ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, November 22, 2015

ကိုကိုလြင္ ႏွင္႕ ကိုညီညီ စကားစစ္ထုိးခန္း။ ( ၂ )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
ကိုကိုလြင္ ။           ။ ကဲ .. အခု ( ၂ဝ၁၅ ) လည္းကုန္ေတာ႕မယ္။ ငါတုိ႕အျငင္းအခုန္ျဖစ္ခဲ႕တာလည္း တစ္ႏွစ္ေက်ာ္လာျပီ။ မင္းရဲ႕ဘဝ ဘာမ်ားတိုးတက္လာသလဲ .. ရွင္းစမ္းပါဦး။
.
ကိုညီညီ ။          ။ ေျပာရရင္ေတာ႕ “ ဘ ” နဲ႕ “ ဝ ” ေပါင္းမိကတည္းက စေတာ႕တာပဲေမာင္ေရ။ လုပ္လိုက္ရတဲ႕အလုပ္ေတြ၊ ေက်ာ္ျဖတ္လိုက္ရတဲ႕အခက္အခဲေတြ၊ ေျဖရွင္းလိုက္ရတဲ႕အေသးအဖဲြျပသနာေလးေတြ အမ်ားၾကီးပါကြာ။ မေျပာခ်င္ေတာ႕ပါဘူး။
.
.
ကိုကိုလြင္ ။           ။ ဘာအခုမွေၾကာက္ပါျပီလဲ။ လုပ္တုန္းကလုပ္ျပီးေတာ႕၊ အခုလည္း အေမရိကားကို မင္းပဲ လာတုန္းကလာျပီးေတာ႕။
.
ကိုညီညီ ။          ။ ေၾကာက္လို႕မဟုတ္ပါဘူးကြာ .. မင္းကလည္း။ ငါဆိုလိုတာက လူတစ္ေယာက္ဟာ အခက္အခဲရွိတိုင္း လူတကာကိုလုိက္ေျပာ၊ အားတုိင္းယားတုိင္း Facebook ေပၚအခ်ိန္ျပည္႕တင္ေနလို႕ဘယ္ျဖစ္ပါ႕မလဲ။ အခုဟာက ငါေရာက္ေနတဲ႕ေနရာမွာ ေပ်ာ္ေသာ္ရွိ မေပ်ာ္ေသာ္ရွိ ပတ္ဝန္းက်င္နဲ႕ သင္႕တင္႕ေလ်က္ပတ္ေအာင္ေနထုိင္ေနပါတယ္လို႕ ေျပာခ်င္တာပါ သူငယ္ခ်င္းရာ။
.
.
ကိုကိုလြင္ ။           ။ အခုမွ သူငယ္ခ်င္းေတြ ဘာေတြလာလုပ္မေနနဲ႕။ အြန္လိုင္းေပၚမွာ မင္းဓါတ္ပံုေတြတစ္ျဖည္းျဖည္း နဲ႕ ခပ္စိတ္စိတ္ေလးေတြ႕လာရတယ္။ ဒါဟာ မင္းအြန္လုိင္းေပၚမွာ သူမ်ားေတြခ်ီးေျမွာက္တာကို သာယာေနတာမဟုတ္လို႕ .. ဘာလဲ?
.
ကိုညီညီ ။          ။ ဒါကေတာ႕ရွင္းရွင္းေလးပါ။ ငါ႕မွာ မိသားစုရွိတယ္။ သား နဲ႕ သမီးရွိတယ္။ ဘဝကို သာမန္လူေတြလိုရုန္းကန္ေနရတယ္။ နယ္ေျမသစ္တစ္ခုေရာက္ေနလို႕ နတ္ဘံုနန္းတမွ် ဇိမ္ခံစားေနတာမဟုတ္ဘူးဆိုတာ အတန္းအစားမေရြး စာဖတ္သူမ်ားကို ေဖာ္ျပလိုက္တာပါပဲ။

.
.
ကိုကိုလြင္ ။           ။ မင္းကေတာ႕ စာေရးဆရာလို႕မေျပာရဘူး။ တစ္ခုခုဆုိ ဆင္ေျခနဲ႕ဆင္လက္နဲ႕။ ဘယ္လိုခုတ္ထစ္ ခုတ္ထစ္ ျပတ္သြားတယ္ရယ္လို႕မၾကားဖူးဘူး။ ေျပာလိုက္တိုင္းျငိမ္နားေထာင္တယ္ဆိုတာ တစ္ခုမွမရွိဘူး။
.
ကိုညီညီ ။          ။ ေအး .. ၾကံဳလို႕ငါလည္းေျပာခြင္႕ရျပီ။ ငါက စာေရးဆရာမဟုတ္ေသးသလို ဘာစာအုပ္မွလည္း က်က်နနထုတ္ထားတာ မရွိေသးဘူး။ တစ္ကယ္ဆို ေတာက္တိုမယ္ရ ေဆာင္းပါးေလးတစ္ပုဒ္ေတာင္ သူမ်ားဖတ္လို႕ စိတ္ထဲစြဲသြားေအာင္ေတာင္ ေရးႏုိင္ေသးတာမဟုတ္ဘူး။ ဒါေပမယ္႕ ငါ႕ရည္ရြယ္ခ်က္က မင္းကုိအရင္ကေျပာခဲ႕သလို ငါမေသခင္ ( တေန႕ေတာ႕ေသၾကရမွာမဟုတ္လား ) ငါသိေလာက္ေလးကို ငါတတ္ႏိုင္သေလာက္ အသိပညာေတြ လက္ဆင္႕ကမ္းခဲ႕ခ်င္တယ္။ ေနာက္မက်ခ်င္ဘူး။ ဒီေလာက္ေတာ႕ ေနရာေသးေသးေလး ယူခြင္႕မရွိဘူးလား?
.
.
