![]() |
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
ကျောင်းက
ဖတ်စာအုပ်တွေ ငှားပေးလိုက်တိုင်း ကျွန်တော်က “ စွမ်း ” အတွက် စာအုပ်ဖုံးပေးရတယ်။ ပြီးခဲ့တဲ့နှစ်က
( ၄ ) အုပ်၊ ဒီနှစ်တော့ အခု သူ ( ၂ ) အုပ်ယူလာတယ်။ ဒီနိုင်ငံရဲ့ ဖတ်စာအုပ် ပေါ်လစီ က
အထက်တန်းကျောင်းအထိ သဘောတူညီမှုတစ်ခုအရ ကျောင်းသားကို ကျောင်းအုပ်ချုပ်ရေးရုံးက စာသင်နှစ်ပြီးသည်အထိ
ငှားပေးတယ်။ ဒီအတွက် ငွေပေးစရာမလိုဘူး။ ကျောင်းသားကြောင့် တစ်ခုခုဖြစ်ခဲ့ရင် ဒါမှမဟုတ်
ပျောက်ဆုံးခဲ့ရင် ခန်းမှန်းခြေ ( ၆၅ ) ဒေါ်လာ ပေးလျှော်ရမယ်လို့ဆိုတယ်။ စာအုပ်ရဲ့ထိပ်ဆုံးမှာ
“ This Book Is The Property of ” ဆိုပြီး ကျောင်းနံမည်ရေးထားတယ်။
.
.
အောက်က
အကွက်ထဲမှာမှ ကျောင်းသားဘယ်သူက ဘယ်စာသင်နှစ်အတွက်ငှားတယ်ဆိုပြီး ရေးစေတယ်။ ပြီးတော့
စာအုပ် Condition မှာ ထုတ်ပေးလိုက်တုန်းက Issued အခြေအနေနဲ့ ပြန်အပ်ချိန် Returned
အခြေအနေကို မှတ်တမ်းတင်ထားဖို့ အကွက်လေးတွေပါတယ်။ ကျောင်းပိုင်အနေနဲ့ ကွန်ပျူတာဘားကုဒ်ပါတဲ့
ကဒ်ပြားလေးကပ်ထားပြီး စာအုပ်ဋ္ဌာန က စကင်နာ Scanner နဲ့ ကျောင်းသားကဒ်ကို တွဲပြီး သိမ်းဆည်းပါတယ်။