ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, August 18, 2018

အလုပ္ရွဳတ္ျခင္းနဲ႔ရန္ကုန္ရဲ႕ဝိေရာဓိတစ္မနက္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ႀကိဳဆိုျခင္းနဲ႔ႏႈတ္ဆက္ျခင္းကို မၾကာခဏလုပ္တတ္တာ ရန္ကုန္ၿမိဳ႕ပါပဲ။ ေမြးရပ္ေျမရွမ္းရိုးမက ဒီေလာက္ဥာဏ္မမ်ားဘူး၊ ဟန္မထြားဘူး၊ သြားမယ္ဆိုရင္ သြားမယ္၊ လာမယ္ဆိုရင္ လာမယ္ ႀကိဳေျပာသလိုလုပ္ လုပ္မယ့္အတိုင္း အစီအစဥ္ဆြဲေနက်၊ အစီအစဥ္ဆြဲတဲ့အတိုင္းလည္း အၿမဲျဖစ္ေျမာက္ေနက်။
.
. တစ္ခ်ိဳ႕က ရန္ကုန္ဟာ မာယာမ်ားတယ္ ဘာ ညာ နဲ႔ ေျပာတဲ႕သူေတြကသာေျပာေနတာ . . သူ႔ၿမိဳ႕ နဲ႔ သူ႔လူထုက က်ပ္သိပ္ေနလို႔ တစ္ျခားဘာမွလုပ္ႏုိင္တဲ႕ျမိဳ႕မဟုတ္ေတာ႕ဘူး။ တစ္ေန႕တစ္ျခား ျမိဳ႕ျပကုိတက္လာျပီး ေမွ်ာ္လင္႕ခ်က္ေတြကုိအေရာင္ေသြးတဲ႕ နယ္အသီးသီးက လူထုဟာ ပိတ္သတ္က်ပ္ညွပ္ေနတဲ႕ဘတ္စ္ကားနဲ႕တကၠဆီေတြၾကား အေတြးနယ္ထဲ Facebooking Journey ခရီးသြားေနၾကတာ အခုဆိုရင္ အစုိးရ (၂) ဆက္ရွိခဲ႕ျပီေလ။
.
.
. ခရီးကေနျပန္ရေတာ့မယ္ဆိုေတာ့ အလြမ္းသယ္ေနတဲ့ရန္ကုန္ကို သနားမိတယ္။ မိုးထဲေလထဲမွာ တိမ္ညိဳတိမ္တိုက္အထုတ္မည္းမည္းၾကီးကို ႀကိဳးစားပမ္းစားထမ္းေနရတဲ့ ရန္ကုန္ကိုၾကည့္ရတာ ပင္ပန္းလွပါတယ္။ တက္လာတဲ့ဒီေရ နဲ႔ ထြက္ေျပးေနတဲ့ကမ္းနားလမ္းမွာ ဓါးစာခံျဖစ္သြားတဲ့ ပေဟဠိေျမြေလွခါးညေဈးတန္းခမ်ာမွာ ကန္႔လန္႔ႀကီးလည္စင္းခံလို႔ အသက္ငင္ေနတယ္။
.
. ကားလမ္းပိတ္ရင္တရားခံ၊ ယာဥ္တုိက္မႈျဖစ္ရင္တရားခံ၊ ဆက္ဆံေရးမေခ်မငံျဖစ္လို႕ရန္ပြဲစရင္တရားခံ လူထုရဲ႕ေမတၱာကုိမရခဲ႕တဲ႕ ဘတ္စ္ကားေတြဟာ လူသူမဲ႕ကုန္းေက်ာ္တံတားေအာက္မွာ ငါးရွဥ္႕ေျခာက္စပ္ဟင္းတစ္ပြဲလို အားျပိဳင္ေနဆဲ၊ လမ္းလုေနဆဲ၊ ခရီးသည္လုေနဆဲ၊ ဘယ္ဘက္လမ္းေၾကာကေန တက္ေမာင္းေနဆဲ။
.
.
. အနယ္နယ္အရပ္ရပ္က တုိင္းရင္းသားအစားအေသာက္ေတြ ေနရာတုိင္းမွာရတယ္ ေျပာၾကတယ္။ ဒါေပမယ္႕ အရသာက မပါလာ ဘယ္မွာက်န္ရစ္ခဲ႕တယ္မသိရ ေစ်းႏႈန္းက (၃) ဆ . . ဒါ႕အျပင္ ဝန္ေဆာင္မႈက သံုည (ဝ) နဲ႕ စားသံုးသူတုိ႕ရဲ႕ဘဝေတြဟာ စားပြဲထုိးေတြရဲ႕ႏႈတ္ခမ္းဝမွာ ေျမခရတဲ႕ခဏေတြကုိ သည္းညည္းခံေနရတာ ရန္ကုန္မွာပါ။
.
. "ျခင္ နဲ႕ တကၠဆီ" ဘဝခ်င္းတူတာက ရန္ကုန္လြင္ျပင္။ ျခင္ . . ဘယ္သူမွအကိုက္မခံခ်င္ဘူး။ တကၠဆီ ဘယ္သူမွ မစီးခ်င္ဘူး။ ယားယံလုိ႕၊ ညစ္ပတ္လို႕ . . ေၾကာက္ရြံ႕လို႕၊ လံုျခံဳမႈမရွိလို႕။ ေနာက္ . . ျခင္ . . ဘယ္အိမ္ကမွ အဝင္မခံခ်င္ဘူး။ တကၠဆီ . . ဘယ္ေနရာမွ ရပ္လို႕မရဘူး။ ေနာက္ဆံုး ရန္ကုန္ေလဆိပ္ကေတာင္လက္မခံတဲ႕ တကၠဆီေပၚကပစၥည္းေတြကုိ မုိးရြာထဲမွာ အထုတ္ေတြသယ္ျပီး ေဝဟင္ကခရီးကိုျပန္ထြက္ခဲ႕ရတာ ရန္ကုန္။
.
.
Samsung Galaxy Note 9 တစ္လံုးဝယ္ရင္ သူ႕ဆင္းကဒ္ နဲ႕ အင္တာနက္ေဒတာလက္ေဆာင္ေပးမယ္ဆုိတဲ႕ လိေမၼာ္ေရာင္ဆင္းကဒ္ (သူ႕ဆင္းကဒ္တစ္ခုအလကားရဖို႕ ဆမ္ေဆာင္းဖုန္းဝယ္စရာလိုလုိ႕လား)
.
တစ္မိနစ္ေျပာရင္ ေငြတစ္က်ပ္လွဴမယ္လို႕ေျပာတဲ႕ အနီေရာင္ဆင္းကဒ္ (သူ႕ဟာသူမလွဴ အရပ္ကူပါ လူဝိုင္းပါ လွဴၾကပါလုပ္ေနသူ)
.
ဘယ္ေနရာမွလူရာမဝင္ အသံတိတ္ ခ်ိဳကုတ္ေနတဲ႕ အျပာေရာင္ဆင္းကဒ္ (အစကေတာ႕ဟုတ္တုတ္တုတ္ ေနာက္ေတာ႕လႈပ္တုတ္တုတ္) နဲ႕
.
ျမန္မာႏုိင္ငံေျမပံုကိုခဏငွားျပီးျပန္မေပးတဲ႕ ျဖဴျပာဝါဆင္းကဒ္ (ရွယ္ေျပာလား မေျပာလားေတာ႕မသိဘူး တကယ္မေျပာလည္း ေငြတကယ္ေရွာတာ) တုိ႕အပါ အရပ္ေလးမ်က္ႏွာ အင္တာနက္သုိင္းဆရာၾကီး (၄) ေယာက္မင္းမူတဲ႕ရန္ကုန္ . . အပ်င္းထူသေလာက္ အေၾကြးေတြပူ လခေတြပါးတဲ႕ရန္ကုန္တစ္ေခါက္ ေရာက္ခဲ႕ရျပန္။
.
.
.
ႏြမ္းလ်ေနတဲ႕ရန္ကုန္က အစုိးရရံုးစိုက္ရာ လမ္းက်ယ္က်ယ္ျမိဳ႕ေတာ္ပက္လက္ၾကီးကုိလွမ္းၾကည္႕လိုက္တယ္ . . ျပီးေတာ႕ေျပာတယ္ "မင္း ကံေကာင္းတယ္" တဲ႕။
.
ရည္မွန္းခ်က္ေပ်ာက္ေနတဲ႕ ရန္ကုန္သားေတြက ဘဝေတြကုိေရာင္းစား ႏိုင္ငံျခားသြားသူေတြကိုေငးေမာၾကည္႕တယ္ . . ျပီးေတာ႕ေျပာတယ္ "မင္းတို႕ ကံေကာင္းတယ္" တဲ႕။
.
အစားအေသာက္ နဲ႕ ရုိးရာတုိ႕အျပင္ အေမ႕အိမ္ကထမင္းကုိတမ္းတေနသူ ျပည္ေရႊသား အေဝးေရာက္အလြမ္းသမားေတြက ခါခ်ဥ္အံု ရန္ကုန္သူ/ရန္ကုန္သားေတြကုိ မက္ဆင္ဂ်ာကေနစာလွမ္းရိုက္လိုက္တယ္ . . "အားက်တယ္ကြာ" ပါတဲ႕ဗ်ား။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 08-18-2018
.
ဓါတ္ပံု_အင္တာနက္
.
Unicode Version:
.
. "အလုပ်ရှုတ်ခြင်းနဲ့ရန်ကုန်ရဲ့ဝိရောဓိတစ်မနက်"
. ကြိုဆိုခြင်းနဲ့နှုတ်ဆက်ခြင်းကို မကြာခဏလုပ်တတ်တာ ရန်ကုန်မြို့ပါပဲ။ မွေးရပ်မြေရှမ်းရိုးမက ဒီလောက်ဉာဏ်မများဘူး၊ ဟန်မထွားဘူး၊ သွားမယ်ဆိုရင် သွားမယ်၊ လာမယ်ဆိုရင် လာမယ် ကြိုပြောသလိုလုပ် လုပ်မယ့်အတိုင်း အစီအစဉ်ဆွဲနေကျ၊ အစီအစဉ်ဆွဲတဲ့အတိုင်းလည်း အမြဲဖြစ်မြောက်နေကျ။
.
. တစ်ချို့က ရန်ကုန်ဟာ မာယာများတယ် ဘာ ညာ နဲ့ ပြောတဲ့သူတွေကသာပြောနေတာ . . သူ့မြို့ နဲ့ သူ့လူထုက ကျပ်သိပ်နေလို့ တစ်ခြားဘာမှလုပ်နိုင်တဲ့မြို့မဟုတ်တော့ဘူး။ တစ်နေ့တစ်ခြား မြို့ပြကိုတက်လာပြီး မျှော်လင့်ချက်တွေကိုအရောင်သွေးတဲ့ နယ်အသီးသီးက လူထုဟာ ပိတ်သတ်ကျပ်ညှပ်နေတဲ့ဘတ်စ်ကားနဲ့တက္ကဆီတွေကြား အတွေးနယ်ထဲ Facebooking Journey ခရီးသွားနေကြတာ အခုဆိုရင် အစိုးရ (၂) ဆက်ရှိခဲ့ပြီလေ
.
.
. ခရီးကနေပြန်ရတော့မယ်ဆိုတော့ အလွမ်းသယ်နေတဲ့ရန်ကုန်ကို သနားမိတယ်။ မိုးထဲလေထဲမှာ တိမ်ညိုတိမ်တိုက်အထုတ်မည်းမည်းကြီးကို ကြိုးစားပမ်းစားထမ်းနေရတဲ့ ရန်ကုန်ကိုကြည့်ရတာ ပင်ပန်းလှပါတယ်။ တက်လာတဲ့ဒီရေ နဲ့ ထွက်ပြေးနေတဲ့ကမ်းနားလမ်းမှာ ဓါးစာခံဖြစ်သွားတဲ့ ပဟေဠိမြွေလှေခါးညဈေးတန်းခမျာမှာ ကန့်လန့်ကြီးလည်စင်းခံလို့ အသက်ငင်နေတယ်။
.
. ကားလမ်းပိတ်ရင်တရားခံ၊ ယာဉ်တိုက်မှုဖြစ်ရင်တရားခံ၊ ဆက်ဆံရေးမချေမငံဖြစ်လို့ရန်ပွဲစရင်တရားခံ လူထုရဲ့မေတ္တာကိုမရခဲ့တဲ့ ဘတ်စ်ကားတွေဟာ လူသူမဲ့ကုန်းကျော်တံတားအောက်မှာ ငါးရှဉ့်ခြောက်စပ်ဟင်းတစ်ပွဲလို အားပြိုင်နေဆဲ၊ လမ်းလုနေဆဲ၊ ခရီးသည်လုနေဆဲ၊ ဘယ်ဘက်လမ်းကြောကနေ တက်မောင်းနေဆဲ။
.
.
. အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားအစားအသောက်တွေ နေရာတိုင်းမှာရတယ် ပြောကြတယ်။ ဒါပေမယ့် အရသာက မပါလာ ဘယ်မှာကျန်ရစ်ခဲ့တယ်မသိရ စျေးနှုန်းက (၃) ဆ . . ဒါ့အပြင် ဝန်ဆောင်မှုက သုံည (ဝ) နဲ့ စားသုံးသူတို့ရဲ့ဘဝတွေဟာ စားပွဲထိုးတွေရဲ့နှုတ်ခမ်းဝမှာ မြေခရတဲ့ခဏတွေကို သည်းညည်းခံနေရတာ ရန်ကုန်မှာပါ
.
. "ခြင် နဲ့ တက္ကဆီ" ဘဝချင်းတူတာက ရန်ကုန်လွင်ပြင်။ ခြင် . . ဘယ်သူမှအကိုက်မခံချင်ဘူး။ တက္ကဆီ ဘယ်သူမ မစီးချင်ဘူး။ ယားယံလို့၊ ညစ်ပတ်လို့ . . ကြောက်ရွံ့လို့၊ လုံခြုံမှုမရှိလို့။ နောက် . . ခြင် . . ဘယ်အိမ်ကမ အဝင်မခံချင်ဘူး။ တက္ကဆီ . . ဘယ်နေရာမ ရပ်လို့မရဘူး။ နောက်ဆုံး ရန်ကုန်လေဆိပ်ကတောင်လက်မခံတဲ့ တက္ကဆီပေါ်ကပစ္စည်းတွေကို မိုးရွာထဲမှာ အထုတ်တွေသယ်ပြီး ဝေဟင်ကခရီးကိုပြန်ထွက်ခဲ့ရတာ ရန်ကုန်။
.
.
Samsung Galaxy Note 9 တစ်လုံးဝယ်ရင် သူ့ဆင်းကဒ် နဲ့ အင်တာနက်ဒေတာလက်ဆောင်ပေးမယ်ဆိုတဲ့ လိမ္မော်ရောင်ဆင်းကဒ် (သူ့ဆင်းကဒ်တစ်ခုအလကားရဖို့ ဆမ်ဆောင်းဖုန်းဝယ်စရာလိုလို့လား)
.
တစ်မိနစ်ပြောရင် ငွေတစ်ကျပ်လှူမယ်လို့ပြောတဲ့ အနီရောင်ဆင်းကဒ် (သူ့ဟာသူမလှူ အရပ်ကူပါ လူဝိုင်းပါ လှူကြပါလုပ်နေသူ)
.
ဘယ်နေရာမှလူရာမဝင် အသံတိတ် ချိုကုတ်နေတဲ့ အပြာရောင်ဆင်းကဒ် (အစကတော့ဟုတ်တုတ်တုတ် နောက်တော့လှုပ်တုတ်တုတ်) နဲ့
.
မြန်မာနိုင်ငံမြေပုံကိုခဏငှားပြီးပြန်မပေးတဲ့ ဖြူပြာဝါဆင်းကဒ် (ရှယ်ပြောလား မပြောလားတော့မသိဘူး တကယ်မပြောလည်း ငွေတကယ်ရှောတာ) တို့အပါ အရပ်လေးမျက်နှာ အင်တာနက်သိုင်းဆရာကြီး (၄) ယောက်မင်းမူတဲ့ရန်ကုန် . . အပျင်းထူသလောက် အကြွေးတွေပူ လခတွေပါးတဲ့ရန်ကုန်တစ်ခေါက် ရောက်ခဲ့ရပြန်။
.
.
.
နွမ်းလျနေတဲ့ရန်ကုန်က အစိုးရရုံးစိုက်ရာ လမ်းကျယ်ကျယ်မြို့တော်ပက်လက်ကြီးကိုလှမ်းကြည့်လိုက်တယ် . . ပြီးတော့ပြောတယ် "မင်း ကံကောင်းတယ်" တဲ့။
.
ရည်မှန်းချက်ပျောက်နေတဲ့ ရန်ကုန်သားတွေက ဘဝတွေကိုရောင်းစား နိုင်ငံခြားသွားသူတွေကိုငေးမောကြည့်တယ် . . ပြီးတော့ပြောတယ် "မင်းတို့ ကံကောင်းတယ်" တဲ့။
.
အစားအသောက် နဲ့ ရိုးရာတို့အပြင် အမေ့အိမ်ကထမင်းကိုတမ်းတနေသူ ပြည်ရွှေသား အဝေးရောက်အလွမ်းသမားတွေက ခါချဉ်အုံ ရန်ကုန်သူ/ရန်ကုန်သားတွေကို မက်ဆင်ဂျာကနေစာလှမ်းရိုက်လိုက်တယ် . . "အားကျတယ်ကွာ" ပါတဲ့ဗျား။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-18-2018

No comments: