ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, March 14, 2017

ကုသုိလ္လိုခ်င္သူ နဲ႕ အကုသိုလ္လိုခ်င္သူ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

. လူရယ္လို႕ျဖစ္လာရင္ ေမြး-ေန-ေသ ဆုိတဲ႕ ကံအက်ိဳးေပးေတြကုိေရွာင္လြဲလို႕မရေကာင္းပါဘူး။ တစ္ရက္ရက္မွာ ေမြးခဲ႕မယ္၊ ေနာက္ကာလတစ္ခုရဲ႕တစ္ရက္ရက္မွာ ေသဆံုးမယ္၊ ဒီၾကားထဲမွာ အသက္ရွင္ေနထုိင္ႏိုင္တာက အျမတ္။ အသက္ရွဴခြင္႕ရေနတုန္း က်န္းမာေရးေကာင္းမယ္၊ ပညာတတ္မယ္၊ စီးပြားရွာႏုိင္မယ္ .. ဒါေတြက ဂုဏ္ထူးမွတ္မဟုတ္ေသးဘူး၊ ေအာင္မွတ္ပဲရွိေသးတယ္။

.
. က်န္းမာစြာေနထိုင္ႏိုင္ရင္းနဲ႕ ကုသိုလ္အလုပ္လုပ္ႏိုင္တာကမွ " ဂုဏ္ထူးမွတ္ "..။
.
.
. အခုေတာ႕ ကြ်န္ေတာ္အပါအဝင္ ခ်စ္မိတ္ေဆြတစ္္ခ်ိဳ႕က ေအာင္မွတ္ရဖို႕အေရး အေျခခံက်က်မေတြးပဲ မိမိကိုသူမ်ားသနားေအာင္ ေဆးရံုတက္ကုရတာဘယ္ေလာက္ကုန္တယ္ . . ဘယ္ႏိုင္ငံကုိေတာင္သြားကုရတာ ဘယ္လိုေခတ္မီေဆးနဲ႔ကုခဲ႔တယ္ . . ဆိုတာေတြကိုၾကားေနရေတာ႕ ေအာင္မွတ္ရေအာင္မနည္းၾကီး ကုန္းရုန္းေျဖေနရတဲ႕သူတုိ႕ရဲ႕ဘဝကို ဂရုဏာသက္မိတယ္။ 

.
. လူဆိုတာ ဒါပါပဲ။ 
မိမိျဖစ္သမွ်ကို မိတ္ေဆြေတြကိုေျပာျပခ်င္တယ္၊ ညည္းျပခ်င္တယ္၊ သနားဂရုနာသက္မႈကို ခံယူခ်င္တယ္။ အဲဒီမွာ အကုသိုလ္ဆိုတာ ကိုယ္ကမသိလိုက္ပဲ အတြင္းစိတ္ဘဝင္မွာ ဝင္ေရာက္ေနရာယူေတာ႔တာပါပဲ။
.
.
. ျမတ္စြာဘုရားရဲ႕သားေတာ္ ဆရာေတာ္ဘုရားၾကီးတို႔ရဲ႕တရားေတာ္ေတြမွာ ( ၾကားနာမွတ္မိသေလာက္ ) လူေတြဟာ မေသခင္အထိ " ကုသိုလ္လည္းလုပ္တယ္၊ အကုသိုလ္လည္းလုပ္တယ္ " ဆုိတာ မွတ္သားမိတယ္။ ဒီထက္ေလးနက္တဲ႕တရားေတြနာဖူးေပမယ္႕ သာသနာရဲ႕မူလတန္းေတာင္ မနည္းေအာင္ေအာင္လုပ္ေနရတဲ႕သူမို႕လို႕လားမေျပာတတ္ဘူး .. တစ္ျခားဟာေတြေဆြးေႏြးဖို႕ မရဲဝင္႕ပါဘူး။ 
 .
. တစ္ျခားမၾကည္႕ပါနဲ႕ . . ရာဇဝတ္သားေတြဟာ ဥပေဒေတြရဲ႕ၾကားလက္တလံုးျခားစၾကၤံေလွ်ာက္ေနသလို ကြ်န္ေတာ္တို႕ေခတ္လူသားေတြမွာ " အကုသုိလ္ နဲ႕ ကုသိုလ္ဆုိတဲ႕ ရွံဴးမွတ္ နဲ႕ ေအာင္မွတ္ၾကားမွာ " 
အသိစိတ္ရွိတစ္လွည္႕ မရွိတစ္လွည္႕ 
ေန႕နဲ႕ည ကို ျဖဴတစ္ေန႔ မည္းတစ္ည 
ကူးေနၾကပါတယ္။
.
