ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Showing posts with label ဥပဒေ. Show all posts
Showing posts with label ဥပဒေ. Show all posts

Sunday, May 27, 2018

H-2B ဗီဆာ (၂ဝ၁၈)


. "ငှားရမ်းခွင့်ဦးရေတိုးလိုက်တဲ့အမေရိကန်အစိုးရရဲ့ ယာယီ H-2B ဗီဆာ"
.
. အမေရိကန်အစိုးရရဲ့ နယ်စပ်လုံခြုံရေးဋ္ဌာနက စီးပွားရေးကုမ္ပဏီတွေရဲ့ အခြေခံလုပ်သားတွေကိုယာယီငှားရမ်းပြည်ဝင်ခွင့်အတွက် H-2B ဗီဆာ (https://www.uscis.gov/working-united-states/temporary-workers/h-2b-temporary-non-agricultural-workers) ကို ဒီနှစ်နွေရာသီအဝင်မှာ လူဦးရေ (၁၅ဝဝဝ) ကို ထပ်တိုးခွင့်ပြုပေးလိုက်ပါတယ်။ ဒါဟာ ကုမ္ပဏီတွေရဲ့လုပ်သားလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ ရေပန်းအစားဆုံး ဗီဆာစနစ်ဖြစ်တဲ့အကြောင်း MarketWatch စီးပွားရေးသတင်းစာက ရေးသားပါတယ်။ (05-26-2018)
.
. အရင်နှစ်စာရင်းတွေအရ နွေရာသီ နဲ့ ဆောင်းရာသီတို့အတွက် ခွဲတမ်းညီတူသတ်မှတ်ပေးထားတဲ့လုပ်သားဦးရေ (၆၆ဝဝဝ) ကို (၆၉ဝဝဝ) ဦးအထိတိုးပေးဖို့ ကနဦးအဆိုပြုချက်ကို ကွန်ကရက်ကအတည်ပြုပေးဖို့ညှိနှိုင်းခဲ့တာ ကာလကြာမြင့်နေပါပြီ။
.
.
. ငါးဖမ်း စည်သွပ်လုပ်သား၊ ဥယာဉ်ခြံမြေလုပ်သား နဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်တဲ့လုပ်ငန်းခွင်တွေမှာ အရင်ကတည်းက လုပ်သားရှားပါးမှုနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီကလည်း ဒီလိုမျိုး လုပ်သား (၁၅ဝဝဝ) ထပ်တိုးခွင့်ပြုပေးခဲ့သေးပေမယ့် တစ်ကြိမ်တစ်ခါတည်း - One Time Only လုပ်ဆောင်ခွင့်ပြုတဲ့ဥပဒေနဲ့ထိန်းချုပ်ထားခဲ့တာပါ။

Sunday, March 15, 2015

သမ္မတ နဲ့ ကျောင်းသားလူငယ်ထောက်ပံ့ကြေးအက်ဥပဒေ

ဘာသာပြန်သူ - ကိုညီညီ ( တောင်ကြီး )
.
.
အားလုံးမင်္ဂလာပါ …
စီးပွားရေးနယ်ပယ်သစ်မှာ ကျွန်တော်တို့ရဲ့ အဆင့်မြင့်ပညာရေးက ဘယ်လောက်အရေးပါတယ်ဆိုတာ ဂျော်ဂျီယာ ပေါ်လီတက္ကနစ် နည်းပညာတက္ကသိုလ်မှာ ကျောင်းသားတွေ နဲ့ ကျွန်တော် စကားပြောခဲ့တယ်။ အများတတ်နိုင်အောင် ဘယ်လိုသက်သာတဲ့နည်းလမ်းရှိနိုင်မလဲဆိုတာကိုပါ ဆွေးနွေးခဲ့တယ်။
.
တီထွင်မှုနယ်ပယ်မှာတည်ထားတဲ့စီးပွားရေးတစ်ခုမှာ အဓိကအကျဆုံး ထုတ်ရောင်းနိုင်တဲ့အရည်အချင်းကတော့ “ သင် ဘယ်လောက်သိသလဲဆိုတဲ့ ဗဟုသုတ ” ပါပဲ။ ဒါကြောင့် အလယ်အလတ်တန်းစားမိသားစုအသိုင်းအဝိုင်းကိုဝင်ရောက်နိုင်ဖို့ အသေချာဆုံး နဲ့ အမြဲတစေ မုချလိုအပ်တာက အဆင့်မြင့်ပညာရေးစံနစ်ဖြစ်တယ်ဆိုတာ ကျွန်တော်အမြဲပြောနေခြင်း ဖြစ်တယ်။
.
ဒီကိစ္စဟာ ဘယ်တုန်းကမှ ဒီလောက်ဈေးမကြီးခဲ့ဖူးသလို ဘယ်တုန်းကမှလည်း ဒီလောက် အရေးမကြီးခဲ့ဖူးဘူး။ ပညာရေးဆုံးခန်းတိုင်ပြီး ကျောင်းပြီးသွားဖို့ ကျောင်းစားရိတ်ချေးငွေ - Student Loan ဟာ ကျောင်းသားတစ်ယောက်အတွက် လက်ရှိမှာ ပျမ်းမျှ ဒေါ်လာ ( ၂၈ဝဝဝ ) ကုန်ကျနေပါတယ်။

Thursday, July 24, 2014

နိုင်ငံခြားရဲနှင့်ပတ်သက်သမျှပထမများ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
---- ပထမဦးဆုံး ရဲအတားခံရတာက ပထမကား ဝယ်ပြီးခါစ မှာပါ။ ပထမဦးဆုံး အလုပ်ခန့်မယ့်နေရာ က ပထမဦးဆုံး ကျန်းမာရေးဆေးစစ်ခိုင်းတယ်။ သူတို့ခိုင်းတဲ့မြို့ Pleasanton ကို ရောက်ဖူးတာလည်း ပထမဦးဆုံးပဲ။ ဖရီးဝေးကို ပထမဦးဆုံး မမောင်းတတ်သေးလို့ ဒီနိုင်ငံက တူမလေးကို အကူအညီတောင်း မောင်းခိုင်းရတယ်။ ဒီကားကို မိန်းကလေး မောင်းတာလည်း ဒါ ပထမဦးဆုံးပဲ။ အဲဒီမြို့ကိုဝင်ဖို့ ဖရီးဝေး ကနေ အထွက် တူမလေး က မောင်းရင်တန်းလန်း အရှိန်လျှော့ပြီး လမ်းဘေး ကို ဖြည်းဖြည်းလေးဆွဲချလိုက်တဲ့အခါ ဘာဖြစ်တာလဲ လို့ မေးလိုက်မိတယ်။ သူက နောက်ကိုကြည့်လိုက်တဲ့၊ တွေ့ပါပြီ ၊ ရောင်စုံဝိုင်ယာလက်မီးထွန်းပြီး ကပ်လိုက်လာတဲ့ ပထမဦးဆုံးရဲကား။
.
ဒါနဲ့ ရှော့ပင်းမော တစ်ခု ရဲ့ ကားပါကင်ထဲ ကွေ့လိုက်ပြီး ရပ်ပေးလိုက်တယ်။ ရဲ က တူမလေးကို လိုင်စင်တောင်းကြည့်ပြီး ကားနောက်က နံပါတ်ပြားမှာ ကားလိုင်စင် သက်တမ်းလွန်နေလို့ ဖမ်းတာလို့ ရှင်းပြတယ်။ ရဲကားက စာဖတ်တာမဟုတ်ဘူး။ ကားနံပါတ်ပြား ထောင့်နားမှာ ကပ်ထားတဲ့ စတစ်ကာ အရောင်ကို လှမ်းကြည့်ရုံနဲ့ သက်တမ်းလွန်မလွန်သိတယ်။ တူမလေး က သက်တမ်းမလွန်တဲ့အကြောင်း၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်ခဲ့တာဖြစ်လို့ သက်တမ်းတိုးကပ်ခွာ ရောက်မလာသေးကြောင်း၊ ကားပွဲစား ကိုယ်စားလှယ် Dealer ဆီက ပေးလိုက်တဲ့ စာရွက်ကို ကားရှေ့မှန်မှာ ကပ်ထားကြောင်း ရှင်းပြလိုက်တော့ ပထမဦးဆုံး ရဲ နဲ့ အဆင်ပြေသွားပါတော့တယ်။

Tuesday, March 18, 2014

အသင်းအဖွဲ့နှင့်နေတတ်သော “ လူ ” နှင့် “ နိုင်ငံ ”


နိဒါန်း


      တစ်ကိုယ်ရေကိစ္စများမြောင်လှတဲ့ လူသတ္တဝါ ဟာ တစ်ကိုယ်တည်းနေတတ်တဲ့ သက်ရှိတစ်မျိုးမဟုတ်ပါ ၊ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်ကိုယ်တော် ကျင်လည်ရတဲ့ အနေအထားတွေ စီးပွားရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေး သာမက နိုင်ငံရေးတွေမှာ ပြစရာ သက်သေသာဓကတွေရှိပါတယ် ၊ လုပ်ငန်းကိုင်ငန်းမှာ အင်မတန်ထူးချွန်တဲ့ လူချမ်းသာများဟာ သူတို့အရွယ် သူတို့အင်အားနဲ့ တစ်ကိုယ်ရေသီးသန့်ကျွမ်းကျင်မှုတစ်ခုခုရှိလို့သာ အခုလက်ရှိအနေအထားကို ရောက်နေကြတာပါ ၊ တစ်ချို့အနေအထားကျပြန်တော့ ကိုယ်တစ်ယောက်တည်းအရမ်းတော်ပေမယ့် ပတ်ဝန်းကျင်အထောက်အပံ့မပါရင် စင်းလုံးချောမအောင်မြင်နိုင်ပြန်ပါဘူး ၊ ရင်းနှီးမြုပ်နှံမှု “ ငွေ ” အသိုက်အဝန်းဝိုင်းရံမှု က လည်း မပါမဖြစ် ထည့်သွင်းစဉ်းစားရမယ့် အရေးအကြီးအချက်တစ်ချက်ဖြစ်ပါတယ် ။



စီးပွားရေး

          တိုးတက်ပြီးအမေရိကန် ၊  ဗြိတိန်တို့နဲ့ ဥပမာပြရရင် အမေရိကန်မှာ လုပ်ငန်းအောင်မြင်ဖို့ လွယ်ကူပြီး လုပ်ငန်းကြာရှည်ရပ်တည်ဖို့ခက်ပါတယ် ၊ လုပ်ငန်းစဖို့အရေးအကြီးဆုံးက လုပ်ငန်းအစီအမံရှိတဲ့ လူပုဂ္ဂိုလ်-Personnel ဖြစ်ပါတယ် ၊ ဒီတော့ ဘယ်က စလိုက်တာလဲ ၊ တစ်ဦးတစ်ယောက်က စပါတယ် ၊ တစ်ကိုယ်ရေအတွေးအခေါ်-Idea နဲ့ စပါတယ် ၊ တစ်ကိုယ်ရေအစီအမံ-Plan နဲ့ စတင်ပါတယ် ၊ တစ်ဆက်တည်းမှာ အဲဒီလူဟာ အထီးကျန်ပတ်ဝန်းကျင်-Isolated Community မှာရှိမနေမှဖြစ်ပါမယ် ၊ ရှိနေရင်လည်း စီးပွားရေးမှာအောင်မြင်ဖို့မသေချာပေမယ့် အနုပညာနယ်ပယ်မှာ ထူးချွန်ပြီး လူမှုဆက်ဆံရခက်တဲ့ စာရေးဆရာ ၊ ပြဇာတ်ဆရာ ၊ ပန်းချီဆရာ တို့ အောင်မြင်တာမျိုးကတော့ ချွင်းချက်ပါ ။

Sunday, December 15, 2013

မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ



          သူငယ်ချင်းတစ်ဦးထံမှ သူဖြေထားသော အမေရိကန်-နိုင်ငံသားပြုလက်စွဲစာအုပ် မိမိလက်ထဲကိုရောက်လာသည့်နေ့မှစ၍ အမိမြန်မာနိုင်ငံအတွက်တစ်ခုခုရေးချင်နေမိသည် ၊ အမေရိကန်နိုင်ငံသားပြုလက်စွဲစာအုပ်ကိုအဓိက ( ၃ ) ပိုင်းခွဲပြုစုထားရာ ( A ) အမေရိကန်ဒီမိုကရေစီ၏အခြေခံမူများ ၊ ( B ) အစိုးရစံနစ်တည်ဆောက်ပုံ နှင့် ( C ) နောက်ဆုံးအမေရိကန်သမိုင်းနှုင့်အခြားသမိုင်းဝင်အချက်အလက်များ တို့ပါဝင်ကြသည် ၊ ထိုစာအုပ်တွင် မေးခွန်း ( ၁ဝဝ ) ပါဝင်ပြီး အဖြေများကိုပါ ဖော်ပြပေးထားသည် ၊ ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံ၏ သက်တမ်း ၂၂၆ နှစ်ရှိပြီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအကျဉ်းကို လေ့လာမိသောအခါ ထိုအထဲမှ အမိမြန်မာနိုင်ငံနှင့်အသုံးတည့်နိုင်မည့် မေးခွန်း ( ၅ ) ခု ကို ထုတ်နှုတ်ဖော်ပြလိုပါသည် ။


မေးခွန်းနံပါတ် ( ၁ ) အမိမြေ၏အမြင့်ဆုံးဥပဒေမှာအဘယ်နည်း ။