ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, October 26, 2016

ႏြမ္းလ် မလွ ရန္ကုန္ညေန

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ဒီေန႕ မိတ္ေဆြၾကီးတစ္ေယာက္နဲ႕ေတြ႕ဖုိ႕ခ်ိန္းထားတုန္း လသာလမ္းအေပၚဘက္ ဘတ္စ္ကားဂိတ္နဲ႕မ်က္ႏွာခ်င္းဆုိင္မွာ ဘာရယ္လုိ႕မယ္မယ္ရရမရွိပဲ မတ္တပ္ရပ္ေစာင္႕ေနမိတယ္။ ကားလမ္းကပိတ္ေတာ႕ သူေရာက္ရမယ္႕အခ်ိန္ထက္ေနာက္က်တာ ရန္ကုန္ညေနခင္းမွာ စုတ္ခ်က္ပီျပင္တဲ႕ ပန္းခ်ီအုိတစ္ခ်ပ္လိုပဲ .. အရမ္းအသက္ဝင္တယ္။
.
( ၂၅ ) မိနစ္တိတိရပ္ေစာင္႕ေနရင္း ျဖတ္သြားတဲ႕ကားေတြကိုလုိက္ေရၾကည္႕မိတာ တကၠစီကားက အစီး ( ၁၂ဝ ) နဲ႕ လိုင္းကား အစီး ( ၇ဝ ) ရွိတယ္။ အဲဒီထဲမွာ ကားပူး - Carpool ( စပ္ကား ) စီးတဲ႕တကၠစီ ( ၆ ) စီးပါတယ္။ တကၠစီငွားဖို႕ေစာင္႕ေနတဲ႕ပံုေပါက္ေနတဲ႕ကြ်န္ေတာ႕ကို ကားအမ်ားစုက ကားငွားမလားလို႕ ရပ္လာေမးၾကတယ္။ တစ္ခ်ိဳ႕က High Beam မီးၾကီးထုိးျပီးေမးၾကတယ္။
.
.
ဘတ္စကားတစ္စီးစီမွာ အမ်ားဆံုး လူပါလွ အေယာက္ ( ၂ဝ ) ေက်ာ္သာသာပဲ ရွိတယ္။
ကားက မ်ား၊ ဆုိဒ္က ၾကီး၊ လမ္းလုထြက္နဲ႕ ကန္ေတာ္မဂၤလာအစပ္က ငါးပြက္တာဆုိတာ ဒါမ်ိဳးေနမွာ..။
တစ္ကယ္တမ္း လူေစ႕စီးမယ္ဆုိရင္ လိုင္းကား ( ၃ ) စီးစာကုိ လူေပါင္းလုိက္လို႕ရတယ္။
ဒါေပမယ္႕ သြားမယ္႕ေနရာမတူလို႕ မွတ္တုိင္မွာဆံုတဲ႕လူအခ်င္းခ်င္းက ဘယ္ႏႈတ္ဆက္ႏုိင္ပါ႕မလဲ..။
.
သုိ႕ေသာ္လည္း ကြ်န္ေတာ႕စိတ္ထဲမွာ ခရီးသည္ေတြေပါင္းစီးလုိက္လို႕ လိုင္းကား ( ၂ ) စီးစာေခ်ာင္သြားမယ္႕အျဖစ္ရယ္၊ လူမရပဲပတ္ေမာင္းေနတဲ႕ တကၠစီအစီး ( ၁ဝဝ ) ေလာက္ရဲ႕ ဦးတည္ရာမဲ႕ေနတဲ႕ ဘဝဝမ္းစာ ခပ္နာနာကိုသာ ျမင္ေယာင္ေနလာမိတယ္။

.
.
ဒါေၾကာင္႕ အလွည္႕က်အေရြးခ်ယ္ခံအစုိးရကိုခ်ည္းအျပစ္ပံုလို႕မရသလို ကားမ်ားျပီး ကားလမ္းၾကပ္တာကိုခ်ည္း ယမယ္ရွာေနလို႕ မျဖစ္ေပဘူးေပါ႕..။
တရားခံက အသိသာၾကီး။
.
လူေတြဗိုက္ဆာေနလို႕ ..
ရွာစားဖို႕လိုေနလို႕ေပါ႕ ..
ရွင္းရွင္းေလးပဲ။
.
.
သူတို႕ရဲ႕ဘဝေတြဟာ ကတၱရာလမ္းကေက်ာက္ခဲထက္ ပူတယ္
.
သူတုိ႕ရဲ႕အသားအေရဟာ Grand Canyon ကႏၱာရထက္ ခမ္းေျခာက္တယ္
.
သူတို႕ရဲ႕စကားသံဟာ အေမရိကန္သမၼတစကားစစ္ထုိးပြဲထက္ က်ယ္ေလာင္တယ္
.
သူတုိ႕ရဲ႕ခ်ိဳင္းေခြ်းနံ႕ဟာ ျပင္သစ္ Eau de toilette ေရေမႊးထက္ သင္းရနံ႕ျပင္းတယ္
.
သူတို႕ရဲ႕ေဒါသေတြဟာ Cluster Bomb တစ္လံုးလိုပဲ ဆင္႕ပြားဆင္႕ပြား ေပါက္ကြဲလြယ္တယ္
.
သူတုိ႕ရဲ႕ေျခလွမ္းေတြဟာ ဘယ္ဆိုရင္ညာေရာက္တဲ႕ကိုယ္ေပ်ာက္သြားဘဝေတြလိုပဲ
.
သူတုိ႕ရဲ႕အနာဂါတ္ဟာ အြန္လိုင္းမွာမိတ္ေဆြဖြဲ႕ရသလို … ဘာေရရာမႈတစ္ခုကိုမွ မေတြ႕ရဘူး။
.
.
ဒီ ကမၻာၾကည္႕ၾကည္႕ျခင္း - Globalization ကုိ ဘဝထဲယူလာမိတဲ႕ေန႕ကစျပီး
ႏြမ္းလ် မလွမပ ရန္ကုန္ရဲ႕ဘဝ စေတာ႕တာပါပဲ..။
.
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
ရန္ကုန္ျမိဳ႕
.
10-27-2016
.
.
.
Unicode Version:
.
.
.
“ နွမ်းလ မလ ရန်ကုန်ညနေ ”
.
ဒီနေ့ မိတ်ဆွေကြီးတစ်ယောက်နဲ့တွေ့ဖို့ချိန်းထားတုန်း လသာလမ်းအပေါ်ဘက် ဘတ်စ်ကားဂိတ်နဲ့မျက်နှာချင်းဆိုင်မှာ ဘာရယ်လို့မယ်မယ်ရရမရှိပဲ မတ်တပ်ရပ်စောင့်နေမိတယ်။ ကားလမ်းကပိတ်တော့ သူရောက်ရမယ့်အချိန်ထက်နောက်ကျတာ ရန်ကုန်ညနေခင်းမှာ စုတ်ချက်ပီပြင်တဲ့ ပန်းချီအိုတစ်ချပ်လိုပဲ .. အရမ်းအသက်ဝင်တယ်။
.
( ၂၅ ) မိနစ်တိတိရပ်စောင့်နေရင်း ဖြတ်သွားတဲ့ကားတွေကိုလိုက်ရေကြည့်မိတာ တက္ကစီကားက အစီး ( ၁၂ဝ ) နဲ့ လိုင်းကား အစီး ( ၇ဝ ) ရှိတယ်။ အဲဒီထဲမှာ ကားပူး - Carpool ( စပ်ကား ) စီးတဲ့တက္ကစီ ( ၆ ) စီးပါတယ်။ တက္ကစီငှားဖို့စောင့်နေတဲ့ပုံပေါက်နေတဲ့ကျွန်တော့ကို ကားအများစုက ကားငှားမလားလို့ ရပ်လာမေးကြတယ်။ တစ်ချို့က High Beam မီးကြီးထိုးပြီးမေးကြတယ်။
