မြန်မာနိုင်ငံမှာပုဂ္ဂလိကဘဏ်လုပ်ငန်းများတွင်ကျယ်လာတာနဲ့အမျှ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို အခုမျက်မြင်ကြုံတွေ့နေရပါပြီ။ နေရာတိုင်း ငွေသားလက်ငင်းပေးချေစံနစ်ကနေ
ဒစ်ဂျစ်တယ်ဘဏ်စံနစ် (Digital Banking) ကို အကျွမ်းဝင်လာနိုင်ဖို့အတွက် အသွင်ကူးပြောင်းရေးကာလတစ်ခုကိုကျွန်တော်တို့အားလုံးစောင့်မျှော်နေခဲ့ကြရတာပါ။
ရော့နဂါး - ရော့ပတ္တမြား ငွေချေစံနစ် (Physical Payment) အရ ငွေသားသယ်ယူပေးချေမှုဟာလုပ်ငန်းရှင်တွေနဲ့ကုမ္ပဏီတွေအတွက် စွန့်စားမှု (Risk) တစ်ခုဖြစ်လာနေတာဟာ ကာလကြာရှည်လှပါပြီ။ ဒီနေရာမှာ နည်းစံနစ်ကောင်း နဲ့ နည်းပညာအသစ်တွေကို ကိုးကားလိုသူတွေအတွက် ဗဟုသုတရစေဖို့အမေရိကားကဘဏ်စံနစ် (Banking System) အကြောင်းကို ကျွန်တော်သိထားသမျှ ရှင်းလင်းတင်ပြပေးပါမယ်။