ္။ ကမၻာေျမမွာ မိတ္ေဆြဘယ္ေနရာကုိမွ ေျပးလို႕မလြတ္ပါဘူး။
.
. ဒီအထဲမွာ ဒီေန႕ဖုန္းေျပာခြင္႕ရခဲ႕သူက ေအာင္ျမင္ေနတဲ႕ စာေရးဆရာမ ထက္ထက္ထြန္းပါ။ မထက္ထက္ထြန္းဟာ အရင္ ကြ်န္ေတာ္နဲ႕ခင္မင္ရင္းႏွီးစြဲရွိခဲ႕တဲ႕ မၾကည္စင္သန္႕ ရဲ႕ ခင္ပြန္း ဟုိတစ္ရက္က အင္တာဗ်ဴးခဲ႕တဲ႕ ကိုထြန္းထြန္းေအာင္ တို႕နဲ႕လည္း ရင္းႏွီးသူဆိုတာသိခဲ႕ရတယ္။ ေနာက္ျပီး အြန္လုိင္းမွာ Poll ေကာက္ေတာ႕ ဆရာမထက္ထက္ထြန္း နဲ႕ ေဒါက္တာစုိးသန္း အဂၤလိပ္စာ တို႕ဟာ စာဖတ္ပရိသတ္ေတြနားေထာင္ခ်င္တဲ႕စကားဝုိင္းမွာ ကြ်န္ေတာ္နဲ႕အတူတူထုိင္ မွ်ေဝဖို႕ VIP လက္မွတ္ေတြ ရခဲ႕ၾကသူေတြပါ။ (သတင္းေကာင္း ။။။။။။။။။။ ေဒါက္တာစိုးသန္း နဲ႕ ဟုိဘက္ျပန္ေရာက္တဲ႕ ၾသဂုတ္လထဲမွာ ရက္ခ်ိန္းယူထားျပီးပါျပီ)
.
.
. မထက္ထက္ထြန္း က ဖုန္းနံပါတ္ေပးေတာ႕ ကြ်န္ေတာ္ဆက္မိတဲ႕အခါမွာ ရုိးသားတဲ႕အသံပိုင္ရွင္ဆိုတာ စတင္သတိထားမိတယ္။ ျပီးေတာ႕ သူတပါးေျပာတဲ႕စကားကုိလည္း ဆံုးေအာင္နားေထာင္တတ္တာကုိ အင္မတန္အားရေက်နပ္မိတယ္။ တနည္းအားျဖင္႕ စာေကာင္းေကာင္းဖတ္သူလို႕ ကြ်န္ေတာ္အဓိပၸာယ္ျပန္ခ်င္တယ္။ ေအးေအးလူလူေနထုိင္ရင္း ႏွိမ္႕ခ်တဲ႕ အသံုးအႏႈန္းေတြနဲ႕ မေတာက္တေခါက္စာေရးသူတစ္ေယာက္ကို ကိုယ္နဲ႕တန္းတူအသိအမွတ္ျပဳမႈေတြကို ကြ်န္ေတာ္တန္ဖိုးထားမိပါတယ္။
.
. ကြ်န္ေတာ႕ရဲ႕ညံဖ်င္းတဲ႕ေလ႕လာမႈေၾကာင္႕ မထက္ထက္ထြန္းဟာ မဟာျမိဳင္ေတာရ ဆရာေတာ္ဦးေဇာတိက ရဲ႕ ရင္ေသြးေတာ္ထဲက သမီးအၾကီးဆိုတာ Messenger ကေန စာ စရိုက္မွ သိလာခဲ႕ရတယ္။ ဒီဆရာေတာ္က တစ္ခ်ိန္တုန္းက ေငြ၊ ေငြ၊ ေငြ လို႕ ကြ်န္ေတာ႕ရဲ႕ေလာဘသုိက္ထဲက တက်ီက်ီေအာ္ေနတဲ႕ မကြ်တ္မလြတ္ဝိဥာဥ္ေလးကို တပိုင္းတစခြ်တ္ေပးခဲ႕သူဆိုတာသိရလို႕ အတုိင္းထက္အလြန္ဝမ္းသာခဲ႕ရပါတယ္။
.
.
