ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Showing posts with label . Show all posts
Showing posts with label . Show all posts

Monday, March 8, 2021

စီးပွားရေးပိတ်ဆို့ရုံနဲ့စစ်အာဏာရှင်ပြုတ်ကျမလား

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

အခုလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့တာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ တကယ်သာ ထိရောက်ရိုးမှန်ရင် ကမ္ဘာဂြိုဟ်မှာ မြောက်ကိုးရီးယားမြေပုံ ဘယ်ရှိတော့မလဲ။ အမေရိကားကလူတွေ ကျူးဘားဆေးပြင်းလိပ် ဘယ်ဝယ်သောက်လို့ ရပါတော့မလဲ။ မြန်မာနိုင်ငံမှာ မြန်မာဘီယာတွေ၊ မိုက်ထဲတယ်လီ‌ကွန်းတွေ ဘယ်ရှိလာပါတော့မလဲ။

ဆိုလိုတာက ပွင့်လင်းလာတဲ့ ကမ္ဘာကြီးမှာ သူခိုးတွေပေါလာတယ်။ အထူးသဖြင့် တရုတ်ပြည်မကြီး။ နည်းပညာခိုးတာ တရုတ်ပြည်တာ့လု-大陆 ကို ဘယ်သူမှ မမှီဘူး။ တခြားမကြည့်နဲ့ အိုင်ဖုံးတစ်လုံးစာ အပိုပစ္စည်း (ကျောရိုးအခြေခံ ကုန်ကြမ်း ၇ မျိုး၊ အသေးစိတ်ကုန်ကြမ်း ၃၄ မျိုး) အစအဆုံးကို တစ်နေရာတည်းမှာ အပြီးရတဲ့ လေဟာပြင်ဈေးလိုမျိုးဟာ တာ့လုစက်မှုဇုံမှာ ရှိတယ်။ သူမရှိတာက ကယ်လီဖိုးနီးယားက ဒီဇိုင်းဆွဲလိုက်တဲ့ iOS ဆော့ဝဲ။ ဒါက တာ့လုတရုတ်တွေ မလုပ်ရဲတာ ဘာမှမရှိတာကိုပြောတာ။ ရိုးရိုးတန်းတန်း လူတိုင်းလုပ်နိုင်တဲ့ စီးပွားရေးကို ပြောတာ။

နိုင်ငံနဲ့ချီပြီးပြောရရင် နိုင်ငံရေးအရလည်း သူ‌ခိုးပစ္စည်းတွေ လက်ခံရောင်းဝယ်တယ်။ ဘယ်နေရာမှာမှ ရောင်းဝယ်လိုင်စင် မလိုတဲ့ မြန်မာဖရဲသီး၊ အညှာပေါ်ဆန်းဟာ တရုတ်နယ်စပ်မှာ တရားဝင်ရောင်းခွင့်မရဘူး (ဒါက ဥပမာပေးတာ)။ တဆက်တည်းမှာ နိုင်ငံငယ်တွေက သူတို့မထုတ်လုပ်နိုင်တဲ့ ကုန်‌ကြမ်းတွေကို ဈေးပေါပေါနဲ့ရောင်းသမျှ တာ့လုက ဝယ်တယ်။ ဒါကြောင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ ကြည့်မလား၊ ကြေးနီ ကြည့်မလား၊ ကျွန်းသစ် ကျောက်စိမ်း ကြည့်မလား၊ ဒါတောင် မြစ်ဆုံက ခက်ရင်းလို မြေခနဲ့မလိခ ခွနေလို့ တစ်နေတာသာ ကြည့်ပေါ့။

ဒီလို အကြီးစားလူကြမ်းနဲ့ပေါင်းတဲ့ မြန်မာစစ်တပ်ဟာ လူရမ်းကားအသေးစား ဖြစ်လာတာ မဆန်းဘူး။ ဘာပစ္စည်းမဆို ဝယ်ရဲတဲ့ တရုတ်ခေါင်းဆောင်တွေနဲ့ပေါင်းတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ဟာ "မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ" သိပ်ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပေဘူး။

Saturday, December 7, 2019

တက္ကသိုလ်ဘွဲ့ဟာ လူတိုင်းနဲ့မသက်ဆိုင်ပါ

ဆောင်းပါးရှင် - ကိုညီညီ (‌တောင်ကြီး)


          လူတွေဟာ ကြီးပြင်းလာကတည်းက သူ့ရေခံနဲ့ သူ့မြေခံနဲ့။ ဒီဘက်မြေမှာဆိုရင် "The Way They Grew Up Is Different-သူတို့ကြီးပြင်းရင့်ကျက်လာတာဟာသူများနဲ့မတူဘူး" လို့ပြောကြတယ်။ ဒီလိုနည်းနဲ့လောကကြီးထဲကိုပို့လိုက်ကြတော့ ကလေးသူငယ်တွေဆိုတာ သူတစ်ပါးတစ်ယောက်၊ လူတစ်စုတစ်ဖွဲ့ဟာ "ငါ" နဲ့မတူဘူးဆိုတာလက်ခံထားကြရင်းငယ်ငယ်လေးနဲ့ မတူကွဲပြားခြင်းဝါဒ-Diversity ကို ဆင်ခြင်သုံးသပ်ကြဖို့နှလုံးရည်ပြည့်ဝနေလေ့ရှိကြတယ်။

          ဒီလိုစိတ်ဓါတ်ရှင်သန်တဲ့နေရာမှာ ဒီမိုကရေစီထွန်းကားတယ်။ ဒီလိုအတွေးအခေါ်များများရှိတဲ့တိုင်းပြည်မှာ စီးပွားရေးတိုးတက်တယ်။ ထစ်ကနဲရှိ မကျေနပ်ရင် ရန်ထဖြစ်လိုက်မယ် . .  ဘာမှတ်နေသလဲ ဆိုတဲ့လူမျိုးတွေမှာ ငါနဲ့တူဖို့ကြိုးစားရင်းကနေ တိုင်းပြည်အဆက်ဆက် ထီးနန်းအသက်သက် သွေးစက်တွေရင်းပြီး အချည်းနှီးဖြစ်ကျန်ရစ်ခဲ့ကြရလေတယ်။

          ကဲ . . ခေါင်းစဉ်ဘက်ကိုပြန်သွားရအောင်။ ဆရာကြီးဦးအောင်သင်းပြောသလို "လူတွေဟာ သူများထီပေါက်ရင် ငါပေါက်နိုင်တယ်ဆိုပြီး ကံကိုယုံကြတယ်။ သူများကားတိုက်ခံရရင် ငါလည်းကားတိုက်ခံရနိုင်တယ်လို့ မတွေးကြဘူး" ဆိုတာသိပ်မှန်တယ်။ သူများသူဋ္ဌေးဖြစ်ရင် ငါဖြစ်နိုင်တယ်လို့ထင်ကြတယ်။ သူများဆင်းရဲသွားလို့ ငါဆင်းရဲသွားနိုင်တယ်လို့ဘယ်သူမှမထင်ကြဘူး။ မဖြစ်ချင်ကြဘူး။

          တစ်ဆက်တည်းမှာ နိုင်ငံတစ်နိုင်ငံရဲ့ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်းကိုတိုင်းတာတဲ့အခါ ငွေကြေးနဲ့တိုင်းတာရင်း ပညာရေးကိုအောက်ချနင်း သက်ဆင်းသွားခဲ့ရတဲ့အဖြစ်တွေကရင်နှင့်စရာဖြစ်ကျန်ခဲ့တယ်။ လူတိုင်းဟာတိုင်းပြည်ကိုကယ်တင်ချင်တယ်လို့ပြောတယ်။ တကယ်တော့ လူတွေကတိုင်းပြည်ကြီးကိုကယ်တင်နေတာလား? တိုင်းပြည်ကြီးကလူတွေကို ပြန်ကယ်တင်နေရတာလားဆိုတာ သမိုင်းရဲ့ပေးထားချက်နဲ့အညီ ပြန်စဉ်းစားရလိမ့်မယ်။