ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, June 7, 2015

မညှပ်လို့မဖြစ်တဲ့အမေရိကားရောက်ဆံပင်

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
.
လူေတြဟာ အလွအပျပဳျပင္တဲ႕ေနရာမွာ ဆံေကသာကုိ ပံုစံအမ်ိဳးမ်ိဳးေျပာင္းၾကတယ္။ တစ္ခ်ိဳ႕ကအရွည္၊ တစ္ခ်ိဳ႕ကအတို၊ တစ္ခ်ိဳ႕မိန္းကေလးေတြမ်ားက်ေတာ႕ အေကာက္နဲ႕၊ တစ္ခ်ိဳ႕က်အေျဖာင္႕နဲ႕ မရိုးႏုိင္ေအာင္ ေရြးခ်ယ္စရာမ်ားလွတယ္။ ဒီ႕အတြက္ ေငြကုန္ေၾကးၾကခံၾကတယ္။ ပြဲလမ္းသဘင္တက္ဖို႕ဆုိ ပိုလို႕ေတာင္ ဋီကာခ်ဲ႕ လုပ္ေဆာင္ၾကပါတယ္။ ဒါေပမယ္႕ သမားရုိးက်ဆံပင္က ထားသင္႕တာထက္ပိုရွည္လာတဲ႕အခါ အလွျပင္ဖို႕ေနေနသာသာ ပံုမက်ပန္းမက်နဲ႕ စိတ္ညစ္ညဴးစရာ အျဖစ္အပ်က္ေတြက အေမရိကားေရာက္မွ ၾကံဳဖူးတာပါ။
.
.
ေလဆိပ္မဆင္းခင္က ညွပ္လာခဲ႕တဲ႕ ဒီဆံပင္ဟာ အေမရိကန္ေျမေပၚနင္းျပီး ( ၂ ) လေလာက္လဲၾကာေရာ ဖရိုဖရဲ နဲ႕ ဖီလိမ္းသုတ္သင္ရခက္လာပါတယ္။ ဆံပင္ညွပ္ဖို႕ေမးၾကည္႕ေတာ႕ တစ္ေခါင္းကို ( ၂၂ ) ေဒၚလာတဲ႕ .. ဘုရားေရ..။ ရန္ကုန္ကမ္းနာလမ္းမွာညွပ္ခဲ႕တာ ျမန္မာက်ပ္ေငြ ( ၆ဝဝ ) ပဲေပးရတယ္။ ေရျခားေျမခံေျပာင္းသြားတာနဲ႕ အဆ ( ၂ဝ ) ေတာင္ ပိုေပးရေတာ႕မွာပါလား ဆိုျပီး ၾကက္သီးေတြထမိတယ္။ အဲဒီမွာ အၾကံကုန္ဂဠဳန္ဆားခ်က္ အစ္မအိမ္ရဲ႕ကားဂိုေဒါင္ထဲမွာ ကြ်န္ေတာ္တုိ႕သားအဖ ဇာတ္လမ္းစပါတယ္။
.
ပထမဦးဆံုး ျမန္မာႏုိင္ငံကပါလာတဲ႕မွန္ကေလးကို Garage Door တံခါးမွာေထာင္၊ လက္တစ္္ဖက္မွာေခါင္းဖီးကိုကိုင္ျပီး ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္ညွပ္ၾကည္႕တယ္။ အယ္ လဲ႕ .. ဘယ္ဆိုးလို႕လဲ .. ငါရုပ္ကေတာ္ေတာ္က်န္ေသးတာပါလားဆုိတဲ႕ပံုစံမ်ိဳးနဲ႕ေပါ႕ဗ်ာ။ ဒါေပမယ္႕ အဲဒီလိုခဏတာညွပ္ခ်လိုက္တဲ႕ဆံပင္ဟာ ရပ္ေနတာမဟုတ္ပါဘူး ထပ္ရွည္လာျပန္တယ္။ ဒီတစ္ေခါက္ေတာ႕ ေက်းဇူးရွိတဲ႕အစ္မေယာက်္ားကေပးသံုးထားတဲ႕ မုတ္ဆိတ္ရိတ္စက္ကေလးက အသံုးတည္႕ျပန္တယ္။ ခလုပ္ကိုႏွိပ္လိုက္ရင္ ရိတ္တဲ႕ပန္ကာလည္ျပီး ခလုပ္ကိုတြန္းလိုက္ရင္ ေဘးနားက ေမာင္းျပန္ဓါးေလးတက္လာပါတယ္။
.