. သက္ေတာ္အားျဖင္႕ (၇၁) ႏွစ္ထဲခ်ည္းႏွင္းဝင္ေရာက္လာတဲ႕ ဖခင္ရဟန္းကို ဝတ္ၾကီးဝတ္ငယ္ ေျခဆုတ္လက္နယ္လုပ္ေကြ်းခြင္႕ရေနတဲ႕ မထက္ထက္ထြန္းရဲ႕ေန႕စဥ္ဘဝကို ဖုန္းထဲမွာရွင္းျပေတာ႕ အက်ိဳးေပးေကာင္းတဲ႕ကုသိုလ္ကံကို အားက်ရျပန္တယ္။ အိမ္ေဖာ္ေယာက်္ားေလးက ေနမေကာင္း အလုပ္မဆင္းလို႕ ကုိယ္တုိင္ ဝယ္ျခမ္းခ်က္ျပဳတ္ရင္း ကားစီးေနရင္း ကြ်န္ေတာ္နဲ႕ေျပာမယ္႕ဖုန္းကို လက္ခံေပးတဲ႕အတြက္ ဒီေနရာကေန ေက်းဇူးတင္ပါတယ္လုိ႕ ထပ္ေျပာပါရေစ။
.
. Skynet နဲ႕ MRTV4 တို႕လို အထင္အရမီဒီယာၾကီးေတြရဲ႕ လူေတြ႕အင္တာဗ်ဴးရုိက္ကူးျခင္းကို မထက္ထက္ထြန္း ဘာေၾကာင္႕ ေရွာင္ခ်င္သလဲဆိုတာသိခြင္႕ရတဲ႕အတြက္ ကြ်န္ေတာ္ပိုျပီး ကိုယ္ခ်င္းစာမိတယ္။ အေသြး နဲ႕ အသား ဆုိတာခြဲျခားမရသလို ဗီဇ နဲ႕ သေႏၶဟာ အျမဲဒြန္တြဲေနရသလို ဆရာေတာ္ရဲ႕အေနေအးမႈ နဲ႕ ေတာရေဆာက္တည္တဲ႕ေအးျငိမ္းမႈကမၻာရပ္ဝန္းကေန ကြ်န္ေတာ္အပါအဝင္ ေလာဘသားေတြဟာ ခပ္ေဝးေဝးတစ္ေနရာမွာက်န္ေနဆဲဆုိတာ သံေဝဂ ရ သက္ျပင္းေတြခ်ေနမိတာကို တဖက္ကေန ဖုန္းေျပာေနတဲ႕ မထက္ထက္ထြန္းၾကားသိႏိုင္မယ္မထင္ပါဘူး။

.
.
. ကြ်န္ေတာ္ဟာ မီဒီယာသမားတစ္ေယာက္မဟုတ္သလို ဘယ္လိုနာမယ္ၾကီးမ်ိဳးမႈကိုမွ လိုလားဦးတည္လုပ္ေဆာင္ေနသူတစ္ေယာက္မဟုတ္တာကို မထက္ထက္ထြန္းကို ရွင္းျပျဖစ္တယ္။ တစ္ဆက္တည္း မိနစ္အနည္းငယ္ေတာင္းျပီး အေမရိကားမသြားခင္က ဆရာေတာ္ရဲ႕စာအုပ္ေတြကုိဖတ္ျပီး စိတ္ဓါတ္ေျပာင္းလဲခဲ႕ပံု၊ ဆရာေတာ္ရဲ႕စာအုပ္တစ္ခ်ိဳ႕ဝယ္သြား သယ္သြားခဲ႕ပံု နဲ႕ ဟုိေရာက္ေတာ႕ သား "စြမ္း" ကို ျမန္မာစာအေရး၊ အဖတ္၊ နားေထာင္ နဲ႕ အေျပာမေမ႕ရေလေအာင္ ကြ်န္ေတာ္တို႕မိဘ (၂) ပါး ၾကိဳးစားခဲ႕ပံုေတြကို ေျပာျပျဖစ္ခဲ႕ပါတယ္။
.
. ဒါကို မထက္ထက္ထြန္း က အားေပးရင္း ႏုိင္ငံျခားေရာက္ေနတဲ႕ျမန္မာေတြ၊ ျပည္တြင္းမွာအဂၤလိပ္ေက်ာင္းထားျပီး မိမိကေလးေတြျမန္မာလိုမတတ္ေတာ႕တာကို ဂုဏ္ယူေနတဲ႕ ျမန္မာမိဘေတြရဲ႕ခံယူခ်က္ မမွန္ကန္ဘူးဆိုတာကို ဆက္ေဆြးေႏြးျပတာ ပညာရခဲ႕တယ္။ ေနာက္ပိုင္း ကြ်န္ေတာ္ေျပာျပတာကမ်ားျပီး မထက္ထက္ထြန္းရဲ႕ "လူသိမ်ားေအာင္မေနခ်င္တဲ႕အႏုပညာ" ကို ကြ်န္ေတာ္ခပ္ပါးပါးေလးသင္ယူလိုက္မိပါတယ္။
.
.
. ဒါေပမယ္႕ ကြ်န္ေတာ္ ေရးပါ။ ပို႕စ္ တင္ပါ။ သူ႕စာအုပ္ေတြအေၾကာင္း ေရးပါ။ ျပီးရင္ သူနဲ႕ေဆြးေႏြးပါ လို႕ ခြင္႕ေပးတဲ႕အတုိင္း ကြ်န္ေတာ္အခုလုိေရးခြင္႕ရတာဟာ စာဖတ္သူအေပါင္း Facebook ေပၚမွာ အခ်ိန္ေကာင္းေတြ ေျမခေညာင္းျပီး ဖုန္းေဘေတြ ေဒါင္းေဒါင္းသြားရတဲ႕ဘဝကို တစ္နည္းတစ္ဖံုအားျဖင္႕ အက်ိဳးျပဳႏုိင္မယ္ဆုိတာ မထက္ထက္ထြန္းေမွ်ာ္လင္႕ထားပံုရတယ္။
.
. ပိုမိုႏွစ္သက္မိတာက
.
"စာအုပ္ေရးတုိင္း ကြ်န္မဖတ္ခ်င္သလိုေရးတာပါ"
.
"စာတစ္အုပ္ထုတ္လိုက္တုိင္း ကြ်န္မရဲ႕ရပိုင္ခြင္႕ေငြေၾကးကိုအနည္းဆံုးေလွ်ာ႕ခ်ျပီး စာေပျပန္႕ပြားေအာင္လုပ္ပါတယ္"
.
"ေသေသဝပ္ဝပ္ေနျပီး လူၾကားထဲလြတ္လြတ္လပ္လပ္သြားေနရတာ ပိုၾကိဳက္တယ္"
.
"ဖခင္ရဟန္းကိုေစာင္႕ေရွာက္ရင္း စာဖတ္ စာေရးအလုပ္ကို ေအးျငိမ္းစြာလုပ္ခြင္႕ရေနတာ ျငိမ္းခ်မ္းတယ္"
.
"လူသိမ်ားေအာင္မေနျခင္း - Low Profile ကုိ ၾကိဳက္ႏွစ္သက္တယ္" စတဲ႕ မထက္ထက္ထြန္းရဲ႕ေျပာၾကားခ်က္ေတြဟာ လူေရွ႕မေရာက္ေပမယ္႕ စာဖတ္သူေတြရဲ႕ ႏွလံုးသားေတြကုိ တည္႕တည္႕ပစ္လိုက္တာပါပဲ။
.
. ဒီအေၾကာင္းေတြေျပာအျပီး ကြ်န္ေတာ႕ဖုန္းေဘကုန္သြားလို႕ လုိင္းက်အသြား တေလးတစားနဲ႕ "ဖုန္းလိုင္းက်သြားလို႕ျပန္ေခၚလာတာပါ" ဆုိတဲ႕ က်င္႕ဝတ္က မထက္ထက္ထြန္းရဲ႕အေလ႕အက်င္႕ကုိ ပိုမို အေရာင္တင္ေပးေနပါတယ္။ အမွန္ ဒါေတြက သူ႕ရဲ႕ေကာင္းခ်က္ေတြကိုခ်ည္းေျပာေနတာမဟုတ္ပါ။ တကယ္ၾကားမိတာေတြကို အပုိစာသားမပါ ေရးသားျပျခင္းသာျဖစ္ပါတယ္။
.
.
. ဘယ္လိုပင္ျဖစ္ေနပါေစ . . "တစ္ခ်ိန္ခ်ိန္ ကင္မရာေရွ႕ထြက္စကားေျပာေတာ႕မယ္" ဆိုရင္ ကြ်န္ေတာ႕ကို ဆက္သြယ္လုိက္ပါ မထက္ထက္ထြန္း . . ကြ်န္ေတာ္ျပန္ဆက္သြယ္ပါ႕မယ္။ အရာအားလံုးအတြက္ ေက်းဇူးပါခင္မ်ား။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. ရန္ကုန္တြင္ေရးသည္
. 07-26-2018
.