.
. ေျပာခ်င္တာက မိမိေရွ႕မွာ မေကာင္းမႈတစ္ခုေတြ႕တဲ႔အခါ " ဒီလူ ဘာျဖစ္တယ္၊ ဘာလို႔ ဒီလိုလုပ္ရတာလဲ " ဆိုၿပီး ကိုယ္တိုင္မၾကဳံရသည့္တိုင္ နစ္နာသူကိုယ္စားခံစားၿပီး " လမ္းၾကံဳအကုသိုလ္ပါရမီ " ဝိုင္းၿပီးျဖည့္ၾကတယ္။ 
.
. အဲဒီအစား " သူကေတာ့ ဒီလိုျဖစ္သြားတယ္။ အေၾကာင္းရင္းေတာ့ ရွိရမယ္။ ငါ႔အလွည့္က်ရင္ ဒီလိုမျဖစ္ေအာင္ေနမယ္ " ဆိုၿပီး လွည့္ေတြးႏိုင္ရင္ ဝပ္ကိန္းဖို႔ၾကိဳးစားေနတဲ့ အတြင္းဘဝင္ေရာ၊ အေရာင္စြန္းေနတဲ႔ ( ၁၂ ) မ်ိဳး ေဒါသကိုေရာ ထင္ထင္ရွားရွား ဖိဖိျပားျပား ၾကည္႔ထားႏိုင္ပါလိမ္႔မယ္။ 
.
.
. ေအာင္မွတ္ရသြားတယ္႕ေနာက္ လူ႔အတြင္းစိတ္မွာ ၾကည္ႏူးမႈအရင္းခံ နဲ႔ စာနာမႈ၊ သနားၾကင္နာမႈဆိုတဲ့ ျဗာဟၼစိုရ္တရားေတြ တဖြားဖြားေပၚလာၿပီဆိုရင္ ေမးခြန္းဘယ္ေလာက္လွည္႔လွည္႔႔ ဘဝပုစၧာေတာ္ေတာ္မ်ားမ်ားကို မိမိအား မိမိကိုးလို႕ အေျဖထုတ္နိင္စြမ္းလာတာ အံ႕ၾသဖြယ္ရာေတြ႕ရပါလိမ္႕မယ္။ 
.
. ဂုဏ္ထူးမွတ္ကုိတက္လွမ္းဖို႕က်ေတာ႕ မိတ္ေဆြတုိ႕ရဲ႕ဝိရိယအားကိုစုိက္ထုတ္သံုးရပါဦးမယ္။ တစ္ခ်ိန္တည္းမွာပဲ " မိမိကုိဆက္ဆံေစခ်င္သလို သူတစ္ပါးကိုဆက္ဆံႏိုင္တတ္တဲ႕ ကိုယ္ခ်င္းစာတရား " ကုိ လူမႈေရးအေထာက္အကူပစၥည္းကဲ႕သို႕ ကိုယ္နဲ႕မကြာအျမဲေဆာင္သြားႏိုင္ရင္ သိပ္ပါတယ္။
.
.
. ဒါကိုမွ အပိုဆုအေနနဲ႕ Extra Credit ရႏုိင္ဖို႕အတြက္ အရွင္ေတာ္ဗုဒၵျမတ္စြာ က အေရးၾကီးလြန္းလို႕ ေနာက္ဆံုးအခ်ိန္အထိမိန္႕မွာသြားတဲ႕ၾသဝါဒကို ႏွလံုးသြင္းႏိုင္ပါတယ္။ 
.
. အခုဆိုရင္ ႏွစ္ေပါင္း ( ၂၅ဝဝ ) ေက်ာ္သည္႕တုိင္ေအာင္အျမဲမွန္ေနတဲ႕ အနက္တစ္ခုကို လူသားဆန္ဆန္ေျပာရရင္ " အျမဲေမ႕ေလ်ာ႕ေနသူလူသားမ်ားရဲ႕သ႑န္မွာ အကုသိုလ္စိတ္ အျမဲျဖစ္ေပၚေနႏုိင္လို႕ မေမ႕မေလ်ာ႕သတိနဲ႕ေနေလာ႕ " လို႕ အဓိပၸာယ္ရတဲ႕ " အပၸမာေဒန သမၺာေဒထ " ဆုိတဲ႕တရားေလးကို သတိရမိသလို ဂုဏ္ထူးမွတ္လိုခ်င္သူမိတ္ေဆြမ်ားကို မွ်ေဝခ်င္မိပါေၾကာင္း ..။
.
. ခင္လ်က္
.
. ကုိညီညီ ( ေတာင္ၾကီး )
. 02-17-2017
.
.
.
Unicode Version:
.
.
. " ကုသိုလ်လိုချင်သူ နဲ့ အကုသိုလ်လိုချင်သူ "
. လူရယ်လို့ဖြစ်လာရင် မွေး-နေ-သေ ဆိုတဲ့ ကံအကျိုးပေးတွေကိုရှောင်လွဲလို့မရကောင်းပါဘူး။ တစ်ရက်ရက်မှာ မွေးခဲ့မယ်၊ နောက်ကာလတစ်ခုရဲ့တစ်ရက်ရက်မှာ သေဆုံးမယ်၊ ဒီကြားထဲမှာ အသက်ရှင်နေထိုင်နိုင်တာက အမြတ်။ အသက်ရှူခွင့်ရနေတုန်း ကျန်းမာရေးကောင်းမယ်၊ ပညာတတ်မယ်၊ စီးပွားရှာနိုင်မယ် .. ဒါတွေက ဂုဏ်ထူးမှတ်မဟုတ်သေးဘူး၊ အောင်မှတ်ပဲရှိသေးတယ်။
.
. ကျန်းမာစွာနေထိုင်နိုင်ရင်းနဲ့ ကုသိုလ်အလုပ်လုပ်နိုင်တာကမှ " ဂုဏ်ထူးမှတ် "..။
.
.
. အခုတော့ ကျွန်တော်အပါအဝင် ချစ်မိတ်ဆွေတစ်ချို့က အောင်မှတ်ရဖို့အရေး အခြေခံကျကျမတွေးပဲ မိမိကိုသူများသနားအောင် ဆေးရုံတက်ကုရတာဘယ်လောက်ကုန်တယ် . . ဘယ်နိုင်ငံကိုတောင်သွားကုရတာ ဘယ်လိုခေတ်မီဆေးနဲ့ကုခဲ့တယ် . . ဆိုတာတွေကိုကြားနေရတော့ အောင်မှတ်ရအောင်မနည်းကြီး ကုန်းရုန်းဖြေနေရတဲ့သူတို့ရဲ့ဘဝကို ဂရုဏာသက်မိတယ်။ 
.
. လူဆိုတာ ဒါပါပဲ။ 
မိမိဖြစ်သမျှကို မိတ်ဆွေတွေကိုပြောပြချင်တယ်၊ ညည်းပြချင်တယ်၊ သနားဂရုနာသက်မှုကို ခံယူချင်တယ်။ အဲဒီမှာ အကုသိုလ်ဆိုတာ ကိုယ်ကမသိလိုက်ပဲ အတွင်းစိတ်ဘဝင်မှာ ဝင်ရောက်နေရာယူတော့တာပါပဲ။
.
.
. မြတ်စွာဘုရားရဲ့သားတော် ဆရာတော်ဘုရားကြီးတို့ရဲ့တရားတော်တွေမှာ ( ကြားနာမှတ်မိသလောက် ) လူတွေဟာ မသေခင်အထိ " ကုသိုလ်လည်းလုပ်တယ်၊ အကုသိုလ်လည်းလုပ်တယ် " ဆိုတာ မှတ်သားမိတယ်။ ဒီထက်လေးနက်တဲ့တရားတွေနာဖူးပေမယ့် သာသနာရဲ့မူလတန်းတောင် မနည်းအောင်အောင်လုပ်နေရတဲ့သူမို့လို့လားမပြောတတ်ဘူး .. တစ်ခြားဟာတွေဆွေးနွေးဖို့ မရဲဝင့်ပါဘူး။ 
 .
. တစ်ခြားမကြည့်ပါနဲ့ . . ရာဇဝတ်သားတွေဟာ ဥပဒေတွေရဲ့ကြားလက်တလုံးခြားစင်္ကြံလျှောက်နေသလို ကျွန်တော်တို့ခေတ်လူသားတွေမှာ " အကုသိုလ် နဲ့ ကုသိုလ်ဆိုတဲ့ ရှူံးမှတ် နဲ့ အောင်မှတ်ကြားမှာ " 
အသိစိတ်ရှိတစ်လွည့် မရှိတစ်လွည့် 
နေ့နဲ့ည ကို ဖြူတစ်နေ့ မည်းတစ်ည 
ကူးနေကြပါတယ်။
.
.
. ပြောချင်တာက မိမိရှေ့မှာ မကောင်းမှုတစ်ခုတွေ့တဲ့အခါ " ဒီလူ ဘာဖြစ်တယ်၊ ဘာလို့ ဒီလိုလုပ်ရတာလဲ " ဆိုပြီး ကိုယ်တိုင်မကြုံရသည့်တိုင် နစ်နာသူကိုယ်စားခံစားပြီး " လမ်းကြုံအကုသိုလ်ပါရမီ " ဝိုင်းပြီးဖြည့်ကြတယ်။ 
.
. အဲဒီအစား " သူကတော့ ဒီလိုဖြစ်သွားတယ်။ အကြောင်းရင်းတော့ ရှိရမယ်။ ငါ့အလှည့်ကျရင် ဒီလိုမဖြစ်အောင်နေမယ် " ဆိုပြီး လှည့်တွေးနိုင်ရင် ဝပ်ကိန်းဖို့ကြိုးစားနေတဲ့ အတွင်းဘဝင်ရော၊ အရောင်စွန်းနေတဲ့ ( ၁၂ ) မျိုး ဒေါသကိုရော ထင်ထင်ရှားရှား ဖိဖိပြားပြား ကြည့်ထားနိုင်ပါလိမ့်မယ်။ 
.
.
. အောင်မှတ်ရသွားတယ့်နောက် လူ့အတွင်းစိတ်မှာ ကြည်နူးမှုအရင်းခံ နဲ့ စာနာမှု၊ သနားကြင်နာမှုဆိုတဲ့ ဗြာဟ္မစိုရ်တရားတွေ တဖွားဖွားပေါ်လာပြီဆိုရင် မေးခွန်းဘယ်လောက်လှည့်လှည့် ဘဝပုစ္ဆာတော်တော်များများကို မိမိအား မိမိကိုးလို့ အဖြေထုတ်နိင်စွမ်းလာတာ အံ့ဩဖွယ်ရာတွေ့ရပါလိမ့်မယ်။ 
.
. ဂုဏ်ထူးမှတ်ကိုတက်လှမ်းဖို့ကျတော့ မိတ်ဆွေတို့ရဲ့ဝိရိယအားကိုစိုက်ထုတ်သုံးရပါဦးမယ်။ တစ်ချိန်တည်းမှာပဲ " မိမိကိုဆက်ဆံစေချင်သလို သူတစ်ပါးကိုဆက်ဆံနိုင်တတ်တဲ့ ကိုယ်ချင်းစာတရား " ကို လူမှုရေးအထောက်အကူပစ္စည်းကဲ့သို့ ကိုယ်နဲ့မကွာအမြဲဆောင်သွားနိုင်ရင် သိပ်ပါတယ်။
.
.
. ဒါကိုမှ အပိုဆုအနေနဲ့ Extra Credit ရနိုင်ဖို့အတွက် အရှင်တော်ဗုဒ္ဒမြတ်စွာ က အရေးကြီးလွန်းလို့ နောက်ဆုံးအချိန်အထိမိန့်မှာသွားတဲ့ဩဝါဒကို နှလုံးသွင်းနိုင်ပါတယ်။ 
.
. အခုဆိုရင် နှစ်ပေါင်း ( ၂၅ဝဝ ) ကျော်သည့်တိုင်အောင်အမြဲမှန်နေတဲ့ အနက်တစ်ခုကို လူသားဆန်ဆန်ပြောရရင် " အမြဲမေ့ေလ်ာ႕ေနေသူလူသားများရဲ့သဏ္ဍန်မှာ အကုသိုလ်စိတ် အမြဲဖြစ်ပေါ်နေနိုင်လို့ မမေ့မလျော့သတိနဲ့နေလော့ " လို့ အဓိပ္ပာယ်ရတဲ့ " အပ္ပမာဒေန သမ္ဗာဒေထ " ဆိုတဲ့တရားလေးကို သတိရမိသလို ဂုဏ်ထူးမှတ်လိုချင်သူမိတ်ဆွေများကို မျှဝေချင်မိပါကြောင်း ..။
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 02-17-2017

No comments: