ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, October 4, 2013

အိုဘားမားကျန်းမာရေးစောင့်ရှောက်မှုအကြောင်း

      


            ObamaCare - အိုဘားမားကဲ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းကို
ရေးပြတာထက်စာရင် RFA အသံလွှင့်ဌာန ရဲ့ တက္ကဆက်ပြည်နယ် က ဒေါက်တာဦးခွန်ကြည်ထွန်း နဲ့ အင်တာဗျူး က ပိုမိုပြည့်စုံတာမို့လို့ အသံဖိုင် နဲ့ Video Clip တင်ဆက်ပေးလိုက်ပါတယ် ။

 ဗီဒီယိုဖိုင် 

Tuesday, October 1, 2013

မှတ်တမ်းတင်အပ်ပါသည်




၂ဝ၁၃ စက်တင်ဘာ လကုန်အထိ Hot News Journal တွင်ဖော်ပြပါရှိခဲ့သော ဆောင်းပါး ( ၁၄ ) ပုဒ် အတွက် စာမူခ ( ၉၄ဝဝဝ ) ကျပ် 



ကို နာမှုကူညီရေးအသင်း - ရန်ကုန်

Thursday, September 26, 2013

မြန်မာပြောသော အမေရိကရောက် တရုတ်များအကြောင်း



 
       
             အတော်လေးတော့စိတ်ဝင်စားဖို့ကောင်းပါတယ် ၊ အိမ်နီးနားချင်း ပေါက်ဖော်နိုင်ငံကြီးအကြောင်းကို မြန်မာပြည်မှာရှိနေစဉ်တုန်းကတော့သိပ်စိတ်မဝင်စားမိခဲ့ ၊ နေရာတကာ သူ့နိုင်ငံထုတ်ပစ္စည်းတွေချည်းဖြစ်နေတာကိုတော့ သတိထားမိပါတယ် ၊ ဒီထက်ထူးခြားတာက လူချမ်းသာတွေ ကုန်သည်ကြီးတွေ စီးပွားရေးသမားတွေကိုကြည့်လိုက်ရင်လဲ အများစုက တရုတ်လူမျိုးတွေဘဲဖြစ်နေပြန်ပါတယ် ၊ မြို့လယ်ခေါင် အချက်အချာကျတဲ့နေရာတွေကို အင်နဲ့အားနဲ့ ဦးထားကြတာလဲ ကိုရွှေတရုတ်ကြီးများဘဲဆိုတာ အားလုံးမျက်မြင်ဘဲမဟုတ်လား ။

Saturday, September 21, 2013

ကိုဘမောင် နဲ့ အမေး အဖြေ


Indianapolis





 ကိုဘိုတင့် Sep 1 to me

ကိုညီညီ စာတွေဖတ်ရတာ ဗဟုသုတလည်းရပါတယ်.....
 သိချင်နေတာတွေလည်းသိရလို့ ကျေးဇူလည်းတင်ပါတယ်.
        ကျနော် Refugee နဲ့ရောက်လာပါတယ်....Indiana မှာပါ...
        အဲတာ ခနလောက်ပြန်ချင်တယ်ဗျာ...ပြန်မရောက်တာ
        အနှစ် ၂ဝ လောက်ရှိသွားပြီ........              
        Green Card လည်းရပြီးပါပြီ..ရောက်တာလည်း ၅ နှစ်လောက်
        ဆိုတော့..အိမ်လေးတလုံးလည်းဝယ်ပြီးပါပြီ....
        ဒါပေမယ့်သိစရာတွေက အများကြီးကျန်သေးတယ်ခင်ဗျ..