.
Unicode Version:
.
.
. "ကင်မရာရှေ့မထွက်ခြင်းအနုပညာ"
. ကျွန်တော့ရဲ့ #KoNyiNyiTaunggyiChannel ကြည့်ရှုသူတွေစောင့်မျှော်စရာမလိုတော့မယ့် လူတွေ့ (ဒါမှမဟုတ်) အွန်လိုင်းအင်တာဗျူးတစ်ခုကို စာတစ်ပုဒ်အနေနဲ့ရေးချင်လာမိတယ်။ ဒီတစ်ကြိမ် ခရီးထွက်တဲ့အခါ အသိပညာရှင်၊ အတတ်ပညာရှင် နဲ့ စာရေးသားသူတွေကဖိတ်ခေါ်ရင် ကျွန်တော်သွားလည်တတ်ပါတယ်။ ချက်ချင်းတွေ့၊ စကားလည်းပြော၊ ဖုန်းထုတ်၊ တစ်ခါတည်း အင်တာဗျူးမိလို့ ကြိုတင်အစီအစဉ်တကျ စကားပြောရတာမျိုးလုပ်ဖို့ ရန်ကုန်မှာသိပ်ခက်ခဲတယ်။ ဒါပေမယ့် အွန်လိုင်း ရှိတယ်။ ဆဲလ်ဖုန်း ရှိတယ်။ ကမ္ဘာမြေမှာ မိတ်ဆွေဘယ်နေရာကိုမှ ပြေးလို့မလွတ်ပါဘူး။
.
. ဒီအထဲမှာ ဒီနေ့ဖုန်းပြောခွင့်ရခဲ့သူက အောင်မြင်နေတဲ့ စာရေးဆရာမ ထက်ထက်ထွန်းပါ။ မထက်ထက်ထွန်းဟာ အရင် ကျွန်တော်နဲ့ခင်မင်ရင်းနှီးစွဲရှိခဲ့တဲ့ မကြည်စင်သန့် ရဲ့ ခင်ပွန်း ဟိုတစ်ရက်က အင်တာဗျူးခဲ့တဲ့ ကိုထွန်းထွန်းအောင် တို့နဲ့လည်း ရင်းနှီးသူဆိုတာသိခဲ့ရတယ်။ နောက်ပြီး အွန်လိုင်းမှာ Poll ကောက်တော့ ဆရာမထက်ထက်ထွန်း နဲ့ ဒေါက်တာစိုးသန်း အင်္ဂလိပ်စာ တို့ဟာ စာဖတ်ပရိသတ်တွေနားထောင်ချင်တဲ့စကားဝိုင်းမှာ ကျွန်တော်နဲ့အတူတူထိုင် မျှဝေဖို့ VIP လက်မှတ်တွေ ရခဲ့ကြသူတွေပါ။ (သတင်းကောင်း ။။။။။။။။။။ ဒေါက်တာစိုးသန်း နဲ့ ဟိုဘက်ပြန်ရောက်တဲ့ သြဂုတ်လထဲမှာ ရက်ချိန်းယူထားပြီးပါပြီ)
.
.
. မထက်ထက်ထွန်း က ဖုန်းနံပါတ်ပေးတော့ ကျွန်တော်ဆက်မိတဲ့အခါမှာ ရိုးသားတဲ့အသံပိုင်ရှင်ဆိုတာ စတင်သတိထားမိတယ်။ ပြီးတော့ သူတပါးပြောတဲ့စကားကိုလည်း ဆုံးအောင်နားထောင်တတ်တာကို အင်မတန်အားရကျေနပ်မိတယ်။ တနည်းအားဖြင့် စာကောင်းကောင်းဖတ်သူလို့ ကျွန်တော်အဓိပ္ပာယ်ပြန်ချင်တယ်။ အေးအေးလူလူနေထိုင်ရင်း နှိမ့်ချတဲ့ အသုံးအနှုန်းတွေနဲ့ မတောက်တခေါက်စာရေးသူတစ်ယောက်ကို ကိုယ်နဲ့တန်းတူအသိအမှတ်ပြုမှုတွေကို ကျွန်တော်တန်ဖိုးထားမိပါတယ်။
.
. ကျွန်တော့ရဲ့ညံဖျင်းတဲ့လေ့လာမှုကြောင့် မထက်ထက်ထွန်းဟာ မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက ရဲ့ ရင်သွေးတော်ထဲက သမီးအကြီးဆိုတာ Messenger ကနေ စာ စရိုက်မှ သိလာခဲ့ရတယ်။ ဒီဆရာတော်က တစ်ချိန်တုန်းက ငွေ၊ ငွေ၊ ငွေ လို့ ကျွန်တော့ရဲ့လောဘသိုက်ထဲက တကျီကျီအော်နေတဲ့ မကျွတ်မလွတ်ဝိဉာဉ်လေးကို တပိုင်းတစချွတ်ပေးခဲ့သူဆိုတာသိရလို့ အတိုင်းထက်အလွန်ဝမ်းသာခဲ့ရပါတယ်။
.
.
. သက်တော်အားဖြင့် (၇၁) နှစ်ထဲချည်းနှင်းဝင်ရောက်လာတဲ့ ဖခင်ရဟန်းကို ဝတ်ကြီးဝတ်ငယ် ခြေဆုတ်လက်နယ်လုပ်ကျွေးခွင့်ရနေတဲ့ မထက်ထက်ထွန်းရဲ့နေ့စဉ်ဘဝကို ဖုန်းထဲမှာရှင်းပြတော့ အကျိုးပေးကောင်းတဲ့ကုသိုလ်ကံကို အားကျရပြန်တယ်။ အိမ်ဖော်ယောကျ်ားလေးက နေမကောင်း အလုပ်မဆင်းလို့ ကိုယ်တိုင် ဝယ်ခြမ်းချက်ပြုတ်ရင်း ကားစီးနေရင်း ကျွန်တော်နဲ့ပြောမယ့်ဖုန်းကို လက်ခံပေးတဲ့အတွက် ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောပါရစေ။
.
. Skynet နဲ့ MRTV4 တို့လို အထင်အရမီဒီယာကြီးတွေရဲ့ လူတွေ့အင်တာဗျူးရိုက်ကူးခြင်းကို မထက်ထက်ထွန်း ဘာကြောင့် ရှောင်ချင်သလဲဆိုတာသိခွင့်ရတဲ့အတွက် ကျွန်တော်ပိုပြီး ကိုယ်ချင်းစာမိတယ်။ အသွေး နဲ့ အသား ဆိုတာခွဲခြားမရသလို ဗီဇ နဲ့ သန္ဓေဟာ အမြဲဒွန်တွဲနေရသလို ဆရာတော်ရဲ့အနေအေးမှု နဲ့ တောရဆောက်တည်တဲ့အေးငြိမ်းမှုကမ္ဘာရပ်ဝန်းကနေ ကျွန်တော်အပါအဝင် လောဘသားတွေဟာ ခပ်ဝေးဝေးတစ်နေရာမှာကျန်နေဆဲဆိုတာ သံဝေဂ ရ သက်ပြင်းတွေချနေမိတာကို တဖက်ကနေ ဖုန်းပြောနေတဲ့ မထက်ထက်ထွန်းကြားသိနိုင်မယ်မထင်ပါဘူး။
.
.
. ကျွန်တော်ဟာ မီဒီယာသမားတစ်ယောက်မဟုတ်သလို ဘယ်လိုနာမယ်ကြီးမျိုးမှုကိုမှ လိုလားဦးတည်လုပ်ဆောင်နေသူတစ်ယောက်မဟုတ်တာကို မထက်ထက်ထွန်းကို ရှင်းပြဖြစ်တယ်။ တစ်ဆက်တည်း မိနစ်အနည်းငယ်တောင်းပြီး အမေရိကားမသွားခင်က ဆရာတော်ရဲ့စာအုပ်တွေကိုဖတ်ပြီး စိတ်ဓါတ်ပြောင်းလဲခဲ့ပုံ၊ ဆရာတော်ရဲ့စာအုပ်တစ်ချို့ဝယ်သွား သယ်သွားခဲ့ပုံ နဲ့ ဟိုရောက်တော့ သား "စွမ်း" ကို မြန်မာစာအရေး၊ အဖတ်၊ နားထောင် နဲ့ အပြောမမေ့ရလေအောင် ကျွန်တော်တို့မိဘ (၂) ပါး ကြိုးစားခဲ့ပုံတွေကို ပြောပြဖြစ်ခဲ့ပါတယ်။
.
. ဒါကို မထက်ထက်ထွန်း က အားပေးရင်း နိုင်ငံခြားရောက်နေတဲ့မြန်မာတွေ၊ ပြည်တွင်းမှာအင်္ဂလိပ်ကျောင်းထားပြီး မိမိကလေးတွေမြန်မာလိုမတတ်တော့တာကို ဂုဏ်ယူနေတဲ့ မြန်မာမိဘတွေရဲ့ခံယူချက် မမှန်ကန်ဘူးဆိုတာကို ဆက်ဆွေးနွေးပြတာ ပညာရခဲ့တယ်။ နောက်ပိုင်း ကျွန်တော်ပြောပြတာကများပြီး မထက်ထက်ထွန်းရဲ့ "လူသိများအောင်မနေချင်တဲ့အနုပညာ" ကို ကျွန်တော်ခပ်ပါးပါးလေးသင်ယူလိုက်မိပါတယ်။
.
.
. ဒါပေမယ့် ကျွန်တော် ရေးပါ။ ပို့စ် တင်ပါ။ သူ့စာအုပ်တွေအကြောင်း ရေးပါ။ ပြီးရင် သူနဲ့ဆွေးနွေးပါ လို့ ခွင့်ပေးတဲ့အတိုင်း ကျွန်တော်အခုလိုရေးခွင့်ရတာဟာ စာဖတ်သူအပေါင်း Facebook ပေါ်မှာ အချိန်ကောင်းတွေ မြေခညောင်းပြီး ဖုန်းဘေတွေ ဒေါင်းဒေါင်းသွားရတဲ့ဘဝကို တစ်နည်းတစ်ဖုံအားဖြင့် အကျိုးပြုနိုင်မယ်ဆိုတာ မထက်ထက်ထွန်းမျှော်လင့်ထားပုံရတယ်။
.
. ပိုမိုနှစ်သက်မိတာက
.
"စာအုပ်ရေးတိုင်း ကျွန်မဖတ်ချင်သလိုရေးတာပါ"
.
"စာတစ်အုပ်ထုတ်လိုက်တိုင်း ကျွန်မရဲ့ရပိုင်ခွင့်ငွေကြေးကိုအနည်းဆုံးလျှော့ချပြီး စာပေပြန့်ပွားအောင်လုပ်ပါတယ်"
.
"သေသေဝပ်ဝပ်နေပြီး လူကြားထဲလွတ်လွတ်လပ်လပ်သွားနေရတာ ပိုကြိုက်တယ်"
.
"ဖခင်ရဟန်းကိုစောင့်ရှောက်ရင်း စာဖတ် စာရေးအလုပ်ကို အေးငြိမ်းစွာလုပ်ခွင့်ရနေတာ ငြိမ်းချမ်းတယ်"
.
"လူသိများအောင်မနေခြင်း - Low Profile ကို ကြိုက်နှစ်သက်တယ်" စတဲ့ မထက်ထက်ထွန်းရဲ့ပြောကြားချက်တွေဟာ လူရှေ့မရောက်ပေမယ့် စာဖတ်သူတွေရဲ့ နှလုံးသားတွေကို တည့်တည့်ပစ်လိုက်တာပါပဲ။
.
. ဒီအကြောင်းတွေပြောအပြီး ကျွန်တော့ဖုန်းဘေကုန်သွားလို့ လိုင်းကျအသွား တလေးတစားနဲ့ "ဖုန်းလိုင်းကျသွားလို့ပြန်ခေါ်လာတာပါ" ဆိုတဲ့ ကျင့်ဝတ်က မထက်ထက်ထွန်းရဲ့အလေ့အကျင့်ကို ပိုမို အရောင်တင်ပေးနေပါတယ်။ အမှန် ဒါတွေက သူ့ရဲ့ကောင်းချက်တွေကိုချည်းပြောနေတာမဟုတ်ပါ။ တကယ်ကြားမိတာတွေကို အပိုစာသားမပါ ရေးသားပြခြင်းသာဖြစ်ပါတယ်။
.
.
. ဘယ်လိုပင်ဖြစ်နေပါစေ . . "တစ်ချိန်ချိန် ကင်မရာရှေ့ထွက်စကားပြောတော့မယ်" ဆိုရင် ကျွန်တော့ကို ဆက်သွယ်လိုက်ပါ မထက်ထက်ထွန်း . . ကျွန်တော်ပြန်ဆက်သွယ်ပါ့မယ်။ အရာအားလုံးအတွက် ကျေးဇူးပါခင်များ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. ရန်ကုန်တွင်ရေးသည်
. 07-26-2018

No comments: