ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Showing posts with label တယ်လီဖုန်း. Show all posts
Showing posts with label တယ်လီဖုန်း. Show all posts

Thursday, January 22, 2015

Windows 10 ဖြင့် ( ၂ဝ၁၅ ) ကို လှလှပပဖွင့်လှစ်ခြင်း

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
( ၂ဝ၁၅ ) ဇန်နဝါရီလ ( ၂၁ ) ရက်နေ့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရက်မွန် - Redmond မြို့မှာ ထူးထူးခြားခြား မိုက်ခရိုဆော့ဖ် ရဲ့ Windows 10 ကြေငြာမှုက နည်းပညာလောကကို လှုပ်ခတ်ခဲ့ပါတယ်။ ကနဦးကွန်ပျူတာတွေရဲ့ လည်ပတ်မှုစံနစ်တွေကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့သော်လည်း လက်ပွတ်ခေတ် - Touch Age စပ်ကူးမတ်ကူးကာလမှာ တီထွင်ဆန်းသစ်မှုအရှိန်လျော့ကျခဲ့တဲ့ မိုက်ခရိုဆော့ဖ် ရဲ့ ကျော်ကြားမှုမှေးမှိန်ခဲ့တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
.
ကျွန်တော်တို့မြန်မာတွေသုံးသမျှ ကွန်ပျူတာ၊ လက်တော့ မှန်သမျှ မိုက်ခရိုဆော့ဖ် ရဲ့ ဝင်းဒိုးတံခါးပေါက်ကနေ ပြေးလို့မလွတ်ပါဘူး။ အခုနောက်ပိုင်း ငွေကြေးရတတ်များက အနောက်နိုင်ငံတွေကို သူတို့ရဲ့သားသမီးတွေ တက္ကသိုလ်ကျောင်းတက်ဖို့လွှတ်ကြတဲ့နောက်ပိုင်းမှာမှ Apple Mac Book လက်တော့ကွန်ပျူတာတွေကို အနည်းငယ်မြင်တွေ့လာရတာ ဖြစ်ပါတယ်။ ထုတ်လုပ်သမျှ တတ်ဆင်သူ - Vendor များက သူ့ရဲ့ဆော့ဝဲလ်ကို မဝယ်မဖြစ်ဝယ်သုံးနေရတဲ့နောက် မိုက်ခရိုဆော့ဖ်ရဲ့ ဈေးကွက်အပေါ်မှာ သာယာပြီး ဘာမှအသစ်မထွင် မှိန်းစားနေတဲ့လုပ်ရပ်ကို သုံးစွဲသူများ လက်ပန်းကျလာကြပါတယ်။
.
မိုက်ခရိုဆော့ဖ်ရဲ့ Windows 10 Event ပွဲက ( ၂ ) နာရီကျော် ကြာပါတယ်။ မျိုးဆက်သစ်ဆော့ဝဲလ်ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံမှာလည်း မနှေးအမြန် Upgrade လုပ်ပြီး သုံးစွဲကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီပွဲရဲ့ တင်ပြမှု - Presentation ဗွီဒီယိုဖိုင်ကနေ အနယ်နယ်အရပ်ရပ်က ပြောင်းရွှေ့မြန်မာများပါ အရပ်သားနားလည်အောင် တင်ပြချင်ပါတယ်။ ကျွန်တော့်လို နည်းပညာဝါသနာပါသူ သာမန်လူတစ်ယောက်အကြိုက် အပြင်း-အပျော့ကို ကြယ်ပွင့်များနဲ့ ပြထားပေးပါမယ်။

Wednesday, March 12, 2014

ကမ္ဘာခြားတစ်နေရာရှိ မြန်မာများသုံးသည့် အင်တာနက်



ခပ်စောစော အမေရိကားကိုရောက်နေကြတဲ့မြန်မာတွေအသုံးများတဲ့အီးမေးလ်အမျိုးအစားက ရာဟူး-Yahoomail ဖြစ်ပါတယ် ၊ အဲဒီခေတ်ပိုင်းကအောင်မြင်ခဲ့တဲ့ Yahoo ရဲ့ ရှာဖွေရေးမူလစာမျက်နှာမှာ လက်ရှိဖြစ်ပေါ်နေတဲ့သတင်းတွေကိုပါဖတ်လို့ရလို့ အထူးရေပန်းစားခဲ့တယ် ၊ ရန်ကုန်မှာအင်တာနက်ကဖေးတစ်ခေတ်ဖြစ်ပေါ်လာတဲ့အချိန်နဲ့တိုက်ဆိုင်ပြီး မြန်မာစာရိုက်လက်ကွက်သုံးလို့ရတဲ့ GTalk ပေါ်လာတဲ့နောက် Google နဲ့ Gmail သုံးစွဲတဲ့အလေ့အထကို နောက်ပိုင်းပြောင်းရွှေ့မြန်မာတွေသယ်ဆောင်သွားကြတဲ့အခါ ချက်တင်ဝင်ပြီးဆက်သွယ်လို့ရသလို အင်တာနက်ဖုန်းခေါ်ဖို့ ပီဖင်းဂိုးလ်-Pfingo က အဓိကပါ ၊ တစ်ယောက်ဆီမှာနေ့ဖြစ်တဲ့အချိန် နောက်တစ်ယောက်ဆီမှာညဖြစ်နေတော့ အွန်လိုင်းတက်တဲ့အချိန်မတူကြပါဘူး ၊ ဒီလိုအခက်အခဲကိုတော့ GTalk မှာ စာတိုပစ်ပြီးဖြေရှင်းခဲ့ကြတာပါ ၊ ကိုယ်စာပို့ချင်တဲ့သူကအင်တာနက်မဲ့ချိန်-Off Line ဖြစ်နေရင် သူအွန်လိုင်းတက်လာရင် ပို့ထားတဲ့စာဟာအလိုအလျောက် Pop Up ဖြစ်လာတာမို့လို့ ကမ္ဘာကြီးဟာ တစ်ကယ်ဘဲ ပြားသွားခဲ့ပါပြီ ။


ရုံး နဲ့ လုပ်ငန်းအတွက် Desktop ကွန်ပျူတာသုံးကြပြီး Laptop က ရွှေ့ပြောင်းသယ်ယူရလွယ်ကူတော့ သုံးစွဲသူပေါများပါတယ် ၊ အမေရိကားရောက်တာကြာသူများက Internet Explorer သုံးပါတယ် ၊ မြန်မာဇော်ဂျီဖောင့်ထည့်သုံးရတာလွယ်ကူတဲ့ မြေခွေးဘရောက်ဇာ Mozzila Firefox မှာ အများအားဖြင့်မြန်မာစာလုံးတွေလွဲနေတာမရှိပါဘူး ၊ အခုပွင့်လင်းဒီမိုကရေစီခေတ်မှသာ Google Chrome မှာ Myanmar 3 ဖောင့် ကိုအထောက်အပံ့ပေးတာကြောင့် လက်ကွက်အုပ်စု ( ၂ ) စု ကွဲပြားလာပါတယ် ၊ မြန်မာတွေရဲ့အားနည်းချက်က ကိုယ့်ကွန်ပျူတာပေါ်မှာမြန်မာစာမပေါ်လဲ ပေါ်အောင်မလုပ်ချင်ကြဘူး ၊ ဘယ်လိုဖောင့်သွင်းရမှန်းလည်းမသိဘူး ၊ မြန်မာစာဖတ်တာလည်းသိပ်မတွေ့ရတော့ဘူး ၊ ဒါပေမယ့် ဗုဒ္ဓဘာသာပွဲလမ်းတွေမှာ နိဗ္ဗာန်ဈေးရောင်းပွဲကျင်းပလေ့ရှိကြပြီး ရောင်းရငွေကို နီးစပ်ရာဘုန်းကြီးကျောင်းကို လှူဒါန်းကြပါတယ် ၊ အဲဒီကျမှ သူငယ်ချင်းအပေါင်းအသင်းတွေ ပြောကြဆိုကြ စားသောက်ကြနဲ့ မသိတာတွေကိုမေးကြတဲ့အထိ အလုပ်စွဲလမ်းသူများ- Workaholic  ဒါမှမဟုတ် အလုပ်မြင်းရိုင်းများ-Workhorse ဖြစ်နေကြပါတယ် ၊ တစ်နေ့အလုပ်ချိန် ( ၈ ) နာရီ ၊ လမ်ပေါ်မှာကုန်ရတဲ့အချိန်နဲ့ ပြင်ရဆင်ရတဲ့အချိန်ထည့်ပေါင်းပြီး အိပ်ချိန်ကိုထပ်နှုတ်လိုက်ရင် ကိုယ်ပိုင်အားလပ်ချိန်ဟာ တစ်ရက်ကို ( ၃ ) နာရီထက်မပိုပါဘူး ၊ ဒါကြောင့် ကိုယ့်ဝါသနာ နဲ့ ဖျော်ဖြေရေးတို့ကို အိမ်မှာတင် အင်တာနက်သုံးပြီးမဖြုန်းနိုင်တော့ဘဲ လက်ကိုင်ဖုန်း နဲ့ တက်ဘလက် ကိုင်ဆောင်ကာ လမ်းတွေ ကားတွေပေါ်ကိုရောက်လာပါတော့တယ် ။

Tuesday, January 21, 2014

လက်ကိုင်ဖုန်းတစ်လုံးနှင့်တစ်ရက်လုံးအလုပ်ရှုတ်ခြင်း



နောက်တစ်ရက်ဘယ်အချိန်အိပ်ယာကထမလဲဆိုတာ မအိပ်ခင်နာရီနှိုးစက်ပေးရတဲ့အလုပ်ဟာ ခေတ်သစ်ရောဂါတစ်ခုမဟုတ်တော့ပါ ၊ နာရီအသုံးနည်းလာတဲ့ဒီဘက်ခေတ်ကြီးထဲမှာ လက်ကိုင်ဖုန်းဖန်သားမျက်နှာပြင်လဲ ပွတ်လွန်းလို့မွဲခြောက်နေပါပြီ ၊ ပြောတော့သာ Alarm စစ်နေတာ တစ်ကယ်တမ်းနောက်ထပ် ၁ဝ မိနစ်လောက်က ဖေ့စ်ဘုတ်သုံးနေတာနဲ့ အိပ်ချိန်နောက်ကျစမြဲပါ ၊ အိပ်သင့်ပြီလို့အသိလေးဝင်လာတော့ စကရင်မျက်နှာပြင်ကိုလက်ညှိုးလေးနဲ့ဆွဲချပြီး ဘယ်သူ့အချက်ပေးသံ-Notification ရှိလည်းစစ်ရင်း ဖေ့စ်ဘုတ်ပေါ်ကိုပြန်ရောက်သွားတာလဲအကြိမ်ကြိမ်အခါခါ ၊ ဖုန်းကိုတုန်ခါအနေအထား-Vibrate Mode မှာထားပြီး ဒ်ီညတော့ တစ်ကယ်အိပ်ဖြစ်လိုက်ပါပြီ ။

Thursday, June 27, 2013

နေရာသစ်မှသင်ယူုခြင်း ၁ဝ



       မြန်မာနိုင်ငံမှာအင်တာနက်နဲ့လက်ကိုင်ဖုံးတွေတွင်တွင်ကျယ်ကျယ်သုံးလာတဲ့ခေတ်နဲ့လျော်ညီအောင်အမေရိကားကဖုန်းကုမ္ပဏီတွေအလုပ်လုပ်ပုံကိုရှင်းပြချင်ပါတယ်။



          အမေရိကန်တယ်လီဖုန်းဆက်သွယ်ရေးမှာအဓိကစိုးမိုးထားတာက
ဗရိုင်ဇွန်ဝါယာလက်စ် (Verizon Wireless) ၊ အေတီအန်တီ (AT&T) ၊ စပရင့်နက်စတယ် (Sprint Nextel) နဲ့ တီမိုလ်ဘိုင်း (T-Mobile)  တို့ဖြစ်ကြပါတယ်။ အရင်းရှင်စံနစ်အစ အားကြီးသူနိုင်စတမ်းခေတ်ကနေ ဒီမိုကရေစီစံနစ်အရောက် နည်းပညာဦးသူအရင်စားစတမ်းခေတ်ကို ပြောင်းလဲလာကြပြီမို့လို့ ပြိုင်ဆိုင်မှုအလွန်အမင်းကြီးထွားပါတယ်။

          သူ့ထက်ငါ ဘယ်လိုဝန်ဆောင်မှု (Customer Service) တွေသာအောင်လုပ်ပေးမယ်ဆိုပြီးအဓိကယှဉ်ပြိုင်ကြပါတယ်။ သုံးစွဲသူဖောက်သည်ကိုရုန်းမထွက်နိုင်အောင်ချည်နှောင်တုတ်ပြီးဖုန်းရောင်းတဲ့နာမည်ကြီးစံနစ်အရ  (၂) နှစ်စာချုပ်နဲ့ဝယ်ယူတဲ့အလေ့အထကိုရုန်းထွက်နိုင်သူရှားပါးခဲ့ပါတယ်။