ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, October 29, 2013

ကားထုတ်လုပ်သူတွေ ကားပြန်မသိမ်းပါ

2000 Honda Accord LX



                 ဟိုတစ်လောကတည်းက ကားအကြောင်းအဓိကဖော်ပြနေတဲ့ဂျာနယ်ကို စေတနာရှေ့ထားပြီးပြောပြခဲ့ပြီးဖြစ်ပါတယ် ၊ မီဒီယာသမားရဲ့တာဝန်သိစိတ်ဖြစ်တဲ့ မှားရင်ပြင်ရမယ် ၊ အမှားမပြင်မချင်းဆက်မှားနေမယ် ဆိုသလို ကူညီအသိပေးခဲ့တာပါ ၊ RECALL ဆိုတဲ့ အင်္ဂလိပ်စာလုံးရဲ့တိုက်ရိုက်အဓိပ္ပာယ်က “ re-call : to ask people to return ( a product with a defect or problem ) “ ဖြစ်ပါတယ် ၊ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ Dumex နို့မှုန့်ပြန်သိမ်းပွဲကြီးက မြန်မာနို့မှုန့်ဈေးကွက်ကို အနည်းငယ်လှုပ်ခါသွားပါသေးတယ် ၊ ရှင်းပါတယ်-ထုတ်လုပ်သူကုမ္ပဏီက ကုန်ပစ္စည်းကိုဖြန့်ချိရေးမလုပ်သေးခင် သုတေသနနဲ့ဖွံဖြိုးတိုးတက်ရေးအဖွဲ့- R&D-Research and Development Team ကို ကျော်ဖြတ်ရပါတယ် ၊ ထိုမှတဖန် ကုန်အရည်အသွေးစစ်အဖွဲ့-QC – Quality Control ကိုအောင်မှရောင်းခွင့်ရမှာပါ ၊ လူသုံးကုန် နဲ့  စားသောက်ကုန်အားလုံး RECALL ခေါ်တယ်ဆိုရင်တော့ သေချာပါတယ် ၊ ဈေးကွက်ထဲပါမက စားသုံးသူလက်ရောက်ကုန်တွေကိုပါလိုက်သိမ်းပြီး ရောင်းဈေးအတိုင်းပြန်လိုက်ဝယ်ပါတော့တယ် ၊ ကုန်တိုက်နဲ့ဆိုင်တွေက ဆက်မရောင်းရသလို စားသုံးသူ အန္တရာယ်မရှိအောင် ထုတ်လုပ်တဲ့ကုမ္ပဏီ က အပြည့်အဝ တာဝန်ယူဖြေရှင်းကြရပါတယ် ။

မော်တော်ကားကျတော့ဒီလိုမဟုတ်ပါဘူး ၊ ကားအသစ် ရောင်းထုတ်လိုက်ပြီဆိုကတည်းက ဘာပြသနာမှမရှိလို့ပါ ၊

Sunday, October 27, 2013

ဂျာနယ်ဖတ်ရင်းစာသင်မယ် ၂ ။ ( စီးပွားပြိုင်ဘက်များနှင့်ဆက်ဆံခြင်း )




                  အမေရိကားမှာ အွန်လိုင်းကနေစာသင်တယ်ဆိုတာ အားတဲ့အချိန် ကွန်ပျူတာဖွင့်ပြီး ညွှန်ကြားချက်တွေကိုလုပ်ဆောင်ရတာပါ ၊ ဆရာကိုလဲ မတွေ့ဖူးသလို စာသင်သားကိုလည်း ဆရာကမတွေ့ဖူးပါဘူး ၊ အဲဒါကြောင့် ဆရာ က ၃ ပတ် ကို ၁ ခါ လောက် သူသင်တဲ့စာသင်ခန်းကိုလူကိုယ်တိုင်လာနားထောင်မယ်ဆိုရင် အမှတ်-Credit ဘယ်လောက်ပေးမယ်ဆိုပြီး အီးမေးလ်ပို့တတ်ပါတယ် ၊ စာရေးသူ က ညဘက်အလုပ်လုပ်တာမို့လို့ ပြီးခဲ့တဲ့အပတ်ညနေက ခေါ်တာ မသွားဖြစ်လိုက်ပါဘူး ၊ အမှတ်ပို မရတာကလွဲလို့ တခြားနစ်နာတာမရှိပါဘူးခင်မျာ ။
          ဒီအပတ်မှာတော့ ပုစ္ဆာ 10.1 ပေးထားပြီး ဖြေရမယ့်ပုံစံလေး က ဒီလိုပါ ။

