ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, December 15, 2013

မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ



          သူငယ်ချင်းတစ်ဦးထံမှ သူဖြေထားသော အမေရိကန်-နိုင်ငံသားပြုလက်စွဲစာအုပ် မိမိလက်ထဲကိုရောက်လာသည့်နေ့မှစ၍ အမိမြန်မာနိုင်ငံအတွက်တစ်ခုခုရေးချင်နေမိသည် ၊ အမေရိကန်နိုင်ငံသားပြုလက်စွဲစာအုပ်ကိုအဓိက ( ၃ ) ပိုင်းခွဲပြုစုထားရာ ( A ) အမေရိကန်ဒီမိုကရေစီ၏အခြေခံမူများ ၊ ( B ) အစိုးရစံနစ်တည်ဆောက်ပုံ နှင့် ( C ) နောက်ဆုံးအမေရိကန်သမိုင်းနှုင့်အခြားသမိုင်းဝင်အချက်အလက်များ တို့ပါဝင်ကြသည် ၊ ထိုစာအုပ်တွင် မေးခွန်း ( ၁ဝဝ ) ပါဝင်ပြီး အဖြေများကိုပါ ဖော်ပြပေးထားသည် ၊ ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံ၏ သက်တမ်း ၂၂၆ နှစ်ရှိပြီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအကျဉ်းကို လေ့လာမိသောအခါ ထိုအထဲမှ အမိမြန်မာနိုင်ငံနှင့်အသုံးတည့်နိုင်မည့် မေးခွန်း ( ၅ ) ခု ကို ထုတ်နှုတ်ဖော်ပြလိုပါသည် ။


မေးခွန်းနံပါတ် ( ၁ ) အမိမြေ၏အမြင့်ဆုံးဥပဒေမှာအဘယ်နည်း ။

Monday, December 9, 2013

ပြန်ဆုံကြပြီ “ ခန်း အကယ်ဒမီ ”





           စာရေးသူ စက်မှုလက်မှု-Machine Tool Technology တက်နေတုန်းက သူနဲ့ ပထမတစ်ခေါက်ဆုံခဲ့ပါတယ် ၊ လူချင်းတော့မဟုတ်ပါဘူး ၊ သူ့နာမယ်နဲ့တင်ထားတဲ့ အင်တာနက်စာမျက်နှာအောက်က သင်္ချာသင်ခန်းစာကို ဆရာက အိမ်စာပေးလို့ပါ ၊ အစက ဖတ်စာအုပ်သင်ရိုးညွှန်းတမ်းထင်နေတာ ဝက်ဘ်ဆိုဒ်ထဲဝင်ကြည့်လိုက်တော့မှ အကျိုးအမြတ်မယူတဲ့ပညာရေးအဖွဲ့ဖြစ်နေပါတယ် ၊ စာရေးသူစဉ်းစားကြည့်တယ် ကျောင်းနဲ့လဲဘာမှမဆိုင်တဲ့သင်ခန်းစာကိုဘာကြောင့်အိမ်စာအနေနဲ့တင်ရတာလဲလို့ ၊ အဲဒါနဲ့ဆရာ့ကို ပေါ်ပေါ်တင်တင်ဘဲမေးလိုက်တယ် “ ဆရာ ဒီအိမ်စာလုပ်ရင် အမှတ်ရမှာလား ၊ ဒါက ဖတ်စာအုပ်ထဲမှာမှ မပါတာ ” ဆိုတော့ ဆရာက “ သင်ရိုးညွှန်းတမ်းထဲမပါပေမယ့် အမှတ်ပေးပါတယ် ၊ အကြောင်းကတော့ ဖတ်စာအုပ် က သူ့လိုမသင်နိုင်ဘူးလေကွယ် ” တဲ့ဗျာ ၊ သူ့ရဲ့ထာဝရပညာရေးဝန်ဆောင်မှုနာမယ်ကတော့ “ KHAN ACADEMY ”  မြန်မာလို “ ခန်း ” ရဲ့အခမဲ့အကယ်ဒမီပညာသင်စံနစ် ဖြစ်ပြီး  တည်ထောင်သူက အိန္ဒယနဲ့ဘင်္ဂလားဒက်နွယ်ဖွား အမေရိကန် လူဝီစီယားနားပြည်နယ် ၊ နယူးအောလင်းမြို့ဇာတိ ၊ အမေရိကန်နိုင်ငံသား “ ဆယ်လမ်ခန်း ” ဖြစ်ပါတယ် ။

Thursday, December 5, 2013

" အခမဲ့ ကမ္ဘာ့တန်းမီပညာရေး "

                               

                အခြေခံမလို ရိုးရှင်းတဲ့ ပြကွက်ဖြေရှင်းနည်းများ နဲ့ " အခမဲ့ ကမ္ဘာ့တန်းမီပညာရေး "  ပို့ချပေးနေတဲ့ အရင်းအမြစ် တစ်ခုရှိနေပါတယ် ၊

သချာင်္ကို ပုံသေနည်းကျက်စရာမလိုပါ ၊ နားလည်အောင်သာကြည့်လိုက်ပါ ၊

                   အလားတူ ရူပဗေဒ ၊ ဓာတုဗေဒ ၊ ဇီဝဗေဒ ၊ ဆိုရှယ်သမိုင်း ၊ ကွန်ပျူတာသိပ္ပံ တို့လို ခေတ်မီတက္ကသိုလ် ပညာရပ်တွေကို မြန်မာစာဖတ်တတ်ရုံနဲ့ သင်ယူနိုင်ပါပြီ ၊

                လူတိုင်းကိုစာမသင်ပေးနိုင်ပေမယ့် သူတို့ကိုစာသင်တဲ့ဗွီဒီယိုပေးကြည့်နိုင်ပါတယ် ၊မိမိတို့ရဲ့သားသမီးတွေကို ကျောင်းပညာသင်ပေးသလို

             မြန်မာအနာဂါတ်လူငယ်ခေါင်းဆောင်လောင်းတွေကို သိပ်ကောင်းတဲ့ ပညာရေး အခွင့်အရေး တစ်ခု လမ်းညွှန်ပေးလိုက်ပါလားခင်များ ။

www.khanacademyburmese.org

www.facebook.com/KhanAcademyBurmeseTranslation


မြန်မာစာတန်းထိုးကုသိုလ် .... ကိုညီညီ - တောင်ကြီး

Monday, November 25, 2013

အိမ်စာလုပ်ပြီးမှ ဂိမ်းကစားပါ




            “ စွမ်း ” အကြောင်းပြောတာပါ ၊ သူ့ကို စာတော်တယ်/တော်တယ်ဆိုပြီး လွှတ်ထားတာ ၊ အိမ်မှာလူစောင့်မရှိရင် စည်းကမ်းပျက်ချင်တယ် ၊ အကျင့်ပျက်ချင်တယ်ဆိုလို့ အထင်မှားစရာမျိုးမဟုတ်ပါဘူး ၊ အဲဒါမျိုးကတော့ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး ၊ ဟိုးအရင်ကတည်းက သူ့ကို အိမ်ရောက်တာနဲ့ အဝတ်အစားလဲ /ရေသောက်/အကျီင်္လဲ /အိမ်စာလုပ်/ထမင်းစား/မြန်မာစာရိုက်/ပရင်တာနဲ့စာရွက်ထုတ်စရာရှိထုတ် - ပြီးမှ ဂိမ်း ကစားလို့မှာထားတာ ၊ သချာင်္ဖတ်စာအုပ်က ၁၆ ပေါင်လောက်လေးတယ် ၊ စာအုပ်ကိုအွန်လိုင်းမှာတင်ပေးထားတော့ ကျောင်းသွား ကျောင်းပြန် မသယ်ချင်နဲ့အကြိုက်ဖြစ်နေတယ် ၊ ပြီးတော့ တွက်နည်းမသိရင် နည်းလမ်းပြောပြ-Hint ပေးတဲ့ ပရိုဂရမ်လဲပါတော့ သူမသိရင် ကွန်ပျူတာ က ကူပေးတယ် ၊ ဒါနဲ့ကို အခွင့်ကောင်းယူနေတာလေ ၊ အိမ်စာလုပ်ဖို့ ကွန်ပျူတာ ပေးမသုံးလို့မရတာက အကြောင်းရင်းတစ်ခုအပါအဝင်ပါ ။

Saturday, November 23, 2013

ဂျာနယ်ဖတ်ရင်းစာသင်မယ် ၃ ။ အရင်းအနှီးငွေရှာဖွေခြင်း ( Looking for Capital )




     ဒီတစ်ကြိမ် အပတ်စဉ် စာမေးပွဲပြီးရင် မေးခွန်း ( ၁ဝဝ ) ပါတဲ့ အဖြေမှန်ရွေးချယ်-Multiple Choice အတန်းတင်-Final စာမေးပွဲဖြေဖို့ရှိပါတယ် ၊ ဒါပေမဲ့ ဖတ်စာအုပ်ထဲက အခန်းတွေ ဖတ်ပြီးဖြေရသလို မသိတာကို အင်တာနက်မှာရှာဖြေရမှာပါ ၊ ဖြေဆိုချိန်အကန့်အသတ်မရှိတော့ အသက်ရှူချောင်နိုင်ပါတယ် ၊ တစ်ထိုင်တည်းအပြီးမဖြေနိုင်ရင် ရောက်တဲ့နေရာကိုသိမ်း-Save ထားပြီး နောက်ထပ်တဖန် ဆက်ဖြေ-Resume လို့ ရတာ သိပ်ကောင်းပါတယ် ၊ အားတဲ့အချိန်ဖြေရုံဘဲဆိုတော့စိတ်ဖိစီးမှုမရှိလောက်ပါဘူးနော် ။

Friday, November 22, 2013

ဖြေဆိုခဲ့တဲ့ ဒုတိယအင်တာဗျူးအတွေ့အကြုံ



                    
                စာရေးသူဟာ ဒီကနေ့ နေ့လည်ပိုင်း ၄ နာရီ မိနစ် ၄ဝ မှာ ခေါင်းဆောင်ရာထူးအတွက် ဒုတိယအင်တာဗျူးဖြေခဲ့ပါတယ် ၊ ပထမအင်တာဗျူးတုန်းက ဖြေဆိုသူ-Candidates အယောက် ( ၃ဝ ) ကျော် ရှိလို့ ပထမအဆင့်လူတွေ့စစ်ဆေးခြင်း-Screening သွားရမဲ့ရက်ကိုတော့ အီးမေးလ် နဲ့ အခုလိုလက်ခံရရှိခဲ့တာပါ ။ 

Dear Ko Ko,
               Thank you for applying for the Production Lead position.  Because of the large response from current ( Company Name ) employees, we will be starting with brief screening interviews to enable us to match names, faces and resumes.

                Your interview is scheduled for Friday, November 8th at 4:00 p.m. in the Jamie Sommers conference room.   

               Also, please confirm that you received this message, and that this time works for you.

Thanks,
Debbie
Deborah Bain  |  HR Manager 

Friday, November 15, 2013

“ Purpose “




တက္ကသိုလ်ကျောင်းတက်ဖို့ Online ကနေ လျှောက်တဲ့အခါတင်ရတဲ့  “ ငြိမ်း “ ရဲ့ Transcript Essay ပါ





                         “ Purpose “                Nov 15, 2013


  “What water is to the body, purpose is to the mind”, one of the quotes from the book, The Collector, carries a powerful yet straightforward meaning of the importance of the purpose in people’s lives. Living a life without a purpose is the same as getting lost in a desert. Having to face with uncertainty in life is not the end of everything, the most important part is learning how to overcome it and get back on the path again. The same situation happened to me when I was being confronted with a life-changing experience at the age of 16; my family decided to move to the United States. Dealing with difficulties such as having to adapt to new environment and to face with homesickness got me onto the path of uncertainty. Without even realizing, I found myself slowly losing the purpose of my life. After encountering with uncertainty for more than 1 year, I had finally gained my sense again that instead of complaining about the circumstances that cannot be changed, I had to accept reality and move on with my life. That experience made me realize that I am capable of overcoming diversity, obstacles, accepting change and I have found my purpose again.

Sunday, November 10, 2013

နိုင်ငံတည်ဆောက်ရေးမှာ အင်တာနက်လိုအပ်ပါတယ်



ခေတ်အဆက်ဆက် ဓါတ်ခဲထိုးရေဒီယိုလေးကို အားကိုးခဲ့ရတဲ့ ၁၉၈ဝ ပြည့်လွန်က မြန်မာလူထု အခုတော့ လက်ကိုင်ဖုန်းပေါ်မှာ သတင်းနားထောင်နေကြပါပြီ ၊ ဓမ္မစရိယဆရာတော်ဘုရားတွေ နယ်လှည့်ဟောတဲ့တရားတော်တွေကိုလည်း လွယ်လင့်တကူဒေါင်းလော့ဆွဲချပြီး ကိုယ့်ဖုန်းပေါ်မှာကိုယ် သွားရင်းလာရင်း နားကြပ်လေးနဲ့ On The Go နားထောင်နေနိုင်ပါပြီ ၊ ကျောင်းဆင်း/ကျူရှင်ပြန်/အိမ်ရောက်လို့လွယ်အိတ်ကိုပစ်ထားခဲ့တဲ့ကျောင်းသား ချိန်းထားတဲ့နေရာဆီကို အပြေးအလွှားသွားနေတဲ့နေရာဟာ အင်တာနက်ဂိမ်းဆိုင်ဆိုတာသေချာပါတယ် ၊ မအားလပ်လို့ သူငယ်ချင်းမင်္ဂလာဆောင်ကို မသွားဖြစ်ပေမဲ့အရေးအကြီးပါ - နောက်တစ်ရက်မနက်ကျရင် ဖေ့ဘွတ်ပေါ်ကနေ ကော့မက်ဝင်ပေးပြီး ကျေနပ်အောင်မျက်နှာချိုသွေးလိုက်ရင် အဆင်ပြေပါပြီ ၊ လွှတ်တော်နားချိန်မှာ ခရိုနီလွှတ်တော်ကိုယ်စားလှယ်ကြီး  ” အိုင်ဖက် ”ပေါ်မှာ

Thursday, November 7, 2013

" ငြိမ်း " ရဲ့ Essay - The Collector, The Real Prisoner

              
              
                       ခွင့်ပြုချက် အကြာကြီး တောင်းခံခဲ့ရတဲ့ " ငြိမ်း " ရဲ့ ကောလိပ် အက်ဆေး တစ်ပုဒ်ပါ ။



Poe Nyein
English 4
Professor Homeira Foth
November 7th, 2013.
 
                                                        " The Real Prisoner "

Imagine being kidnapped, stuck in a room for a long period of time without anyone’s notice, with no absolute daylight, no one to share the conversations with, and no hope of escape; the madness is intolerable. Being imprisoned in an unknown place is unbearably suffocating but getting trapped in one’s own mind is beyond incurable. Once a person gets drowned in his/her own mind and delusions, it is almost impossible to survive. The same concept applies to Frederick Clegg in the book, The Collector by the author John Fowles. Frederick, a lower class young man who is very fond of collecting butterflies, suddenly gets very rich after winning in the pools. After winning that money, he kidnaps a young beautiful girl named Miranda who he has never even spoken to before and keeps her in his basement as a prisoner. Although Miranda is physically being trapped by Fred, no differences are made between them since Fred is also getting immersed in his dark thoughts and self-centered perspectives. Miranda maybe physically imprisoned but she is the one in possession of her freedom in her own mind; however Fred, who is in possession of his physical freedom, is a prisoner of his own mind. 

Tuesday, October 29, 2013

ကားထုတ်လုပ်သူတွေ ကားပြန်မသိမ်းပါ

2000 Honda Accord LX



                 ဟိုတစ်လောကတည်းက ကားအကြောင်းအဓိကဖော်ပြနေတဲ့ဂျာနယ်ကို စေတနာရှေ့ထားပြီးပြောပြခဲ့ပြီးဖြစ်ပါတယ် ၊ မီဒီယာသမားရဲ့တာဝန်သိစိတ်ဖြစ်တဲ့ မှားရင်ပြင်ရမယ် ၊ အမှားမပြင်မချင်းဆက်မှားနေမယ် ဆိုသလို ကူညီအသိပေးခဲ့တာပါ ၊ RECALL ဆိုတဲ့ အင်္ဂလိပ်စာလုံးရဲ့တိုက်ရိုက်အဓိပ္ပာယ်က “ re-call : to ask people to return ( a product with a defect or problem ) “ ဖြစ်ပါတယ် ၊ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ Dumex နို့မှုန့်ပြန်သိမ်းပွဲကြီးက မြန်မာနို့မှုန့်ဈေးကွက်ကို အနည်းငယ်လှုပ်ခါသွားပါသေးတယ် ၊ ရှင်းပါတယ်-ထုတ်လုပ်သူကုမ္ပဏီက ကုန်ပစ္စည်းကိုဖြန့်ချိရေးမလုပ်သေးခင် သုတေသနနဲ့ဖွံဖြိုးတိုးတက်ရေးအဖွဲ့- R&D-Research and Development Team ကို ကျော်ဖြတ်ရပါတယ် ၊ ထိုမှတဖန် ကုန်အရည်အသွေးစစ်အဖွဲ့-QC – Quality Control ကိုအောင်မှရောင်းခွင့်ရမှာပါ ၊ လူသုံးကုန် နဲ့  စားသောက်ကုန်အားလုံး RECALL ခေါ်တယ်ဆိုရင်တော့ သေချာပါတယ် ၊ ဈေးကွက်ထဲပါမက စားသုံးသူလက်ရောက်ကုန်တွေကိုပါလိုက်သိမ်းပြီး ရောင်းဈေးအတိုင်းပြန်လိုက်ဝယ်ပါတော့တယ် ၊ ကုန်တိုက်နဲ့ဆိုင်တွေက ဆက်မရောင်းရသလို စားသုံးသူ အန္တရာယ်မရှိအောင် ထုတ်လုပ်တဲ့ကုမ္ပဏီ က အပြည့်အဝ တာဝန်ယူဖြေရှင်းကြရပါတယ် ။

မော်တော်ကားကျတော့ဒီလိုမဟုတ်ပါဘူး ၊ ကားအသစ် ရောင်းထုတ်လိုက်ပြီဆိုကတည်းက ဘာပြသနာမှမရှိလို့ပါ ၊

Sunday, October 27, 2013

ဂျာနယ်ဖတ်ရင်းစာသင်မယ် ၂ ။ ( စီးပွားပြိုင်ဘက်များနှင့်ဆက်ဆံခြင်း )




                  အမေရိကားမှာ အွန်လိုင်းကနေစာသင်တယ်ဆိုတာ အားတဲ့အချိန် ကွန်ပျူတာဖွင့်ပြီး ညွှန်ကြားချက်တွေကိုလုပ်ဆောင်ရတာပါ ၊ ဆရာကိုလဲ မတွေ့ဖူးသလို စာသင်သားကိုလည်း ဆရာကမတွေ့ဖူးပါဘူး ၊ အဲဒါကြောင့် ဆရာ က ၃ ပတ် ကို ၁ ခါ လောက် သူသင်တဲ့စာသင်ခန်းကိုလူကိုယ်တိုင်လာနားထောင်မယ်ဆိုရင် အမှတ်-Credit ဘယ်လောက်ပေးမယ်ဆိုပြီး အီးမေးလ်ပို့တတ်ပါတယ် ၊ စာရေးသူ က ညဘက်အလုပ်လုပ်တာမို့လို့ ပြီးခဲ့တဲ့အပတ်ညနေက ခေါ်တာ မသွားဖြစ်လိုက်ပါဘူး ၊ အမှတ်ပို မရတာကလွဲလို့ တခြားနစ်နာတာမရှိပါဘူးခင်မျာ ။
          ဒီအပတ်မှာတော့ ပုစ္ဆာ 10.1 ပေးထားပြီး ဖြေရမယ့်ပုံစံလေး က ဒီလိုပါ ။

Thursday, October 17, 2013

One Nation ... Under Surveillance ( Swan's Essay )

     

                                  
                         " စွမ်း " ရဲ့ အင်္ဂလိပ်ဆရာ က ဒီတစ်ပတ်စာစီစာကုံးအတွက်  လက်ရှိခေတ်နဲ့လျော်ညီပြီး မကြာသေးခင်က အဖြစ်အပျက် သတင်းအတိုအစမျိုးစုံပါဝင်တဲ့ Guidelines စာရွက် ( ၆ ) ရွက်ပေးပြီး ကိုယ်ပိုင်ခေါင်းစဉ်နဲ့ရေးခိုင်းပါတယ် ။

Swan Ye Htut
Mr. Guarino
English 9, 3rd
October 17, 2013
                                         One Nation …. Under Surveillance?
              There has been a controversial topic being debated across the United States: whether or not the government has gone too far with the use of surveillance. License-plate readers and surveillance alike have spread since it was first introduced in the late 1960’s. We should not keep these cameras and license plate readers because of a variety of reasons.