Thursday, September 19, 2013

နားတစ်ရာ က စ ပြောင်းသင့်ပါပြီ




                 ဒီနေ့ အလုပ်ကပြန်တော့ နားတစ်ရာ ကို ဖုန်းဆက်ကြည့်ပါတယ် ၊ ပထမ ၅ဝ၄xxx ဖုန်းဆက်တော့ အမျိုးသမီးလေး တစ်ယောက်က ၄၂၁၁xxxxx ကိုထပ်ဆက်ခိုင်းပါတယ် ၊ အမျိုးသား တစ်ယောက်နဲ့တွေ့ပြီး သူက စ နားထောင်ပေးပါတယ် ၊ စာရေးသူက စပြီး ဂျာနယ်တွေ ထင်သာမြင်သာမရှိတာပြောပြချင်လို့ပါ ၊ စာမူတွေအီးမေးလ် နဲ့ ပို့တာ အကြောင်းမပြန်လို့ ၊ ဂျာနယ်မှာ ပါမပါ ကို မေးတဲ့အီးမေးလ်တွေဆိုလဲ မပြန်လို့ ၊ ဒီလိုဖြစ်နေတာက ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ လဲမကိုက်ညီပါဘူးလို့ ပြောလိုက်ပါတယ် ၊ နားတစ်ရာ က အမေရိကားက ဆက်တာမို့လို့ပြောပြရအုံးမယ် ၊ မြန်မာပြည် မပြောင်းသေးပါခင်များ ၊ တချို့ဆို မရှိစု ရှိစု လူ နှစ်ယောက်ထဲနဲ့ ဂျာနယ်ကိုလုပ်နေရရှာတာ လို့ စဖြေပါတယ် ၊

Wednesday, September 18, 2013

ကြည့်ပါအုံး - ၉ တန်းကျောင်းသားကိုပေးတဲ့ စာစီစာကုံးခေါင်းစဉ်




              ဒီတစ်ပတ်တော့ စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ စွမ်းရဲ့ အင်္ဂလိပ်ဆရာ ပေးတဲ့ စာစီစာကုံးခေါင်းစဉ် နဲ့ ကိုးကားရန်စာရွက် Nonfiction Worksheet ကို ပြောပြသွားမလို့ပါ ။
 *************************************************************************************************************    
                                                             Nonfiction Worksheet

1. Title:

 2. Author:

3. Topic:

4. Audience:

5. Author's purpose: ( Persuade , Inform , Entertain , Publicize , Inspire )

Tuesday, September 17, 2013

ကျေးဇူးတင်လွှာ

              မိမိ ရဲ့ ရည်မှန်းချက်သို့ တစ်ရက်ထက် တစ်ရက် ပိုမို ခရီးရောက်နိုင်အောင် အင်အားဖြည့် ပေးလိုပါတယ် ၊ ဒီ စာလေးတွေကို ဖတ်ပြီး ဘဝအတွက် အကျိုးရှိတာ တစ်ခုခု ရရှိသွားနိုင်တဲ့ ၊ တိုးတက်လမ်းအတွက် အထောက်အကူရမယ့် မေးခွန်းများ ဖြေကြားပေးလိုပါတယ် ၊ ကိုယ်ကိုယ်တိုင်လဲ တကယ် အခက်အခဲ ရောက်ခဲ့ရတာမို့လို့် ကိုယ်ချင်းစာမှုကို မျှဝေချင်လို့ပါ ၊ အခုဘဲ မေးခွန်း တစ်ခု ကို   koko2yeye@gmail.com သို့ email ပို့လိုက်ပါ ။



         










                အထူးတလည် စိတ်ဝင်စားပြီး ဝင်ရောက်လည်ပတ်သော စာဖတ်သူများကို လေးစားစွာအကြံပေးပါရစေ ၊ ဒီ ဘလော့ ကလေးမှ စ နေရာဌာနမတူသော်လည်း အားပေးမှုအထူးတူညီကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများနဲ့ စာဖတ်ပရိသတ်များအားလုံးတို့ကို ကျေးဇူးတင်ပါတယ်လို့ ဒီစာမျက်နှာငယ်လေးကနေ မှတ်တမ်းတင်အပ်ပါတယ် ။ အားနည်းချက် ၊ လိုအပ်ချက်များ ကို ထောက်ပြတဲ့ ဘယ်လို ဝေဖန်ရေးသားချက်များကိုမဆို ဖတ်ကြည့်ချင်လို့ comment များ ဝင်ရောက်ရေးသားနိုင်ပါတယ် ။

အထူး ကျေးဇူးတင်ပါတယ် ....!

ကိုညီညီ - တောင်ကြီး


စာဖတ်ပရိသတ်များတည်ရှိရာနိုင်ငံများ :


United States
Taiwan
Myanmar [Burma]
Russia
Thailand
Germany
Singapore
Canada
Australia
United Kingdom
Malaysia
Jamaica

South Korea
Sweden
Bangladesh
Austria
China
France
Vietnam
Italy
India 

Switzerland
Ireland
Japan
Cambodia
Guinea
Indonesia
Philippine
Sri Lanka
Nepal
Czech Republic
Netherlands
Denmark
United Arab Emirates
Oman
Hong Kong
Macau
Dubai
Norway
Luxembourg
Ukraine
Qatar
Lao
Brazil
Lithuania
Peru
Egypt

-----------------------------------------------------------------------------------


မမျှော်လင့်ဘဲ လာရောက်လည်ပတ်သွားသူများ ရှာဖွေခဲ့သော စကားလုံးများ ။



-----------------------------------------------------------------------------------
တောင်ကြီးtimes
Mortgage အိမ်
တရားတော်များစုစည်းမှု
ဖုန်စုတ်စက်
အိမ်ရောင်း အိမ်ဝယ်
ဆရာတော်ဦးဇောတိက Mp3
လောကအကြောင်း
www.baidu.com
www.bing.com
Cambodia သမိုင်း
လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ
အလုပ် အင်တာဗျူး အဖြေ
ဦးဇောတိက
Taunggyi Ko Ko Lwin
အဖြေ
www.flikr.com
အမေးအဖြေ
ဘန်ကောက်ဆေးရုံ
မူလတန်း
ဆွဲကား
America က
မြေစမ်းခရမ်းပျိုး
မေးခွန်းဟောင်းများ
အိမ်ရှင်
ကားအကြောင်း
အလုပ်လျှောက်လျှင်
စွမ်ြး
မြင်းခြံမြို့
ပါကင်15
တောင်ကြီး အိမ်ရောင်း
ကိုကိုညီ
ပြင်ဦးလွင်မြို့
အင်ဂျင်ဝိုင်
အိုဘားမားကဲ
စနွင်းမကင်း
ဘဏ် Interview မေးခွန်းများ
အိမ်ခြံမြေဈေးကွက်
ဝှီးတက်

**********************************************

ဖုန်းပေါ်မှာ စာဖတ်ရင်း မျက်နှာပြင်အောက်ဆုံး HOME ခလုတ် ရဲ့
ညာဘက်ဘေး က မြှား ကိုနှိပ်ပြီး အရှေ့စာမျက်နှာများ ကို
အလွယ်တကူ ရှာနိုင်ပါတယ် ။

*********************************************

Friday, September 13, 2013

အခြေခံအထက်တန်းလွှတ်တော်ပညာရေး




         
               သင်ရိုးညွှန်းတမ်းတွေပြင်မယ်လို့ ကြားရ သိရ လို့ မြန်မာ့အခြေခံပညာရေးတိုးတက်မှာကို ကြိုပြီးဝမ်းသာမိပါတယ် ၊ တစ်ခုရှိတာက အရင်လို မြေစမ်းခရမ်းပျိုး ပညာရေးမျိုး ၊ တစ်ဗိုလ်တက် တစ်မျိုးပြောင်း စံနစ်မျိုးဆိုရင်တော့ ကြာကြာခံမယ်မထင်ပါ ၊ အစမ်းသပ်ခံ ကျောင်းသားကျောင်းသူများကိုလဲ ကိုယ်ချင်းစာသင့်ပါတယ် ၊ ကိုယ့်အလှည့်ကျမှ သင်ရိုညွှန်းတမ်းအသစ်နဲ့တိုးရတာ ဆရာ/ဆရာမတွေက မသိတာကို လေ့လာတုန်း ၊ ကျောင်းသူ/ကျောင်းသားတွေကလဲ ကိုယ်နဲ့မရင်းနှီးတဲ့စာတွေကို မသိ တသိ စမ်းတဝါးဝါးလိုက်ရင်း စာသင်နှစ်သာကုန်ဆုံးသွားတယ် ဘာတွေသင်လိုက်မှန်းမသိလိုက်ဖူးဆိုတာမျိုးကို ကိုယ်တိုင်ကြုံဖူးကြသူတိုင်း မှတ်မိကြမှာပါ ၊ သင်ရိုးမြှင့်လိုက်တာနဲ့ စာပေမြင့်ဖို့ဆိုတာချက်ချင်းလက်ငင်း ထဖြစ်လာမယ့်ကိစ္စတော့မဟုတ်ပါ ၊

Saturday, September 7, 2013

ဂျာနယ်ဖတ်ရင်း စာသင်မယ် ၁ ။ ( Southwest Airline )



               အွန်လိုင်းကောလိပ်သင်ခန်းစာလို့ဆိုလိုက်ရင် တော်ရုံတန်ရုံ တွန့်သွားကြပြီး အရမ်းကိုကြီးကျယ်ခမ်းနားတဲ့ စာသင်စံနစ်လို့ထင်မိကြမှာပါ ၊ အမှန်က အင်္ဂင်္လိပ်လို ဖတ်ရ သင်ရ ဖြေရတာမို့လို့် တစ်ကယ်တမ်းမလုပ်ကြည့်ဘဲနဲ့ကြောက်နေကြတာဖြစ်ပါတယ် ၊ စာရေးသူဟာ ကလေးပညာရေးအတွက် အမေရိကားကို ခေတ္တရောက်နေတာဖြစ်ပြီး ဒီနှစ်မှာ အွန်လိုင်းသင်ကြားခြင်းကနေ ဈေးကွက်ကွင်းဆင်းခြင်း - Marketing ဘာသာရပ်ကို သင်ယူနေပါတယ် ၊ မြန်မာပြည်သူ စာဖတ်သူများနဲ့ ဒီလိုစာသင်ယူမှုများဟာ ထင်သလောက်မခက်ဘူးဆိုတာပြောပြရင်း စာရေးသူနဲ့ စာမေးပွဲအတူတူဖြေကြရအောင်လားဗျာ ။

Friday, August 30, 2013

Math Essay

 စွမ်း ရဲ့ ၉ တန်းတက် သင်္ချာဆရာအတွက်ရေးထားတဲ့ စာစီစာကုံး


                             
Taking Photo ID at Gym

          I think that my determination and will to improve is a characteristic about me that affects not only myself but the environment around me. I like to help others and sometimes even ask for help myself if the situation deems necessary.

Thursday, August 29, 2013

အမေရိကားမှာ အိမ်တစ်လုံးရဖို့ခက်တယ်



         

              နားခိုရာ အိမ်လေးတစ်လုံးကတော့ရှိမှဖြစ်မယ်ဗျ ၊ သူများအိမ်မှာ ငှားနေရတာ ရေရှည်ကျတော့မလွယ်ဘူး - ထိတယ် ၊ ကိုယ်ငှားထားတဲ့အိမ်ကကောင်းနေလို့တော်သေးတယ် ၊ အိမ်က စုတ်နေရင်ပိုဆိုး ၊ အိမ်လခ ပေးရတာကိုဘဲ ၁ လ ၁ဝဝဝ လေ ၊ အိမ်ဝယ်ပြီး အဲဒီငွေကို လစဉ်အိမ်ကြွေးဆပ်လိုက်ရင် ၁ နှစ် ကို ဒေါ်လာ ၁၂ဝဝဝ ၊ ၅ နှစ်ဆိုရင်ဘဲ ဒေါ်လာ ၆ သောင်းရှိနေပြီ ၊ အချိန်တန်ရင် အိမ်ဖိုးကျေသွားတာပေါ့ - ဒီလိုတွေးလာတာဘဲ ၄ နှစ်ရှိနေပြီ  အမေရိကားမှာ အိမ်မပိုင်သေးတာ အမှန်ပါခင်မျာ ။