ညာဖက္လက္ေမာင္းကိုေျမွာက္ျပီး ရိတ္ဓါး - Trimmer ေလးကိုဖြင္႕ကာ မွန္ထဲမွ ေျပာင္းျပန္ျမင္ေနရတဲ႕ နားရြက္အေပၚကဆံပင္ေတြကုိ ကြ်န္ေတာ္ရိတ္ခ်လိုက္ပါတယ္။ ေနာက္ေက်ာဘက္ကိုလည္း ေနာက္ထပ္မွန္တစ္ခ်ပ္နဲ႕ၾကည္႕ျပီး ထပ္ရိတ္လိုက္တဲ႕အထိ အဆင္ေျပေနပါတယ္။ ဘယ္ဖက္ျခမ္းကိုရိတ္မယ္လည္းလုပ္ေရာ ဘယ္မသန္တဲ႕ကြ်န္ေတာ္ အခက္ေတြ႕ပါျပီ။ မွန္ထဲမွာျမင္ရတဲ႕ Mirror Image ပံုရိပ္က ေျပာင္းျပန္ၾကီးျဖစ္ေနေတာ႕ ဘယ္လုိလုပ္အဆင္ေခ်ာပါ႕မလဲ။
.
ျပီးသြားေတာ႕ ကိုယ္႕ပံုကိုကုိယ္ ျပန္ၾကည္႕မိတယ္။ ဆံပင္တိုသြားတာေတာ႕မွန္တယ္။ နားရြက္ေပၚမွာ ထုိးထုိးေထာင္ေထာင္ဆံပင္ေတြမရွိေတာ႕တာေတာ႕မွန္တယ္။ ဒါေပမယ္႕ ဆံပင္ေတြဟာ ရွမ္းျပည္ကေလာကားလမ္းလိုပဲ တစ္ေတာင္တက္တစ္ေတာင္ဆင္းပံုစံနဲ႕ ကြ်န္ေတာ္ ( ၂ ) လေလာက္ေနခဲ႕တယ္။ ဒီေကနဲ႕ပဲ ကားလုိင္စင္ဓါတ္ပံုရုိက္ခဲ႕တယ္။ အဲဒီေကနဲ႕ပဲ မနက္ ( ၃ ) နာရီထလုပ္ရတဲ႕အခ်ိန္ပိုင္းအလုပ္ကို လုပ္ခဲ႕တယ္။ ဒါနဲ႕ပဲ အေမရိကားေကာလိပ္ရဲ႕ေက်ာင္းသားကဒ္ကို ရုိက္ခဲ႕တယ္။
.
.
အေမရိကားမွာ ဆံပင္ညွပ္တာေပါဖို႕ ေတာ္ေတာ္ခက္တယ္။ အခုေနာက္ပိုင္းျမန္မာႏုိင္ငံမွာ ဘယ္လိုေနထုိင္မႈနဲ႕မွန္းမသိတဲ႕ တရုတ္လူမ်ိဳးေတြကို ကုိယ္႕ေခါင္းေပးကိုင္ေနၾကတဲ႕အခါ ေစ်းႏႈန္းကလည္းမေသးေတာ႕ဘူးဆုိတာ သိလာရတယ္။ တစ္ခ်ိဳ႕ေစ်းဝယ္စင္တာေတြမွာဆို အနည္းဆံုး ( ၂၅ ) ေဒၚလာေပးရတယ္။ ညွပ္ျပီးရင္ Tip ေပးရေသးတယ္။ မေပးရင္ သိပ္ၾကည္႕မေကာင္းတာလည္းပါတယ္။ ေနာက္ပိုင္းသူငယ္ခ်င္းနဲ႕လုိက္ဖူးတဲ႕အခ်ိန္ ဆန္ဖရန္စစၥကုိမွာ သူ႕သူငယ္ခ်င္းသြားညွပ္တဲ႕ ဗီယက္နမ္ဆိုင္က ( ၁၈ ) ေဒၚလာ။ ဒါေတာင္ မိန္းကေလးဆံပင္တုိ ညွိရံုပဲေနာ္။
.
အိမ္နဲ႕နီးတဲ႕ ေရွာ႕ပင္းေမာနားမွာ အေမရိကန္စတိုင္ဆုိရင္ပိုေကာင္းမလားဆုိျပီး လူမည္းေတြညွပ္တဲ႕ဆုိင္မွာ သြားေမးဖူးတယ္။ ကေလး ( ၁၂ ) ေဒၚလာ နဲ႕ လူၾကီး ( ၁၆ ) ေဒၚလာပါတဲ႕။ သူတို႕ညွပ္ပံုၾကည္႕ေနတာ ဘယ္သူလာလာ စက္ကပ္ေၾကးနဲ႕ရိတ္္ခ်ပစ္လိုက္တာ စစ္တပ္ေကပံုစံမ်ိဳး..။ မညွပ္ရဲလို႕ ေရွာင္ေျပးခဲ႕ျပန္တယ္။ ဒါနဲ႕ သတင္းစာမွာေတြ႕တဲ႕ဆုိင္သစ္မွာ ( ၆.၉၉ ) ေဒၚလာဆုိေတာ႕ ( ၇ ) ေဒၚလာေပါ႕။ စဝင္လိုက္တာနဲ႕ ေစ်းေပါလို႕တန္းစီေနတဲ႕လူေတြ အမ်ားၾကီးပဲ။ ကိုယ္႕အလွည္႕ေရာက္ေတာ႕ တန္းေမးတယ္ “ နံပါတ္ဘယ္ေလာက္လဲ ” တဲ႕။
.
.
ကြ်န္ေတာ္မွ မသိတာ..။ နားမလည္လို႕ျပန္ေမးၾကည္႕တဲ႕အခါ သူတို႕က စက္ကပ္ေၾကးဝယ္ရင္ပါတဲ႕ ေကာ္ဘီးနံပါတ္ေတြနဲ႕ ေခါင္းကိုသတ္မွတ္တာ။ ဥပမာ ေဘးကိုရိတ္မယ္ဆိုရင္ နံပါတ္ငယ္သြားရင္ တိုသြားမယ္။ အေနေတာ္ဆိုရင္ နံပါတ္ ( ၃ ) ၊ တိုတုိဆုိရင္ နံပါတ္ ( ၂ ) ဒီလုိမ်ိဳးရွိတာ။ ေဘးကညွပ္ေပးေနတဲ႕ ေနာက္တစ္ေယာက္က ဝဝတုတ္တုတ္ဘုိတစ္ေယာက္ကို ကတံုးေလာက္နီးနီးတုိေအာင္ စက္နဲ႕တဂ်ီးဂ်ီးရိတ္ေနတာ ကပ္ေၾကးပါတာမဟုတ္ဘူး။ ညွပ္ေပးေနတဲ႕ဗီယက္နမ္မ ကို ေမးၾကည္႕တယ္ သူ႕ေခါင္းက နံပါတ္ ( ၁ ) လားလို႕။ မဟုတ္ဘူး နံပါတ္ ဇီးရုိး တဲ႕။ ကြ်န္ေတာ္သိပ္မရွင္းဘူး ထပ္ေမးၾကည္႕တယ္။
.
ဒီေလာက္အထိတုိေအာင္ ပံုမပါ ဘာမပါရိတ္ေနမွေတာ႕ သူ႕ကိုယ္သူစက္ကပ္ေၾကးနဲ႕အိမ္မွာညွပ္မွာေပါ႕ ဘာလုိ႕မင္းတို႕ဆိုင္မွာ တကူးတကလာညွပ္ေနဦးမွာလဲဆုိေတာ႕ သူက “ မဟုတ္ဘူး။ သူတို႕ကိုယ္တိုင္ညွပ္ဖို႕အခ်ိန္မေပးႏုိင္ဘူး။ မွန္ထဲမွာၾကည္႕ျပီး နံပါတ္ဘီးတပ္ျပီးရိတ္ရတာ ညီဖို႕လည္းမလြယ္ဘူး။ သူကကြ်န္မတို႕ဆိုင္ရဲ႕ပံုမွန္ေဖာက္သည္။ တစ္ပတ္ကို တစ္ေခါက္လာတယ္။ တစ္ခ်ိဳ႕ဆုိ ( ၃ ) ရက္ကိုတစ္ေခါက္လာညွပ္တယ္ ” ဆိုေတာ႕ ကြ်န္ေတာ္က အံ႕ၾသသြားတယ္။
.
ဘာျဖစ္လို႕ ( ၃ ) ရက္ကိုတစ္ေခါက္လာညွပ္ရတာလဲ သိပ္သေဘာမေတြ႕ဘူး ထပ္ေမးလိုက္တဲ႕အခါ သူကဆက္ျပီး “ သူတုိ႕က အျမဲတမ္းအစည္းအေဝးေတြ၊ ပြဲလမ္းသဘင္ေတြ တက္ေနသူေတြျဖစ္လိမ္႕မယ္။ ဒါေၾကာင္႕ ဆံပင္ပံုစံမက်မွာကို သိပ္စိတ္ပူတာ ” လို႕ ေျပာပါတယ္။
.
.
ေနာက္ပိုင္း ျမန္မာေတြအေနမ်ားတဲ႕ ဖရီးေမာင္႕ျမိဳ႕မွာ ရန္ကုန္တရုတ္တန္းကလာတဲ႕ ျမန္မာအေဒၚၾကီးတစ္ေယာက္ရွိတယ္ဆုိတာ သိရတယ္။ သူ႕အိမ္မွာ ဖုန္းကဒ္လည္းေရာင္းတယ္။ လက္ဘက္၊ ပဲေၾကာ္၊ ဘာဘေခ်ာင္ေၾကာ္၊ မုန္႕ဟင္းခါးပဲေၾကာ္၊ ပုစြန္ေျခာက္ေတြလည္းေရာင္းတယ္။ ဆပင္ညွပ္ရင္ တစ္ေခါင္းကို ( ၆ ) ေဒၚလာ။ ဒါနဲ႕ အဲဒီမွာပဲညွပ္ျဖစ္ေတာ႕တယ္။ ညွပ္ခ်င္ရင္ ဒီအတုိင္း တန္းဝင္သြားလို႕ရတာမ်ိဳးေတာ႕မဟုတ္ဘူး။ ၾကိဳခ်ိန္းရတယ္။ ဘယ္အခ်ိန္ေရာက္မယ္ဆိုရင္ အတိအက်သြားရတယ္။ သြားရတဲ႕ခရီးကလည္း ရန္ကုန္ကေန လွည္းကူးေလာက္ဆုိေတာ႕ တစ္ျခားကိစၥတစ္ခုခုရွိမွေရာက္ျဖစ္ေတာ႕တယ္။
.
အေဒၚၾကီးကေတာ႕ ဘယ္ေခါင္းညွပ္ညွပ္ ( ၆ ) ေဒၚလာပဲ။ ဒါေပမယ္႕ တစ္ခုသတိထားရတယ္။ ကြ်န္ေတာ္တုိ႕မၾကာခဏခံရတယ္။ ေန႕တုိင္းလုပ္ေနက်မို႕လို႕ လက္ကျမန္သလား မေမးနဲ႕။ ညွပ္ခါနီး “ အာအီးေရ .. သိပ္မတိုနဲ႕ေနာ္ ” လို႕ေျပာထားတာေတာင္မွ ပါးစပ္ကစကားေတြတဖြဖြေျပာရင္း လက္က ဘယ္လုိဘယ္လိုညွပ္ခ်သြားလိုက္တယ္မသိဘူး .. သတိထားမိတဲ႕အခ်ိန္မွာ မမွီေတာ႕ဘူး။ မၾကာခဏလည္း သူ႕အမ်ိဳးသားဦေလးၾကီးနဲ႕ စကားႏိုင္လုတာမ်ိဳးက ျဖစ္လိုက္ေသးတယ္။ အဲဒီအခ်ိန္ဆို ပိိုဆိုးတယ္။ အေဒၚၾကီးက ခြန္းတုံ႕စကားေတြျပန္ေျပာရင္း “ ဟင္ .. တိုသြားျပီလား ? ” ဆုိမွ သတိျပန္ရတယ္။ ဒါေပမယ္႕ ေနာက္က်သြားျပီ။
.
.
ေနာက္ပိုင္းမွာ ဆံပင္ညွပ္ဆိုင္မွာအလုပ္လုပ္တဲ႕ ျမန္မာလူမ်ိဳးအစ္မတစ္ေယာက္ကိုထပ္ေတြ႕တယ္။ အလုပ္က တစ္ပတ္ကုိ ( ၅ ) ရက္လုပ္ေတာ႕ စေန တနဂၤေႏြမွ သူ႕အိမ္မွာညွပ္တယ္။ သူလည္း ဒီအတိုင္းပဲ ရက္ခ်ိန္းယူရတယ္။ သူက တစ္ပတ္ကုိ ( ၂ ) ရက္ပဲညွပ္ေပးတာဆုိေတာ႕ ရက္ခ်ိန္းပိုၾကပ္တယ္။ တစ္ပတ္ေလာက္ၾကိဳခ်ိန္းထားမွ ရတတ္တယ္။ ဆံပင္ပံုမွန္ညွပ္မယ္ဆုိရင္ ( ၆ ) ေဒၚလာပဲ။ အမ်ိဳးသမီးဆံပင္ရွည္ညွပ္ရင္ ( ၁၂ ) ေဒၚလာက စတယ္။
.
တစ္ရက္မွာ ကြ်န္ေတာ္တုိ႕မိသားစုညွပ္လို႕ ျပီးခါနီး သိကြ်မ္းတဲ႕အစ္မၾကီးတစ္ေယာက္ဝင္လာတယ္။ သူုလည္းၾကိဳခ်ိန္းထားတာပဲ။ အိမ္မွာေခါင္းေလွ်ာ္ျပီးျပီးခ်င္း ကားေမာင္းလာတဲ႕ အဲဒီအစ္မၾကီးက လက္ထဲမွာေခါင္းဘီးတစ္ေခ်ာင္းနဲ႕ ခုံမွာဝင္ထုိင္တယ္။ သူက်ေတာ႕ ဆံပင္အေရာင္ဆိုးဖို႕ပါ။ ညွပ္ေပးတဲ႕အစ္မက ဘီဒုိထဲမွာသူ႕အတြက္သီးသန္႕သိမ္းထားတဲ႕ ဆံပင္ဆုိးေဆးကုိယူျပီး လုပ္ငန္းစတင္တယ္။
.
ၾကည္႕လုိက္ေတာ႕ ဆံပင္ျဖဴေတြက အရင္းနားမွာပဲရွိတာ တစ္ေခါင္းလံုးက အေရာင္ေတြရွိေသးတယ္။ သူကလည္း ဒီဆံပင္ျဖဴကိုပဲ လာဆိုးတာ။ ၾကည္႕ရတာ ( ၂ ) ပတ္ကိုတစ္ခါေလာက္ အရင္းျဖဴေတြေပၚလာရင္ ျပန္လာဆိုးပံုရတယ္။ ေစ်းႏႈန္းေမးၾကည္႕လုိက္ေတာ႕ ( ၆၅ ) ေဒၚလာပါတဲ႕။ အမွန္က သူ႕အိမ္မွာသူဆုိးရင္ ဒီေလာက္မက်ပါဘူး။
.
.
ကြ်န္ေတာ္တို႕လင္မယား မၾကာခဏေျပာမိတာ တစ္ခုရွိတယ္။ ငါတို႕ထဲကတစ္ေယာက္ေယာက္ ျမန္မာႏိုင္ငံက မလာခင္က ဆံပင္ညွပ္တာ သင္ခဲ႕ဖို႕ေကာင္းတယ္လို႕။ ဒါဆို ဒီမွာ တစ္လကိုတစ္ေခါက္ညွပ္တဲ႕ ဆံပင္ဖိုးေတြ ေတာ္ေတာ္သက္သာသြားမွာ။ ေကသာေလးကလွသလုိ လူအမ်ားၾကားေနတဲ႕အခါလည္း ပနံသင္႕လို႕ သက္ေတာင္႕သက္သာ အဆင္ေျပဦးမယ္။ ဒါေၾကာင္႕ မတတ္သင္႕တဲ႕ပညာမရွိဘူးဆိုတာ ပညာရွိမ်ား သင္ေပးခဲ႕တာေနမွာ..။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.

06-07-2015
.
.
.
Myanmar Unicode Version:
.
.
“ မညှပ်လို့မဖြစ်တဲ့အမေရိကားရောက်ဆံပင် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
လူတွေဟာ အလှအပပြုပြင်တဲ့နေရာမှာ ဆံကေသာကို ပုံစံအမျိုးမျိုးပြောင်းကြတယ်။ တစ်ချို့ကအရှည်၊ တစ်ချို့ကအတို၊ တစ်ချို့မိန်းကလေးတွေများကျတော့ အကောက်နဲ့၊ တစ်ချို့ကျအဖြောင့်နဲ့ မရိုးနိုင်အောင် ရွေးချယ်စရာများလှတယ်။ ဒီ့အတွက် ငွေကုန်ကြေးကြခံကြတယ်။ ပွဲလမ်းသဘင်တက်ဖို့ဆို ပိုလို့တောင် ဋီကာချဲ့ လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် သမားရိုးကျဆံပင်က ထားသင့်တာထက်ပိုရှည်လာတဲ့အခါ အလှပြင်ဖို့နေနေသာသာ ပုံမကျပန်းမကျနဲ့ စိတ်ညစ်ညူးစရာ အဖြစ်အပျက်တွေက အမေရိကားရောက်မှ ကြုံဖူးတာပါ။
.
.
လေဆိပ်မဆင်းခင်က ညှပ်လာခဲ့တဲ့ ဒီဆံပင်ဟာ အမေရိကန်မြေပေါ်နင်းပြီး ( ၂ ) လလောက်လဲကြာရော ဖရိုဖရဲ နဲ့ ဖီလိမ်းသုတ်သင်ရခက်လာပါတယ်။ ဆံပင်ညှပ်ဖို့မေးကြည့်တော့ တစ်ခေါင်းကို ( ၂၂ ) ဒေါ်လာတဲ့ .. ဘုရားရေ..။ ရန်ကုန်ကမ်းနာလမ်းမှာညှပ်ခဲ့တာ မြန်မာကျပ်ငွေ ( ၆ဝဝ ) ပဲပေးရတယ်။ ရေခြားမြေခံပြောင်းသွားတာနဲ့ အဆ ( ၂ဝ ) တောင် ပိုပေးရတော့မှာပါလား ဆိုပြီး ကြက်သီးတွေထမိတယ်။ အဲဒီမှာ အကြံကုန်ဂဠုန်ဆားချက် အစ်မအိမ်ရဲ့ကားဂိုဒေါင်ထဲမှာ ကျွန်တော်တို့သားအဖ ဇာတ်လမ်းစပါတယ်။
.
ပထမဦးဆုံး မြန်မာနိုင်ငံကပါလာတဲ့မှန်ကလေးကို Garage Door တံခါးမှာထောင်၊ လက်တစ်ဖက်မှာခေါင်းဖီးကိုကိုင်ပြီး ကျွန်တော့ကိုယ်ကျွန်တော်ညှပ်ကြည့်တယ်။ အယ် လဲ့ .. ဘယ်ဆိုးလို့လဲ .. ငါရုပ်ကတော်တော်ကျန်သေးတာပါလားဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ဗျာ။ ဒါပေမယ့် အဲဒီလိုခဏတာညှပ်ချလိုက်တဲ့ဆံပင်ဟာ ရပ်နေတာမဟုတ်ပါဘူး ထပ်ရှည်လာပြန်တယ်။ ဒီတစ်ခေါက်တော့ ကျေးဇူးရှိတဲ့အစ်မယောက်ျားကပေးသုံးထားတဲ့ မုတ်ဆိတ်ရိတ်စက်ကလေးက အသုံးတည့်ပြန်တယ်။ ခလုပ်ကိုနှိပ်လိုက်ရင် ရိတ်တဲ့ပန်ကာလည်ပြီး ခလုပ်ကိုတွန်းလိုက်ရင် ဘေးနားက မောင်းပြန်ဓါးလေးတက်လာပါတယ်။
.
ညာဖက်လက်မောင်းကိုမြှောက်ပြီး ရိတ်ဓါး - Trimmer လေးကိုဖွင့်ကာ မှန်ထဲမှ ပြောင်းပြန်မြင်နေရတဲ့ နားရွက်အပေါ်ကဆံပင်တွေကို ကျွန်တော်ရိတ်ချလိုက်ပါတယ်။ နောက်ကျောဘက်ကိုလည်း နောက်ထပ်မှန်တစ်ချပ်နဲ့ကြည့်ပြီး ထပ်ရိတ်လိုက်တဲ့အထိ အဆင်ပြေနေပါတယ်။ ဘယ်ဖက်ခြမ်းကိုရိတ်မယ်လည်းလုပ်ရော ဘယ်မသန်တဲ့ကျွန်တော် အခက်တွေ့ပါပြီ။ မှန်ထဲမှာမြင်ရတဲ့ Mirror Image ပုံရိပ်က ပြောင်းပြန်ကြီးဖြစ်နေတော့ ဘယ်လိုလုပ်အဆင်ချောပါ့မလဲ။
.
ပြီးသွားတော့ ကိုယ့်ပုံကိုကိုယ် ပြန်ကြည့်မိတယ်။ ဆံပင်တိုသွားတာတော့မှန်တယ်။ နားရွက်ပေါ်မှာ ထိုးထိုးထောင်ထောင်ဆံပင်တွေမရှိတော့တာတော့မှန်တယ်။ ဒါပေမယ့် ဆံပင်တွေဟာ ရှမ်းပြည်ကလောကားလမ်းလိုပဲ တစ်တောင်တက်တစ်တောင်ဆင်းပုံစံနဲ့ ကျွန်တော် ( ၂ ) လလောက်နေခဲ့တယ်။ ဒီကေနဲ့ပဲ ကားလိုင်စင်ဓါတ်ပုံရိုက်ခဲ့တယ်။ အဲဒီကေနဲ့ပဲ မနက် ( ၃ ) နာရီထလုပ်ရတဲ့အချိန်ပိုင်းအလုပ်ကို လုပ်ခဲ့တယ်။ ဒါနဲ့ပဲ အမေရိကားကောလိပ်ရဲ့ကျောင်းသားကဒ်ကို ရိုက်ခဲ့တယ်။
.
.
အမေရိကားမှာ ဆံပင်ညှပ်တာပေါဖို့ တော်တော်ခက်တယ်။ အခုနောက်ပိုင်းမြန်မာနိုင်ငံမှာ ဘယ်လိုနေထိုင်မှုနဲ့မှန်းမသိတဲ့ တရုတ်လူမျိုးတွေကို ကိုယ့်ခေါင်းပေးကိုင်နေကြတဲ့အခါ ဈေးနှုန်းကလည်းမသေးတော့ဘူးဆိုတာ သိလာရတယ်။ တစ်ချို့ဈေးဝယ်စင်တာတွေမှာဆို အနည်းဆုံး ( ၂၅ ) ဒေါ်လာပေးရတယ်။ ညှပ်ပြီးရင် Tip ပေးရသေးတယ်။ မပေးရင် သိပ်ကြည့်မကောင်းတာလည်းပါတယ်။ နောက်ပိုင်းသူငယ်ချင်းနဲ့လိုက်ဖူးတဲ့အချိန် ဆန်ဖရန်စစ္စကိုမှာ သူ့သူငယ်ချင်းသွားညှပ်တဲ့ ဗီယက်နမ်ဆိုင်က ( ၁၈ ) ဒေါ်လာ။ ဒါတောင် မိန်းကလေးဆံပင်တို ညှိရုံပဲနော်။
.
အိမ်နဲ့နီးတဲ့ ရှော့ပင်းမောနားမှာ အမေရိကန်စတိုင်ဆိုရင်ပိုကောင်းမလားဆိုပြီး လူမည်းတွေညှပ်တဲ့ဆိုင်မှာ သွားမေးဖူးတယ်။ ကလေး ( ၁၂ ) ဒေါ်လာ နဲ့ လူကြီး ( ၁၆ ) ဒေါ်လာပါတဲ့။ သူတို့ညှပ်ပုံကြည့်နေတာ ဘယ်သူလာလာ စက်ကပ်ကြေးနဲ့ရိတ်ချပစ်လိုက်တာ စစ်တပ်ကေပုံစံမျိုး..။ မညှပ်ရဲလို့ ရှောင်ပြေးခဲ့ပြန်တယ်။ ဒါနဲ့ သတင်းစာမှာတွေ့တဲ့ဆိုင်သစ်မှာ ( ၆.၉၉ ) ဒေါ်လာဆိုတော့ ( ၇ ) ဒေါ်လာပေါ့။ စဝင်လိုက်တာနဲ့ ဈေးပေါလို့တန်းစီနေတဲ့လူတွေ အများကြီးပဲ။ ကိုယ့်အလှည့်ရောက်တော့ တန်းမေးတယ် “ နံပါတ်ဘယ်လောက်လဲ ” တဲ့။
.
.
ကျွန်တော်မှ မသိတာ..။ နားမလည်လို့ပြန်မေးကြည့်တဲ့အခါ သူတို့က စက်ကပ်ကြေးဝယ်ရင်ပါတဲ့ ကော်ဘီးနံပါတ်တွေနဲ့ ခေါင်းကိုသတ်မှတ်တာ။ ဥပမာ ဘေးကိုရိတ်မယ်ဆိုရင် နံပါတ်ငယ်သွားရင် တိုသွားမယ်။ အနေတော်ဆိုရင် နံပါတ် ( ၃ ) ၊ တိုတိုဆိုရင် နံပါတ် ( ၂ ) ဒီလိုမျိုးရှိတာ။ ဘေးကညှပ်ပေးနေတဲ့ နောက်တစ်ယောက်က ဝဝတုတ်တုတ်ဘိုတစ်ယောက်ကို ကတုံးလောက်နီးနီးတိုအောင် စက်နဲ့တဂျီးဂျီးရိတ်နေတာ ကပ်ကြေးပါတာမဟုတ်ဘူး။ ညှပ်ပေးနေတဲ့ဗီယက်နမ်မ ကို မေးကြည့်တယ် သူ့ခေါင်းက နံပါတ် ( ၁ ) လားလို့။ မဟုတ်ဘူး နံပါတ် ဇီးရိုး တဲ့။ ကျွန်တော်သိပ်မရှင်းဘူး ထပ်မေးကြည့်တယ်။
.
ဒီလောက်အထိတိုအောင် ပုံမပါ ဘာမပါရိတ်နေမှတော့ သူ့ကိုယ်သူစက်ကပ်ကြေးနဲ့အိမ်မှာညှပ်မှာပေါ့ ဘာလို့မင်းတို့ဆိုင်မှာ တကူးတကလာညှပ်နေဦးမှာလဲဆိုတော့ သူက “ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်ညှပ်ဖို့အချိန်မပေးနိုင်ဘူး။ မှန်ထဲမှာကြည့်ပြီး နံပါတ်ဘီးတပ်ပြီးရိတ်ရတာ ညီဖို့လည်းမလွယ်ဘူး။ သူကကျွန်မတို့ဆိုင်ရဲ့ပုံမှန်ဖောက်သည်။ တစ်ပတ်ကို တစ်ခေါက်လာတယ်။ တစ်ချို့ဆို ( ၃ ) ရက်ကိုတစ်ခေါက်လာညှပ်တယ် ” ဆိုတော့ ကျွန်တော်က အံ့ဩသွားတယ်။
.
ဘာဖြစ်လို့ ( ၃ ) ရက်ကိုတစ်ခေါက်လာညှပ်ရတာလဲ သိပ်သဘောမတွေ့ဘူး ထပ်မေးလိုက်တဲ့အခါ သူကဆက်ပြီး “ သူတို့က အမြဲတမ်းအစည်းအဝေးတွေ၊ ပွဲလမ်းသဘင်တွေ တက်နေသူတွေဖြစ်လိမ့်မယ်။ ဒါကြောင့် ဆံပင်ပုံစံမကျမှာကို သိပ်စိတ်ပူတာ ” လို့ ပြောပါတယ်။
.
.
နောက်ပိုင်း မြန်မာတွေအနေများတဲ့ ဖရီးမောင့်မြို့မှာ ရန်ကုန်တရုတ်တန်းကလာတဲ့ မြန်မာအဒေါ်ကြီးတစ်ယောက်ရှိတယ်ဆိုတာ သိရတယ်။ သူ့အိမ်မှာ ဖုန်းကဒ်လည်းရောင်းတယ်။ လက်ဘက်၊ ပဲကြော်၊ ဘာဘချောင်ကြော်၊ မုန့်ဟင်းခါးပဲကြော်၊ ပုစွန်ခြောက်တွေလည်းရောင်းတယ်။ ဆပင်ညှပ်ရင် တစ်ခေါင်းကို ( ၆ ) ဒေါ်လာ။ ဒါနဲ့ အဲဒီမှာပဲညှပ်ဖြစ်တော့တယ်။ ညှပ်ချင်ရင် ဒီအတိုင်း တန်းဝင်သွားလို့ရတာမျိုးတော့မဟုတ်ဘူး။ ကြိုချိန်းရတယ်။ ဘယ်အချိန်ရောက်မယ်ဆိုရင် အတိအကျသွားရတယ်။ သွားရတဲ့ခရီးကလည်း ရန်ကုန်ကနေ လှည်းကူးလောက်ဆိုတော့ တစ်ခြားကိစ္စတစ်ခုခုရှိမှရောက်ဖြစ်တော့တယ်။
.
အဒေါ်ကြီးကတော့ ဘယ်ခေါင်းညှပ်ညှပ် ( ၆ ) ဒေါ်လာပဲ။ ဒါပေမယ့် တစ်ခုသတိထားရတယ်။ ကျွန်တော်တို့မကြာခဏခံရတယ်။ နေ့တိုင်းလုပ်နေကျမို့လို့ လက်ကမြန်သလား မမေးနဲ့။ ညှပ်ခါနီး “ အာအီးရေ .. သိပ်မတိုနဲ့နော် ” လို့ပြောထားတာတောင်မှ ပါးစပ်ကစကားတွေတဖွဖွပြောရင်း လက်က ဘယ်လိုဘယ်လိုညှပ်ချသွားလိုက်တယ်မသိဘူး .. သတိထားမိတဲ့အချိန်မှာ မမှီတော့ဘူး။ မကြာခဏလည်း သူ့အမျိုးသားဦလေးကြီးနဲ့ စကားနိုင်လုတာမျိုးက ဖြစ်လိုက်သေးတယ်။ အဲဒီအချိန်ဆို ပိုဆိုးတယ်။ အဒေါ်ကြီးက ခွန်းတုံ့စကားတွေပြန်ပြောရင်း “ ဟင် .. တိုသွားပြီလား ? ” ဆိုမှ သတိပြန်ရတယ်။ ဒါပေမယ့် နောက်ကျသွားပြီ။
.
.
နောက်ပိုင်းမှာ ဆံပင်ညှပ်ဆိုင်မှာအလုပ်လုပ်တဲ့ မြန်မာလူမျိုးအစ်မတစ်ယောက်ကိုထပ်တွေ့တယ်။ အလုပ်က တစ်ပတ်ကို ( ၅ ) ရက်လုပ်တော့ စနေ တနင်္ဂနွေမှ သူ့အိမ်မှာညှပ်တယ်။ သူလည်း ဒီအတိုင်းပဲ ရက်ချိန်းယူရတယ်။ သူက တစ်ပတ်ကို ( ၂ ) ရက်ပဲညှပ်ပေးတာဆိုတော့ ရက်ချိန်းပိုကြပ်တယ်။ တစ်ပတ်လောက်ကြိုချိန်းထားမှ ရတတ်တယ်။ ဆံပင်ပုံမှန်ညှပ်မယ်ဆိုရင် ( ၆ ) ဒေါ်လာပဲ။ အမျိုးသမီးဆံပင်ရှည်ညှပ်ရင် ( ၁၂ ) ဒေါ်လာက စတယ်။
.
တစ်ရက်မှာ ကျွန်တော်တို့မိသားစုညှပ်လို့ ပြီးခါနီး သိကျွမ်းတဲ့အစ်မကြီးတစ်ယောက်ဝင်လာတယ်။ သုလည်းကြိုချိန်းထားတာပဲ။ အိမ်မှာခေါင်းလျှော်ပြီးပြီးချင်း ကားမောင်းလာတဲ့ အဲဒီအစ်မကြီးက လက်ထဲမှာခေါင်းဘီးတစ်ချောင်းနဲ့ ခုံမှာဝင်ထိုင်တယ်။ သူကျတော့ ဆံပင်အရောင်ဆိုးဖို့ပါ။ ညှပ်ပေးတဲ့အစ်မက ဘီဒိုထဲမှာသူ့အတွက်သီးသန့်သိမ်းထားတဲ့ ဆံပင်ဆိုးဆေးကိုယူပြီး လုပ်ငန်းစတင်တယ်။
.
ကြည့်လိုက်တော့ ဆံပင်ဖြူတွေက အရင်းနားမှာပဲရှိတာ တစ်ခေါင်းလုံးက အရောင်တွေရှိသေးတယ်။ သူကလည်း ဒီဆံပင်ဖြူကိုပဲ လာဆိုးတာ။ ကြည့်ရတာ ( ၂ ) ပတ်ကိုတစ်ခါလောက် အရင်းဖြူတွေပေါ်လာရင် ပြန်လာဆိုးပုံရတယ်။ ဈေးနှုန်းမေးကြည့်လိုက်တော့ ( ၆၅ ) ဒေါ်လာပါတဲ့။ အမှန်က သူ့အိမ်မှာသူဆိုးရင် ဒီလောက်မကျပါဘူး။
.
.
ကျွန်တော်တို့လင်မယား မကြာခဏပြောမိတာ တစ်ခုရှိတယ်။ ငါတို့ထဲကတစ်ယောက်ယောက် မြန်မာနိုင်ငံက မလာခင်က ဆံပင်ညှပ်တာ သင်ခဲ့ဖို့ကောင်းတယ်လို့။ ဒါဆို ဒီမှာ တစ်လကိုတစ်ခေါက်ညှပ်တဲ့ ဆံပင်ဖိုးတွေ တော်တော်သက်သာသွားမှာ။ ကေသာလေးကလှသလို လူအများကြားနေတဲ့အခါလည်း ပနံသင့်လို့ သက်တောင့်သက်သာ အဆင်ပြေဦးမယ်။ ဒါကြောင့် မတတ်သင့်တဲ့ပညာမရှိဘူးဆိုတာ ပညာရှိများ သင်ပေးခဲ့တာနေမှာ..။
.
ခင်မင်ခြင်းများစွာဖြင့်
.

06-07-2015

No comments: