မြန်မာနိုင်ငံနဲ့မတူတဲ့အမေရိကားလမ်းစည်းကမ်းတွေထဲကတစ်ခုကိုပြောပြချင်ပါတယ်
။
ကားပူးလမ်း (Carpool Lane)
အဝေးပြေးလမ်းမကြီး (Freeway) တွေဟာများသောအားဖြင့်အနည်းဆုံး
တစ်နာရီ (၆၅) မိုင်နှုန်းမောင်းရမှာပါ။ (Highway) ဆိုတာတစ်မြို့နဲ့တစ်မြို့ကြားအမြန်မောင်းလို့ရတဲ့လမ်းတွေကိုခေါ်ပါတယ်။ ဖရီးဝေးလမ်းတွေမှာငွေကောက်ခံတဲ့ (Toll Gate) တွေမရှိပါ။ သတ်မှတ်ထားတဲ့ (၆၅) မိုင်ထက်
(၅) မိုင်လောက်ပိုမောင်းရင် ရဲကမဖမ်းလိုပါဘူး။
အနှေးမောင်းချင်ရင်
ဒါမှမဟုတ် ဖရီးဝေးကနေ ထွက် (Exit) ချင်ရင်ညာဘက်ကပ်လျက်လမ်းကို (Lane Change)
ပြောင်းသွားရပါမယ်။ ယျေဘုယျအားဖြင့် ညာဘက်ကပ်လေလေနှေးလေလေပါ။ ကားတွေကို ဘယ်ဘက်ကနေကျော်တက်ကြရတယ်ဆိုတာတော့
အားလုံးသိပြီးသားအတိုင်းပါပဲ။
ကားမကြပ်ဖို့၊ လမ်းပေါ်ရှိကားအရေအတွက်လျှော့ချဖို့၊
ဓါတ်ဆီသက်သာဖို့တင်မကလေထုထဲကိုကာဗွန်ထုတ်လွှတ်မှုသက်သာဖို့ရည်ရွယ်ပြီးတော့ လူ (၂) ယောက်၊
လူ (၂) ယောက်ထက်ပိုတဲ့ကားတွေသီးသန့်အမြန်မောင်းနိုင်ဖို့ ဖရီးဝေး နဲ့ ဟိုင်းဝေးလမ်းတွေရဲ့ဘယ်ဘက်အစွန်ဆုံးလမ်းကို
(HOV-High Occupancy Vehicle) လမ်းဆိုပြီးသတ်မှတ်ထားပါတယ်။ ဆိုင်းဘုတ်သင်္ကေတပေါ်မှာ ဒိုင်းမွန်း
(စနွင်းမကင်း အတည့်ပုံ) နဲ့ ပြပါတယ်။ လူသိပိုများတဲ့အခေါ်ကတော့ ကားပူးလမ်း
(Carpool Lane) ပါ။ မော်တော်ဆိုင်ကယ်၊ ဘတ်စ်ကား၊ ခရီးသည်တင်လေအိတ်ကားတွေကတော့ ကားပူးလမ်းပေါ်အချိန်မရွေးတက်မောင်းလို့ရပါတယ်။
အင်မတန်အဆင်ပြေတာတစ်ခုကကားလမ်းပိတ်နေတဲ့
အချိန်၊ ကိုယ့်ကားပေါ်မှာလည်းဘေးမှာအဖေါ်တစ်ယောက်ပါတယ်ဆိုရင် ကားတွေအားလုံးကိုကားပူးလမ်းကကျော်တက်သွားရတာအရသာအရှိဆုံးပါပဲ။
ဒီနိုင်ငံရောက်မြန်မာတွေအများစုလုပ်ငန်းခွင်တူရင်ကားပူးစီးကြပါတယ်။ အသွား အပြန် (၅)
ဒေါ်လာ နဲ့ (၁ဝ) ဒေါ်လာကြားပေးပြီးစီးသူတွေရှိသလို သူ့ကားတစ်လှည့် ကိုယ်ကားတစ်လှည့်မောင်းတာတွေလဲရှိပါတယ်။
ရဲကားရှိမရှိချောင်းကြည့်ပြီးကားပူးလမ်းတက်မောင်း
- ပိတ်နေတဲ့ကားတွေကိုကျော် - ပြီးရင်ညာဘက်လမ်းထဲပြန်ဝင်တဲ့ကားတွေကိုလည်းတွေ့ဖူးပါတယ်။
လူတော်တော်များများကအရေးကြီးနေကြတာမို့လို့ ကားပူးလမ်းကိုခိုးမောင်းတဲ့သူကမောင်း၊ ရဲကားက
ခဏခဏဖမ်း နဲ့ လျင်သလိုလုပ်နေကြတာပါပဲ။ မနက် (၆) နာရီ ကနေ (၁ဝ) နာရီ - ညနေ (၃) နာရီ
ကနေ (၇) နာရီကြားကာလတွေမှာမောင်းသူတစ်ယောက်တည်းပါတဲ့ကားက ကားပူးလမ်းကို တက်မောင်းလို့ရဲဖမ်းမိသွားရင်
အနည်းဆုံးဒဏ်ငွေ (၄၉၁) ဒေါ်လာဆောင်ရပါလိမ့်မယ် (၂ဝ၁၃ အခြေအနေ)။
ဒါကြောင့် ကားကြပ်တဲ့ဒဏ်ကိုရှောင်နိုင်ဖို့
နဲ့ မတော်တဆထိခိုက်မှုမရှိစေဖို့ အလုပ်သွားတဲ့အချိန်ကို အိမ်ကစောစောထွက်တာကတော့အကောင်းဆုံးပါခင်ဗျား။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-26-2013
1 comment:
The Hot News Weekly အတွဲ 140 တွင် ဖော်ပြခံရပါသည် ။
Post a Comment