ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 26, 2019

ေတာင္ေပၚသား ထိုင္ဝမ္ေရာက္ ပေဒသာပင္ေမွာက္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
ထိပ္ဆံုးတစ္ေခါက္ မိသားစု (၄) ေယာက္နဲ႕ ဒီႏိုင္ငံကို ထြက္လာတုန္းကအထုပ္က (၈) ထုပ္၊ လက္ဆြဲ က (၁၈) ဆြဲ၊ စဥ္းစားသာၾကည္႕ၾကပါေတာ႕ ဘယ္ေလာက္ ကသီလင္တ ျဖစ္သလဲဆုိတာ။

ဒီလိုပဲ ရေအာင္လုပ္ခဲ႕ ေရာက္ခဲ႕တာပါပဲ။ ကုိယ္႕ျမန္မာေငြ (၁၁၅ဝ) က်ပ္ေပးမွ ($1) ရတဲ႕ေခတ္ေလ။ လူ (၁) ေယာက္ ကို ေပါင္ (၅ဝ) ႏွစ္ထုပ္ ရတယ္။ ေပါင္ပိုထည္႕ခ်င္ရင္ China Airline မို႕လို႕ ေပါင္ (၂ဝ) တိုးရင္ (၃၂) ေဒၚလာ ေပးလုိက္ရံုပဲ။ (ေက်းဇူးတင္ပါတယ္ ကိုေမာင္ေမာင္လင္း New World - လမ္းမေတာ္) ။ ဒီဘက္ေရာက္ေတာ႕ အိမ္သံုးပစၥည္းေတြ (၆) လ ေလာက္အထိ ဘာမွမဝယ္ရေတာ႕ဘူး (၂ဝဝ၉)။

ဒီလိုနဲ႕ထုိင္ဝမ္ေလဆိပ္ေရာက္ေတာ႕ Sky Train ဆိုတာလည္းမစီးဖူး။ ဘယ္လုိစီးရမွန္းလည္းမသိဘူး။ ျပီးေတာ႕ ညဘက္ၾကီး ေမွာင္ေနတာပဲ။ ဓါတ္ေလွခါးထဲမွာေတြ႕တဲ႕သူကိုေမးေတာ႕ အဲဒီ ထုိင္ဝမ္ဘဲနာ ကစကားျပန္မေျပာဘူး။ ေအးေလ ဟုတ္မွာပဲ၊ ငါေျပာတာ သူနားမလည္လို႕ေနမွာ ငါညံ႕တာေပါ႕လို႕ေျဖေတြးလိုက္မိတယ္ (ေနာက္ေတာ႕ အထက္ပါ ပုဂိၢဳလ္ကို ေလယာဥ္ေပၚတက္ဖုိ႕ လက္မွတ္နဲ႕ ထြက္္ခြာလက္မွတ္-Boarding Pass လဲေပးတဲ႕ေနရာမွာ လက္မွတ္လဲေတာ႕ သူမွ သူအစစ္ပါပဲ/မကူညီခ်င္တာ ေျပာပါတယ္)
နားခ်ိန္က (၄) နာရီ ၊ ဟုိနားဒီနားလိုက္ၾကည္႕ရင္း အနံ႕မထြက္ေအာင္ သယ္လာတဲ႕ ကုန္းထက္ၾကက္ဆီထမင္းရယ္ ဖြက္သယ္လာတဲ႕ Alpine ေသာက္ေရသန္႕ (၂) ဗူး နဲ႕ မိသားစုဗိုက္ျဖည္႕လုိက္ၾကတယ္။ (ထုိင္ဝမ္ေလဆိပ္မွာ ေရသန္႕စက္ေတြရွိတာ သိမွမသိပဲကုိး-၂ဝဝ၉)

ဘီးလံုးပါ လက္ဆြဲ တစ္ခုစီ နဲ႕ မိသားစု (၃) ေယာက္ကို အလိုအေလ်ာက္ဓါတ္ေလွခါးေပၚအရင္တက္ခိုင္းျပီးေနာက္ဆံုးမွ က်န္တဲ႕ လက္ဆြဲေတြကို ခႏၶာကိုယ္ေပၚမွာ ပေဒသာပင္သီးသလို (၁၂) ခုေလာက္ဆြဲျပီးလိုက္တက္သြားတာ ဟား - ဘယ္ေျပာေကာင္းမလဲ . . အလယ္ေတာင္မေရာက္ေသးဘူး ဟန္ခ်က္ပ်က္ျပီး ပက္လက္လန္လဲက်သြားတာ ေတာသားျမိဳ႕ေရာက္ ဖာလူဒါေသာက္ ျဖစ္သလို “ ေတာင္ေပၚသား ထုိင္ဝမ္ေရာက္ ပေဒသာပင္ေမွာက္ “ ျဖစ္သြားတယ္။ ဒူးေခါင္းေနရာမွာ ေပါက္သြားတဲ႕ က်ပ္ (၂၇ဝဝဝ) တန္ Jobs ေဘာင္းဘီကို အခုထိသိမ္းထားေသးတယ္။ အခု (၂ဝ၁၉) ႏွစ္အထိသိမ္းထားေသးတယ္။

ေနာက္ပုိင္းေတာ႕ ဘယ္ရမလဲ ေရာက္တဲ႕ေနရာ အရင္ဆံုးရွာတာက တြန္းလွည္းအငယ္ ပါပဲ။

---- မွတ္ခ်က္အေနနဲ႕

++ ဘယ္ေလဆိပ္ေရာက္ေရာက္ ေလဆိပ္စံုစမ္းေရးကို လွမ္းၾကည္႕ထားပါ။

++ လက္တြန္းလွည္း လူေစ႕ယူထားပါ (ထြက္ခြာတဲ႕အခါ အကုန္ျပန္ယူပါ - ျပန္စစ္ပါ)

++ လမ္းေကာင္းေကာင္းေလွ်ာက္ႏိုင္ဖို႕ သင္တာဝန္ယူပါ။

(၁ဝ) ႏွစ္ျပည္႕အၾကိဳအမွတ္တရ
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
05-26-2019

Unicode Version:

"တောင်ပေါ်သား ထိုင်ဝမ်ရောက် ပဒေသာပင်မှောက်"
          ထိပ်ဆုံးတစ်ခေါက် မိသားစု (၄) ယောက်နဲ့ ဒီနိုင်ငံကို ထွက်လာတုန်းကအထုပ်က (၈) ထုပ်၊ လက်ဆွဲ က (၁၈) ဆွဲ၊ စဉ်းစားသာကြည့်ကြပါတော့ ဘယ်လောက် ကသီလင်တ ဖြစ်သလဲဆိုတာ။ 

           ဒီလိုပဲ ရအောင်လုပ်ခဲ့ ရောက်ခဲ့တာပါပဲ။  ကိုယ့်မြန်မာငွေ (၁၁၅ဝ) ကျပ်ပေးမှ ($1) ရတဲ့ခေတ်လေ။ လူ (၁) ယောက် ကို ပေါင် (၅ဝ) နှစ်ထုပ် ရတယ်။ ပေါင်ပိုထည့်ချင်ရင် China Airline မို့လို့ ပေါင် (၂ဝ) တိုးရင် (၃၂) ဒေါ်လာ ပေးလိုက်ရုံပဲ။ (ကျေးဇူးတင်ပါတယ် ကိုမောင်မောင်လင်း New World - လမ်းမတော်) ။ ဒီဘက်ရောက်တော့ အိမ်သုံးပစ္စည်းတွေ (၆) လ လောက်အထိ ဘာမှမဝယ်ရတော့ဘူး (၂ဝဝ၉)။ 

          ဒီလိုနဲ့ထိုင်ဝမ်လေဆိပ်ရောက်တော့ Sky Train ဆိုတာလည်းမစီးဖူး။ ဘယ်လိုစီးရမှန်းလည်းမသိဘူး။  ပြီးတော့ ညဘက်ကြီး မှောင်နေတာပဲ။ ဓါတ်လှေခါးထဲမှာတွေ့တဲ့သူကိုမေးတော့ အဲဒီ ထိုင်ဝမ်ဘဲနာ ကစကားပြန်မပြောဘူး။ အေးလေ ဟုတ်မှာပဲ၊ ငါပြောတာ သူနားမလည်လို့နေမှာ ငါညံ့တာပေါ့လို့ဖြေတွေးလိုက်မိတယ် (နောက်တော့ အထက်ပါ ပုဂ္ဂိုလ်ကို လေယာဉ်ပေါ်တက်ဖို့ လက်မှတ်နဲ့ ထွက််ခွာလက်မှတ်-Boarding Pass လဲပေးတဲ့နေရာမှာ လက်မှတ်လဲတော့ သူမှ သူအစစ်ပါပဲ/မကူညီချင်တာ ပြောပါတယ်) 

          နားချိန်က (၄) နာရီ ၊ ဟိုနားဒီနားလိုက်ကြည့်ရင်း အနံ့မထွက်အောင် သယ်လာတဲ့ ကုန်းထက်ကြက်ဆီထမင်းရယ် ဖွက်သယ်လာတဲ့ Alpine သောက်ရေသန့် (၂) ဗူး နဲ့ မိသားစုဗိုက်ဖြည့်လိုက်ကြတယ်။ (ထိုင်ဝမ်လေဆိပ်မှာ ရေသန့်စက်တွေရှိတာ သိမှမသိပဲကိုး-၂ဝဝ၉)

        ဘီးလုံးပါ လက်ဆွဲ တစ်ခုစီ နဲ့ မိသားစု (၃) ယောက်ကို အလိုအလျောက်ဓါတ်လှေခါးပေါ်အရင်တက်ခိုင်းပြီးနောက်ဆုံးမှ ကျန်တဲ့ လက်ဆွဲတွေကို ခန္ဓာကိုယ်ပေါ်မှာ ပဒေသာပင်သီးသလို (၁၂) ခုလောက်ဆွဲပြီးလိုက်တက်သွားတာ ဟား - ဘယ်ပြောကောင်းမလဲ . .  အလယ်တောင်မရောက်သေးဘူး ဟန်ချက်ပျက်ပြီး ပက်လက်လန်လဲကျသွားတာ တောသားမြို့ရောက် ဖာလူဒါသောက် ဖြစ်သလို “ တောင်ပေါ်သား ထိုင်ဝမ်ရောက် ပဒေသာပင်မှောက် “ ဖြစ်သွားတယ်။ ဒူးခေါင်းနေရာမှာ ပေါက်သွားတဲ့ ကျပ် (၂ရဝဝဝ) တန် Jobs ဘောင်းဘီကို အခုထိသိမ်းထားသေးတယ်။ အခု (၂ဝ၁၉) နှစ်အထိသိမ်းထားသေးတယ်။

          နောက်ပိုင်းတော့ ဘယ်ရမလဲ ရောက်တဲ့နေရာ အရင်ဆုံးရှာတာက တွန်းလှည်းအငယ် ပါပဲ။

---- မှတ်ချက်အနေနဲ့

++ ဘယ်လေဆိပ်ရောက်ရောက် လေဆိပ်စုံစမ်းရေးကို လှမ်းကြည့်ထားပါ။

++ လက်တွန်းလှည်း လူစေ့ယူထားပါ (ထွက်ခွာတဲ့အခါ အကုန်ပြန်ယူပါ - ပြန်စစ်ပါ)

++ လမ်းကောင်းကောင်းလျှောက်နိုင်ဖို့ သင်တာဝန်ယူပါ။

(၁ဝ) နှစ်ပြည့်အကြိုအမှတ်တရ
ခင်လျက်
ကိုညီညီ (တောင်ကြီး)

05-26-2019

No comments: