ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Showing posts with label မြန်မာစာ မြန်မာစကား. Show all posts
Showing posts with label မြန်မာစာ မြန်မာစကား. Show all posts

Thursday, June 24, 2021

အဘယ့်ကြောင့်အမေရိကား Book Launch

 


#တော်လှန်ရေးစာ မဟုတ်ပေမဲ့ #လွတ်မြောက်ရေးစာအုပ်ဖြစ်ပါတယ်
#PreOrder မှာနိုင်ပါပြီ #အဘယ့်ကြောင့်အမေရိကား
#ကိုညီညီတောင်ကြီးရဲ့ဒုတိယမြောက်စာအုပ်
.
#၃၁၉စာမျက်နှာ #ဆောင်းပါး၆၇ပုဒ် #ဓာတ်ပုံ၇၄ပုံ(၅၈ပုံအဖြူအမည်း)
#မျက်နှာဖုံးဒီဇိုင်းပိုးလေးငြိမ်းကောင်းသက်ထွန်း
(Poke.Studio) https://bit.ly/3xOLoYI
#ထုတ်ဝေသူဦးစန်းဦးစိတ်ကူးချိုချိုအနုပညာ၂ဝ၂၁
.
#တန်ဖိုး #၆ဝဝဝ ကျပ်
.
၂ဝ၂၁ ၇လပိုင်းထဲမှာ အိမ်‌အရောက်ပို့ပေးသွားမှာပါ။ မြို့ထဲကဆိုင်တွေပေါ်ရောက်လာမှာပါ။
.
ရန်ကုန်မြို့တွင်းပို့ခ ၁ဝဝဝ ကျပ်
.
ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ၊ သံလျင် ၁၈ဝဝ ကျပ်
.
နယ်မြို့တွေက (အခုစာတိုက်နဲ့ပို့လို့မရတာကြောင့်) ၂၅ဝဝ ကျပ် ဖြစ်မှာပါ။
.
ပထမထွက်ထားတဲ့စာအုပ်နဲ့ "#အဘယ့်ကြောင့်အမေရိကား" စာအုပ် ၂ အုပ်ကို တွဲမှာရင်လည်း အထက်ကလိုပဲ ကျသင့်မှာပါ။
.
ဒီ စာအုပ်ဆိုင်တွေရဲ့ Messenger က မှာပေးကြပါ
.
စိတ်ကူးချိုချို ရန်ကုန်-https://bit.ly/3ye0Ez6
.
အပါးတော်မြဲ စာပေတိုက် ရန်ကုန်-https://bit.ly/3gZdXf7
.
စိတ်ကူးချိုချို မန်း-https://bit.ly/3ykib9d
.
.
ပြောရရင် #အဘယ့်ကြောင့်အမေရိကား စာအုပ်ဟာ စိတ်ကူးချိုချိုစာအုပ်တိုက်ရဲ့ နှစ်ဆန်းကထွက်မယ့် စာရင်းထဲ ပါပြီးသားပါ။ အကြောင်းကြောင်းကြောင့်မရိုက်ဖြစ်ဘဲ အခု ထွက်လာချိန်မှာ တော်လှန်ရေးနဲ့တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။ အခုလို အကျပ်အတည်းကာလကြီးထဲမှာ ရုန်းကန်စွန့်စားနေရတဲ့ စာပေထုတ်ဝေတိုက်တွေရဲ့ စင်တင်ချီးမြှောက်မှုကို အမှန်တကယ်တော့ မခံယူလိုခဲ့တာကို ရိုးသားစွာ ပြောကြားလိုပါတယ်။
.
ပညာရေးမှာ အမြဲလိုအပ်နေတဲ့ အင်္ဂလိပ်စာသင်ကြားရေး စာအုပ်တွေကို ရေးသားနေတဲ့ ဆရာ ‌ဒေါက်တာစိုးသန်း ( အင်္ဂလိပ်စာ) လို ဝါရင့်စာရေးဆရာနဲ့အတူ ထုတ်ဝေဖို့ နေရာပေးခံရတဲ့အတွက် မဝံ့မရဲ ဂုဏ်ယူမိပါတယ်။
.
.
ကျွန်တော်နဲ့ခင်တဲ့ မိတ်ဆွေများစွာထဲက ဦးရေ ၁ ဒါဇင်ခန့်ဟာ ဝရမ်းထုတ်ခံထိထားကြ၊ အဖမ်းခံထိထားကြပါတယ်။ ဒီအကျပ်အတည်းကြီးထဲမှာ လူတကာကိုညှဉ်းပြီး စာအုပ် Review ရေးပေးဖို့ မတိုက်တွန်းလိုတော့ပါ။ ပန်းသတင်းကို လေညှင်းက သယ်ဆောင်သလို အမေရိကားသတင်း လူအချင်းချင်း သယ်ဆောင်ရင်း ရည်ရွယ်ချက်တူ လေ့လာသူ‌တွေကြားမှာ လက်တို့၊ သတင်းပေးဖို့ကိုသာ မျှော်လင့်ရပါတယ်။
.
ထူးထူးကဲကဲ ပိုပိုသာသာ ဘာမှ မပြောလိုပါ၊ မညွှန်းလိုပါ။ ဖတ်ကြည့်ရင်တော့ "#အဘယ့်ကြောင့် အမေရိကား" စာအုပ်ကို ဘာကြောင့်ရေးခဲ့တယ်ဆိုတာ ရှာတွေ့ဖို့ ရင်ခုန်မျှော်လင့်မိပါတယ်။ ပ-စာအုပ် "#ဒါဖတ်ပြီးထားပြီးမှသွားသင့်တဲ့အမေရိကား" ကို နှစ်ချို့နေသော်ငြား ဆက်တိုက်အားပေးကြတာကြောင့် မပြတ်လပ်သွား‌ရလေအောင် ထပ်မံရိုက်နှိပ်ထားပြီးဆိုတာ စိတ်ကူးချိုချိုက တပါတည်း သတင်းပေးလာပါတယ်။
.
ဒုတိယစာအုပ်ထွက်ပြီလားလို့ စောင့်ဆိုင်းနေပေးခဲ့ရတဲ့အတွက် စာရေးသူတစ်ယောက်နေရာက တောင်းပန်ပါရစေ။ အားပေးမှု အစုစုအတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။
ခင်လျက်
#KNNTgi
06-23-2021

Tuesday, May 18, 2021

[မှန်ကန်တဲ့ငါ့အတွေးတွေကိုသတ်လို့မရ] "စာအုပ်ဝယ်ကမ်ပိန်း"

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

စာအုပ်ကြော်ငြာ မဟုတ်ပါနော်။ တော်လှန်‌ရေးကာလမှာ ကိုယ်ရေးနေကျစာတွေ၊ အလုပ်တွေကို ပစ်ချထားပြီးသားပါ။ ဒါပေမဲ့ ၁ နှစ်မှာ အနည်းဆုံး ၂ ကြိမ် စာဖတ်သူတွေတောင်းဆိုတတ်တဲ့ စာအုပ်လေးတစ်အုပ် ထွက်ထားမိတာကြောင့် ကျွန်တော့ပို့စ်ကို တော်လှန်‌ရေးမျက်စိနဲ့ ဖတ်ရှုပေးကြပါ။
စာအုပ်ထုတ်လုပ်သူတစ်ယောက်ကို မေးလိုက်တာ အခု လက်ရှိ ‌
🎀🎀🎀 ဒေါ်လာဈေးမတရားမြင့်နေတာ
.
🎀🎀🎀 ဘာဝယ်ဝယ် ငွေသားပေးချေမှ ရနေတာ
.
🎀🎀🎀 စက္ကူဈေးက ၂ ဆ နီးပါး တက်နေတာ
.
🎀🎀🎀 ဆိုင်တွေပိတ်ထားရတာ
.
🎀🎀🎀 ရောင်းဝယ်ဖောက်ကားမှု ဇောက်ထိုးကြီး ကျဆင်းနေတာ
.
🎀🎀🎀 မှန်းထားတဲ့စာအုပ်တွေ ထင်သလောက် မရောင်းရတာ
.
🎀🎀🎀 ဖြစ်သင့်ဖြစ်ထိုက်တဲ့ စာအုပ်‌ဝယ်ဖတ်တဲ့ ဈေးကွက်ကြီး ရေတိမ်နစ်သွားရတာ
.
🎀🎀🎀 စာပေပွင့်လင်းမှုတွေကို တင်းကြပ်လာနိုင်တာ
.
🎀🎀🎀 အရောင်းဈေးကွက် မတည်ငြိမ်ရင် လုပ်ကိုင်ရခက်ခဲတာတွေ
အားလုံးကို ချင့်ချိန်ပြီး စာအုပ်အသစ်ထုတ်ဖို့နေနေသာသာ ရောင်းကောင်းပြီးသား လက်တင်ရောင်း နာမည်ကြီးအဟောင်းတွေကိုတောင် ပြန်ရိုက်ဖို့ မလွယ်ကူတဲ့အကြောင်းသိရလို့ စာရေးသူ၊ စာဖတ်သူတို့ ကိုယ်စား ဝမ်းနည်းရပါတယ်။

Wednesday, November 4, 2020

စာအုပ်ချစ်သူများနေ့ ၂ဝ၂ဝ ကိုကြိုဆိုရအောင်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကြည့်နေတဲ့ဖုန်းမျက်နှာပြင်ကိုပိတ်၊ သုံးလက်စ Facebook App ကိုပိတ်၊ နားထောင်နေတဲ့သီချင်းလေးကိုရပ် စာအုပ်စင်ကစာအုပ်တစ်အုပ်ကိုလက်ကဆွဲပြီး အသံတိတ် စိတ်ထဲကဖတ်လို့ဖြစ်ဖြစ်၊ နားထောင်သူရှိလို့အသံထွက်ဖတ်လို့ဖြစ်ဖြစ်၊ အသံစာအုပ်အတွက်အသံသွင်းဖို့ပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးကစာအုပ်ရေးသူတွေကိုဂုဏ်ပြုဖို့နေ့တစ်နေ့ဟာ ချစ်မိတ်တွေတို့ရဲံ့ရှေ့ကိုရောက်ရှိလာပါပြီ။ နိုဝင်ဘာလ ၇ ရက်နေ့ဟာ ၂ဝ၂ဝ ခုနှစ်အတွက်စာအုပ်ချစ်သူများနေ့ဖြစ်ပါတယ်။

စာအုပ်ချစ်သူများနေ့ဘယ်လိုပေါ်ထွက်လာခဲ့သလဲဆိုတာ နဲ့ ဆင်တူရက်စွဲတွေရှိသလားဆိုတာ အင်တာနက်မှာအငြင်းပွားစရာဖြစ်နေတာ နှစ်တွေအများကြီးကြာမြင့်ခဲ့ပြီးပါပြီ။ လူသိများတာက ဩဂုတ်လ ၉ ရက်နေ့လို့သိရပြီး ကျွန်တော့ရဲ့စိတ်အာရုံကိုဖမ်းစားခဲ့တဲ့ Costco Connection ရဲ့ နိုဝင်ဘာလထုတ်မဂ္ဂဇင်းမှာ နိုဝင်ဘာလရဲ့ပထမသီတင်းပတ် စနေနေ့မှာကျရောက်တဲ့ 7th Nov, 2020 မှာ စာအုပ်ချစ်သူများနေ့ကိုဆင်နွှဲဖို့ဆော်ဩထားပါတယ်။

စာအုပ်စာပေဟာ စာဖတ်သူရဲ့စိတ်ကိုဆွပေးတဲ့အဖြူထည်ဆွဲဆောင်မှုဖြစ်တယ်။ စာဖတ်ခြင်းဟာလူကို အချိန်အတားအဆီး၊ နေရာဒေသအပိုင်းအခြား နဲ့ ယဉ်ကျေးမှုအရံအတားတွေကိုကျော်ဖြတ်ပေးတယ်။ စာဖတ်ခြင်းဟာလူကို စည်းကမ်းလိုက်နာစေသလို တွေးခေါ်မှုအမြင့်အမားဆုံးကိုပို့ဆောင်ပေးတယ်။ စာဖတ်ခြင်းဟာလူကို အမှားထံကသင်ယူခြင်း နဲ့ မျှော်လင့်ချက်မနက်ဖြန်အတွက်မနက်ခင်းမှာနေထွက်ပေးတယ်ဆိုတာ စာဖတ်သူတွေသိပြီးသားဖြစ်လို့အကျယ်တဝင့်မရေးပြတော့ပါဘူး။

Friday, October 4, 2019

စကားလုံးများနှင့်ကမ္ဘာတစ်ခြမ်းကိုဖြတ်သန်းခြင်း

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
                 ငယ်ငယ်က ကျွန်တော့ခေါင်းထဲကိုရောက်တဲ့စာတွေက ကာတွန်းစာအုပ်ထဲက စာအတိုလေးတွေ။ ဖရဲသီးအကြီးကြီးတွေ၊ အားလူးတွေ အိမ်လောက်ကြီးသွားတာတွေ၊ အစားလွန်သွားလို့ နောက်ကနေ သစ်သီးတပ်သားတွေလိုက်ကြတာတွေ၊ စာတွေက သိပ်ကြောက်ဖို့ကောင်းသလောက် သိပ်စွဲလန်းခဲ့ရတာလေ။

       နောက် နှစ်အနည်းငယ်ကြီးလာတော့ လူကြီးတွေဖတ်တဲ့ ရွှေသွေး၊ တေဇ နဲ့ ရုပ်ရှင်မဂ္ဂဇင်းတွေစကောက်ကိုင်လာပေမယ့် ကာတွန်းက ဖြတ်မရဘူး။ ကာတွန်းဆိုင်မှာ ညနေညနေဆိုရင် အသစ်ထွက်တဲ့မဂ္ဂဇင်းလာအပ်မယ့်လူအရောက် စာအုပ်ဆိုင်မှာသွားစောင့်ရင်း စာအုပ်ဆိုင်က ကာတွန်းတွေ မတ်တပ်ရပ်ရင်းဖတ်တာ စာအုပ်ဆိုင်ပိုင်ရှင်ကပေးလိုက်တဲ့မဂ္ဂဇင်းကိုချိုင်းကြားမှာညှပ်ပြီး နေကဝင်နေပြီ အိမ်ကိုပြန်မရောက်လို့ လိုက်ရှာရတဲ့အထိ။

      အတန်းနည်းနည်းကြီးလာတော့ စွဲလမ်းလိုက်တဲ့ မင်းသိင်္ခစာအုပ်တွေ ရှိသမျှအကုန်ဖတ်၊ ပုဏ္ဏားဘကွန်း၊ စနေမောင်မောင်၊ နောက်ပိုင်းတွေထဲမှာဆို စမ်းချင်ရာစမ်း မောင်ဘဂျမ်း၊ ဆားပုလင်းနှင်းမောင်နှင့် (စိတ်ဓါတ်မြင့်မားသောရာဇဝတ်ကောင်မျိုးစုံ) အကုန် အကုန်ဖတ် တရစပ်။ တစ်ခါတုန်းကဆို ကျောင်းစာမလုပ်ဘဲ မနုစာရီထိုင်ဖတ်နေတာ အဖေတွေ့သွားပြီး စာအုပ်ကိုဓါးနဲ့ခုတ်မယ်ဆိုလို့ စာအုပ်ဆိုင်ကိုလျော်ဖို့ပိုက်ဆံသမို့ ငိုလိုက်ရတာ။ နောက်မှ အဖေက မီးဖိုချောင်က မီးခိုးခေါင်းတိုင်နောက်မှာဖွက်ထားတာ ဖော်ထုတ်ရှာဖွေတွေ့ရှိခဲ့လို့ပျော်လိုက်ရတာ တစ်သက်မမေ့။