ကိုကိုလြင္ ။           ။ ရွိပါတယ္ .. ရွိပါတယ္။ ဒါေပမယ္႕ လူတကာမ်က္စိေနာက္ေအာင္လုပ္တာေတာ႕မေကာင္းဘူးေပါ႕ကြာ။ အခုဆို မင္းရဲ႕ Timeline ထဲမွာ စာေရးတာေတာ႕ထားပါေတာ႕။ ဓါတ္ပံုလည္းရိုက္ေသးတယ္။ ဘာတဲ႕ … ကားလမ္းဆိုလား .. စည္းကမ္းဆိုလား ဖုန္းနဲ႕ရိုက္္တဲ႕ဗီဒီယုိဆုိတာလည္းရွိေသးတယ္။ အခုေနာက္ပိုင္း စာသင္တယ္ဆိုတာလည္း ေတြ႕လာရတယ္။ It is too much. မမ်ားလြန္းဘူးလား။ ငါက အဲဒါကိုေျပာခ်င္တာ။
.
ကိုညီညီ ။          ။ ေျပာပါကြာ .. မင္းပဲေျပာပါ။ ငယ္ႏုိင္ဆုိေတာ႕ မင္းေျပာသမွ် မွန္ေနသလိုပဲကြ။ စာေရးသက္က ( ၂ ) ႏွစ္ခြဲေက်ာ္လာျပီ။ ဂ်ာနယ္တစ္ခု နဲ႕ မဂၢဇင္းတစ္ခုတုိ႕မွာလည္း ေပ်ာက္တိေပ်ာက္ၾကား ပါလာျပီ။ ဒါေပမယ္႕ တစ္ခ်ိဳ႕အသိဥာဏ္ေတြက စာေရးျပီးေျပာရခက္သလို မ်က္လံုးထဲျမင္ႏုိင္ေအာင္၊ စိတ္ကူးထဲတန္းျပီးမွန္းဆႏိုင္ေအာင္ မစြမ္းသာဘူးေလ။
.
ဒါေၾကာင္႕ တစ္ခ်ိဳ႕ေနရာေတြမွာ ပံုရိပ္ဖမ္းရတယ္ .. ဒါဆို ဓါတ္ပံုျဖစ္သြားေရာ။ သူတစ္ဦးတစ္ေယာက္ကို တတ္ေစခ်င္လို႕ရွိရင္ ဖတ္ေစခ်င္ရံုနဲ႕မရဘူး .. “ မွတ္ ” ခိုင္းလိုက္မွ တတ္သြားတာတဲ႕။ ဒါေၾကာင္႕ အေနာက္ႏုိင္ငံမွာ စာကုိအလြတ္မက်က္ခိုင္းဘူး။ ဖြင္႕ထားတဲ႕စာမ်က္ႏွာကို မ်က္စိနဲ႕ဓါတ္ပံုရုိက္ထားသလို Scan လုပ္ခုိင္းတယ္။ မင္းလည္းၾကားဖူးရဲ႕သားနဲ႕။
.
ေနာက္တစ္ခုက ဗီဒီယုိ။ ဒါလည္း ဒီလိုပဲ။ မတူညီတဲ႕ႏုိင္ငံမွာ လမ္းစည္းကမ္းေတြက တစ္ေျပးညီဘယ္ျဖစ္ပါ႕မလဲ။ သူ႕လမ္း နဲ႕ သူကားနဲ႕ သူ႕လူေတြနဲ႕က အကိုက္။ ဒါေပမယ္႕ လမ္းေဖာက္တဲ႕သူေတြ၊ ျမိဳ႕ျပလမ္းဗိုလ္ေတြက တစ္ခုခုလုပ္ေတာ႕မယ္၊ စီမံကိန္းဆြဲေတာ႕မယ္၊ အထူးသျဖင္႕ ကား၊ လမ္း နဲ႕ အိမ္ယာစီမံကိန္းေတြကိုေပါ႕ကြာ..။ သူတုိ႕က “ စဥ္းစားတယ္ ” ကြ။ တစ္ဖက္ကားကို အေႏွာင္႕အယွက္ျဖစ္ေအာင္မလုပ္ဘူး။ ဒါကို ငါသတိထားမိတာၾကျပီ။ စာေရးေျပာျပဖို႕မလြယ္ဘူး။ ဒါေၾကာင္႕ ကိုယ္စြမ္းရွိသေလာက္ရိုက္ျပတာ။
.
.
ကိုကိုလြင္ ။           ။ ဒါဆို အြန္လုိင္းကေန အေမရိကန္မွာသင္တဲ႕အဂၤလိပ္စာသင္တယ္ဆိုတာကေရာ .. ဒါလည္း စာေရးေျပာျပလို႕မရလုိ႕ လုပ္ရတာပါလို႕ ေျပာဦးမလုိ႕လား?
.
ကိုညီညီ ။          ။ မင္းကေတာ႕ ငါ႕ကိုဆုိ ႏွက္ဖို႕ခ်ည္းေတြးေနတာပဲ။ ငါေျပာျပမယ္ .. ဒီလုိ။ ျမန္မာလူငယ္ေတြ ႏုိင္ငံတကာထြက္ျပီးစာသင္ခ်င္ၾကတယ္။ သိပ္ေတာ္ သိပ္တတ္ျပီး ေငြေၾကးျပည္႕စံုလို႕ ပုဂၢိကအဂၤလိပ္ေက်ာင္းတက္ထားဖူးသူေတြအတြက္ ေရကန္အသင္႕ၾကာအသင္႕ျဖစ္ခ်င္ျဖစ္မယ္ .. အမ်ားစုအေျခခံလူတန္းစားအတြက္ကေတာ႕ ေက်ာင္းကသင္ေပးလိုက္တဲ႕အဂၤလိပ္စာနဲ႕ကေတာ႕ ဘဝရပ္တည္ႏုိင္ဖို႕မလြယ္ကူဘူးဆိုတာ အထင္းသားၾကီး မင္းလည္းျမင္မွာ ေတြ႕မွာပါ။
.
တစ္ခ်ိဳ႕ေသာသူေတြအတြက္ကေတာ႕ ေမဂ်ာၾကီးၾကီးေတြ၊ ဘာသာရပ္အမုိက္စားေတြသင္ဖုိ႕ ျပီးျပည္႕စံုတဲ႕အဂၤလိပ္စာရွိေနႏုိင္ေပမယ္႕ အမ်ားစုက ေဒသဆိုင္ရာအဂၤလိပ္စာကို မရအရလုိက္ရင္း အခ်ိန္ကုန္ရတာ မၾကာခဏေတြ႕ဖူးတယ္။ ဒီကြက္လပ္ရဲ႕အေသးငယ္ဆံုးဟာကြက္ကေလးကေန ငါတတ္ႏုိင္သေလာက္ျဖည္႕ေပးခ်င္တာ။ ဒါေတြကို မင္းက မ်ားေနျပီလို႕ေျပာေနေပမယ္႕ ငါ႕အတြက္ေတာ႕နည္းေနေသးတယ္ထင္တာပဲေလ။ ဒီအတြက္ စာသင္တာဆိုတာထက္ A.G.E.L.P ပရုိဂရမ္ဆိုရင္ ပိုမွန္ပါတယ္။
.
.
ကိုကိုလြင္ ။           ။ မင္းကေတာ႕ ကိုယ္လုပ္ခ်င္တာလုပ္ရလို႕ေပ်ာ္ေနတယ္ထားဦး .. ဖတ္ရ၊ ၾကည္႕ရ၊ အျမင္ကပ္ရတဲ႕သူေတြအတြက္ မသက္သာလွဘူး။
.
ကိုညီညီ ။          ။ ကဲ .. မင္းဒီစကားေျပာေတာ႕ ငါလည္းေျပာခြင္႕ၾကံဳရေသးတာေပါ႕။ လိုင္းေပၚမွာ .. Facebook ေပၚမွာကုိေျပာတာ။ ထမင္းစားလည္းတင္၊ ဗိုက္နာလည္းတင္တဲ႕သူေတြ အမ်ားၾကီးပဲ။ ဒီအထဲကမွ အဂၤလိပ္စာ၊ ျပင္ပဗဟုသုတ၊ ဘာသာရပ္ဆိုင္ရာေဆြးေႏြးပြဲ၊ ႏုိင္ငံရပ္ျခားအေတြ႕အၾကံဳ နဲ႕ ဘဝသင္ခန္းစာေတြကိုေလ႕လာခ်င္သူေတြဆုိတာ သပ္သပ္ရွိတယ္ဆုိတာသိလာတဲ႕အခါ ငါက ဒီလို အသိပညာျဖန္႕ေဝမႈေတြကိုလုပ္ခ်င္လာတာပါပဲ။ ဒါက အမွန္အတိုင္းေျပာျပတာ။
.
.
ကိုကိုလြင္ ။           ။ သူတို႕က မင္းေရွ႕က်ေတာ႕ ဒီအတိုင္းဆက္ဆံမွာေပါ႕။ ေနာက္ကြယ္က်မွ မင္းကိုေရွာင္ခြင္သြားသူေတြ၊ မင္းပရိသတ္ဆိုျပီး အေခ်ာသတ္သြားသူေတြ မင္းေတြ႕ရဦးမွာပါ။ ကိုယ္႕ဟာကိုယ္လည္း သိပ္အထင္ၾကီးမေနပါနဲ႕။
.
ကိုညီညီ ။          ။ ဟာ မင္းကလည္း .. ငါဘယ္ေတာ႕မွ ေအာက္ေျခမလြတ္ဘူးကြ။ အမွန္အတိုင္းေျပာရရင္ ( ၂ဝဝ၈ ) ခုႏွစ္အထိ အင္တာနက္ဆုိတာ ဘာမွန္းမသိခဲ႕ဘူး။ အသိေခါက္ခက္အဝင္နက္တယ္ဆုိပါေတာ႕ကြာ။
.
စာစေရးကတည္းက ဘယ္သူဖတ္ပါေစရယ္လုိ႕မရည္ရြယ္ခဲ႕ဘူး။ ဘယ္လိုစည္းကမ္းမ်ိဳးနဲ႕ေဘာင္ဝင္ေအာင္ေရးရမယ္ဆုိတာ နားမလည္ခဲ႕ဘူး။ ေနာက္ေတာ႕တစ္ခုခုအရာထင္ေအာင္လုပ္ထားဦးမွပဲဆုိျပီး စကားေျပာသလိုမွတ္တမ္းတင္ခဲ႕တယ္။ ဒီေတာ႕ မင္းၾကည္႕ၾကည္႕လိုက္ .. ငါေရးထားတာေတြက ငါ႕ဘဝအတြက္မွတ္တမ္းပဲ။ ေနာက္ေနာင္လူငယ္ေတြအတြက္ အျမဲအသက္ဝင္ေနမယ္၊ ရွင္သန္ေနမယ္ဆုိတာ ငါသိတယ္။
.
ေနာက္တစ္ခု Facebook မွာ Like ဘယ္ေလာက္ရတယ္၊ Share ဘယ္ေလာက္မ်ားတယ္ဆိုတာ ငါ႕အတြက္ အဓိကမက်ပါဘူး။ ဒါက ဘာအခက္အခဲကိုမွေျဖရွင္းေပးႏုိင္စရာအေၾကာင္းမျမင္ပါဘူး။ ဒါေပမယ္႕ ဆက္လက္ရွင္သန္ေနျပီး လက္ေခ်ာင္းေလးေတြ အသက္ဆက္ေနရင္ေတာ႕ သူတစ္ပါးရဲ႕အေသးအဖြဲ အထံုးအခ်ိတ္ေလးေတြကုိ ေတာ္တန္သင္႕သေလာက္ ေျပလည္ႏုိင္ရဲ႕ .. လို႕ေတာ႕ ေတြးမိတာရွိတယ္။ ဒါေၾကာင္႕လည္း မရပ္မနားပဲ ဆက္လုပ္သြားမွာပါ။
.
.
ကိုကိုလြင္ ။           ။ ဒါနဲ႕ မင္းဒီတစ္ေခါက္ျမန္မာႏုိင္ငံျပန္ရင္ လူငယ္ေတြနဲ႕စကားေျပာခ်င္တယ္လို႕ တစ္ခ်ိဳ႕ကအတင္းတုပ္ေနတယ္။ မင္းဟာက ေတာ္ရံုေတာ႕မဟုတ္ေတာ႕ဘူးေနာ္။ ေကာ႕လန္ကန္ကား ေတာ္ေတာ႕ကိုၾကြားေနျပီ။ တစ္ကယ္႕ပညာတတ္တဲ႕ဆရာသမားေတြကေတာင္ ဒီလိုလုပ္တာသိပ္မေတြ႕ဘူး။ မင္းက ဘာမုိ႕လို႕လဲ?
.
ကိုညီညီ ။          ။ ေအးကြာ .. ေျပာေတာ႕လည္းခံရတာေပါ႕။ ဆယ္တန္းတုန္းကရတဲ႕ငါ႕အမွတ္က ငါတက္ခ်င္တဲ႕ဘာသာရပ္ကိုမမီွခဲ႕ဘူးကြ။ ဒါေၾကာင္႕ ဝါသနာမပါတဲ႕ေမဂ်ာကိုတက္ခဲ႕ရင္း အေရးေတာ္ပံုလည္းျဖစ္ခဲ႕၊ အိမ္ေထာင္လည္းက်ခဲ႕၊ ကုန္သည္ေပါက္စလည္းျဖစ္ခဲ႕တယ္။ ဝါသနာမပါတာကို အရြဲ႕တုိက္လုပ္ေနရင္း ငါ႕ရဲ႕ “ ဆက္လက္မေလ႕လာလို႕တဲ႕စိတ္ ” ေၾကာင္႕ ပညာတတ္တစ္္ေယာက္ေတာ႕မျဖစ္ခဲ႕ဘူးဆုိတာ ဝန္ခံတယ္။ ဘယ္သူ႕ကိုမွအျပစ္မတင္ခ်င္ဘူး။ ငါ႕ကိုယ္ငါပဲ အျပစ္တင္ပါတယ္။
.
ဒါေၾကာင္႕ အခုက အေကာင္းအဆံုးအခ်ိန္ပဲကြ။ ႏုိင္ငံသစ္ထူေထာင္ဖို႕တာဆူေနၾကျပီ။ မင္းအဆင္သင္႕ျဖစ္ျပီလား? ေျပာရရင္ ငါကေတာ႕ အသင္႕ပဲ။ သိပ္အၾကီးၾကီးလုပ္တယ္လုိ႕မေျပာနဲ႕ ..  စိတ္ရွည္ရွည္နားေထာင္ဦး။
.
ငါကိုယ္တိုင္ ပညာတတ္မျဖစ္ခဲ႕ေပမယ္႕ ဘဝကေပးတဲ႕သင္ခန္းစာ နဲ႕ ပညာတတ္ျဖစ္ခ်င္သူေတြသြားရမယ္႕လမ္းကို ငါေတြ႕ထားတယ္။ ဒါကို အခုလက္ရွိျမန္မာလူငယ္ေတြကုိ ေျပာျပရမယ္။ ဒီအထဲကမွ၊ Facebook Friends 5000 ထဲကမွ တစ္ေယာက္တစ္ေလေလာက္ပဲ ငါ႕ရဲ႕လမ္းညႊန္မႈေၾကာင္႕ ပညာတတ္ျဖစ္ခဲ႕မယ္ဆုိရင္ ဘယ္ေလာက္ဝမ္းသာဖို႕ေကာင္းသလဲ?
.
ငါက သူ႕ကုိ ပညာတတ္ျဖစ္ေအာင္လုပ္ေပးႏုိင္တာမဟုတ္ဘူး။ သူ႕ကုိယ္သူလုပ္ရမွာ။ သူသြားရမယ္႕လမ္းကို ခလုပ္မထိဆူးမျငိရေလေအာင္ ငါက ျပေပးခြင္႕ရတာကိုပဲ အင္တာနက္္အြန္လိုင္းကိုေက်းဇူးတင္ေနပါျပီ။
.
.
ကိုကိုလြင္ ။           ။ ကုိယ္လုပ္တာကိုယ္အမွန္လို႕လည္း တသမတ္ထင္မေနနဲ႕ဦး။ ပညာတတ္ေတြက အြန္လိုင္းေပၚမွာ အမ်ားၾကီး။
.
ကိုညီညီ ။          ။ ေအး အခုမွပဲ ငါေျပာခ်င္တဲ႕လုိရင္းကိုေရာက္ေတာ႕တယ္။ မင္းလည္းၾကားဖူးမွာပါ .. ေနာက္ပိုင္း Facebook ေပၚမွာ ေခတ္စားေနတာေလ .. ရိသဲ႕သဲ႕နဲ႕ .. ဘာတဲ႕ “ ၾကည္႕ေနတယ္ .. မေျပာေသးဘူး ” ဆိုလား ဘာလား မသိဘူး။
.
ကဲ အခု မင္းလူငယ္ေတြကုိ ဘာမွမေျပာပဲနဲ႕ လႊတ္ထားခဲ႕တာ မဝေသးဘူးလား။ အုပ္ခ်ဳပ္သူအဆက္ဆက္ရဲ႕ မ်က္စိမွိတ္ နားပိတ္အလုပ္ေတြကုိ ဆက္အားေပးမလုိ႕လား။ မင္းေျပာသလို ပညာတတ္ေတြမ်ားတာ ဟုတ္တယ္ .. မ်ားတာမွ တစ္ကယ္႕ကိုအမ်ားၾကီး။ သူတုိ႕သြားၾကည္႕လိုက္ ျပန္လည္ေဆြးေႏြးဖို႕ေနေနသာသာ မက္ေဆ႕ကေန ေမးခြန္းေလးတစ္ခုေမးတာေလာက္ကိုေတာင္ အေရးတယူျပန္မေျဖႏုိင္ဘူး၊ မအားၾကဘူး၊ ဂရုမစိုက္ၾကဘူး။
.
ဒါေၾကာင္႕ ငါသင္ယူခဲ႕တဲ႕ “ ေမးခြန္းေမးျပီး ပညာေရးစံနစ္ကိုေဆာက္တည္ ” ဆုိတဲ႕ အေမရိကန္ရဲ႕ Peer Education စံနစ္ကေန ဒီအေလ႕အက်င္႕ေကာင္းကို ေမြးစားျပီး ငါက လူငယ္ေတြနဲ႕စကားေျပာတယ္၊ ေမးခြန္းေတြေျဖတယ္၊ လမ္းညႊန္မႈေပးတယ္၊ အားအင္စကားေတြေျပာေပးတယ္။ ဒါက ျမန္မာႏုိင္ငံက ပညာတတ္ေတြနဲ႕ငါနဲ႕ကြာတဲ႕အခ်က္ပဲ။ ဒါ ငါမွားသလားကြာ..။
.
ခင္မင္လ်က္
.
11-22-2015
.
.
.
Myanmar Unicode Version:
.
.
“ ကိုကိုလွင် နှင့် ကိုညီညီ စကားစစ်ထိုးခန်း။ ( ၂ ) ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကိုကိုလွင် ။           ။ ကဲ .. အခု ( ၂ဝ၁၅ ) လည်းကုန်တော့မယ်။ ငါတို့အငြင်းအခုန်ဖြစ်ခဲ့တာလည်း တစ်နှစ်ကျော်လာပြီ။ မင်းရဲ့ဘဝ ဘာများတိုးတက်လာသလဲ .. ရှင်းစမ်းပါဦး။
.
ကိုညီညီ ။          ။ ပြောရရင်တော့ “ ဘ ” နဲ့ “ ဝ ” ပေါင်းမိကတည်းက စတော့တာပဲမောင်ရေ။ လုပ်လိုက်ရတဲ့အလုပ်တွေ၊ ကျော်ဖြတ်လိုက်ရတဲ့အခက်အခဲတွေ၊ ဖြေရှင်းလိုက်ရတဲ့အသေးအဖွဲပြသနာလေးတွေ အများကြီးပါကွာ။ မပြောချင်တော့ပါဘူး။
.
.
ကိုကိုလွင် ။           ။ ဘာအခုမှကြောက်ပါပြီလဲ။ လုပ်တုန်းကလုပ်ပြီးတော့၊ အခုလည်း အမေရိကားကို မင်းပဲ လာတုန်းကလာပြီးတော့။
.
ကိုညီညီ ။          ။ ကြောက်လို့မဟုတ်ပါဘူးကွာ .. မင်းကလည်း။ ငါဆိုလိုတာက လူတစ်ယောက်ဟာ အခက်အခဲရှိတိုင်း လူတကာကိုလိုက်ပြော၊ အားတိုင်းယားတိုင်း Facebook ပေါ်အချိန်ပြည့်တင်နေလို့ဘယ်ဖြစ်ပါ့မလဲ။ အခုဟာက ငါရောက်နေတဲ့နေရာမှာ ပျော်သော်ရှိ မပျော်သော်ရှိ ပတ်ဝန်းကျင်နဲ့ သင့်တင့်လျေက်ပတ်အောင်နေထိုင်နေပါတယ်လို့ ပြောချင်တာပါ သူငယ်ချင်းရာ။
.
.
ကိုကိုလွင် ။           ။ အခုမှ သူငယ်ချင်းတွေ ဘာတွေလာလုပ်မနေနဲ့။ အွန်လိုင်းပေါ်မှာ မင်းဓါတ်ပုံတွေတစ်ဖြည်းဖြည်း နဲ့ ခပ်စိတ်စိတ်လေးတွေ့လာရတယ်။ ဒါဟာ မင်းအွန်လိုင်းပေါ်မှာ သူများတွေချီးမြှောက်တာကို သာယာနေတာမဟုတ်လို့ .. ဘာလဲ?
.
ကိုညီညီ ။          ။ ဒါကတော့ရှင်းရှင်းလေးပါ။ ငါ့မှာ မိသားစုရှိတယ်။ သား နဲ့ သမီးရှိတယ်။ ဘဝကို သာမန်လူတွေလိုရုန်းကန်နေရတယ်။ နယ်မြေသစ်တစ်ခုရောက်နေလို့ နတ်ဘုံနန်းတမျှ ဇိမ်ခံစားနေတာမဟုတ်ဘူးဆိုတာ အတန်းအစားမရွေး စာဖတ်သူများကို ဖော်ပြလိုက်တာပါပဲ။
.
.
ကိုကိုလွင် ။           ။ မင်းကတော့ စာရေးဆရာလို့မပြောရဘူး။ တစ်ခုခုဆို ဆင်ခြေနဲ့ဆင်လက်နဲ့။ ဘယ်လိုခုတ်ထစ် ခုတ်ထစ် ပြတ်သွားတယ်ရယ်လို့မကြားဖူးဘူး။ ပြောလိုက်တိုင်းငြိမ်နားထောင်တယ်ဆိုတာ တစ်ခုမှမရှိဘူး။
.
