ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, May 29, 2020

ဝယ်သူတစ်ယောက် ရောင်းသူတစ်ရာ


ငယ်ငယ်တုန်းက အဆိုတော်စိုင်းဆိုင်မောဝ်ဆိုဖူးတဲ့ "ဝယ်သူတစ်ယောက် ရောင်းသူတစ်ရာ" ဆိုတဲ့သီချင်းစာသားကိုမှတ်မိနေခဲ့ပေမဲ့ နားမလည်ခဲ့ဘူး။ အခု ရှမ်းပြည်ကဒုက္ခရောက်နေတဲ့ဂေါ်ဖီထုပ်စိုက်တောင်သူတွေရဲ့အကြပ်အတည်းကိုဝင်ကူညီကြတဲ့ တစ်ဦးချင်းအလှူရှင်၊ ကုမ္ပဏီအလှူရှင်၊ လုပ်သား၊ ကားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အစုအစပ်လုပ်ငန်းရှင်တွေနဲ့ ချစ်ခြင်းမေတ္တာအားဖြင့်အလှူအတန်းနဲ့သူတစ်ပါးရဲ့လုပ်ငန်းကိုကယ်တင်ကြသူတွေရဲ့ကုသိုလ်လုပ်ရပ်ကိုခံစားရလွန်းလို့ ဒီစာကိုရေးချင်မိပါတယ်။

အမိရှမ်းရိုးမနဲ့ဝေးနေပေမဲ့ နှလုံးသားတောင်ကွေ့ကြောချင်းဆက်ထားကြလေတော့ အဲဒီသတင်းကိုကျွန်တော်ကြားမိတယ်၊ ပုံတွေလည်းတွေ့မိတယ်။ စိတ်ထဲမှာကြည်နူးရသလို၊ အသက်ရှူသံနှေးသွားပြီး မျက်လုံးတစ်စုံလေးလောက်အောင် ကြေကွဲနေမိတယ်။ တောင်သူတွေ အသီးအနှံတွေစိုက်နေတာ ဘယ်သူ့အတွက်လဲ?

ဒီမေးခွန်းကိုဖြေရရင် သူတို့ကိုမှီတင်းနေထိုင်တဲ့မိသားစုစားဝတ်နေရေးအတွက်၊ တောနေ၊ တောင်နေ၊ မြို့နေလူထုအတွက်၊ ဒီထက်မကပိုလျှံရင်၊ ဒီထက်မကအထားခံရင် နိုင်ငံခြားကိုပို့ဖို့အတွက် နောက်ဆုံးတော့ ငွေပေးပြီးလာဝယ်မယ့်သူတွေအတွက် စိုက်ပျိုးနေရတာပဲမဟုတ်ဘူးလား?

အခုလို သီးနှံဖျက်ပိုးမဝင်၊ လူ့အသက်ဖျက်မိုက်ခရိုပိုး COVID-19 ကြောင့် "လျာထားသမျှဖြစ်မလာ၊ ရှာထားသမျှပစ်စရာ" ဖြစ်လာတော့မယ့်အခြေအနေကို ငွေအားတတ်နိုင်တဲ့ ပြည်တွင်းဖြစ်သူဠေးကြီးတစ်ယောက်က အကုန်ဝယ်လိုက်ပြီး သူ့ရဲ့တပည့်တပန်းတွေ၊ ဖောင်ဒေးရှင်းဝင်တွေနဲ့ တစ်ပြည်လုံးကိုခရီးဆန့်စေပြီး မိဘမဲ့ဂေဟာ နဲ့ အကျဉ်းစခန်းတွေပါမကျန်ဖြန့်ဝေစေခဲ့တာ စီးပွားရေးနလံမထူနိုင်တဲ့ မြန်ရွှေပြည်ကြီးအတွက် "ဂေါ်ဖီထုပ်ပီတိ ဂွမ်းဆီထိ" ရသလိုပါပဲ။

အစကတော့ အရှေ့အစိုးရခေတ်တွေမှာကြီးပွားခဲ့တဲ့လူချမ်းသာတွေကို ခရိုနီဆိုပြီးဆင်းရဲသားပြည်သူတွေက မျက်စိမှိတ်မုန်းတီးခဲ့ကြတယ်။ သူတို့လှူသမျှအားလုံးဟာလည်း လူကြီးတွေနောက်လိုက်ပြီး ဖော်လန်ဖား လက်ကားလေလံတွေရဖို့ချည်းဖြစ်လာတော့ ဘုရားဒကာဖြစ်နေရင်တောင် လူထုကမကြည်ဖြူခဲ့ကြဘူးလေ။

အခုတော့ "လူတယောက်ရဲ့တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့သမိုင်းတာဝန်ကို သူ ဘယ်လောက်သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့အချက်နဲ့တိုင်းတာရမှာပဲ" ဆိုတဲ့ ကြွေလွင့်သွားပြီးဖြစ်တဲ့ဆရာဗန်းမော်တင်အောင်ရဲ့သမိုင်းဝင်စကားမှန်ကန်ကြောင်းသက်သေပြလိုက်တာမြင်သာပါတယ်။

ဦးအောင်ကိုဝင်း နဲ့ မိသားစုအပြင် သူ့ရဲ့လူမှုကယ်ဆယ်ရေးဖောင်ဒေးရှင်းတွေက ဒီအလှူကနေ ဘာပြန်ရမလဲ? ကုသိုလ်ကလွဲပြီး ဘာမှပြန်မရပါဘူး။ သူဒါလုပ်လို့ မြန်မာနိုင်ငံသမ္မတက ဘာဆုမှမချပါဘူး။ သူဒါလုပ်လို့ နိုင်ငံတော်အတိုင်ပင်ခံအမေဒေါ်အောင်ဆန်းစုကြည်နဲ့အွန်လိုင်းမှာ Zoom Interview မှာ ပါဝင်ခွင့်မရပါဘူး။

"လူ့သမိုင်း" ဟာရေးရအခက်ဆုံးစာစီစာကုံးတစ်ပုဒ်ပါ။ အမြဲအမှန်လုပ်နေသူရဲ့သမိုင်းဟာ အမှားလုပ်ခဲ့သူရဲ့သမိုင်းထက် ရေးရပိုခက်ပါတယ်။ ဘာလို့လည်းဆိုတော့ အမှန်ချည်းလုပ်နေသူတွေဆီမှာ အမှားလုပ်နေသူတွေဆီကလောက် သင်ယူစရာမကျန်တော့လို့ပါပဲ။

ဒါကြောင့် ခေတ်နဲ့စံနစ်ကိုကျောမခိုင်းဘဲ "ခေတ်နဲ့အညီကျောခင်း၊ စံနစ်နဲ့အညီလျှောဆင်း" တတ်တဲ့ စီးပွားရေးသမားတွေဟာ ကမ္ဘာကြီးပျက်သွားရင်တောင် အကောင်ကြီးကြီးဒိုင်နိုဆောတွေလိုပျက်သုဉ်းမသွားဘဲ အကောင်သေးပုရွက်ဆိတ်လေးတွေလိုလွတ်မြောက်ကြပါတယ်။

အထူးသဖြင့် မိမိ နဲ့ မိမိရဲ့မိသားစု၊ လူမှုအသိုင်းအဝိုင်းနဲ့ မိမိရဲ့ဘူမိနက်သန်အောင်မြေ၊ ဇာတိချက်မြုပ်အရပ်မှာ ဒီငွေတွေနဲ့ပြန်ပြီးအကျိုးပြုသူတွေ တစ်ဦးတစ်ယောက်မှမကျန် အဝေးကနေ ဂါရဝပြုပါရစေ။ သူတို့တစ်တွေအရင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ သူတို့အခုလုပ်နေတဲ့ကောင်းမှုတွေနဲ့သမိုင်းရေးနေတာကို အသိအမှတ်ပြုပါတယ်။ ကျေးဇူးတင်နေပါတယ်။

အခု ဒီပုံလေးကို အွန်လိုင်းပေါ်မှာတွေ့တော့ ရိုက်ကူးသူကိုမသိနိုင်တာကြောင့် ဒီနေရာကနေ ကျေးဇူးတင်စကားဆိုချင်ပါတယ်။ အသုံးပြုခွင့်ပေးပါလို့လည်း ခွင့်တောင်းပါတယ်။ ဒီပုံလေးကြောင့် အနှစ်နှစ်အလလက မရေးဖို့ ကိုယ့်ဟာကိုယ်တားထားတဲ့ရေးချင်စိတ်ကိုလွှတ်ချလိုက်နိုင်တာကြောင့် ကျေနပ်မိပါတယ်။

ဘယ်သူမပြုမိမိမှု ဆိုတဲ့စကားကို လက်တွေ့မှာမကောင်းတဲ့ဘက်ကိုသာ လူတွေကတွေးမြင်တတ်ကြတယ်။ ကျွန်တော်ကတော့ သူများတွေကောင်းမှုမပြုသော်လည်း ကိုယ်သိရင်ကိုယ်သိသလိုကောင်းမှုပြုနိုင်တာကို မီးမောင်းထိုးပြချင်ပါတယ်။

တစ်ဆက်တည်းခေါင်းထဲစွဲလာတဲ့အသိတရားလေးကတော့ လောကသာရ ဆုံးမစာထဲက "ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်း​ကျိုးကိုယ်၌ တည်စေမင်း" ဆိုတဲ့ နိဂုံးအပိုင်းလေးဖြစ်ပါတယ်။ "ရေးသူတစ်ယောက် ဖတ်သူတစ်ရာ" ထဲမှာ အားလုံးကောင်းကျိုးကိုယ်၌တည်ကြပါစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-29-2020

<Zawgyi>

"ဝယ္သူတစ္ေယာက္ ေရာင္းသူတစ္ရာ"
         ငယ္ငယ္တုန္းက အဆိုေတာ္စိုင္းဆိုင္ေမာဝ္ဆိုဖူးတဲ့ "ဝယ္သူတစ္ေယာက္ ေရာင္းသူတစ္ရာ" ဆိုတဲ့သီခ်င္းစာသားကိုမွတ္မိေနခဲ့ေပမဲ့ နားမလည္ခဲ့ဘူး။ အခု ရွမ္းျပည္ကဒုကၡေရာက္ေနတဲ့ေဂၚဖီထုပ္စိုက္ေတာင္သူေတြရဲ့အၾကပ္အတည္းကိုဝင္ကူညီၾကတဲ့ တစ္ဦးခ်င္းအလႉရွင္၊ ကုမၸဏီအလႉရွင္၊ လုပ္သား၊ ကားဝန္ထမ္း၊ ကုမၸဏီဝန္ထမ္း၊ အစုအစပ္လုပ္ငန္းရွင္ေတြနဲ႔ ခ်စ္ျခင္းေမတၱာအားျဖင့္အလႉအတန္းနဲ႔သူတစ္ပါးရဲ့လုပ္ငန္းကိုကယ္တင္ၾကသူေတြရဲ့ကုသိုလ္လုပ္ရပ္ကိုခံစားရလြန္းလို႔ ဒီစာကိုေရးခ်င္မိပါတယ္။

          အမိရွမ္းရိုးမနဲ႔ေဝးေနေပမဲ့ ႏွလုံးသားေတာင္ေကြ႕ေၾကာခ်င္းဆက္ထားၾကေလေတာ့ အဲဒီသတင္းကိုကၽြန္ေတာ္ၾကားမိတယ္၊ ပုံေတြလည္းေတြ႕မိတယ္။ စိတ္ထဲမွာၾကည္ႏူးရသလို၊ အသက္ရႉသံေႏွးသြားၿပီး မ်က္လုံးတစ္စုံေလးေလာက္ေအာင္ ေၾကကြဲေနမိတယ္။ ေတာင္သူေတြ အသီးအႏွံေတြစိုက္ေနတာ ဘယ္သူ႔အတြက္လဲ?

         ဒီေမးခြန္းကိုေျဖရရင္ သူတို႔ကိုမွီတင္းေနထိုင္တဲ့မိသားစုစားဝတ္ေနေရးအတြက္၊ ေတာေန၊ ေတာင္ေန၊ ၿမိဳ႕ေနလူထုအတြက္၊ ဒီထက္မကပိုလၽွံရင္၊ ဒီထက္မကအထားခံရင္ နိုင္ငံျခားကိုပို႔ဖို႔အတြက္ ေနာက္ဆုံးေတာ့ ေငြေပးၿပီးလာဝယ္မယ့္သူေတြအတြက္ စိုက္ပ်ိဳးေနရတာပဲမဟုတ္ဘူးလား?

          အခုလို သီးႏွံဖ်က္ပိုးမဝင္၊ လူ႔အသက္ဖ်က္မိုက္ခရိုပိုး COVID-19 ေၾကာင့္ "လ်ာထားသမၽွျဖစ္မလာ၊ ရွာထားသမၽွပစ္စရာ" ျဖစ္လာေတာ့မယ့္အေျခအေနကို ေငြအားတတ္နိုင္တဲ့ ျပည္တြင္းျဖစ္သူေဠးႀကီးတစ္ေယာက္က အကုန္ဝယ္လိုက္ၿပီး သူ႔ရဲ့တပည့္တပန္းေတြ၊ ေဖာင္ေဒးရွင္းဝင္ေတြနဲ႔ တစ္ျပည္လုံးကိုခရီးဆန႔္ေစၿပီး မိဘမဲ့ေဂဟာ နဲ႔ အက်ဥ္းစခန္းေတြပါမက်န္ျဖန႔္ေဝေစခဲ့တာ စီးပြားေရးနလံမထူနိုင္တဲ့ ျမန္ေရႊျပည္ႀကီးအတြက္ "ေဂၚဖီထုပ္ပီတိ ဂြမ္းဆီထိ" ရသလိုပါပဲ။

          အစကေတာ့ အေရွ႕အစိုးရေခတ္ေတြမွာႀကီးပြားခဲ့တဲ့လူခ်မ္းသာေတြကို ခရိုနီဆိုၿပီးဆင္းရဲသားျပည္သူေတြက မ်က္စိမွိတ္မုန္းတီးခဲ့ၾကတယ္။ သူတို႔လႉသမၽွအားလုံးဟာလည္း လူႀကီးေတြေနာက္လိုက္ၿပီး ေဖာ္လန္ဖား လက္ကားေလလံေတြရဖို႔ခ်ည္းျဖစ္လာေတာ့ ဘုရားဒကာျဖစ္ေနရင္ေတာင္ လူထုကမၾကည္ျဖဴခဲ့ၾကဘူးေလ။

          အခုေတာ့ "လူတေယာက္ရဲ့တန္ဖိုးဟာ သူ ျဖတ္သန္းေက်ာ္လႊားေနတဲ့ေခတ္ႀကီးက သူ႔ပခုံးေပၚတင္ေပးလိုက္တဲ့သမိုင္းတာဝန္ကို သူ ဘယ္ေလာက္သယ္ပိုးထမ္းရြက္ခဲ့တယ္ဆိုတဲ့အခ်က္နဲ႔တိုင္းတာရမွာပဲ" ဆိုတဲ့ ေႂကြလြင့္သြားၿပီးျဖစ္တဲ့ဆရာဗန္းေမာ္တင္ေအာင္ရဲ့သမိုင္းဝင္စကားမွန္ကန္ေၾကာင္းသက္ေသျပလိုက္တာျမင္သာပါတယ္။

          ဦးေအာင္ကိုဝင္း နဲ႔ မိသားစုအျပင္ သူ႔ရဲ့လူမႈကယ္ဆယ္ေရးေဖာင္ေဒးရွင္းေတြက ဒီအလႉကေန ဘာျပန္ရမလဲ? ကုသိုလ္ကလြဲၿပီး ဘာမွျပန္မရပါဘူး။ သူဒါလုပ္လို႔ ျမန္မာနိုင္ငံသမၼတက ဘာဆုမွမခ်ပါဘူး။ သူဒါလုပ္လို႔ နိုင္ငံေတာ္အတိုင္ပင္ခံအေမေဒၚေအာင္ဆန္းစုၾကည္နဲ႔အြန္လိုင္းမွာ Zoom Interview မွာ ပါဝင္ခြင့္မရပါဘူး။

        "လူ႔သမိုင္း" ဟာေရးရအခက္ဆုံးစာစီစာကုံးတစ္ပုဒ္ပါ။ အျမဲအမွန္လုပ္ေနသူရဲ့သမိုင္းဟာ အမွားလုပ္ခဲ့သူရဲ့သမိုင္းထက္ ေရးရပိုခက္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အမွန္ခ်ည္းလုပ္ေနသူေတြဆီမွာ အမွားလုပ္ေနသူေတြဆီကေလာက္ သင္ယူစရာမက်န္ေတာ့လို႔ပါပဲ။

          ဒါေၾကာင့္ ေခတ္နဲ႔စံနစ္ကိုေက်ာမခိုင္းဘဲ "ေခတ္နဲ႔အညီေက်ာခင္း၊ စံနစ္နဲ႔အညီေလၽွာဆင္း" တတ္တဲ့ စီးပြားေရးသမားေတြဟာ ကမၻာႀကီးပ်က္သြားရင္ေတာင္ အေကာင္ႀကီးႀကီးဒိုင္နိုေဆာေတြလိုပ်က္သုဥ္းမသြားဘဲ အေကာင္ေသးပုရြက္ဆိတ္ေလးေတြလိုလြတ္ေျမာက္ၾကပါတယ္။

          အထူးသျဖင့္ မိမိ နဲ႔ မိမိရဲ့မိသားစု၊ လူမႈအသိုင္းအဝိုင္းနဲ႔ မိမိရဲ့ဘူမိနက္သန္ေအာင္ေျမ၊ ဇာတိခ်က္ျမဳပ္အရပ္မွာ ဒီေငြေတြနဲ႔ျပန္ၿပီးအက်ိဳးျပဳသူေတြ တစ္ဦးတစ္ေယာက္မွမက်န္ အေဝးကေန ဂါရဝျပဳပါရေစ။ သူတို႔တစ္ေတြအရင္က ဘာပဲလုပ္ခဲ့လုပ္ခဲ့ သူတို႔အခုလုပ္ေနတဲ့ေကာင္းမႈေတြနဲ႔သမိုင္းေရးေနတာကို အသိအမွတ္ျပဳပါတယ္။ ေက်းဇူးတင္ေနပါတယ္။

          အခု ဒီပုံေလးကို အြန္လိုင္းေပၚမွာေတြ႕ေတာ့ ရိုက္ကူးသူကိုမသိနိုင္တာေၾကာင့္ ဒီေနရာကေန ေက်းဇူးတင္စကားဆိုခ်င္ပါတယ္။ အသုံးျပဳခြင့္ေပးပါလို႔လည္း ခြင့္ေတာင္းပါတယ္။ ဒီပုံေလးေၾကာင့္ အႏွစ္ႏွစ္အလလက မေရးဖို႔ ကိုယ့္ဟာကိုယ္တားထားတဲ့ေရးခ်င္စိတ္ကိုလႊတ္ခ်လိုက္နိုင္တာေၾကာင့္ ေက်နပ္မိပါတယ္။

          ဘယ္သူမျပဳမိမိမႈ ဆိုတဲ့စကားကို လက္ေတြ႕မွာမေကာင္းတဲ့ဘက္ကိုသာ လူေတြကေတြးျမင္တတ္ၾကတယ္။ ကၽြန္ေတာ္ကေတာ့ သူမ်ားေတြေကာင္းမႈမျပဳေသာ္လည္း ကိုယ္သိရင္ကိုယ္သိသလိုေကာင္းမႈျပဳနိုင္တာကို မီးေမာင္းထိုးျပခ်င္ပါတယ္။
   
          တစ္ဆက္တည္းေခါင္းထဲစြဲလာတဲ့အသိတရားေလးကေတာ့ ေလာကသာရ ဆုံးမစာထဲက "ေပၚလြင္မျပဳ၊ ေကာင္းရာတုလ်က္၊ ေကာင္းမႈျမတ္နိုး၊ ေကာင္းေအာင္ႀကိဳး၍၊ ေကာင္း​က်ိဳးကိုယ္၌ တည္ေစမင္း" ဆိုတဲ့ နိဂုံးအပိုင္းေလးျဖစ္ပါတယ္။ "ေရးသူတစ္ေယာက္ ဖတ္သူတစ္ရာ" ထဲမွာ အားလုံးေကာင္းက်ိဳးကိုယ္၌တည္ၾကပါေစ။

ခင္လ်က္ 
ကိုညီညီ (ေတာင္ႀကီး) 
05-29-2020

No comments: