ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Showing posts with label အိမ်ခြံမြေ. Show all posts
Showing posts with label အိမ်ခြံမြေ. Show all posts

Saturday, May 16, 2015

မြန်မာနိုင်ငံကဝင်ငွေနဲ့တွက်ချက်လာဖို့လိုတယ် သူငယ်ချင်း

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
သူငယ်ချင်းတို့ရေ .. သူငယ်ချင်းလို့ခေါ်လိုက်တဲ့အထဲမှာ ငယ်ငယ်ကျောင်းတုန်းကသူငယ်ချင်းရော၊ ရန်ကုန်ရောက်လို့ မိန်းထဲရော၊ လှိုင်နယ်မြေကသူငယ်ချင်းရော၊ ပဲခူးဆောင်က သူငယ်ချင်းများပါမကျန် ကုန်သည်လုပ်လို့ ကိုညီညီ ကို “ ဖိုက်တာ ” လို့ သတ်မှတ်ထားကြတဲ့ ဈေးရောင်းဘက် မိတ်ဆွေတွေနဲ့ နောက်ပိုင်း စာရေးမှသိကြတဲ့ အွန်လိုင်း သူငယ်ချင်းများ အားလုံး .. အားလုံးကို သိမ်းကျူံးခေါ်လိုခြင်း ဖြစ်ပါတယ်။
.
ခင်မင်ရှိရင်းစွဲပေမို့ ငယ်ဘဝခဏတာ မြန်မာပြည်ပြန်ရောက်နိုင်တဲ့ အသုံးအနှုန်းနဲ့ပဲ ရေးသွားမယ်နော် .. သူငယ်ချင်းတို့ .. ခွင့်လွှတ်တယ်မလား ..? တစ်ချို့ဆို ကျွန်တော့ထက်အသက်ကြီးသူတွေလည်းပါနိုင်တာမို့ ကြည့်သာရှောင်ဖတ်ကြပါတော့ဗျို့။
.
.
အမေရိကားဆိုတာကြားလိုက်တာနဲ့ နတ်ပြည်ကိုတန်းရောက်သွားတာလို့ ထင်တဲ့သူတွေရှိတယ်ဆိုတာ ကြားဖူးကြတယ် မဟုတ်လား။ ငါ က ဒီနိုင်ငံရောက်တော့ အစ်မအိမ်မှာ တစ်နှစ်လောက် ကပ်နေခဲ့သေးတယ်ကွ။ မင်းတို့တော့ ဘယ်သိပါ့မလဲ။ နောက်ပိုင်း မိသားစုအတွက် ကျဉ်းကြပ်လို့ အစ်မအိမ်ကနေ အော်သံကြား ခေါ်သံကြားနိုင်လောက်တဲ့ လမ်းထိပ်တရုတ်ဆိုင်နားမှာ သွားငှားနေတယ်လေကွာ။ အိမ်တော့အိမ်ပေါ့ .. အများသူငါလို အိမ်ခန်း - Apartment လိုမဟုတ်ပဲ ( ၆ဝ x ၁ဝဝ ) လောက်မှာ တင်ဆောက်ထားတဲ့ နှစ်ထပ်တိုက်ပေါ့ကွာ .. တစ်ထပ်ကို ( ၂ ) ပိုင်းခွဲထားတာ အားလုံး ( ၄ ) ပိုင်း ငါက အဲဒီထဲက ယူနစ်တစ်ခုမှာ ငှားနေတယ်ကွ။
.
တိုက်လို့သာခေါ်ရတာ အမေရိကားမှာ အုတ် နဲ့ တိုက် နဲ့ဆောက်တဲ့အိမ်ဆိုတာရှားတယ် .. မရှိဘူး။ ကာကွယ်မှုရဲ့ရလဒ်လို့ပြောရမလားပဲ ငလျင်ဒဏ်ကျရောက်ရင်တောင် အသက်မသေလောက်တဲ့ သစ်ပေါင်းသားတွေနဲ့ဆောက်ထားတာ ဘယ်လောက်ပိုင်သလဲဆိုရင် ကြမ်းခင်း နဲ့ မျက်နှာကျက်ကိုလည်း သစ်သားတွေနဲ့ပဲ ဆောက်ထားတာလေ။ ဒါကြောင့်မို့ မင်းပြောရင်လည်း ခံရမှာပဲ။ အမေရိကားမှာ ပျဉ်ထောင်အိမ်ပဲ ရှိတယ်ကွ။ တောင်ကြီးက ငါ့အိမ်တောင် RC အုတ် နဲ့နော် .. သတိရလိုက်တာ။

Thursday, September 26, 2013

မြန်မာပြောသော အမေရိကရောက် တရုတ်များအကြောင်း



 
       
             အတော်လေးတော့စိတ်ဝင်စားဖို့ကောင်းပါတယ် ၊ အိမ်နီးနားချင်း ပေါက်ဖော်နိုင်ငံကြီးအကြောင်းကို မြန်မာပြည်မှာရှိနေစဉ်တုန်းကတော့သိပ်စိတ်မဝင်စားမိခဲ့ ၊ နေရာတကာ သူ့နိုင်ငံထုတ်ပစ္စည်းတွေချည်းဖြစ်နေတာကိုတော့ သတိထားမိပါတယ် ၊ ဒီထက်ထူးခြားတာက လူချမ်းသာတွေ ကုန်သည်ကြီးတွေ စီးပွားရေးသမားတွေကိုကြည့်လိုက်ရင်လဲ အများစုက တရုတ်လူမျိုးတွေဘဲဖြစ်နေပြန်ပါတယ် ၊ မြို့လယ်ခေါင် အချက်အချာကျတဲ့နေရာတွေကို အင်နဲ့အားနဲ့ ဦးထားကြတာလဲ ကိုရွှေတရုတ်ကြီးများဘဲဆိုတာ အားလုံးမျက်မြင်ဘဲမဟုတ်လား ။

Thursday, August 29, 2013

အမေရိကားမှာ အိမ်တစ်လုံးရဖို့ခက်တယ်



         

              နားခိုရာ အိမ်လေးတစ်လုံးကတော့ရှိမှဖြစ်မယ်ဗျ ၊ သူများအိမ်မှာ ငှားနေရတာ ရေရှည်ကျတော့မလွယ်ဘူး - ထိတယ် ၊ ကိုယ်ငှားထားတဲ့အိမ်ကကောင်းနေလို့တော်သေးတယ် ၊ အိမ်က စုတ်နေရင်ပိုဆိုး ၊ အိမ်လခ ပေးရတာကိုဘဲ ၁ လ ၁ဝဝဝ လေ ၊ အိမ်ဝယ်ပြီး အဲဒီငွေကို လစဉ်အိမ်ကြွေးဆပ်လိုက်ရင် ၁ နှစ် ကို ဒေါ်လာ ၁၂ဝဝဝ ၊ ၅ နှစ်ဆိုရင်ဘဲ ဒေါ်လာ ၆ သောင်းရှိနေပြီ ၊ အချိန်တန်ရင် အိမ်ဖိုးကျေသွားတာပေါ့ - ဒီလိုတွေးလာတာဘဲ ၄ နှစ်ရှိနေပြီ  အမေရိကားမှာ အိမ်မပိုင်သေးတာ အမှန်ပါခင်မျာ ။

Saturday, July 27, 2013

အိမ်ငှား အိမ်ရှင် အမေရိကားတခွင်

          


                  အမေရိကားမှာ အိမ်ငှားနေထိုင်ဖို့အတွက် အိမ်ပွဲစား ( Agent ) မလိုပါ ၊ ကိုယ်လိုချင်တဲ့အခန်း ( Apartment ) တွေ့တာနဲ့ ငှားပေးမယ့်ကုမ္ပဏီမှာ လိုအပ်တဲ့စာရွက်စာတမ်းဖြည့်စွက်ပြီး ကိုက်ညီတာနဲ့ ငွေရှင်းပြီး သော့အပ်မှာပါ ၊ အိမ်ငှားခလစဉ်မှန်မှန်ပေးနိုင်ကြောင်း အတည်တကျအလုပ်ရှိတဲ့ အထောက်အထား တော့ပြနိုင်ဖို့လိုပါတယ် ၊ လုံးချင်းအိမ် ( Single House ) ရဖို့

Saturday, June 29, 2013

သစ်ပေါင်းသားနဲ့ ဆောက်တဲ့အိမ်များ


မြန်မာနိုင်ငံက အိမ်ခြံမြေဈေးကွက် ဈေးကြီးမြင့်နေတယ်လို့ဝေဖန်ခံနေရတာ တကယ်ဘဲ ဈေးကြီးနေတာလား “ မဆွေးနွေးခင် အမေရိကန်ရှိအိမ်များအကြောင်းတစေ့တစောင်း ပြောပြချင်ပါတယ် ။


Single House in America
       

                   ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စစကိုတစ်ဝိုက်ကို  ငလျင်ကြောဒေသလို့ပြောကြပါတယ်၊ မြေနေရာကျယ်တဲ့မြို့တွေမှာဆို အထပ်မြင့် အဆောက်အအုံတွေ မတွေ့ရပါဘူး ၊ ဆန်ဖရန်မြို့ကတော့ နာမည်ကြီးခရီးသွားမြို့ဖြစ်တာတင်မကပါဘူး လူနေမှုသိပ်သည်းပြီး ကားရပ်နားရန်နေရာ အလွန်ခက်ခဲပါတယ် ၊ တိုးပွားလာတဲ့မြို့လူထုတွေဟာ