ကိုညီညီ ။          ။ အေး .. ကြုံလို့ငါလည်းပြောခွင့်ရပြီ။ ငါက စာရေးဆရာမဟုတ်သေးသလို ဘာစာအုပ်မှလည်း ကျကျနနထုတ်ထားတာ မရှိသေးဘူး။ တစ်ကယ်ဆို တောက်တိုမယ်ရ ဆောင်းပါးလေးတစ်ပုဒ်တောင် သူများဖတ်လို့ စိတ်ထဲစွဲသွားအောင်တောင် ရေးနိုင်သေးတာမဟုတ်ဘူး။ ဒါပေမယ့် ငါ့ရည်ရွယ်ချက်က မင်းကိုအရင်ကပြောခဲ့သလို ငါမသေခင် ( တနေ့တော့သေကြရမှာမဟုတ်လား ) ငါသိလောက်လေးကို ငါတတ်နိုင်သလောက် အသိပညာတွေ လက်ဆင့်ကမ်းခဲ့ချင်တယ်။ နောက်မကျချင်ဘူး။ ဒီလောက်တော့ နေရာသေးသေးလေး ယူခွင့်မရှိဘူးလား?
.
.
ကိုကိုလွင် ။           ။ ရှိပါတယ် .. ရှိပါတယ်။ ဒါပေမယ့် လူတကာမျက်စိနောက်အောင်လုပ်တာတော့မကောင်းဘူးပေါ့ကွာ။ အခုဆို မင်းရဲ့ Timeline ထဲမှာ စာရေးတာတော့ထားပါတော့။ ဓါတ်ပုံလည်းရိုက်သေးတယ်။ ဘာတဲ့ … ကားလမ်းဆိုလား .. စည်းကမ်းဆိုလား ဖုန်းနဲ့ရိုက်တဲ့ဗီဒီယိုဆိုတာလည်းရှိသေးတယ်။ အခုနောက်ပိုင်း စာသင်တယ်ဆိုတာလည်း တွေ့လာရတယ်။ It is too much. မများလွန်းဘူးလား။ ငါက အဲဒါကိုပြောချင်တာ။
.
ကိုညီညီ ။          ။ ပြောပါကွာ .. မင်းပဲပြောပါ။ ငယ်နိုင်ဆိုတော့ မင်းပြောသမျှ မှန်နေသလိုပဲကွ။ စာရေးသက်က ( ၂ ) နှစ်ခွဲကျော်လာပြီ။ ဂျာနယ်တစ်ခု နဲ့ မဂ္ဂဇင်းတစ်ခုတို့မှာလည်း ပျောက်တိပျောက်ကြား ပါလာပြီ။ ဒါပေမယ့် တစ်ချို့အသိဥာဏ်တွေက စာရေးပြီးပြောရခက်သလို မျက်လုံးထဲမြင်နိုင်အောင်၊ စိတ်ကူးထဲတန်းပြီးမှန်းဆနိုင်အောင် မစွမ်းသာဘူးလေ။
.
ဒါကြောင့် တစ်ချို့နေရာတွေမှာ ပုံရိပ်ဖမ်းရတယ် .. ဒါဆို ဓါတ်ပုံဖြစ်သွားရော။ သူတစ်ဦးတစ်ယောက်ကို တတ်စေချင်လို့ရှိရင် ဖတ်စေချင်ရုံနဲ့မရဘူး .. “ မှတ် ” ခိုင်းလိုက်မှ တတ်သွားတာတဲ့။ ဒါကြောင့် အနောက်နိုင်ငံမှာ စာကိုအလွတ်မကျက်ခိုင်းဘူး။ ဖွင့်ထားတဲ့စာမျက်နှာကို မျက်စိနဲ့ဓါတ်ပုံရိုက်ထားသလို Scan လုပ်ခိုင်းတယ်။ မင်းလည်းကြားဖူးရဲ့သားနဲ့။
.
နောက်တစ်ခုက ဗီဒီယို။ ဒါလည်း ဒီလိုပဲ။ မတူညီတဲ့နိုင်ငံမှာ လမ်းစည်းကမ်းတွေက တစ်ပြေးညီဘယ်ဖြစ်ပါ့မလဲ။ သူ့လမ်း နဲ့ သူကားနဲ့ သူ့လူတွေနဲ့က အကိုက်။ ဒါပေမယ့် လမ်းဖောက်တဲ့သူတွေ၊ မြို့ပြလမ်းဗိုလ်တွေက တစ်ခုခုလုပ်တော့မယ်၊ စီမံကိန်းဆွဲတော့မယ်၊ အထူးသဖြင့် ကား၊ လမ်း နဲ့ အိမ်ယာစီမံကိန်းတွေကိုပေါ့ကွာ..။ သူတို့က “ စဉ်းစားတယ် ” ကွ။ တစ်ဖက်ကားကို အနှောင့်အယှက်ဖြစ်အောင်မလုပ်ဘူး။ ဒါကို ငါသတိထားမိတာကြပြီ။ စာရေးပြောပြဖို့မလွယ်ဘူး။ ဒါကြောင့် ကိုယ်စွမ်းရှိသလောက်ရိုက်ပြတာ။
.
.
ကိုကိုလွင် ။           ။ ဒါဆို အွန်လိုင်းကနေ အမေရိကန်မှာသင်တဲ့အင်္ဂလိပ်စာသင်တယ်ဆိုတာကရော .. ဒါလည်း စာရေးပြောပြလို့မရလို့ လုပ်ရတာပါလို့ ပြောဦးမလို့လား?
.
ကိုညီညီ ။          ။ မင်းကတော့ ငါ့ကိုဆို နှက်ဖို့ချည်းတွေးနေတာပဲ။ ငါပြောပြမယ် .. ဒီလို။ မြန်မာလူငယ်တွေ နိုင်ငံတကာထွက်ပြီးစာသင်ချင်ကြတယ်။ သိပ်တော် သိပ်တတ်ပြီး ငွေကြေးပြည့်စုံလို့ ပုဂ္ဂိကအင်္ဂလိပ်ကျောင်းတက်ထားဖူးသူတွေအတွက် ရေကန်အသင့်ကြာအသင့်ဖြစ်ချင်ဖြစ်မယ် .. အများစုအခြေခံလူတန်းစားအတွက်ကတော့ ကျောင်းကသင်ပေးလိုက်တဲ့အင်္ဂလိပ်စာနဲ့ကတော့ ဘဝရပ်တည်နိုင်ဖို့မလွယ်ကူဘူးဆိုတာ အထင်းသားကြီး မင်းလည်းမြင်မှာ တွေ့မှာပါ။
.
တစ်ချို့သောသူတွေအတွက်ကတော့ မေဂျာကြီးကြီးတွေ၊ ဘာသာရပ်အမိုက်စားတွေသင်ဖို့ ပြီးပြည့်စုံတဲ့အင်္ဂလိပ်စာရှိနေနိုင်ပေမယ့် အများစုက ဒေသဆိုင်ရာအင်္ဂလိပ်စာကို မရအရလိုက်ရင်း အချိန်ကုန်ရတာ မကြာခဏတွေ့ဖူးတယ်။ ဒီကွက်လပ်ရဲ့အသေးငယ်ဆုံးဟာကွက်ကလေးကနေ ငါတတ်နိုင်သလောက်ဖြည့်ပေးချင်တာ။ ဒါတွေကို မင်းက များနေပြီလို့ပြောနေပေမယ့် ငါ့အတွက်တော့နည်းနေသေးတယ်ထင်တာပဲလေ။ ဒီအတွက် စာသင်တာဆိုတာထက် A.G.E.L.P ပရိုဂရမ်ဆိုရင် ပိုမှန်ပါတယ်။
.
.
ကိုကိုလွင် ။           ။ မင်းကတော့ ကိုယ်လုပ်ချင်တာလုပ်ရလို့ပျော်နေတယ်ထားဦး .. ဖတ်ရ၊ ကြည့်ရ၊ အမြင်ကပ်ရတဲ့သူတွေအတွက် မသက်သာလှဘူး။
.
ကိုညီညီ ။          ။ ကဲ .. မင်းဒီစကားပြောတော့ ငါလည်းပြောခွင့်ကြုံရသေးတာပေါ့။ လိုင်းပေါ်မှာ .. Facebook ပေါ်မှာကိုပြောတာ။ ထမင်းစားလည်းတင်၊ ဗိုက်နာလည်းတင်တဲ့သူတွေ အများကြီးပဲ။ ဒီအထဲကမှ အင်္ဂလိပ်စာ၊ ပြင်ပဗဟုသုတ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ၊ နိုင်ငံရပ်ခြားအတွေ့အကြုံ နဲ့ ဘဝသင်ခန်းစာတွေကိုလေ့လာချင်သူတွေဆိုတာ သပ်သပ်ရှိတယ်ဆိုတာသိလာတဲ့အခါ ငါက ဒီလို အသိပညာဖြန့်ဝေမှုတွေကိုလုပ်ချင်လာတာပါပဲ။ ဒါက အမှန်အတိုင်းပြောပြတာ။
.
.
ကိုကိုလွင် ။           ။ သူတို့က မင်းရှေ့ကျတော့ ဒီအတိုင်းဆက်ဆံမှာပေါ့။ နောက်ကွယ်ကျမှ မင်းကိုရှောင်ခွင်သွားသူတွေ၊ မင်းပရိသတ်ဆိုပြီး အချောသတ်သွားသူတွေ မင်းတွေ့ရဦးမှာပါ။ ကိုယ့်ဟာကိုယ်လည်း သိပ်အထင်ကြီးမနေပါနဲ့။
.
ကိုညီညီ ။          ။ ဟာ မင်းကလည်း .. ငါဘယ်တော့မှ အောက်ခြေမလွတ်ဘူးကွ။ အမှန်အတိုင်းပြောရရင် ( ၂ဝဝ၈ ) ခုနှစ်အထိ အင်တာနက်ဆိုတာ ဘာမှန်းမသိခဲ့ဘူး။ အသိခေါက်ခက်အဝင်နက်တယ်ဆိုပါတော့ကွာ။
.
စာစရေးကတည်းက ဘယ်သူဖတ်ပါစေရယ်လို့မရည်ရွယ်ခဲ့ဘူး။ ဘယ်လိုစည်းကမ်းမျိုးနဲ့ဘောင်ဝင်အောင်ရေးရမယ်ဆိုတာ နားမလည်ခဲ့ဘူး။ နောက်တော့တစ်ခုခုအရာထင်အောင်လုပ်ထားဦးမှပဲဆိုပြီး စကားပြောသလိုမှတ်တမ်းတင်ခဲ့တယ်။ ဒီတော့ မင်းကြည့်ကြည့်လိုက် .. ငါရေးထားတာတွေက ငါ့ဘဝအတွက်မှတ်တမ်းပဲ။ နောက်နောင်လူငယ်တွေအတွက် အမြဲအသက်ဝင်နေမယ်၊ ရှင်သန်နေမယ်ဆိုတာ ငါသိတယ်။
.
နောက်တစ်ခု Facebook မှာ Like ဘယ်လောက်ရတယ်၊ Share ဘယ်လောက်များတယ်ဆိုတာ ငါ့အတွက် အဓိကမကျပါဘူး။ ဒါက ဘာအခက်အခဲကိုမှဖြေရှင်းပေးနိုင်စရာအကြောင်းမမြင်ပါဘူး။ ဒါပေမယ့် ဆက်လက်ရှင်သန်နေပြီး လက်ချောင်းလေးတွေ အသက်ဆက်နေရင်တော့ သူတစ်ပါးရဲ့အသေးအဖွဲ အထုံးအချိတ်လေးတွေကို တော်တန်သင့်သလောက် ပြေလည်နိုင်ရဲ့ .. လို့တော့ တွေးမိတာရှိတယ်။ ဒါကြောင့်လည်း မရပ်မနားပဲ ဆက်လုပ်သွားမှာပါ။
.
.
ကိုကိုလွင် ။           ။ ဒါနဲ့ မင်းဒီတစ်ခေါက်မြန်မာနိုင်ငံပြန်ရင် လူငယ်တွေနဲ့စကားပြောချင်တယ်လို့ တစ်ချို့ကအတင်းတုပ်နေတယ်။ မင်းဟာက တော်ရုံတော့မဟုတ်တော့ဘူးနော်။ ကော့လန်ကန်ကား တော်တော့ကိုကြွားနေပြီ။ တစ်ကယ့်ပညာတတ်တဲ့ဆရာသမားတွေကတောင် ဒီလိုလုပ်တာသိပ်မတွေ့ဘူး။ မင်းက ဘာမို့လို့လဲ?
.
ကိုညီညီ ။          ။ အေးကွာ .. ပြောတော့လည်းခံရတာပေါ့။ ဆယ်တန်းတုန်းကရတဲ့ငါ့အမှတ်က ငါတက်ချင်တဲ့ဘာသာရပ်ကိုမမှီခဲ့ဘူးကွ။ ဒါကြောင့် ဝါသနာမပါတဲ့မေဂျာကိုတက်ခဲ့ရင်း အရေးတော်ပုံလည်းဖြစ်ခဲ့၊ အိမ်ထောင်လည်းကျခဲ့၊ ကုန်သည်ပေါက်စလည်းဖြစ်ခဲ့တယ်။ ဝါသနာမပါတာကို အရွဲ့တိုက်လုပ်နေရင်း ငါ့ရဲ့ “ ဆက်လက်မလေ့လာလို့တဲ့စိတ် ” ကြောင့် ပညာတတ်တစ်ယောက်တော့မဖြစ်ခဲ့ဘူးဆိုတာ ဝန်ခံတယ်။ ဘယ်သူ့ကိုမှအပြစ်မတင်ချင်ဘူး။ ငါ့ကိုယ်ငါပဲ အပြစ်တင်ပါတယ်။
.
ဒါကြောင့် အခုက အကောင်းအဆုံးအချိန်ပဲကွ။ နိုင်ငံသစ်ထူထောင်ဖို့တာဆူနေကြပြီ။ မင်းအဆင်သင့်ဖြစ်ပြီလား? ပြောရရင် ငါကတော့ အသင့်ပဲ။ သိပ်အကြီးကြီးလုပ်တယ်လို့မပြောနဲ့ ..  စိတ်ရှည်ရှည်နားထောင်ဦး။
.
ငါကိုယ်တိုင် ပညာတတ်မဖြစ်ခဲ့ပေမယ့် ဘဝကပေးတဲ့သင်ခန်းစာ နဲ့ ပညာတတ်ဖြစ်ချင်သူတွေသွားရမယ့်လမ်းကို ငါတွေ့ထားတယ်။ ဒါကို အခုလက်ရှိမြန်မာလူငယ်တွေကို ပြောပြရမယ်။ ဒီအထဲကမှ၊ Facebook Friends 5000 ထဲကမှ တစ်ယောက်တစ်လေလောက်ပဲ ငါ့ရဲ့လမ်းညွှန်မှုကြောင့် ပညာတတ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်ဝမ်းသာဖို့ကောင်းသလဲ?
.
ငါက သူ့ကို ပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်တာမဟုတ်ဘူး။ သူ့ကိုယ်သူလုပ်ရမှာ။ သူသွားရမယ့်လမ်းကို ခလုပ်မထိဆူးမငြိရလေအောင် ငါက ပြပေးခွင့်ရတာကိုပဲ အင်တာနက်အွန်လိုင်းကိုကျေးဇူးတင်နေပါပြီ။
.
.
ကိုကိုလွင် ။           ။ ကိုယ်လုပ်တာကိုယ်အမှန်လို့လည်း တသမတ်ထင်မနေနဲ့ဦး။ ပညာတတ်တွေက အွန်လိုင်းပေါ်မှာ အများကြီး။
.
ကိုညီညီ ။          ။ အေး အခုမှပဲ ငါပြောချင်တဲ့လိုရင်းကိုရောက်တော့တယ်။ မင်းလည်းကြားဖူးမှာပါ .. နောက်ပိုင်း Facebook ပေါ်မှာ ခေတ်စားနေတာလေ .. ရိသဲ့သဲ့နဲ့ .. ဘာတဲ့ “ ကြည့်နေတယ် .. မပြောသေးဘူး ” ဆိုလား ဘာလား မသိဘူး။
.
ကဲ အခု မင်းလူငယ်တွေကို ဘာမှမပြောပဲနဲ့ လွှတ်ထားခဲ့တာ မဝသေးဘူးလား။ အုပ်ချုပ်သူအဆက်ဆက်ရဲ့ မျက်စိမှိတ် နားပိတ်အလုပ်တွေကို ဆက်အားပေးမလို့လား။ မင်းပြောသလို ပညာတတ်တွေများတာ ဟုတ်တယ် .. များတာမှ တစ်ကယ့်ကိုအများကြီး။ သူတို့သွားကြည့်လိုက် ပြန်လည်ဆွေးနွေးဖို့နေနေသာသာ မက်ဆေ့ကနေ မေးခွန်းလေးတစ်ခုမေးတာလောက်ကိုတောင် အရေးတယူပြန်မဖြေနိုင်ဘူး၊ မအားကြဘူး၊ ဂရုမစိုက်ကြဘူး။
.
ဒါကြောင့် ငါသင်ယူခဲ့တဲ့ “ မေးခွန်းမေးပြီး ပညာရေးစံနစ်ကိုဆောက်တည် ” ဆိုတဲ့ အမေရိကန်ရဲ့ Peer Education စံနစ်ကနေ ဒီအလေ့အကျင့်ကောင်းကို မွေးစားပြီး ငါက လူငယ်တွေနဲ့စကားပြောတယ်၊ မေးခွန်းတွေဖြေတယ်၊ လမ်းညွှန်မှုပေးတယ်၊ အားအင်စကားတွေပြောပေးတယ်။ ဒါက မြန်မာနိုင်ငံက ပညာတတ်တွေနဲ့ငါနဲ့ကွာတဲ့အချက်ပဲ။ ဒါ ငါမှားသလားကွာ..။
.
ခင်မင်လျက်
.
11-22-2015





No comments: