ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Showing posts with label ရသစာပေ. Show all posts
Showing posts with label ရသစာပေ. Show all posts

Wednesday, November 4, 2020

စာအုပ်ချစ်သူများနေ့ ၂ဝ၂ဝ ကိုကြိုဆိုရအောင်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကြည့်နေတဲ့ဖုန်းမျက်နှာပြင်ကိုပိတ်၊ သုံးလက်စ Facebook App ကိုပိတ်၊ နားထောင်နေတဲ့သီချင်းလေးကိုရပ် စာအုပ်စင်ကစာအုပ်တစ်အုပ်ကိုလက်ကဆွဲပြီး အသံတိတ် စိတ်ထဲကဖတ်လို့ဖြစ်ဖြစ်၊ နားထောင်သူရှိလို့အသံထွက်ဖတ်လို့ဖြစ်ဖြစ်၊ အသံစာအုပ်အတွက်အသံသွင်းဖို့ပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးကစာအုပ်ရေးသူတွေကိုဂုဏ်ပြုဖို့နေ့တစ်နေ့ဟာ ချစ်မိတ်တွေတို့ရဲံ့ရှေ့ကိုရောက်ရှိလာပါပြီ။ နိုဝင်ဘာလ ၇ ရက်နေ့ဟာ ၂ဝ၂ဝ ခုနှစ်အတွက်စာအုပ်ချစ်သူများနေ့ဖြစ်ပါတယ်။

စာအုပ်ချစ်သူများနေ့ဘယ်လိုပေါ်ထွက်လာခဲ့သလဲဆိုတာ နဲ့ ဆင်တူရက်စွဲတွေရှိသလားဆိုတာ အင်တာနက်မှာအငြင်းပွားစရာဖြစ်နေတာ နှစ်တွေအများကြီးကြာမြင့်ခဲ့ပြီးပါပြီ။ လူသိများတာက ဩဂုတ်လ ၉ ရက်နေ့လို့သိရပြီး ကျွန်တော့ရဲ့စိတ်အာရုံကိုဖမ်းစားခဲ့တဲ့ Costco Connection ရဲ့ နိုဝင်ဘာလထုတ်မဂ္ဂဇင်းမှာ နိုဝင်ဘာလရဲ့ပထမသီတင်းပတ် စနေနေ့မှာကျရောက်တဲ့ 7th Nov, 2020 မှာ စာအုပ်ချစ်သူများနေ့ကိုဆင်နွှဲဖို့ဆော်ဩထားပါတယ်။

စာအုပ်စာပေဟာ စာဖတ်သူရဲ့စိတ်ကိုဆွပေးတဲ့အဖြူထည်ဆွဲဆောင်မှုဖြစ်တယ်။ စာဖတ်ခြင်းဟာလူကို အချိန်အတားအဆီး၊ နေရာဒေသအပိုင်းအခြား နဲ့ ယဉ်ကျေးမှုအရံအတားတွေကိုကျော်ဖြတ်ပေးတယ်။ စာဖတ်ခြင်းဟာလူကို စည်းကမ်းလိုက်နာစေသလို တွေးခေါ်မှုအမြင့်အမားဆုံးကိုပို့ဆောင်ပေးတယ်။ စာဖတ်ခြင်းဟာလူကို အမှားထံကသင်ယူခြင်း နဲ့ မျှော်လင့်ချက်မနက်ဖြန်အတွက်မနက်ခင်းမှာနေထွက်ပေးတယ်ဆိုတာ စာဖတ်သူတွေသိပြီးသားဖြစ်လို့အကျယ်တဝင့်မရေးပြတော့ပါဘူး။

Monday, June 3, 2019

ဒါဖတ်ထားပြီးမှသွားသင့်တဲ့အမေရိကား





(၁ဝ) နှစ်ရှိခဲ့ပြီ။ နေရာသစ်မှသည် မြန်မာလူငယ်တွေအတွက်မှတ်တိုင်တစ်ခုစိုက်ထူနိုင်ပြီ။ ဇွန်လ (၉) ရက်နေ့ (၂ဝ၁၉) မှာ တပြည်လုံးကိုဖြန့်ချိပါတော့မယ်။

အစက "အမေရိကားရောက်လို့ (၆) လ ဆိုရင် ဒီစာအုပ်ကိုမဖတ်ပါနဲ့တော့" လို့ ခေါင်းစဉ်ပေးမလို့ရည်ရွယ်ခဲ့တာ မဖြစ်မြောက်ခဲ့ဘူး။

အိမ်သူသက်ထားက စာအုပ်ထုတ်ဖို့အကြံပေးတယ်။

သား "စွမ်း" က ခွန်အားဖြည့်စကားတွေ အမြဲပြောကြားတယ်။

ဆရာ ဒေါက်တာစိုးသန်း (အင်္ဂလိပ်စာ) က စာအုပ်ထုတ်ဖို့နည်းလမ်းပြပေးတယ်။

ဦးစန်းဦး (စိတ်ကူးချိုချို) က ယုံကြည်မှုပေးတယ်။

Graphic Designer သမီး ပိုးလေးငြိမ်း နဲ့ ကိုကောင်းသက်ထွန်းတို့က စာအုပ်အဖုံးဒီဇိုင်းဆွဲပေးတယ်။

ကိုယ်တိုင်ရိုက်ပုံအများစုအပါအဝင် ဓါတ်ပုံ (၆၉) ပုံ ကာလာနဲ့ပုံနှိပ်ပေးထားတယ်။

စိတ်ကူးချိုချိုအက်မင်အဖွဲ့သား/သူတွေက စိတ်ရှည်တဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့‌ပေါင်းကူး‌ပေးတယ်။

ကိုမောင်မောင်အေး Dreamboat က မိတ်ဆွေတွေဆီကူညီပို့ဆောင်ပေးတယ်။

အခု စာဖတ်မိတ်ဆွေတွေက ဝန်းရံဝယ်ခြမ်းအားပေးဖတ်ရှုကြလိမ့်ဦးမယ်။

ဒီလောက်ကောင်းတဲ့အချိန်သမယက နေရာသစ်ကိုပြောင်းရွှေ့လာတဲ့တောင်ကြီးသားတစ်ယောက်အတွက် "တောင်ချွန်း" ပေါ်တက်ပြီး အားကုန်အော်ဟစ်လိုက်ရသလိုပါပဲ။ အတိုင်းထက်အလွန်ကျေနပ်မိပါတယ်။

ဆက်လက်ပြီး အမေရိကားအကြောင်းသိလိုသူတွေ ကျွန်တော့ရဲ့ပထမလှေခါးလက်ရန်းလေး"ဒါဖတ်ထားပြီးမှသွားသင့်တဲ့အမေရိကား" ကို မြဲမြဲဆွဲပြီး လိုချင်တဲ့ပန်းတိုင်ဆီရောက်အောင် အေးငြိမ်းညင်သာတက်လှမ်းနိုင်ပါတယ်။

စိတ်ကူးချိုချိုအနုပညာကနေ မူပိုင်ထုတ်ဝေပါတယ်။

အမြို့မြို့ဆိုင်တိုင်းမှာ မေးဝယ်ပါ။

မှတ်ချက် ။။။။။။။။။။ ထပ်သတိပေးပါတယ် "အမေရိကားရောက်လို့ (၆) လ ဆိုရင် ဒီစာအုပ်ကိုမဖတ်ပါနဲ့တော့"

ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-03-2019

Sunday, July 2, 2017

သေဖို့တစ်နှစ်နီးလာပြန်ပေါ့ကွယ်


.          
. ဘယ်အရာလဲဆိုတာသိနေပေမယ့် လူတွေအမြဲမေ့ထားတတ်တဲ့အကြောင်းအရာတစ်ခုရှိတယ်။ အဲဒါကတော့ " သင်သည်မွေးဖွားခြင်းဖြင့်ဘဝစတင်၍ သေဆုံးခြင်းဖြင့်တစ်နေ့အဆုံးသတ်ရမည် " ဆိုတာပါပဲ။
.
. ဒီလိုအမြဲမှန်တဲ့သံဝေဂတရားနဲ့ဆန့်ကျင်ပြီးကျွန်တော်ဟာ မွေးနေ့တစ်ခုတိုးလာတိုင်း ကိုယ့်ဟာကိုယ်သေဖို့တစ်ရက်နီးလာပြီဆိုတာ ဒီအသက်ဒီအရွယ်အထိ အမှတ်မရှိနိုင်ဘူး။ အနာရောဂါထူကာထွေကာမရှိတာနဲ့ " ဒီနေ့မသေတော့ဘူး " လို့ယူဆပြီး အမှားအကြောင်းရင်းကို အမှန်လို့ထင်နေခဲ့တယ်။
.
.
. တကယ့်အမှန်တရားက အသွေးအသားနဲ့ဖွဲ့စည်းထားတဲ့ လူသားရဲ့ခန္ဓာကိုယ်မှာ ကြွက်သားဆဲလ်တွေဟာ အချိန်နဲ့အမျှ အမျှဉ်အသားအရေအတွက်ပေါင်းများစွာ ပျက်စီးမှုတွေဖြစ်နေကြတယ်။ အသစ်ထွက်လာတဲ့ဆဲလ်တွေအတွက် အစာစားပြီးဖြည့်စွမ်းပေးရသလို ပျက်စီးပြီးကြွေလွင့်အရောင်ရင့်သွားတော့မယ့် သွေးအိုသွေးဟောင်းတွေကို စွန့်ပစ်ပေးရတယ်။
.
. ဒီလို သဘာဝတရားကိုဆန့်ကျင်ပြီး ကျွန်တော်ဟာ ထပ်သိလာတဲ့အသိဥာဏ်တွေ၊ သင်ယူမိလာတဲ့ နိုင်ငံတကာအသိပညာတွေ၊ ပြည်လည်မျှဝေဖို့လိုတဲ့ နည်းပညာတွေကို သေးငယ်လှတဲ့ဦးဏှောက်သေးသေးလေးထဲမှာ သိမ်းဆည်းရင်း ဆက်လက်သိမ်းဆည်းမိခဲ့တာ ကာလကြာလှပေါ့။
.
.
. တစ်ဆက်တည်းမှာ စွန့်ပစ်ရမယ့်အသိဥာဏ်အဆွေးတွေ၊ မှားယွင်းနေတဲ့ ကွန်မြူနစ်မဆန်တဆန်အယူအဆဟောင်းတွေ၊ ဘာသာတရားရဲ့ကောင်းမွန်တဲ့သွန်သင်ညွှန်ပြမှုနောက်မလိုက်နာတဲ့ အကျင့်ဆိုးတွေ နဲ့ ခက်ထန်တဲ့၊ ရိုင်းစိုင်းတဲ့၊ ကြမ်းတမ်းတဲ့၊ မောက်မာတဲ့၊ နိုင့်ထက်ညှဉ်းဆဲလုပ်ချင်တဲ့စိတ်တွေကို စွန့်ပစ်သွန်မှောက်ဖို့ မေ့လာတယ်။

Thursday, March 17, 2016

ထမင်းစားပြီးရင်ရေတစ်ခွက်တိုက်လိုက်ပါ

.
ကလေးငယ်တွေဟာ ငယ်စဉ်ကတည်းက သူဘာလုပ်ချင်တယ်ဆိုတာ မသိကြပါဘူး။ ဒါကြောင့် သူတို့ကို ကြီးပြင်းလာအောင်ပျိုးထောင်ပြုစုလာတဲ့ မိသားစုလုပ်ငန်းပေါ်မူတည်ပြီး ဆရာဝန်သားသမီးတွေက နားကြပ်နဲ့ဆော့ရင်း ဆရာဝန်ဖြစ်ချင်တယ်လို့ပြောမယ်။ တစ်ချို့ကျပြန်တော့ ဝက်အူလှည့်လေးတွေကိုင်ပြီး အင်ဂျင်နီယာဖြစ်ချင်တယ်လို့ပြောမယ်။ တစ်ချို့စီးပွားရေးသမားတွေရဲ့ သားသမီးတွေက ဂဏန်းတွက်စက်ကိုင်ပြီးတွက်ချက်တမ်းကစားနေတဲ့ သားသမီးကို သူဋ္ဌေးဖြစ်တော့မှာပဲဆိုပြီး ဝမ်းသာကြတယ်။
.
.
ကလေးတွေရဲ့နှုတ်ဖျားကနေ “ သမီးက ” ၊ “ သားသားက ” ဘာဖြစ်ချင်တယ်ဆိုတာ ပြောထွက်လာနိုင်အောင်လုပ်ဆောင်ပေးဖို့ လူကြီးတွေက လမ်းကျောင်းပေးရပါမယ်။ အဲဒီနိဒါန်းစကားချီးကို မထစ်မငေါ့ပြောလာတဲ့နောက် ကလေးတွေရဲ့ပကတိစိတ်ထဲမှာ ဖခင်လိုဖြစ်ချင်သလား ? မိခင်လြိုဖစ်ချင်သလား ? ဒါမှမဟုတ် သူတို့ကြည့်နေတဲ့ကာတွန်းကားထဲက ပါဝါရိန်းဂျားလို ဖြစ်ချင်သလား ? စတဲ့ ဦးတည်ရာတစ်ခုခုရဖို့ ဦးနှောက်ကိုဖွင့်ပေးဖို့ လိုအပ်ပါတယ်။
.
မိဘအလုပ်အကိုင်က ကားစပယ်ရာဖြစ်ပါစေ .. ကုမ္ပဏီတစ်ခုရဲ့အမှုဆောင်အရာရှိဖြစ်ပါစေ .. ကလေးငယ်ရဲ့ရင်ထဲကဖြစ်ချင်စိတ်ကို ပေးပြောသင့်ပါတယ်။ ဒီကနေမှ သူတို့ဘဝရဲ့ယုံကြည်မှုရှိလာအောင် မိဘအုပ်ထိန်းသူတွေက လက်ရှိဘဝက အောင်မြင်သူများ နဲ့ ကျရှူံးသူများကို သာဓကအနေနဲ့ထုတ်ပြရင်း သင်ကြားပေးနိုင်ပါမယ်။ ဒီပုံရိပ်တွေဟာ အချိန်တန်ရင် သူတို့ဘဝဖြစ်လာလိမ့်မယ်။ ဒီတဒင်္ဂကတွေဟာ သူတို့ရဲ့မှတ်ပုံတင်ဖြစ်သလို သူတို့ရဲ့အရိပ်လည်း ဖြစ်ပါတယ်။ ဒါဟာ ဘဝကားကိုမောင်းနှင်မယ့် ယာဉ်မောင်းလိုင်စင်တစ်ခုလို့လည်း ယူဆနိုင်ပါတယ်။ အကြောင်းရင်းကတော့ ကလေးငယ်ဟာ “ သူကြီးလာရင် .. ဘာဖြစ်အောင်လုပ်မယ် ” ဆိုတဲ့ရည်မှန်းချက်ကိုရောက်အောင်သွားရန် ဆန္ဒဖြစ်ပေါ်လာစေဖို့ မောင်းနှင်ပေးမယ့် ယန္တရားတွေ ဖြစ်လို့ပါ။

Saturday, June 7, 2014

ရေစက် နှင့် ဖူးစာ တစ်ပြိုင်တည်း ဆုံပါစေ

ဆောင်းပါးရှင် - ကလောင်စေတနာ




ယနေ့ဘယ်လိုဖြစ်နေသည်မသိ ။ တက္ကစီသမားကလည်း ရှာမတွေ့ဘူးဟု ပြောနေသည် ။ ဒေသလေယူလေသိမ်းကို နားမလည်လို့တော့မဖြစ်နိုင် ။ ဟုတ်ပါပြီ ။ ဖခင် ဖုန်းဆက်တုန်းကလည်း ကာတာလေကြောင်းလိုင်းဟု  မကြာခဏ မှာသည် ။ ( ၃ ) နာရီစော၍ ကွင်းချိန်းလို့သာ အေးအေးဆေးဆေး လုပ်နေနိုင်ခဲ့သည် ။ လေဆိပ်ထွက်ခွာ ရပ်နားဆိပ် နားရောက်ခါနီးတော့မှ သိလိုက်ရသည်မှာ ကာတာလေကြောင်းလိုင်းမဟုတ် အမေရိကန်အဲလိုင်း ဖြစ်သည် ။

  
ဖြစ်သည်က သည်လို ။ လက်မှတ်ဝယ်ပေးတုန်းက ပို့လာသည့်အီမေးလ်ကို သေချာမဖတ်မိ ။ မြန်မာနိုင်ငံပြန်ရန်လိုသည့်ပစ္စည်းများ ဟိုတစ်လောကမှာလိုက်သည့်အထဲတွင် ဖခင် က လေယာဉ်လက်မှတ်ကို ပရင့်ထုတ်ပေးလာသည် ။ လေဆိပ်မဆင်းခင်တွင်ပင်လျှင် လေယာဉ်အချိန်ဇယားကို ဖုန်းတွင်သိမ်းထားနိုင်ရန် စကရင်ရှော့ပို့လာပေးသေးသည်  ဤမျှအားကိုးရသည့် ဖေဖေ ။ အမှန်မှာကား ကာတာလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံပြန်ရန်ရွေးချယ်ရခြင်းမှာ ဘော့စတွန်မှ ရန်ကုန်ကို နှစ်ထောက်နားခရီးဖြင့် သွားခွင့်ရသောကြောင့်ဖြစ်သည် ။ တစ်ခြားလေကြောင်းလိုင်းများမှာ နယူးယောက်တွင် အခြေစုစီးနင်းရသည်ဖြစ်ရာ မြန်မာကျောင်းသားများ ဘော်စတွန် လိုဂန် လေဆိပ်မှ လေယာဉ်ခေါ်ဆောင်ရာလိုက်ရင်း အချိန်တန်လျှင် အမိမြေ ရန်ကုန်သို့ရောက်နိုင်မည်ဖြစ်၍ အဆင်ပြေလှသည် ။ ယခု လေဆိပ်ရောက်လျှင် ပထမဦးဆုံးစီးရမည့်လေယာဉ်သည် အမေရိကန်ပြည်တွင်းခရီးစဉ်သာဖြစ်နေသေး၍ ကာတာအဲယားဝေးစ် ဆိုင်းဘုဒ်ကို ရှာမရခြင်းဖြစ်လေတော့သည် ။