Thursday, October 17, 2013

One Nation ... Under Surveillance ( Swan's Essay )

     

                                  
                         " စွမ်း " ရဲ့ အင်္ဂလိပ်ဆရာ က ဒီတစ်ပတ်စာစီစာကုံးအတွက်  လက်ရှိခေတ်နဲ့လျော်ညီပြီး မကြာသေးခင်က အဖြစ်အပျက် သတင်းအတိုအစမျိုးစုံပါဝင်တဲ့ Guidelines စာရွက် ( ၆ ) ရွက်ပေးပြီး ကိုယ်ပိုင်ခေါင်းစဉ်နဲ့ရေးခိုင်းပါတယ် ။

Swan Ye Htut
Mr. Guarino
English 9, 3rd
October 17, 2013
                                         One Nation …. Under Surveillance?
              There has been a controversial topic being debated across the United States: whether or not the government has gone too far with the use of surveillance. License-plate readers and surveillance alike have spread since it was first introduced in the late 1960’s. We should not keep these cameras and license plate readers because of a variety of reasons.

Monday, October 7, 2013

ကားလမ်းပိတ်တဲ့ဒုက္ခကို တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးတဲ့ City FM




             မြို့တော်ဟောင်းရန်ကုန်မှာ ကားအစီးရေများလာတဲ့ကိစ္စ ကိုသာ အပြစ်ဖို့နေသလို အရင်ကတည်းက စည်းကမ်းမရှိခဲ့ကြတဲ့ ယျာဉ်မောင်းတွေကို ပညာပေးမှုနည်းပါးတာကိုလဲ သတိထားမိပါတယ် ၊ နေ့စားပလက်ဖောင်းဈေးသည်တွေရဲ့ တနေ့စာဝမ်းရေး မလွယ်တာကလဲ အဓိကအကြောင်းတစ်ခုပါ ၊ တရုတ်တန်းပတ်လည်မှာလူဦးရေထူထပ်စွာနေထိုင်ကြတာမို့လို့ လမ်းလျှောက်ရတာတောင် ဟိုမလွတ် ဒီတိုက်နဲ့ အောက်က မညီင်္ညာတဲ့ ပလက်ဖောင်းကို ဦးတိုက်ပြီး အရိုအသေပြု လျှောက်လှမ်းရပါသေးတယ် ၊ ၁၇ လမ်း လောက်ကနေ ဆူးလေဘုရားကို ဘတ်စ်ကားစီးသွားတာထက်စာရင် ကျန်းမာရေးလဲကောင်းမယ် ပတ်ဝန်းကျင်ကိုလဲငေးလို့ရမယ် လက်ကိုမြှောက် ချွေးတစိုစိုလက်တန်းမှာခိုပြီး လောင်ပိတ်နေရမယ့်ဒုက္ခကလဲသက်သာမယ့် လမ်းလျှောက်သွားတာကမှ ပိုပြီးအလုပ်ဖြစ်ပါအုံးမယ် ၊ အိမ်ကထွက်ကတည်းက ဒီနေ့ အခေါက်ရေပြည့်ပါ့မလား  ဆီဖိုးကိုက်ပါ့မလား အုံနာခရောကျေပါ့မလား လို့ တွေးနေရတဲ့ ဘစ်စ်ကား နဲ့ တက္ကစီသမားတွေကလဲ အတွေးကိုယ်စီနဲ့ပါ ၊ အစိုးရယန္တရားကြီး ဒီရန်ကုန်ကနေ တစ်စိတ်တစ်ပိုင်းပြောင်းရွှေ့သွားတာ ကျေးဇုးတင်ရမယ့်အထဲမှာ တစ်ခုအပါအဝင်ပါ ၊ ဘာဘဲပြောပြော အနားမရတဲ့ ဒဏ်ရာဟောင်း ဒဏ်ချက်သစ်များနဲ့ ညည်းညူနေရတဲ့ဒဂုံမြို့တော် အားလုံးရဲ့ရန်ကုန်ပါ ။

Friday, October 4, 2013

အိုဘားမားကျန်းမာရေးစောင့်ရှောက်မှုအကြောင်း

      


            ObamaCare - အိုဘားမားကဲ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းကို
ရေးပြတာထက်စာရင် RFA အသံလွှင့်ဌာန ရဲ့ တက္ကဆက်ပြည်နယ် က ဒေါက်တာဦးခွန်ကြည်ထွန်း နဲ့ အင်တာဗျူး က ပိုမိုပြည့်စုံတာမို့လို့ အသံဖိုင် နဲ့ Video Clip တင်ဆက်ပေးလိုက်ပါတယ် ။

 ဗီဒီယိုဖိုင် 

Tuesday, October 1, 2013

မှတ်တမ်းတင်အပ်ပါသည်




၂ဝ၁၃ စက်တင်ဘာ လကုန်အထိ Hot News Journal တွင်ဖော်ပြပါရှိခဲ့သော ဆောင်းပါး ( ၁၄ ) ပုဒ် အတွက် စာမူခ ( ၉၄ဝဝဝ ) ကျပ် 



ကို နာမှုကူညီရေးအသင်း - ရန်ကုန်

Thursday, September 26, 2013

မြန်မာပြောသော အမေရိကရောက် တရုတ်များအကြောင်း



 
       
             အတော်လေးတော့စိတ်ဝင်စားဖို့ကောင်းပါတယ် ၊ အိမ်နီးနားချင်း ပေါက်ဖော်နိုင်ငံကြီးအကြောင်းကို မြန်မာပြည်မှာရှိနေစဉ်တုန်းကတော့သိပ်စိတ်မဝင်စားမိခဲ့ ၊ နေရာတကာ သူ့နိုင်ငံထုတ်ပစ္စည်းတွေချည်းဖြစ်နေတာကိုတော့ သတိထားမိပါတယ် ၊ ဒီထက်ထူးခြားတာက လူချမ်းသာတွေ ကုန်သည်ကြီးတွေ စီးပွားရေးသမားတွေကိုကြည့်လိုက်ရင်လဲ အများစုက တရုတ်လူမျိုးတွေဘဲဖြစ်နေပြန်ပါတယ် ၊ မြို့လယ်ခေါင် အချက်အချာကျတဲ့နေရာတွေကို အင်နဲ့အားနဲ့ ဦးထားကြတာလဲ ကိုရွှေတရုတ်ကြီးများဘဲဆိုတာ အားလုံးမျက်မြင်ဘဲမဟုတ်လား ။

Saturday, September 21, 2013

ကိုဘမောင် နဲ့ အမေး အဖြေ


Indianapolis





 ကိုဘိုတင့် Sep 1 to me

ကိုညီညီ စာတွေဖတ်ရတာ ဗဟုသုတလည်းရပါတယ်.....
 သိချင်နေတာတွေလည်းသိရလို့ ကျေးဇူလည်းတင်ပါတယ်.
        ကျနော် Refugee နဲ့ရောက်လာပါတယ်....Indiana မှာပါ...
        အဲတာ ခနလောက်ပြန်ချင်တယ်ဗျာ...ပြန်မရောက်တာ
        အနှစ် ၂ဝ လောက်ရှိသွားပြီ........              
        Green Card လည်းရပြီးပါပြီ..ရောက်တာလည်း ၅ နှစ်လောက်
        ဆိုတော့..အိမ်လေးတလုံးလည်းဝယ်ပြီးပါပြီ....
        ဒါပေမယ့်သိစရာတွေက အများကြီးကျန်သေးတယ်ခင်ဗျ..

Thursday, September 19, 2013

နားတစ်ရာ က စ ပြောင်းသင့်ပါပြီ




                 ဒီနေ့ အလုပ်ကပြန်တော့ နားတစ်ရာ ကို ဖုန်းဆက်ကြည့်ပါတယ် ၊ ပထမ ၅ဝ၄xxx ဖုန်းဆက်တော့ အမျိုးသမီးလေး တစ်ယောက်က ၄၂၁၁xxxxx ကိုထပ်ဆက်ခိုင်းပါတယ် ၊ အမျိုးသား တစ်ယောက်နဲ့တွေ့ပြီး သူက စ နားထောင်ပေးပါတယ် ၊ စာရေးသူက စပြီး ဂျာနယ်တွေ ထင်သာမြင်သာမရှိတာပြောပြချင်လို့ပါ ၊ စာမူတွေအီးမေးလ် နဲ့ ပို့တာ အကြောင်းမပြန်လို့ ၊ ဂျာနယ်မှာ ပါမပါ ကို မေးတဲ့အီးမေးလ်တွေဆိုလဲ မပြန်လို့ ၊ ဒီလိုဖြစ်နေတာက ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ လဲမကိုက်ညီပါဘူးလို့ ပြောလိုက်ပါတယ် ၊ နားတစ်ရာ က အမေရိကားက ဆက်တာမို့လို့ပြောပြရအုံးမယ် ၊ မြန်မာပြည် မပြောင်းသေးပါခင်များ ၊ တချို့ဆို မရှိစု ရှိစု လူ နှစ်ယောက်ထဲနဲ့ ဂျာနယ်ကိုလုပ်နေရရှာတာ လို့ စဖြေပါတယ် ၊

Wednesday, September 18, 2013

ကြည့်ပါအုံး - ၉ တန်းကျောင်းသားကိုပေးတဲ့ စာစီစာကုံးခေါင်းစဉ်




              ဒီတစ်ပတ်တော့ စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ စွမ်းရဲ့ အင်္ဂလိပ်ဆရာ ပေးတဲ့ စာစီစာကုံးခေါင်းစဉ် နဲ့ ကိုးကားရန်စာရွက် Nonfiction Worksheet ကို ပြောပြသွားမလို့ပါ ။
 *************************************************************************************************************    
                                                             Nonfiction Worksheet

1. Title:

 2. Author:

3. Topic:

4. Audience:

5. Author's purpose: ( Persuade , Inform , Entertain , Publicize , Inspire )

Tuesday, September 17, 2013

ကျေးဇူးတင်လွှာ

              မိမိ ရဲ့ ရည်မှန်းချက်သို့ တစ်ရက်ထက် တစ်ရက် ပိုမို ခရီးရောက်နိုင်အောင် အင်အားဖြည့် ပေးလိုပါတယ် ၊ ဒီ စာလေးတွေကို ဖတ်ပြီး ဘဝအတွက် အကျိုးရှိတာ တစ်ခုခု ရရှိသွားနိုင်တဲ့ ၊ တိုးတက်လမ်းအတွက် အထောက်အကူရမယ့် မေးခွန်းများ ဖြေကြားပေးလိုပါတယ် ၊ ကိုယ်ကိုယ်တိုင်လဲ တကယ် အခက်အခဲ ရောက်ခဲ့ရတာမို့လို့် ကိုယ်ချင်းစာမှုကို မျှဝေချင်လို့ပါ ၊ အခုဘဲ မေးခွန်း တစ်ခု ကို   koko2yeye@gmail.com သို့ email ပို့လိုက်ပါ ။



         










                အထူးတလည် စိတ်ဝင်စားပြီး ဝင်ရောက်လည်ပတ်သော စာဖတ်သူများကို လေးစားစွာအကြံပေးပါရစေ ၊ ဒီ ဘလော့ ကလေးမှ စ နေရာဌာနမတူသော်လည်း အားပေးမှုအထူးတူညီကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများနဲ့ စာဖတ်ပရိသတ်များအားလုံးတို့ကို ကျေးဇူးတင်ပါတယ်လို့ ဒီစာမျက်နှာငယ်လေးကနေ မှတ်တမ်းတင်အပ်ပါတယ် ။ အားနည်းချက် ၊ လိုအပ်ချက်များ ကို ထောက်ပြတဲ့ ဘယ်လို ဝေဖန်ရေးသားချက်များကိုမဆို ဖတ်ကြည့်ချင်လို့ comment များ ဝင်ရောက်ရေးသားနိုင်ပါတယ် ။

အထူး ကျေးဇူးတင်ပါတယ် ....!

ကိုညီညီ - တောင်ကြီး


စာဖတ်ပရိသတ်များတည်ရှိရာနိုင်ငံများ :


United States
Taiwan
Myanmar [Burma]
Russia
Thailand
Germany
Singapore
Canada
Australia
United Kingdom
Malaysia
Jamaica

South Korea
Sweden
Bangladesh
Austria
China
France
Vietnam
Italy
India 

Switzerland
Ireland
Japan
Cambodia
Guinea
Indonesia
Philippine
Sri Lanka
Nepal
Czech Republic
Netherlands
Denmark
United Arab Emirates
Oman
Hong Kong
Macau
Dubai
Norway
Luxembourg
Ukraine
Qatar
Lao
Brazil
Lithuania
Peru
Egypt

-----------------------------------------------------------------------------------


မမျှော်လင့်ဘဲ လာရောက်လည်ပတ်သွားသူများ ရှာဖွေခဲ့သော စကားလုံးများ ။



-----------------------------------------------------------------------------------
တောင်ကြီးtimes
Mortgage အိမ်
တရားတော်များစုစည်းမှု
ဖုန်စုတ်စက်
အိမ်ရောင်း အိမ်ဝယ်
ဆရာတော်ဦးဇောတိက Mp3
လောကအကြောင်း
www.baidu.com
www.bing.com
Cambodia သမိုင်း
လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ
အလုပ် အင်တာဗျူး အဖြေ
ဦးဇောတိက
Taunggyi Ko Ko Lwin
အဖြေ
www.flikr.com
အမေးအဖြေ
ဘန်ကောက်ဆေးရုံ
မူလတန်း
ဆွဲကား
America က
မြေစမ်းခရမ်းပျိုး
မေးခွန်းဟောင်းများ
အိမ်ရှင်
ကားအကြောင်း
အလုပ်လျှောက်လျှင်
စွမ်ြး
မြင်းခြံမြို့
ပါကင်15
တောင်ကြီး အိမ်ရောင်း
ကိုကိုညီ
ပြင်ဦးလွင်မြို့
အင်ဂျင်ဝိုင်
အိုဘားမားကဲ
စနွင်းမကင်း
ဘဏ် Interview မေးခွန်းများ
အိမ်ခြံမြေဈေးကွက်
ဝှီးတက်

**********************************************

ဖုန်းပေါ်မှာ စာဖတ်ရင်း မျက်နှာပြင်အောက်ဆုံး HOME ခလုတ် ရဲ့
ညာဘက်ဘေး က မြှား ကိုနှိပ်ပြီး အရှေ့စာမျက်နှာများ ကို
အလွယ်တကူ ရှာနိုင်ပါတယ် ။

*********************************************