.
.
ဘတ်စကားတစ်စီးစီမှာ အများဆုံး လူပါလှ အယောက် ( ၂ဝ ) ကျော်သာသာပဲ ရှိတယ်။
ကားက များ၊ ဆိုဒ်က ကြီး၊ လမ်းလုထွက်နဲ့ ကန်တော်မင်္ဂလာအစပ်က ငါးပွက်တာဆိုတာ ဒါမျိုးနေမှာ..။
တစ်ကယ်တမ်း လူစေ့စီးမယ်ဆိုရင် လိုင်းကား ( ၃ ) စီးစာကို လူပေါင်းလိုက်လို့ရတယ်။
ဒါပေမယ့် သွားမယ့်နေရာမတူလို့ မှတ်တိုင်မှာဆုံတဲ့လူအချင်းချင်းက ဘယ်နှုတ်ဆက်နိုင်ပါ့မလဲ..။
.
သို့သော်လည်း ကျွန်တော့စိတ်ထဲမှာ ခရီးသည်တွေပေါင်းစီးလိုက်လို့ လိုင်းကား ( ၂ ) စီးစာချောင်သွားမယ့်အဖြစ်ရယ်၊ လူမရပဲပတ်မောင်းနေတဲ့ တက္ကစီအစီး ( ၁ဝဝ ) လောက်ရဲ့ ဦးတည်ရာမဲ့နေတဲ့ ဘဝဝမ်းစာ ခပ်နာနာကိုသာ မြင်ယောင်နေလာမိတယ်။
.
.
ဒါကြောင့် အလှည့်ကျအရွေးချယ်ခံအစိုးရကိုချည်းအပြစ်ပုံလို့မရသလို ကားများပြီး ကားလမ်းကြပ်တာကိုချည်း ယမယ်ရှာနေလို့ မဖြစ်ပေဘူးပေါ့..။
တရားခံက အသိသာကြီး။
.
လူတွေဗိုက်ဆာနေလို့ ..
ရှာစားဖို့လိုနေလို့ပေါ့ ..
ရှင်းရှင်းလေးပဲ။
.
.
သူတို့ရဲ့ဘဝတွေဟာ ကတ္တရာလမ်းကကျောက်ခဲထက် ပူတယ်
.
သူတို့ရဲ့အသားအရေဟာ Grand Canyon ကန္တာရထက် ခမ်းခြောက်တယ်
.
သူတို့ရဲ့စကားသံဟာ အမေရိကန်သမ္မတစကားစစ်ထိုးပွဲထက် ကျယ်လောင်တယ်
.
သူတို့ရဲ့ချိုင်းချွေးနံ့ဟာ ပြင်သစ် Eau de toilette ရေမွှေးထက် သင်းရနံ့ပြင်းတယ်
.
သူတို့ရဲ့ဒေါသတွေဟာ Cluster Bomb တစ်လုံးလိုပဲ ဆင့်ပွားဆင့်ပွား ပေါက်ကွဲလွယ်တယ်
.
သူတို့ရဲ့ခြေလှမ်းတွေဟာ ဘယ်ဆိုရင်ညာရောက်တဲ့ကိုယ်ပျောက်သွားဘဝတွေလိုပဲ
.
သူတို့ရဲ့အနာဂါတ်ဟာ အွန်လိုင်းမှာမိတ်ဆွေဖွဲ့ရသလို … ဘာရေရာမှုတစ်ခုကိုမှ မတွေ့ရဘူး။
.
.
ဒီ ကမ္ဘာကြည့်ကြည့်ခြင်း - Globalization ကို ဘဝထဲယူလာမိတဲ့နေ့ကစပြီး
နွမ်းလျ မလှမပ ရန်ကုန်ရဲ့ဘဝ စတော့တာပါပဲ..။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
ရန်ကုန်မြို့
.

10-27-2016

No comments: